


ယနေ့ စက်တင်ဘာလ ၁၄နေ့က အခမ်းအနားတခုကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် နတ်မောက်လမ်း မြေပဒေသာ ပန်းခြံအတွင်းရှိ ဒေါ်လဖင်စားသောက်ဆိုင်တွင် ၂၀၁၀ မြန်မာ့နိုင်ငံရေး ဆွေးနွေးသုံးသပ်ပွဲဟု အမည်တပ်ကာ နေ့လည် ၁း၀၀ နာရီမှ ၃နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန်အတွက် ဒီမိုကရက်တစ်ပါတီကို ထူထောင်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။
ဥက္ကဌအဖြစ် ဦးသုဝေမှ ဆောင်ရွက်ပြီး ဒုဥက္ကဌအဖြစ် ဦးရဲထွန်းနှင့် အခြားတယောက်မှ ဆောင်ရွက်သွားမည်ဟု သိရပြီး ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ဆွေဆွေကျော်ငြိမ်း ၊ ဦးဘဆွေ၏ သမီိးဖြစ်သူ နေရီဘဆွေ၊ ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု တို့က ဗဟိုကော်မတီဝင်များ အဖြစ် ဆောင်ရွက်ကြမည်ဟုသိရပါသည်။
ပြည်တွင်းသတင်းထောက်တဦး(ရွှေဝါရောင်သတင်းလွှာ)
No comments:
Post a Comment