9.25.2009

ငါးထောင်တန် ဂယက်နယ်စပ်တွေမှာ ပြဿနာတက်















မနေ့ည၈နာရီ သတင်းတွင် စစ်အုပ်စု၏ ရုပ်မြင် သံကြား ဌာနများက ကျပ်ငွေ ၅၀၀၀ တန်များကို အောက်တိုဘာလ ၁ရက်နေ့မှ စတင် သုံးစွဲမည် ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါသည်။
ယနေ့နံနက် ပိုင်းမှစ၍ ထိုင်း-မြန်မာ နယ်စပ် ဒေသ များတွင် မြန်မာငွေတန်ဘိုး စတင် ကျဆင်း နေပြီဟု နယ်စပ်ကုန်သည်များ ပြောပြ ချက်အရ သိရပါသည်။ ငွေလဲလှယ်သူများက မြန်မာငွေကို ဘတ်ငွေနှင့် လဲပေးရန် ငြင်းဆို နေကြသဖြင့် နယ်စပ်ဒေသ နေထိုင်သူများက မိမိတို့ လက်ဝယ်ရှိ မြန်မာ ကျပ်ငွေများကို ထိုင်း ဘတ်ငွေများဖြင့် လဲလှယ်ရန် လိုက်လံကြိုးစား နေကြပါသည်။
မနေ့က ညနေပိုင်းအထိ ဘတ်ငွေ တရာလျှင် ကျပ်ငွေ ၃၁၅၀ အထိ ရရှိသေးသော်လည်း ယခုအခါတွင် ကျပ်၃၀၀၀ အောက်အထိ ကျဆင်း သွားပြီဟု သိရပါသည် သို့ရာတွင် ငွေလဲလှယ်သူများက ဘတ်ငွေကိုသာ မြန်မာ ကျပ်ငွေနှင့် လက်ခံလဲလှယ်ပေးပြီး ကျပ်ငွေကို ဘတ်ငွေနှင့် လဲပေးရန်ကိုမူ ငြင်းဆိုနေကြကြောင်း သိရပါသည်။
အထူးသဖြင့် ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့များဖြစ်သော မဲဆောက်နှင့် ကော့သောင်း မြို့များတွင် ထို ဂယက်၏ ရိုက်ခတ်မှုများ အပြင်းထန်ဆုံးဖြစ်နေပါသည်။

No comments:

Post a Comment