9.21.2009

လမ်းလျှောက်ချီတက်သူများ သတင်းအပြည့်အစုံ

Photobucket
Photobucket
Photobucket
Photobucket
Photobucket

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများသည် နေ့လည် ၁၁ နာရီတွင် မဲဆောက်ပန်းခြံတွင် နေ့လည်စာစားရန် ရပ်နားခဲ့ပြီး နေ့လည် ၁၂နာရီကျော်ခန့်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ထပ်မံပြုလုပ်ပြီးနောက် ဆက်လက်ထွက်ခွာခဲ့ပါသည်။
အာရှလမ်းမပေါ်မှ မဲဆောက်မြီု့အတွင်းသို့ ဝင်လာရာ DK ဟော်တယ် အနီးတွင် ထိုင်းအာဏာပိုင်များက မြို့တွင်းတွင် ယဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်မည်စိုးသဖြင့် မြီု့တွင်းသို့ မဝင်ရန် တားမြစ်ခဲ့ပါသည်။ ထို့ကြောင့် မြို့တွင်းသို့ မဝင်တော့ပဲ အာရှလမ်းမအတိုင်းပင် ဆက်လက်ချီတက်လာခဲ့ရာ နေ့လည် ၁ နာရီ ၄၅မိနစ်ခန့်တွင် ချစ်ကြည်ရေး တံတားရှေ့သို့ ရောက် ရှိခဲ့ပါသည်။
ထိုနေရာတွင် ထိုင်းစစ်တပ်နှင့် ရဲများ တာဝန်ရှိသူများ များပြားစွာချထားသော်လည်း လုံခြုံရေးအရ တံတား အောက်သို့ မသွားရန် တားမြစ်ခဲ့သည်မှ အပ တစုံတရာ ဟန့်တားနှေင့်ယှက်ခြင်း မပြုခဲ့ပါ။ ထိုကြောင့် ငြီမ်းချမ်းရေးအတွက် ချီတက်သူများသည် တံတားရှေ့နားတွင်ပင် အခမ်းအနား အစီအစဉ်များကို ကျင်းပ ခဲ့ကြပါသည်။
ထိုချီတက်ပွဲကို ဦးဆောင်ခဲ့သူ အရှင်သောဘာဂက စတင်၍ ချီတက်လမ်းလျှောက်ရခြင်း၏ ရည်ရွယ်ချက်ကို အင်္ဂလိပ် မြန်မာ ၂ဘာသာဖြင့် ရှင်းလင်းပြောပြခဲ့ပြီး နားလည် ခွင့်ပြုပေးသော ထိုင်းနိုင်ငံ အာဏာပိုင်များကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ချီတက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သော မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက၄င်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သော နိုင်ငံတကာ ငြိမ်းချမ်းရေး အဖွဲ့များမှ တာဝန်ရှိသူများက အင်္ဂလိပ်ဘာသာ ထိုင်းဘာသာများဖြင့်၎င်း၊ ခရစ်ယာန်သင်းအုပ် ဆရာတဦးနှင့် မူဆလင်ဆရာ တဦးက သက်ဆိုင်ရာဘာသာများ အလိုက် ဆုတောင်းဝတ်ပြုပေးခြင်းကို၎င်း ဆောင်ရွက်ကြပြီး နောက်ဆုံးတွင် မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များက မေတ္တာသုတ် ပရိတ်တော်ကို ရွတ်ဖတ်ကြပြီး နောက်တွင် အခမ်းအနားကို နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။
စတင်ချီတက်စဉ်က လူတရာကျော်ခန့်သာ ဖြစ်သော်လည်း လမ်းတွင် ပါဝင်ပူးပေါင်းလာသူများကြောင့် လူနှစ်ရာ နီးပါးခန့် ဖြစ်လာခဲ့ပါသည်။ ထူးခြားချက်တခုမှာ ယခု လမ်းလျှောက်ချီတက်ပွဲကို ရိုးရိုးသာမန် ရွှေ့ပြောင်း နေထိုင်သူ မြန်မာနိုင်ငံသားများကပါ တက်ကြွစွာ ဆင်နွဲခဲ့ခြင်းဖြစ်ပါသည်။
မြို့တွင်းမှ ပူးပေါင်းလိုက်ပါရန် စီစဉ်ထားသူ အချို့မှာမူ လမ်းကြောင်းပြောင်းသွားခဲ့မှုကြောင့် ပါဝင်ဆင်နွဲခွင့် မရလိုက်ကြောင်း သိရပါသည်။


No comments:

Post a Comment