9.21.2009

နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် အလုပ်သမအခွင့်အရေးဆိုင်ရာ တန်းတူရေး အမျိုးသမီးအဖွဲ့များ စုပေါင်းတောင်းဆို

Photobucket
စက်တင်ဘာ ၂၁

အာရှအမျိုးသမီးသမဂ္ဂနှင့် ထိုင်းအင်တာနုယ်ရှင်နယ် အမျိုးသမီးသမဂ္ဂတို့ ပူးပေါင်း၍ ယနေ့နေလည်ပိုင်းက ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံးချုပ်တွင် ဆန္ဒပြခဲ့ကြသည်။
နံနက်၁၀နာ၇ီမှ စတင်၍ နေ့လည် ၁၂နာရီအထိ ကုလသမဂ္ဂရုံးကြီးရှေ့တွင် ပိုစတာများ ကိုင်ဆောင်ထားကြပြီး ဟိုင်းလတ်ကားပေါ်မှာ ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့မှသမဂ္ဂ ကိုယ်စားလှယ်များက အလှည့်ကျဟောပြောခဲ့ကြသည်။

ဘန်ကောက်မြို့အခြေစိုက် အာရှ အမျိုးသမီးကော်မီတီမှ စီမံကိန်းတာဝန်ခံ အမျိုးသမီးက“ဒီနေ့က ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်ပါတယ်။ အာရှနိုင်ငံတိုင်းက ကျမတို့ကွန်ယက်တွေ လှုပ်ရှားမှုတွေ လုပ်ကြပါလိမ့်မယ်။ ရည်ရွယ်ချက်က အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရသင့်တယ်။ အထူးသဖြင့် ထိုင်းမှာလုပ်နေတဲ့ အိမ်ဖေါ်အမျိုးးသမီးတွေ ထဲမှာ ကျမတို့ မြန်မာအလုပ်သမားတွေက အများစုဖြစ်ပါတယ်။ အခွင့်အရေး အ၇မ်းချိုးဖေါက်ခံရတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။ ကျမတို့ အိမ်ဖေါ်အမျိုးသမီး အဖွဲ့ လေးတွေကို ၂၀၀၆ ခုနှစ်ကစပြီး ဖွဲ့စည်းပေး နိုင်ခဲ့ပါတယ်။ သူတို့တွေလည်း လှုပ်ရှားလာတာ တွေ့ရလို့ အားရပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများမှာ ရှေးရိုးရာအတိုင်း အိမ်တွင်းမှုလုပ်၊ သားမွေး၊ အိမ်ထောင် ထိမ်းသိမ်းနေရုံမျှ ဖြင့် ရပ်နေ၍ မဖြစ်နိုင်တော့ကြောင်း၊ ပညာသင်ခွင့်၊ လုပ်အားခလစာ၊ အိမ်တွင်းမှာနေသော ဇနီးမယားအဖြစ် မနေသင့်တော့ပဲ၊ နိုင်ငံတကာက အမျိုးသမီးများကဲ့သို့ ရှေ့ကိုထွက်ပြီး လုပ်လာကြရမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှာကဲ့သို့ လွတ်လပ်သော အသင်အပင်း ဖွဲ့စည်းထူထောင်ခွင့်များ ရှိသင့်ကြောင်း၊ အမှားအမှန်ကို ခွဲခြား နားလည်နိုင်စွမ်းရှိအောင် ကြိုးစားကြ စေလိုကြောင်း အာရှ အမျိုးသမီးရေးရာ တာဝန်ခံ အမျိုးသမီးက ပြောသည်။

ပူးပေါင်းပါဝင်သူ တစ်ဦးဖြစ်သော မြန်မာနိုင်ငံ အလုပ်သမားများအဖွဲ့ချုပ် FTUB (ဘန်ကောက်တာဝန်ခံ) ကိုနိုင်ထွန်းအောင် က “ကမ္ဘာ့ငြိမ်းနေ့မှာ ကျနော်တို့က ပြည်တွင်းပြည်ပမှာ အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ မိန်းကလေးတွေ အတွက် ကာကွယ်စောင့်ရှောက်မှု တစ်စုံတစ်ရာ ရရှိလာလိမ့်မယ်လို့  ကျနော်တို့ မျှော်လင့် ပါတယ်” ဟု ပြောသည်။

ယနေ့ ဆန္ဒပြပွဲကို ဘန်ကောက်အခြေစိုက် အင်တာနယ်ရှင်နယ် အမျိုးသမီးသမဂ္ဂနှင့် အာရှအမျိုး သမီးကော်မီတီတို့က ဦးဆောင်ခဲ့သည်။ မကြာခင်ကာလက အလုပ်ဖြုတ်ခံရသော ထိုင်းအလုပ်သမားများအပြင် မြန်မာနိုင်ငံ အလုပ်သမားများအဖွဲ့ချုပ် FTUB နှင့် ချင်းမိုင်အခြေစိုက် MAPဖေါင်ဒေးရှင်းနှင့် ရှမ်းအမျိုးသမီး အဖွဲ့တို့  ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် လူအင်အား ၈၀ ၀န်းကျင်ခန့် ရှိပြီး အိမ်တွင်း အလုပ်သမတို့၏ အသက် ဘ၀ ကာအိနြေ္ဒ လုံခြုံမှု မရှိပုံတို့ကို ယူအင်ရုံးရှေ့ ကားလမ်းမပေါ်တွင် သရုပ်ဖေါ်ပြသကြသည်။

No comments:

Post a Comment