9.24.2009

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဆရာဝန်နှင့် ပုံမှန်ပြသခွင့်ရရန် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိသားစုဆရာဝန်နှင့် လစဉ် ပုံမှန်တွေ့ခွင့်ရန် သူမ၏ ရှေ့နေလေးဦးနှင့် အယူခံ အမိန့်မချခင် ကြိုတင် တွေကဆုံညှိနှိုင်းစဉ် တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။
NLD ၏ ပြောရေးဆိုခွင့်ရှိသူ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေလဲဖြစ်သူ ဦးဥာဏ်ဝင်းက ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် သူ၏လက်ထောက်ဖြစ်သူ အမျိုးသမီးဆရာဝန် ဒေါက်တာပြုံးမိုအိတို့ နှင့် ယခင်ကလို လစဉ် တွေ့ဆုံခွင့် ရရန်အတွက်တောင်းဆိုပေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ပြောပါသည်။
ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သွေးပေါင်ချိန်သည် အပေါ်သွေး ၉၀ အောက်သွေး ၆၀တွင် ပုံမှန် တန်းနေပြီး သူမ၏ ကိုယ်အလေးအချိန် ပေါင်၁၀၀ နှင့်ဆိုလျှင် ပုံမှန်သွေးပေါင်ချိန် ဖြစ်ကြောင်း ပြောဆိုပါသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဆရာဝန်နှင့် တွေ့ဆုံခွင့်ရပြီး နောက်ပိုင်း ကျမ်းမာရေး ကောင်းမွန်နေပုံ ရသည်ဟု ပြောပါသည်။
ဦးဥာဏ်ဝင်းမှ ဆက်လက်ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည် အားထောင်ဒဏ်၃နှစ် ချမှတ် ထားရာမှ နေအိမ် အကျယ်ချုပ် တနှစ်ခွဲသို့ ပြောင်းလဲ ပေးခဲ့ရာတွင် ကန့်သတ်ချက် ၈ချက် သတ်မှတ်ပေးခဲ့သည်ဟု ပြောပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုကန့်သတ်မှုများ အပေါ် ရှင်းလင်းမှု မရှိကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန်နှင့် တွေ့ခွင့်ရရန် တောင်းဆိုချက်နှင့် ကန့်သတ်ချက်များကို ရှင်းလင်းပြရန်တောင်း ဆိုချက်ကို ဖြေရှင်းပေးပါရန် ပြည်ထဲရေး ဝန်ကြီးထံသို့ စာရေးသား တောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောပြသွားခဲ့ပါသည်။

No comments:

Post a Comment