10.03.2009

ဒေါ်အောင်ဆန်းစုကြည် သူမဆရာဝန်နှင့် ထပ်မံတွေ့ခွင့်ရ

အောက်တို ဘာ ၂ရက်နေ့ နေ့လည်ပိုင်းက ဒေါက်တာတင်မျိုးဝင်းနှင့် သူ၏ လက်ထောက်ဒေါက်တာ ပြုံးမိုအိ တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံကျမ်းမာရေး စစ်ဆေးခွင်ရခဲ့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့သည့် အတိုင်း လစဉ် ပထမအပတ် ကြာသာပတေးနေ့တိုင်း ဆရာဝန်များကျမ်းမာရေးစစ်ဆေးမှုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလဲသိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ပေးသည်စာကို သူကိုယ်တိုင် စာတိုက်မှ တဆင့် ပြီးခဲ့သော စက်တင်ဘာ ၂၆ ရက်နေ့က ပေးပို့ခဲ့သော်လည်း ယခုအချိန် အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဟု ပြောပြခဲ့ပြီး သူနှင့် ရှေ့နေများ အနေဖြင့် ယနေ့နံနက်က ဒေါ်အောင်ဆန်းစုကြည်၏ အယူခံပယ်ချခံရမှုအပေါ် ဗဟို တရားရုံးချုပ်သို့ အယူခံ ဆက်တင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့တပတ်တွင် တွေ့ဆုံဆွေးနွေးရန် စဉ်းစားနေကြောင်းကိုလဲ ပြောပြသွားပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment