12.07.2009

ဗမာ့ရေးရာအဖွဲ့သားများ၏ ဖိတ်ခေါ်ချက်

လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်မည် ဆိုပါက လူကြီးမင်းအား ဗမာ့ရေးရာအဖွဲ့သားများမှ ဘလော့ဂ် ပြုလုပ်ပေးရန် အဆင့်သင့် ရှိနေပါသည် ။

လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်ရန် ဆန္ဒရှိပါက ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Blog Templates ၀ပ်ဆိုဒ် www.ban-templates.org.uk.tt သို့ သွားရောက်ပြီး လူကြီးမင်း ပြုလုပ်လိုသော ဘလော့ဂ် တန်းပရိတ်ပုံစံနံပါတ် ( ဥပမာ - BAN-001 ) နှင့် ဘလော့ဂ်တွင် ဖော်ပြမည့် လိုအပ်သည့် အချက် အလက် များအား လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး အတည် ပြုပေးပါရန် လို အပ်ပါသည်။လူကြီးမင်း အတည် ပြုသည့် ရက်မှ ( ၂ ) ရက် အတွင်း ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ် ပေးမည် ဖြစ်ပါသည်။

Blogspost Name အပြင် ကိုယ်ပိုင် ဒိုမိန်း ထပ်မံ ရယူလိုသူများ အနေဖြင့် ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Burma Affairs Register a Domain ၀ပ်ဆိုဒ် http://www.ban-domain.org.uk.tt သို့သွားရောက်ပြီး လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး Register ပြုလုပ်ပေးရန် လိုအပ်ပါသည်။ လူကြီးမင်းမှ Register ပြုလုပ်ပြီး ( ၅ ) နာရီအတွင်း လူကြီးမင်း Register ပြုလုပ်ထားသော ဒိုမိန်း အား အတည်ပြု စတင် သုံးစွဲလို့ ရကြောင်း အကြောင်း ကြားပေးမည် ဖြစ်ပါသည်။

ဗမာ့ရေးရာအဖွဲ့သားများ အနေဖြင့် Blog ပြုလုပ် ပေးခြင်း နှင့် ကိုယ်ပိုင် ဒိုမိန်းပြုလုပ် ပေးခြင်း ၏ ရည်ရွယ်ချက် မှာ ....

၁။ မြန်မာပြည်ရှိ ပြည်သူ/ပြည်သားများ သတင်းလွတ်လပ်ခွင့်ရရှိရေး
၂။ သတင်း နှင့် နည်းပညာ တိုးတက်ရေး
၃။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တဖက်တလမ်းမှ မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး တို့ ဖြစ်ပါသည်။

ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့သားများ နှင့် ပူးပေါင်း ဆောင်ရွက်လိုသူ များအားလည်း လေးစားစွာ ဖိတ်ခေါ် အပ်ပါ သည်။

No comments:

Post a Comment