12.07.2009

မြန်မာများအား တင်ဆောင်လာသည့် ထိုင်းရဲကားကို စစ်ဆေးရေး ဂိတ်တွင်ဖမ်းဆီး

Photobucket

ဖမ်းဆီးမိသော ထိုင်းရဲသားနှင့် မြန်မာအလုပ်သမား တစ်ဦး ဓါတ်ပုံ
ဒီဇင်ဘာ ၇

ယမန်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်နှင့် ရနောင်းအကြားရှိ အိမ်ကွင်း အမှတ်(၂) စစ်ဆေးရေး စခန်းတွင် ကျုံဖေါ်မှ ဆင်းလာသော ထိုင်းရဲကားတစ်စီးအား တင်ဆောင်လာသည့် မြန်မာ အလုပ်သမား များနှင့်အတူ ဖမ်းဆီးမိလိုက်သည်။

ကားနံပတ် (၁၉၁)/အရေးပေါ် နောက်ဖွင့်ကားနံပါတ် ၃၉၂၉၇ ဖြင့် အသက်၄၆နှစ်ရှိသူ မောင်ဝါး၊ အသက် ၄၀နှစ်အရွယ် အလင်းနှင့် အသက် ၂၁နှစ်အရွယ် မအမိုးဆိုသည့် အလုပ်သမတစ်ဦးတို့ကို တင်ဆောင်လာသော ရဲကားကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

ထိုင်းရဲတပ်သား နိုင်စုန်ပိုး ၄၃နှစ်နှင့် ထိုင်းရဲတပ်သား နိုင်ကဆင် အသက် ၅၂နှစ် တို့အား အာဏာ ပိုင်များက မေးမြန်းစစ်ဆေးရာတွင် ကော့သောင်းမှ ထိုင်းလူမျိုး ရာဘာခြံလုပ်ငန်းရှင်က တင်ဆောင်လာခိုင်းသဖြင့် တင်ဆောင် လာကြောင်း ထွက်ဆို သွားသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အလုပ်လုပ်ကိုင်နေထိုင်ခွင့် (ဘတ်)ရှိသော်လည်း နယ်မြေ ဖြတ်ကျော်ခွင့် မပါသဖြင့် ဖမ်းဆီးရကြောင်းပြောသည်။ ဖမ်းဆီးခံရသည့် ထိုင်းရဲသားနှစ်ဦးက ဘတ်ရှိသဖြင့် တင်လာမိကြောင်း ထွက်ဆိုသော်လည်း ၄င်းတို့ ကို မြန်မာအလုပ်သမားများနှင့် အတူ ရနောင်းမြို့ အချုပ်ခန်းတွင် ဖမ်းဆီး ထိမ်းသိမ်းထားသည်။

ယမန်နေ့ နံနက်(၁၀)နာရီခန့် အချိန် စစ်ဆေးရေးဂိတ်မှ အဖြတ်တွင် အရေးပေါ် နောက်အမိုးဖွင့် ကားပေါ်တွင် ပန်ကာနှင့်အတူ အိမ်အသုံးအဆောင်များ တင်ဆောင်လာသဖြင့် သံသယရှိသဖြင့် စစ်ဆေးရာမှ ယခုကိစ္စ ပေါ်ပေါက်လာကြောင်း ထိုင်းဘာသာဖြင့် ယနေ့ ထုတ်ဝေသည့် ထိုင်းရပ်သတင်းစာ မျက်နှာဖုံးတွင် ရေးသားဖေါ်ပြထားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။Justify Full

No comments:

Post a Comment