1.15.2010

နေကြပ်မှုမှ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ဟု လူအများယုံကြည်စွာ ပြောဆိုနေကြ

Photobucket
Photobucket
ထိုင်းနိုင်ငံတွင် စတင် နေကြပ်မှုကို မြင်တွေ့ရသည့်
ထိုင်းစံတော်ချိန် ၁နာရီ ၁၅မိနစ်ခန့် အချိန်က ရိုက်ကူးထားခဲ့သော ဓါတ်ပုံ

(ဓါတ်ပုံ အသုံးပြုလိုလျှင် ကျေးဇူးပြု၍ ဘလော့အမည်ကို ထည့်သွင်း ဖေါ်ပြပေးပါ။
Please show our blog link if you want to use this phtos. )
ယနေ့နေလည် ထိုင်းစံတော်ချိန် ၁နာရီကျော်ခန့်(မြန်မာစံတော်ချိန် ၁၂နာရီခွဲခန့်)က နေကြပ်မှု ကို ထိုင်းနိုင်ငံမှ မိနစ် အနည်းငယ်ခန့် ထင်ရှားစွာ တွေ့မြင်ခဲ့ရပါသည်။
မြန်မာနိုင်ငံတွင်လည်း နေရာတော်တော်များများမှ သိသာထင်ရှားစွာ တွေ့မြင်ခဲ့ရသည်ဟု ပြည်တွင်းမှ ကိုယ်တိုင် မြင်တွေ့ခဲ့ရ သူများက ပြောပြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ပုဂံဒေသနှင့် အလယ်ပိုင်း ဒေသ ဘက်မှ ပိုမိုထင်ရှားစွာ မြင်ရ သည်ဟု သိရပါသည်။
ထိုနေကြပ်မည့် ကိစ္စနှင့် ပါတ်သက်၍ ကြိုတင် သတင်းထုတ်ပြန် ပြောကြားခဲ့မှုများ တွင်လည်း အာဖရိက ၊ တရုတ် နိုင်ငံ၊ အိန္ဒိယ သမုဒ္ဒရာ ဒေသနှင့် မြန်မာနိုင်ငံသည် ထိုနေကြပ်မှုကို အထင်ရှားဆုံး မြင်ရမည့် ဒေသ ဖြစ်သည်ဟု ကြိုတင် ထုတ်ပြန် ခဲ့မှုများ ရှိခဲ့ပါသည်။ ထိုသို့ နေကြပ်ခဲ့မှု အပြီးတွင် သတင်းဌာနများ၏ ထုတ်ပြန် ချက် များအရ ထိုကဲ့သို့ပင် မြင်တွေ့ ခဲ့ကြရသည် ဟု သိရပါသည်။ အာရှဒေသတွင် မြန်မာ တရုတ်နှင့် ထိုင်းနိုင်ငံ တို့တွင် နေကြပ်မှု များကို ထင်ရှားစွာ မိနစ် အတော်ကြာ မြင်တွေ့ခဲ့ရပြီး ထောင်စုနှစ်အတွင်း အကြာဆုံး နေကြပ်မှုကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်ဟု သိရပါသည်။
ထို့အတူ ထိုသို့ နေကြပ်မှု နှင့် ပါတ်သက်ပြီး နက္ခတ္တ ဗေဒင် ဆိုင်ရာ ဟောကိန်းများ က ထိုသို့ နေကြပ်မှုကို ထင်ရှား စွာ တွေ့ရသော ဒေသများတွင် ထူးခြားသော နိုင်ငံရေး ပြောင်းလဲမှု (မင်းပြောင်း မင်းလွှဲများ) ဖြစ်ပေါ် တတ်သည်ဟု ယုံကြည် ဟူဆမှုများ ရှိခဲ့ရာ ထိုကိစ္စနှင့်ပါတ်သက်ပြီး ထိုင်းနိုင်ငံရှိ မြန်မာ လူမျိုးများက အပြောင်း အလဲ တခု ဖြစ်တော့မည်ဟု ပြောဆို နေကြပါသည်။
ထိုအတူ ကျွန်တော်တို့ ဘလော့၏ ပြည်တွင်း သတင်းထောက်များက ပြောပြရာတွင် ပြည်တွင်းရှိ ပြည်သူလူထု များကလဲ ထိုကဲ့သို့ပင် ယုံကြည်စွာ ပြောဆို နေကြသည်ဟု အတည်ပြု ပြောကြားခဲ့ကြပါသည်။

No comments:

Post a Comment