1.15.2010

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ယနေ့ ထပ်မံတွေ့ဆုံ

ရန်ကုန်၊ ဇန်နဝါရီ ၁၅။
ယနေ့ နေ့လည်ပိုင်းက အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ၂၅ မိနစ်ခန့် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု သိရပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုကို ယနေ့ နေ့လည် တနာရီခန့်က စတင်ခဲ့ပြီး ၂၅ မိနစ်ကြာ ဆွေးနွေးခဲ့ ကြကြောင်းကို သက်ဆိုင်သည့် သူများက အတည်ပြု ပြောကြားခဲ့ကြ ပါသည်။
ထိုကိစ္စနှင့် ပါတ်သက်၍ တရားဝင် သတင်းထုတ်ပြန် ကြေငြာခဲ့ခြင်းများ မရှိသော်လည်း ပြည်တွင်းရှိ နိုင်ငံရေး သုံးသပ် သူများက ယခုတွေ့ဆုံသည့် ကိစ္စသည် မနေ့က ထုတ်ပြန် ကြေငြာခဲ့သည့် NLD ၏ အလုပ်အမှုဆောင် အဖွဲ့ တိုးချဲ့သည့် ကိစ္စနှင့် ပါတ်သက်နိုင်ကြောင်း သုံးသပ် ပြောဆိုကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဆက်ဆံရေးဝန်ကြီးတို့၏ တွေ့ဆုံ ဆွေးနွေးမှုကို ပြီးခဲ့သော ၂၀၀၉ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ထိုဧည့်ဂေဟာတွင်ပင် နောက်ဆုံး ပြုလုပ်ခဲ့ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment