1.22.2010

တရုတ်လုပ် F-7 လေယဉ် ရန်ကုန်လေဆိပ်တွင် ပျက်ကျ

ဇန်နဝါရီ ၂၂ ။ ရန်ကုန်

F-7


ယနေ့နံနက်ပိုင်းက မြန်မာ့ Air Force မှ တရုတ်နိုင်ငံလုပ် F 7 လေယဉ်တစီးသည် ရန်ကုန် အပြည်ပြည်ရာ လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ ခဲ့ပြီး လေယဉ်ပိုင်းလော့ သေဆုံးသွားသည် ဟု သိရပါသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အမည် မဖေါ်လိုသော အရာရှိတဦးက ပြောပြခဲ့ခြင်း ဖြစ်ပြီး ထိုသတင်းကို တရားဝင် ထုတ်ပြန်လိမ့်မည်ဟု မထင်ကြောင်း ပြောပြသွားပါသည်။
ထိုတရုတ်လုပ် လေယဉ်များကို ၁၉၉၁ ခုနှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော လကလည်း တရုတ်လုပ် F 7 လေယဉ်များကို ထပ်မံဝယ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ပါသေးသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment