2.01.2010

လူကုန်ကူးသူများက မြန်မာအလုပ်သမား၉ဦးအား သေနတ်ဖြင့်ပစ်သတ်

ဖေဖေါ်ဝါရီလ ၁။ ၂၀၁၀ ။ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

မဲဆောက်မြို့ မှ ဘန်ကောက်မြို့ သို သွားသည့် ယခင်လမ်းဟောင်း မဲလမောင်း လမ်းအနီး တောစပ်ထဲတွင် မြန်မာ အလုပ်သမ အလောင်းများ တွေ့ရှိရကြောင်း ထိုင်းအမှတ်၃ ရုပ်မြင်သံကြားလိုင်းက ယမန်နေ့ညက ထုတ်လွှင့်ပြသ သွားခဲ့သည်။

မဲဆောက်မြို့ နှင့် အနီးပတ်ဝန်းကျင် မြန်မာအလုပ်သမားများ တီတိုးပြောဆိုနေသော သတင်းကို ကြားသိရသော ထိုင်းရုပ်မြင်သံကြား လိုင်းအမှတ်၃မှ သတင်းထောက်များက မဲဆောက်ရဲစခန်းကို သွားရောက် အင်တာဗျူး မေးမြန်းစဉ်၊ ဖုဖရား ရွာသားအချို့ က သူတို့ ရွာအနီး တောထဲတွင် မြန်မာအလုပ်သမ နှစ်ဦး အလောင်းတွေ့ ရှိမှုကို လာရောက်တိုင်ကြားစဉ်နှင့် တိုက်ဆိုင်နေသည်။

ဇန္န၀ါရီလ ၂၇ နေ့ က လူကုန်သူများက မြန်မာ(ကျား+မ) ၁၂ဦးအား ဘန်ကောက်သို့ ပို့ ဆောင်ရန် လူတစ်ဦးစီ ဘတ် တစ်သောင်းစီ ယူဆောင်ပြီးနောက်၊ မဲဆောက်မြို့ မြောက်ဘက် ကံဖေဗစ်သို့ ပို့ဆောင်ရန်လာခဲ့သည်။ ဖထို့နောက် လူကုန်ကူးသူများက လူသူကင်းဝေးသည့် တောထဲသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် မိန်းကလေးများ အား မတရားပြုကျင့်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ လူ၉ဦးကို သတ်ဖြတ်ပစ်ခဲ့ သော်လည်း လူ၃ဦးမှာ ထွက်ပြေးလွတ်မြောက်လာပြီး မဲဆောက်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ယခင်က ၄လောင်း တွေ့ရှိခဲ့ရပြီး ယခု၂လောင်း ထပ်မံတွေ့ရှိရကြောင်း ရဲစခန်းတွင် ရွာသားများက ထွက်ဆိုသည်။ ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှင့် ထိုအလောင်း ၂ လောင်းမှာ တစ်ဦးက နန်းသင်းဇေါ် နှင့် နန်းယာမာ တို့ ဖြစ်ကြောင်း ကရင်အလုပ်သမားများကို ကိုးကားပြီး ထိုင်းTV 3 က ထုတ်လွှင့်သွားသည်။

၂၀၀၃ ခုနှစ်ကလည်း အလားတူ ဦးခေါင်းတွင် သေနတ်ပစ်သတ် ခံရသည့်ပုံစံနှင့် တကြီမ်ဖြစ်ပွါးခဲ့ဘူးပြီး ၂၀၀၇ တွင်လည်း လူ၈ဦးတို့ ထိုနည်းအတိုင်း သေဆုံးခဲ့ဖူးသည်။ အသတ်ခံရသည့် မြန်မာအလုပ်သမား မိသားစုများ ကလည်း ထိုင်းရဲများကို တိုင်ကြားခြင်း မပြုကြသည့်အပြင် သက်သေများကလည်း လူကုန်ကူးသူများ ကပြန်လည် အန္တရာယ်ပြု သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် လူကုန်ကူးသူများကို ဖေါ်ထုတ်အရေးယူနိုင်ခြင်း မရှိခဲ့ကြကြောင်း ရှင်းပြသည်။ ထို့အပြင် လူကုန်ကူးမှုများကို ဖေါ်ထုတ်ရန် လူအများ မ၀ံ့မရဲဖြစ်နေခြင်းမှာ အဆိုပါ လူကုန်ကူးမှု တိုင်းတွင် အာဏာပိုင်များ ကိုယ်တိုင်ပါဝင် ပတ်သက်မှု ရှိနိုင်သည်ဟူသော ယူဆချက်ကြောင့် ဖြစ်နိုင်သည်ဟု ထိုင်း တီဗီ ၃ ကဆိုသည်။ အောက်ခြေမှာ အောက်ခြေအလျောက်၊ အပေါ်ပိုင်းတွင် အပေါ်ပိုင်းအလျောက် ဆက်နွယ်မှုရှိခြင်းကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းမရှိခြင်း ဖြစ်နိုင်ကြောင်း ထိုင်းTV 3 ကထုတ်လွှင့် သွားခဲ့ပါသည်။

မဲဆောက် ရဲစခန်း တာဝန်ရှိသူများက လူကုန်ကူးသူများအနေဖြင့် အခကြေးငွေများကို ရယူထားပြီး အဆိုပါ လူများကို ဘန်ကောက် အရောက်အထိ ပို့ ဆောင်ရမည့် တာဝန်ကို မယူလိုတော့သည့် အတွက် ယခုကဲ့သို့ အပျောက်ရှင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ လုပ်ရပ်များအား အမြန်ဆုံး အမှုမှန်ပေါ်ပေါက်ရေး အတွက် မဲဆောက်ရဲစခန်းက ကြိုးစားဖေါ်ထုတ် သွားမည်ဖြစ်ကြောင်း ထိုင်းTV 3 သို့ ပြောဆိုသွားသည်။

No comments:

Post a Comment