2.05.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Shipping containers are piled up at at a container terminal in the port of Dalian, China, 11 Sep 2009-AP

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ကုန်သွယ်ရေးနဲ့ ငွေကြေးကိစ္စတွေမှာ တရုတ်အစိုးရအပေါ် ခပ်တင်းတင်း ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကတိပြု ပြောကြားလိုက်တဲ့အပေါ်မှာ တရုတ်အစိုးရက ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။
AP_UN_Burma_Tomas_Ojea_Quintana_09Jun08

ကရင်ဒုက္ခသည်များ စတင် ပြန်ပို့

ကရင်ဒုက္ခသည်များ စတင် ပြန်ပို့

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၁၂ ဦးခန့်ကို မြန်မာပြည်သို့ ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် ယနေ့ ပို့ဆောင် လိုက်သည်။ “ကားပေါ်မှာ တင်သွားတာ ၁၂ ယောက်၊
လက်ရွေးစင်ဘောလုံး အသင်း နည်းပြချုပ် ထုတ်ပယ်ခံရ

လက်ရွေးစင်ဘောလုံး အသင်း နည်းပြချုပ် ထုတ်ပယ်ခံရ

မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကို အောင်မြင်မှုများ ရရှိရန် မစွမ်းဆောင် နိုင်သည့်အတွက် နည်းပြချုပ်အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယမန်နေ့တွင် ထုတ်ပယ် လိုက်ကြောင်း သိရသည်။

ဆေး မတိုးသည့် ငှက်ဖျား မြန်မာပြည်တွင် ရှိနေ

ငှက်ဖျားရောဂါ အတွက် အထိရောက်ဆုံးဟု ထင်ရှားသည့် အာတီမီဆီနင် (Artemisinin) ဆေးကို ခံနိုင်ရည်ရှိသော ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေပြီဟု ကုလသမဂ္ဂ၏ IRIN သတင်း

ခိုင်ရွှန်းလဲ့ရည်မိသားစု နာရေးကူညီမှုအသင်းကို သိန်း ၁၅၀ လှူ

မခိုင်ရွှန်းလဲ့ရည်၏ မိသားစုက နာရေးကူညီမှု အသင်း၏ သုခကုသိုလ်ဖြစ် ဆေးခန်းအတွက် ဓာတ်မှန် အဆောက်အအုံ ဆောက်လုပ်ရန် ကျပ် သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း အသင်း တာဝန်ခံ တဦး

သင်္ဘောသား ဖြစ်ရေး ပိုလွယ်ကူတော့မည်ဟုဆို

နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သည့် ပင်လယ်ကူး သင်္ဘောသား အရေအတွက် တိုးမြှင့်ရန် အလုပ်အကိုင် ဆိုင်ရာ ကန့်သတ်ချက်များကို စတင် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး

ဒုက္ခသည် ပြန်ပို့မည့် အစီအစဉ် ရပ်ဆိုင်းရန် အမေရိကန် အမတ်များ တိုက်တွန်း

ကရင်ဒုက္ခသည် ၃၀၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နေရပ်ရင်းသို့ ပြန်ပို့မည့် အစီအစဉ်အား ရပ်ဆိုင်းပေးရန် အမေရိကန်နိုင်ငံ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ်

ကချင်တော်လှန်ရေး ပင်လုံစာချုပ်ကို ဦးတည်

ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ တော်လှန်ရေး ၄၉ နှစ် ပြည့်ချိန်တွင် KIO က ပင်လုံစာချုပ်ကို ဦးတည်သွားမည် ဖြစ်ကြောင်း သိရသည်။မနက်ဖြန်တွင် ကျရောက်မည့် ကချင်

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့
ရဲရင့် / ၅ ဖေဖော်ဝါရီ ၂၀၁၀

“ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါး မလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက .... ” အပြည့်အစုံသို့

မြန်မာနိုင်ငံတွင် ငှက်ဖျားဆေးမတိုးမှု ဖြစ်ပေါ်နေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

NEJ/ ၅ ဖေဖော်ဝါရီ ၂၀၁၀
အဆိုပါ ဆေးမတိုးသည့် ငှက်ဖျားပိုးကြောင့် ရောဂါဖြစ်သူ သည် အသက်သေဆုံးနိုင်သည့် အခြေအနေအထိ ရှိသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က... အပြည့်အစုံသို့
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေး၍ နယ်ခြားစောင့်တပ် လက်မခံနိုင်ဟု ကေအိုင်အို ပြော

ပေါက်ပေါက်/ ၅ ဖေဖေါ်ဝါရီ ၂၀၁၀
“တွေ့ဆုံဆွေးနွေးရေးကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ လက်မခံသေးတာဟာ အဲဒီတန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရလို့ ....”အပြည့်အစုံသို့
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်တော့မည်

ဝီရ / ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
“တရုတ်က နအဖစစ်အစိုးရကနေ နှစ်စဉ် ဝယ်ယူထားတဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၂) ဘီလီယံကို အဲဒီပိုက်လိုင်းကနေ စတင်သွင်းမှာ ...” အပြည့်အစုံသို့
ဖမ်းမိ စိတ်ကြွဆေးများ နအဖ လက်ဝေခံများထံမှဖြစ်ဟု ဒေသတွင်း မူးယစ်လေ့လာသူတို့ ပြောကြား

ဝီရ/ ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
“ထိုင်းက ဖမ်းမိတဲ့ စိတ်ကြွဆေး တွေဟာ ဝတပ်ဖွဲ့တို့လို တိုင်းရင်းသား...”အပြည့်အစုံသို့

နောက်အစိုးရကို နအဖက ဘာအမွေတွေပေးခဲ့မလဲ
ဖိုးသံချောင်း /၅ ဖေဖော်ဝါရီ ၂၀၁၀

သူတို့ ဒီနေ့စံစား ခံစားရတဲ့ သုံးမကုန်၊ ဖြုန်းမကုန်ဓနတွေကို အမွေပေးခဲ့လိမ့်မယ်လို့တော့ လုံးဝ စိတ်ကူးမယဉ်လိုက်ပါနဲ့။ မုန့်ဆိုရင်သာ တဖဲ့စီဝေစားကောင်းစားမှာပါ။ ဒီနတ်စည်းစိမ်တွေကိုတော့ ဝေမျှမခံစားခဲ့တဲ့အပြင် သူတို့ရဲ့မြေးများ၊ မြစ်များကို သူတို့ရှိတုန်းကလိုပဲ ဦးစားပေး၊ အခွင့်ထူးခံစေဖို့ တာဝန်ကိုသာ ....အပြည့်အစုံသို့

ရန်ကုန်မှာ အနှိပ်ခန်း ၃၀၀၀ ထက်မနည်း ရှိနေ
ရန်ကုန်တိုင်းအတွင်း တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်း အရေအတွက်မှာ ၃၀၀၀ မှ ...
ပြည်ပရောက် ကချင်များကလည်း နယ်ခြားစောင့်တပ် လက်မခံ
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံနိုင် ကြောင်း ယနေ့ ကျရောက်သည့် ၄၉ နှစ်မြောက် ...
ယူနီဆက်ဖ်က ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ဆောင်
ကျောင်းမတက်နိုင်သော ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာသင်ကြားရေးကို ...
နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော
နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ ...
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ပြင်ဆင်မှုများ ရပ်ဆိုင်းထားရ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၅၊ ၂၀၁၀

ယမန်နေ့က တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်။ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်ထားသဖြင့် ရပ်ဆိုင်းထားရသော နေအိမ် ပြင်ဆင်မှုနှင့် ပတ်သက်ပြီး လာမည့်အပတ်တွင် ရန်ကုန်ရှိ တရားရုံးတခုက ကြားနာမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးက ပြောသည်။ (AP Photo/Khin Maung Win)


မြန်မာ့ဘ၀၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ (စာတမ်း)

တင်မိုး

ဖေဖော်ဝါရီ ၅၊ ၂၀၁၀

စာစီစာရိုက် စေတနာရှင် - ညိမ်းညို (http://nyeinnyo.blogspot.com/ )

၁၉၆၂ခုနှစ်တွင် ဒီမိုကရေစီအရပ်သားအစိုးရကို အာဏာသိမ်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်သော စစ်အစိုးရလက်ထက်တွင် ကဗျာဆရာအများစုသည် ထောက်ခံပါဝင်ခြင်း မပြုခဲ့ကြသည်က များပါသည်။ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သင်းခိုင်၊ အောင်ခြိမ့်စသော ကဗျာဆရာတို့သည် စစ်အစိုးရနှင့် ပူးပေါင်းခြင်းမပြုဘဲ နိုင်ငံတကာ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး ကဗျာဝါဒကို ကိုင်စွဲခြင်း၊ ခေတ်ပေါ်ကဗျာအဖွဲ့အနွဲ့များကို နိုင်ငံတကာမှ မြန်မာပြန်ဆိုလေ့လာကြခြင်း၊ ယနေ့ခေတ်၏ အသံဟုဆိုနိုင်သော ကာရန်မဲ့ရစ်သမ်ကဗျာများ စမ်းသပ်ရေးဖွဲ့ခြင်းနှင့် နိမိတ်ပုံသစ် အလင်္ကာသစ်များကို အားထုတ်ရေးဖွဲ့ခြင်းတို့ ပြုလုပ်လျက်ရှိကြပါသည်။ စာပေစီစစ်ရေးဟူသော ဆင်ဆာဓားချက်အောက်တွင် ကဗျာသည် အသက်ငင်လျက် ရှိပါသည်။
အပြည့်အစုံသို့ ...

အငြင်းပွားမြေမှာ ထပ်စင်ကို ထိုင်းအာဏာပိုင်တွေ မဖမ်းနိုင် Friday, February 05, 2010

အပြည့်အစုံသို့

ရွှေမြွေဟောက် စစ်လေ့ကျင့်ရေး စပြီ Friday, February 05, 2010

အပြည့်အစုံသို့

လှုပ်ခတ်သွားစေမယ့် ဟွန်ဆန် ခရီးစဉ် Friday, February 05, 2010

အပြည့်အစုံသို့

ကုလားအုပ် ၃ကောင် ဒေါ်လာ ၆.၄၅သန်း UAE စော်ဘွားပေး Wednesday, February 03, 2010

အပြည့်အစုံသို့

စစ်အုပ်စု နွားပြာကြီးအကြောင်းသိသူတွေက “၂၀၀၈ အခြေခံဥပဒေ” ထွက်လာကတည်းက ဘယ်ဇာတ်ခင်းတော့ မယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ ၂၀၁၀ လွန်ရင် လုပ်ကွင်းလုပ်ကွက်ကလေးများ ပေါ်လာလေမလားလို့ အပြည့်အစုံသို့

စာမျက်နှာအဟောင်းများ - ခင်ငြိမ်းသစ် - Thursday, February 04, 2010

တနေ့ သူ့ကို ကျမ ကျောင်းကပြန်ကြိုလာတော့ သူက ကျမကိုမေးပါတယ် “ဘိုးတော်ဘုရား ဘယ် တုန်းက လေးဘက် ထောက်တာလဲ” တဲ့၊ ရုတ်တရက်တော့ ကျမအံသြသွားတယ်.. အပြည့်အစုံသို့


ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် (နယူးဒေလီ) မှာ ဆန္ဒပြ
Fri 05 Feb 2010, ခတ္တာနန်း
(၄၉) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်ဆန္ဒပြပွဲကို ကချင်အမျိုးသားအစည်းအရုံးကောင်စီမှ ဦးစီပြီး နယူးဒေလီမြို့တွင် ယနေ့ နေ့လည် ၁၁ နာရီမှာ...

ဖေဖော်ဝါရီလ ၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထာ့ဆောင်ယန်းမြို့နယ်၊ နိုဘိုးကျေးရွာ ဒုက္ခသည်စခန်းရှိ ကရင်စစ်ပြေးဒုက္ခသည် မိသားစု ၃စုကို ယနေ့မနက် ၉နာရီခွဲတွင် ထိုင်းနယ်စပ်လုံခြုံရေး ထာ့ဟန်ဖန်းအဖွဲ့က မြန်မာဘက်ခြမ်းရှိ လယ့်ပေါ်ဟဲနေရာသို့ ပြန်ပို့လိုက်သည်ဟု ကေအိုင်စီက စုံစမ်း သိရှိရသည်။

image

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ

၂၊၄၊၂၀၁၀

မောင်ရမ္မာ (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနောက်မြောက်ပိုင်း ပေါင်စောင်ဂေါ် ခရိုင်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ဆောက်ခဲ့သော ဗုဒ္ဓ ကျောင်းတော်ကြီး တခုကို ဇန္န၀ါရီလ ၁၀ ရက်နေ့က မြေအောက်မှ တူးဖေါ် တွေ့ရှိသည်။ အပြည့်အစုံသို့

အပစ်ရပ်များအား အင်အားသုံးတိုက်ရန်မလိုတော့ဟု တြိဂံတိုင်းမှူးပြော

အပစ်ရပ်များအား အင်အားသုံးတိုက်ရန်မလိုတော့ဟု တြိဂံတိုင်းမှူးပြောအပစ်ရပ်အဖွဲ့များ စီးပွါးအာဏာလုရင်း အချင်းချင်းသတ်ဖြတ်အဆုံးသတ်ခြင်းကို ထိုင်ကြည့်ရုံဟု တြိဂံတိုင်းမှူးက ပြောကြောင်း ခိုင်လုံသည့်သတင်းရပ်ကွက်ကပြော၏။
ကချင်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေငြာချက်
KNO's Statement on 49th Kachin Revolution Day

တပ်နှင့် ပြည်သူ ဘဝတူ (၂)

သူငယ်ချင်းရေ
ကိုယ်ရဲ့ပထမစာကို ဖတ်ပီးလောက်ပီးလို့ ယုံကြည်ပါတယ်။ သူငယ်ချင်းဆီကို စာတိုက်ကလည်း မပို့ချင်ဘူးလေ။ တပ်ရင်းက ဖွင့်ဖောက်ဖတ်ပီးမှ သူငယ်ချင်းတို့ဆီ ရောက်တယ်ဆိုတာ ကိုယ်တိုင်လည်း စစ်သားတဦး ဖြစ်ခဲ့ဘူးသူမို့ သိနေတယ်။ ဒါကြောင့် လူကြုံကောင်းနဲ့ ပို့ပေးတာ၊ တို့နိုင်ငံရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုဟာ ပြည်သူထဲက ပြည်သူ ဖြစ်တဲ့ ဒို့တပ်မတော်သားတွေပါ ချိုးဖောက်ခံနေ ရတာပါ။ ဘယ်အချက်တွေ ချိုးဖောက် ခံနေရတယ် ဆိုတာကို ပိုပီးရှင်းအောင် ကိုယ်ထပ်ပြောမယ် သူငယ်ချင်း။ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကျေညာစာတမ်း အပိုဒ် (၃) နဲ့ (၁၂) ပဲ သူငယ်ချင်း။

အပိုဒ် (၃)မှာ - လူတိုင်းတွင် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြံခွင့်ရှိသည်။
အပိုဒ်(၁၂)မှာ - မည်သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ မိသားစုနှင့် သက်ဆိုင်သော ကိစ္စများ၊ နေအိမ်နှင့် စာပေးစာယူ ကိစ္စများတို့ကိုမှ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက် မခံစေရ။ ထိုဏ္ဍအပြင် ထိုသူ့ ဂုဏ်သိက္ခာကို ပုတ်ခတ်ပိုင်ခွင့်မရှိ။ လူတိုင်းတွင် ထိုသို့စွက်ဖက်ခြင်းမှ သော်လည်းကောင်း၊ ပုတ်ခတ်ခံရ ခြင်းကို သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။...လို့ ဖော်ပြထားတယ်လေ။

အခုလို မိမိတို့ရဲ့စာကိုဖောက်ဖတ်ခံရခြင်းဟာ သူငယ်ချင်းတို့ရဲ့လွတ်လပ်ခွင့်နဲ့လုံခြုံမှုကို ထိပါးတာပါပဲ။ ဥပဒေရ မဟုတ်ဘဲ မိမိရဲ့ လူ့အခွင့်ရေး(မွေးရာပါ အခွင့်ရေး)ကို ဝင်ရောက် စွက်ဖက်တာပါပဲ။

သူငယ်ချင်း
ဒီလိုချိုးဖောက်မှုနဲ့တပ်တွင်းအရေးယူခံရတဲ့ အရာရှိငယ်တွေက ရဲဘော်တွေအထိ ဖြစ်စဉ်တွေကို နင်လည် သိပီးသာပါ။ အဲဒီ ကျေညာစာတမ်းရဲ့နောက်ဆုံးအပိုဒ် ၃၀ မှာ-

ဤစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ဖျက်လိုဖျက်ဆီးဖြစ်စေမည့် လုပ်ငန်း လုပ်ရပ်များအား မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်ကမှ ကိုယ်တိုင် လုပ်ဆောင်ခွင့် ပါဝင်လုပ်ဆောင်ခွင့် မရှိကြောင်း ဤကြေညာစာတမ်းက အတိအလင်း ကြေညာသည်။ ... လို့ဖော်ပြထားသေးတယ်။

ဒါပေမဲ့ မင်းတို့ငါတို့ရဲဘော်တွေနဲ့တည်ဆောက်ထားတဲ့ တပ်မတော်ကို ခုတုံးလုပ်ပီး ကိုယ်ကျိုးစီး ပွားရှာနေတဲ့ စစ်ခေါင်းဆောင်တွေ ကတော့ မလိုက်နာဘူးဆိုတာ မင်းတို့ ငါတို့နဲ့ နိုင်ငံသိ ကမ္ဘာသိပါပဲ။ ပြည်သူတွေလည်း အဲဒီအချက်တွေ ချိုးဖောက် ခံနေရတာပါပဲ။ ဒါကြောင့် တပ်နဲ့ ပြည်သူ ဘဝတူတွေပဲ ဆိုတာ ရှင်းပါတယ်ကွာ။ အဲဒီကိစ္စကို နောက်မှ ဆက်ပြောတော့မယ်။ နင့်ကို အဓိကပြောချင်တာ ရှိတယ်။

ပြောချင်တာက အခုလ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ဒို့တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးဖခင်၊ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်းရဲ့ အသက် ၉၅ နှစ်ပြည့်တဲ့ နေ့ပဲ။ ဒို့လူမျိုးတွေရဲ့ ထူးခြားတယ်လို့ ယူဆတဲ့ မွေးနေ့ မွေးရက် ဆုံတဲ့နှစ်နဲ့ မွေးနေ့ပဲ သူငယ်ချင်း။ လက်ရှိ စစ်ခေါင်းဆောင်တွေ ကတော့ မသိကျိုးချင်ပြုမှာပါ။

အလွန်စိတ်ပျက်ဝမ်းနည်းမခံချင်စရာ ကောင်းပါတယ်။ တကယ်ဆို သူလို ကမ္ဘာက လေးစားခံရတဲ့ နိုင်ငံ့ဖခင် တစ်ယောက်ရဲ့ မွေးနေ့ကို ခမ်းခမ်းနားနားနဲ့ နိုင်ငံနဲ့အဝှမ်း ကျင်းပ ပေးသင့်တာပေါ့။ တပ်မတော်ထဲမှာဆို ပိုလို့တောင် လုပ်ပေး ရဦးမှာနော်။ သူတည်ထောင်ခဲ့လို့ ပေါ်ထွန်းလာတဲ့ တပ်မတော်ကြောင့် ဗိုလ်ချုပ်မှူကြီး ဖြစ်နေရပါ လားဆိုတာကို မင်းတို့ တပ်ချုပ်ကြီး သတိရဖို့ ကောင်းတယ်။ ဒီအဖေကြောင့် သားဖြစ်လာပီး အမွေ ဆက်ခံ နေရပါလားဆိုတာ မမေ့သင့်ဘူးကွာ။ တို့တွေလည်း ဒါကြောင့် ရဲဘော်ရယ်လို့ ဖြစ်လာတာပေါ့။ တို့အားလုံးသူကို သတိရပီး သူဖြစ်စေချင်တဲ့ တပ်မတော်ကို ဖြစ်အောင် ဆက်လက် သယ်ပိုးဖို့ တာဝန်ရှိတယ်ဆိုတာ မင်းလဲသိပါတယ်။

ငါမင်းနဲ့အတူတပ်ထဲမှာရှိစဉ်တုံးက မင်းပြောပြခဲ့တဲ့ ဗိုလ်ချုပ်စကားလေးကို မှတ်မိနေတယ် သူငယ် ချင်း။ မင်း မ.ဆ.လ ပါတီက ထုတ်တဲ့ ဗိုလ်ချုပ် မိန့်ခွန်း များစာအုပ်ကို ဖတ်ပီး ပြောခဲ့တာလေ။ တပ်နဲ့ ပတ်သက်ပီး ပြောခဲ့တာပေါ့။

“စစ်တပ်ဟာတိုင်းပြည်အုပ်ချုပ်ရေးမှာ ဝင်မစွက်ဖက်ရဘူး။ စွက်ဖက်ရင် အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ စစ်တပ်ဟာ တိုင်းပြည် အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ ဝင်မပါရဘူး၊ ဝင်ပါရင် ဖက်စစ်အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ ဒီလိုစိတ်မျိုး ရှိနေသူတွေ အခုထဲက ပြင်ကြပါ” လို့ပြောခဲ့တာနော်။

သူငယ်ချင်းရေ
ဗိုလ်ချုပ်တို့ထိုင်းနိုင်ငံမှာတပ်မတော်စတင်ဖွဲ့ခဲ့တဲ့ ၁၉၄၂ ခုကဆို အခု တို့တပ်မတော် သက်တမ်းက ၆၈ နှစ်တောင် ရှိပီးနော်။ ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ ၆၂ ခုက ၈၈ ထိက အာဏာရှင် စစ်တပ်ပေါ့၊ ၈၈ ကနေ ဒီဖက်ထိကတော့ ဖက်ဆစ် အာဏာရှင်စစ်တပ် ဖြစ်နေပီနော် သူငယ်ချင်း။ တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာနဲ့ စိစစ် ကြည့်လိုက်တာပါ။

တပ်မတော် သက်တမ်းရဲ့ သုံးပုံ နှစ်ပုံ ကျော်ဖြစ်တဲ့ ၄၈ နှစ်ဟာ အာဏာရှင်၊ ဖက်ဆစ် အာဏာရှင် စစ်တပ်အဖြစ် ဖြတ်သန်း ခဲ့တာပဲနော်။ သူငယ်ချင်းရေ.. သားသ္မီးဝတ် ငါးပါးမှာပါတဲ့ စောင့်လေမျိုးနွယ် ဆိုတဲ့ စကားအတိုင်း တို့ဖခင် ဖြစ်စေလိုတဲ့ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ မင်းတို့လို အမှုထမ်းဆဲ တပ်မတော်သားတွေမှာရော ငါတို့လို တပ်မတော်သား ဟောင်းတွေမှာပါ တာဝန် ရှိတယ်နော်။

သူငယ်ချင်းရေ
ဒီတော့မင်းတို့ကလည်းတပ်တွင်းမှာ မွေးနေ့မွေးရက်ဆုံနေတဲ့ တပ်မတော် ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်မြောက် မွေးနေ့ကို ကိုယ့်အစီစဉ်နဲ့ကိုယ် ကျင်းပစေချင်တယ်။ ငါတို့လဲ ပြင်ပကနေ ကျင်းပရင်းနဲ့ ဖအေကို ခြေစုံကန်နေတဲ့ သားမိုက် ဗိုလ်ချုပ်မှူးကြီးတို့ လူတသိုက်ကို ဆုံးမသတိပေးရ အောင်လား။

ငါတို့ မိသန်းအေးက ပြောမှာပဲ၊ သူ့အကြောင်းလေးတောင် မေးဖော်မရဖူးလို့။ ပြောလိုက်ပါကွာ၊ အစဉ် မင်းကို သတိရခြင်းနဲ့ အတူ သူ့ကိုလည်း သတိရနေကြောင်း။ သူရဲ့ ပဲပြုပ်နဲ့ မျှစ်ကြော်ကို အမြဲ သတိရနေပါတယ်လို့။ အခုရော မင်းတို့ ပဲပြုပ်နဲ့ မျှစ်ကြော်တောင် စားနိုင်သေးရဲ့လား သူငယ်ချင်း၊။

မင်းတို့တပ်မိသားစုအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာပြီး ဘေးဘယာ ကင်းဝေးလို့ စစ်မှန်တဲ့ ပြည်သူ့ တပ်မတော်ကို တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မင်းတို့ကိုခင်တဲ့
မင်းတို့ကခင်တဲ့
နှောင်းလူ

Read More...


တပ်နှင့် ပြည်သူ ဘဝတူ (၁)

သူငယ်ချင်းရေ

တို့တွေခွဲခွာခဲ့ဝေးကွားခဲ့ကြတာ အခုဆို အနှစ်ဆယ်ကျော်ပီနော်။ သူငယ်ချင်းနဲ့ ကိုယ်က ဖောင်ကြီးအမှတ် ( ၁ ) လေ့ကျင့်ရေးမှာ စတွေ့ကြတာလေ။ သင်တန်းပီးလို့ တာဝန်ကျတဲ့ တပ်ကျပြန်တော့လဲ အတူပဲဆိုတော့ တအူတုံဆင်း ညီအရင်းလို ဖြစ်ခဲ့ကြရတယ်။ ဒါပေမဲ့ တို့ရဲဘော်တွေရဲ့ ဘဝဟာပြည်သူတွေရဲ့ ဘဝ တွေလိုပါပဲ၊ ငတ်တလဲ ပြတ်တလဲနဲ့ နေရတာ။ ဒီကြားထဲ ရှေ့တန်းက ပြန်ရောက်ပြန်တော့ လစာကို အထက်အရာရှိတွေ သုံးထားတာနဲ့ ကြုံရသေးပေါ့။ တို့ရဲဘော်တွေနဲ့ စစ်တပ်ကို ခါးပိုက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ ကတော့ တိုင်းပြည်ရဲ့ ကယ်တင်ရှင် အဖြစ် ဟစ်ကြွေးပီး၊ ချမ်းသာနေတယ်။ တိုင်းပြည်နဲ့ လူထုက ဆင်းရဲနေရတယ်။ ကမ္ဘာ့ အဆင်းရဲဆုံး ဖြစ်ခဲ့ရတာ သူငယ်ချင်းလဲ သိပါတယ်။

နောက်ပြည်သူဘဝနဲ့ထပ်တူနေတဲ့ လေတပ်၊ ရေတပ်၊ ကပစ အစရှိတဲ့ ရဲဘော်တွေ ပြည်သူတွေနဲ့ ပူးပေါင်းပီး ချီတက် တောင်းဆိုခဲ့ကြတယ်။ တပ်မ ( ၂၂ ) က ဗိုလ်ကြီး စိုင်းဝင်းကျော် ဆိုသူလည်း ဒီမိုကရေစီဘက် ပူးပေါင်းသွားတယ်။ ခလရ (၁၆ ) မှော်ဘီတပ်ရင်းက တပ်စိတ် တစ်စိတ်ပါ ပူးပေါင်းသွားတယ်။ သူငယ်ချင်းနဲ့ ကိုယ်လည်း ပြည်သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဒါပေမဲ့ အဲဒီတုန်းက သူငယ်ချင်းက ရက်သားသာ ရှိသေးတဲ့ သားနဲ့ ဇနီးကြောင့် ကျန်နေခဲ့ရတယ်။ ကိုယ်ကတော့ လိုက်ပါ သွားခဲ့တယ်လေ။ အဲဒီတုံးက ပြည်သူနဲ့တွေ့ရင် ရေလို ဆက်ဆံရမယ် ဆိုတဲ့ ကျင့်ဝတ် အတိုင်း နေခဲ့တဲ့ အချို့တပ်ရင်းက တပ်ခွဲတွေ၊ တပ်ရင်းတွေ၊ တပ်ရင်းမှူးတွေ အရေးယူ ခံခဲ့ရတာ သူငယ်ချင်း အသိပါ။

သူငယ်ချင်းရေ-နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်းထက်ကဲ ဆိုသလို အခုသူငယ်ချင်းတို့ တပ်ချုပ်ကြီး လက်ထက်မှာ တိုင်းပြည်နဲ့ ပြည်သူဟာ ငရဲရှစ်ထပ် အောက်ဆုံးကို ရောက်နေရသလိုပါပဲ။ သူငယ်ချင်းတို့လို ဆရာကြီးတွေနဲ့ ဗိုလ်မှူးကြီး အဆင့်ထိဟာလဲ ပြည်သူနဲ့ ဘဝတူ ခံစား နေကြရတာပါပဲ။ သူငယ်ချင်းဆို စစ်သက် ၂၈နှစ်လောက် ရှိနေတာတောင် ထွက်ခွင့်လဲမရ။အငြိမ်းစားလဲ မရနဲ့ တပေပေနဲ့ ခံနေရတယ်လို့ ကြားပါတယ်။

ဒါကြောင့် ရဲဘော်တွေ မခံနိုင်သလို သူတို့ အထက်အရာရှိတွေလည်း မခံနိုင်တော့လို့ အခုဆို တပ်တွင်း တောင်းဆိုမှုတွေ၊ ထွက်ခွင့်တွေ တင်နေကြတယ်လို့ တပ်သတင်းတွေ အတော့်ကို ကျယ်ကျယ်ပြန်ပြန့် ထွက်လာ နေတယ်နော်။ သူငယ်ချင်းကပိုသိမှာပါလေ။

အဲဒီသတင်းထက်ပိုပီး စိတ်ဝင်စားဖို့ကောင်းတဲ့ တပ်သတင်းတခု ထွက်လာတယ် သူငယ်ချင်း။ လားရှိုးမြို့မှာ၂၄.၁.၁၀နေ့ ညနဲ့ ၂၅.၁.၁၀ မနက်ပိုင်းမှာ ဖြစ်ခဲ့တာပါ။ တပ်မိသားစုများရဲ့ ပန်ကြားလွှာကို လက်ရေးနဲ့ရေးပီး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ပတ်ဝန်းကျင်၊ တိုင်းလမ်းတလျောက်၊ တပ်မိသားစုတွေ နေထိုင်ရာ ဘူတာဈေး၊ ဗျူဟာလမ်းနဲ့ အခြားနေရာ အတော်များမှာ ကပ်သွားတယ်။ အဲဒီမှာ----

တပ်နဲ့ပြည်သူ၊ ဘဝတူ၊ အတူလက်တွဲ၊ ဒို့အောင်ပွဲ စားဝတ်နေမှု ဖူလုံရေး၊ ချက်ချင်းဖြေရှင်းပေး
တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး၊ လက်တွေ့ဦးစားပေး---- လို့ ရေးထား တောင်းဆိုထားတယ် သူငယ်ချင်း။

သူငယ်ချင်းရေ-တပ်မိသားစုရဲ့ပန်ကြားလွှာဟာ လက်တွေ့ ကိုယ်တို့နိုင်ငံရဲ့ ပကတိ အခြေနေကို ထင်ဟပ် ပြတာပါပဲ။ သူငယ်ချင်းလဲ အခုလို ပြည်သူက တပ်ကို ရွံ့ကြောက်မုန်းတီး နေတာကို အရင်လို ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် တပ်အဖြစ် ပြောင်းလဲနိုင်ဖို့၊ ဘဝတူ တပ်နဲ့ပြည်သူ၊ အတူလက်တွဲပီး အောင်ပွဲဆီကို သွားဘို့၊ စိတ်တူ၊ ယုံကြည်ချက် တူသူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ လုပ်နေပီလို့ ကိုယ်ယုံကြည်တယ် သူငယ်ချင်း။

မိသန်းအေးကိုလဲငါက သတိရတယ်လို့ ပြောလိုက်ပါ။ သူငယ်ချင်းတို့ တမိသားစုလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာလို့ ဘေးဘယာ အပေါင်းက ကင်းဝေးကာ ဘဝတူ ပြည်သူတွေရဲ့ အကျိုးကို အောင်မြင်စွာ သယ်ပိုး နိုင်ပါစေလို့ မေတ္တာပို့သ လိုက်ပါတယ်။

သတိရခင်မင်လျက်
နှောင်းလူ

Read More...


နအဖ စစ်အုပ်စု၏ ဟန်ပြ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကန့်ကွက်ရှတ်ချသည့် ပလောင်အမျိုးသမီးအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်

ရှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့နယ်နှင့် မန်တုန်မြို့နယ်တွင် နအဖစစ်တပ်များ ပြီးခဲ့သောအပတ်တွင် ပူပူနွေးနွေ
ဘိန်းတိုက်ဖျက်ရေး စတင်ခဲ့သော်လည်း ဘိန်းခြံအချို့ကိုသာ နမူနာပြဖျက်ဆီးခဲ့ပြီး။ အခြားအင်အားကြီး ဘိန်းတောင်
သူတို့ထံမှ လာဘ်ငွေများရယူပြီး ထိုဘိန်းခြံများ မဖျက်ဆီးဘဲ ပြန်ဆုတ်သွားကြောင်း သိရှိရပါသည်၊ (more…)


နယ်ခြားစောင့်တပ်အဖြစ် လက်မခံ၍ ကယန်းဒေသ၌ အစိုးရတပ်အင်အား တိုးချဲ့လာ
ပါးရယ်/ ဖေဖော်ဝါရီ ၅၊ ၂၀၁၀

အပစ်ရပ်အဖွဲ့ ဖြစ်သော ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ)သည် မြန်မာစစ်အစိုးရ ဖိအားပေးနေသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို...

ဆက်ဖတ်ရန်...

စစ်တပ်မှ ရွာသားပိုင်တောင်ယာခင်း မီးရှို့ဖျက်ဆီး
ကို(၂)/ ဖေဖော်ဝါရီ ၅၊ ၂၀၁၀

ကရင်နီပြည် ရှားတောမြို့နယ် ပွန်ချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာလူထု၏ တောင်ယာခင်းများကို အချိန်အခါ မဟုတ်ဘဲ စစ်အစိုးရတပ်မှ မီးရှို့ဖျက်ဆီး...

ဆက်ဖတ်ရန်...


more


more


more


more


more


more


more


more


more


more


more

မြန်မာနိုင်ငံကို ဖြတ်္ဘပီး ရေနံနဲႛ သဘာဝဓာတ်ငွေ့တရုတ်နိုင်ငံ တင်သွင်းတော့မယ်
ရေကာတာစီမံကိန်း ကန်ႛကွက်စာ တ႟ုတ္သံ႟ရုံးက တရားဝင်ပြန်ကြား

No comments:

Post a Comment