2.27.2010

သတ်မှတ်ချိန်အတွင်း သက်တမ်းတိုး ပြီးစီးနိုင်ရေး အလုပ်သမားများ ကြိုးစားဆောင်ရွက်နေကြ

Photobucket
မဲဆောက်မြို့မှ အလုပ်သမားများ လက်မှတ်သက်တမ်းတိုးရန် တန်းစီနေပုံ
တလတိုးထားသည့် သက်တမ်းအတွင်း အလုပ်သမားများ အနေနှင့် အချိန်မှီ သက်တမ်းတိုးပြီးစီး နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်နေကြသည်ဟု အလုပ်သမားများက ပြောပြကြပါသည်။
နေ့တိုင်းနေ့တိုင်း အလုပ်သမားရုံးတွင်လည်းကောင်း ၊ သွေးစစ်ရန် လိုအပ်သူများက ဆေးရုံတွင် လည်း ကောင်း လာရောက်ဆောင်ရွက်နေကြသည့် ပမာဏမှာ လူနှစ်ထောင်ပါတ်ဝန်းကျင်ခန့်ရှိသည်ဟု အလုပ် သမားများ က ပြောပြပါသည်။ 
ကျွန်တော်တို့က သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်လုပ်ချင်ပေမယ့် အလုပ်သမားရုံးနဲ့ ဆေးရုံကကော ဒီလောက်များတဲ့ လူတွေကို ပြီးစီးအောင်ဆောင်ရွက် နိုင်ဖို့ခက်လိမ့်မယ်လို့ ထင်တယ်ဟု ကိုယ်တိုင် သက်တမ်းတိုးခဲ့ပြီးသူ အလုပ်သမား တဦးက ပြောပြပါသည်။ “ကျွန်တော် သွေးစစ်တာအတွက် မနက် အစောကြီးထဲက သွားတန်းစီတာတောင်  တနေကုန်အောင် စောင့်ပြီးမှ ပြီးသွားပါတယ်။ တနေ့တနေ့ကို ထောင်ချီပြီး လာနေကြတာ ။ နောက်နေ့ လက်ဗွေနှိပ်ဖို့သွားတန်းစီတော့လဲ အလုပ်သမားတွေ များလွန်းလို့ ကားလမ်းတွေတောင်ပိတ်ကုန်တယ် ဒီလောက်များတဲ့ အလုပ်သမားတွေကို အချိန်မှီ ပြီးအောင်လုပ်ဖို့ ခက်လိမ့်မယ်လို့ ထင်တယ်” ဟု မဲဆောက်တွင် အလုပ်သမားလက်မှတ် သက်တမ်းတိုးခဲ့သူ တဦးက ပြောပြ ပါသည်။
ထိုင်းနိုင်ငံ ဘက်ကတော့ အလုပ်သမားဌာနကော ၊ သွေးစစ်တဲ့ ဆေးရုံမှာကော အမြန်ဆုံး ဆောင်ရွက် ပေးနေကြသည်ဟု ထိုအလုပ်သမားက ဆက်လက်ပြောဆိုသွားခဲ့ပြီး မြန်မာနိုင်ငံတွင် ပတ်စပို့ ပြန်လုပ် ရာတွင် မူ ထိုကဲ့သို့ ပီပြင်စွာ လုပ်ဆောင်ပေးလျှင် ကောင်းမည်ဟု ပြောပြခဲ့ပါသည်။ “ထိုင်းဘက်ခြမ်းမှာ လုပ်ရ သလို မြန်မာ ဘက်ခြမ်းမှာ အဲလို အဆင်ပြေပြေချောချောမွေ့မွေ့ ရှိစေချင်တယ်” ဟု ပြောပြခဲ့ပါ သည်။ 

No comments:

Post a Comment