3.09.2010

ရွေးကောက်ပွဲ ဥပဒေကို အလီလီ ထုတ်ပြန်သွားမည်ဟု ကြေငြာ

Photobucket
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၊ ၂၀၁၀။
ယနေ့နံနက်ထုတ် ပြည်တွင်းသတင်းစာများတွင် ရွေးကောက်ပွဲ ဥပဒေများကို အချုပ်ပို နှစ်မျက်နှာဖြင့် ဖေါ်ပြ ထားသည်။ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချီသွားမည်ဟု ကြေငြာထားသော်လည်း မည်သည့် နေ့ရက်တွင် ထုတ်ဝေမည်ဟု မပါရှိခဲ့ပါ။ 
 အကယ်၍ သတင်းစာများတွင် အလုံးစုံ ဖေါ်ပြပြီးမှ စာအုပ်အဖြစ် ထုတ်ဝေမည်ဆိုပါက ဥပဒေအားလုံးကို ထုတ်ပြန် ပြီးသည်အထိ ရက်အနည်းငယ် စောင့်ရဦးမည် ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲ ပြုလုပ်မည့် နေ့ရက် အတိအကျကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ 
ယနေ့ထုတ်ပြန်ချက်အရ နအဖသည် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၅ဦးကို ရွေးချယ်ပေးမည် ဖြစ်ပြီး ထို၅ဦးက တနိုင်ငံလုံး အတိုင်းအတာဖြင့် ကော်မတီ အဖွဲ့ခွဲများကို ဆက်လက်ဖွဲ့စည်းသွားရမည်ဟု ဆိုပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုများ၊ နိုင်ငံရေးပါတီများ လျှောက်ထားခြင်းကို လက်ခံရန်တာဝန်ရှိသည်ဟု ဆိုပါသည်။ ထို့အတူ ရာသီဥတုနှင့် သဘာဝဘေးဒဏ်များကြောင့်၎င်း လုံခြုံရေးအခြေအနေကြောင့်၎င်း ရွေးကောက်ပွဲကို ရွေ့ဆိုင်းခြင်း ဖျက်သိမ်းခြင်း ပြုနိုင်သည်ဟုဆိုပါသည်။ 
ထို့အတူ  ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရခဲ့သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ဖေါ်ပြပါရှိပါသည်။ 
ကျန်ဥပဒေ လေးရပ်အနက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို မနက်ဖြန်တွင် ထုတ်ပြန်လိမ့်မည်ဟု ယူဆရပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment