![]() |
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်တရပ် ဖွဲ့စည်းရာမှာ စစ်အစိုးရအနေနဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ထုတ် မြန်မာသတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။
![]() | |
![]() | |

ရွေးကောက်ပွဲ ဥပဒေ ပါရှိသည့် သတင်းစာ ဈေးတက်
စစ်အစိုးရက၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ကြေညာလိုက်သည့်အတွက် ယနေ့ထုတ် သတင်းစာများ ရောင်းဈေးမှာ နံနက်ပိုင်းတွင်ပင်၂ ဆခန့်တက်သွားခဲ့ပြီး ရောင်းအားလည်း ပုံမှန်ထက် တက်သွားခဲ့ ကြောင်းစုံစမ်းသိရှိရသည်။
ပစ်သတ်ခံရသော မြန်မာများအတွက် စုံစမ်းပေးရန် HRW တောင်းဆို
ထိုင်းစစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာပြည်သား ကလေး ၃ ဦး အမှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရကို ချက်ချင်း စုံစမ်း စစ်ဆေးပေးရန် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch - HRW)က တောင်းဆို လိုက်သည်။ထိုင်းရဲဖမ်းသဖြင့် ထွက်ပြေးသည့် မိန်းကလေး ၂ ဦး ရေနစ်သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် ထိုင်းရဲများက ၀င်ရောက် ဖမ်းဆီးသဖြင့် ထွက်ပြေးကြရင်း မြန်မာမိန်းကလေး ၂ ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ရက် ၆၀ ရမည်
ရွေးကောက်ပွဲ ကော်မရှင်သို့ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် လျှောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေး ပါတီအဖြစ်မှ အလို အလျောက်ပြက်ပျယ်မည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက ဆိုသည်။စစ်ကိုင်းတိုင်းတွင် ကြက်တုပ်ကွေးဖြစ်၊ ကြက်သောင်းချီဖျက်ဆီး
စစ်ကိုင်းတိုင်းတွင် ကြက်ငှက် တုပ်ကွေး ရောဂါဖြစ်ပွားသောကြောင့် ကြက်ကောင်ရေ သောင်းချီ ဖျက်ဆီးခဲ့ရပြီး ယင်းဒေသတွင် ကြက်၊ ဘဲရောင်းချမှုများကို အရေးပေါ် ပိတ်ပင်လိုက်ရကြောင်း သတင်းရရှိသည်။အမြင်မလျော်သည့် စုံတွဲများကိုအရေးယူလျှင် အန္တရာယ်များနိုင်ဟုဆို
လူမြင်ကွင်းတွင် အမြင်မလျော်စွာ ပြုမူနေထိုင်ကြသည့် စုံတွဲများကို သက်ဆိုင်ရာက အရေးယူသွားမည်ဆိုသည့် အတွက် ခြိမ်းခြောက်မှု၊ ငွေညှစ်မှု စသည့် အန္တရာယ်များဖြင့် ကြုံတွေ့လာနိုင်ကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်ပြောဆိုကြသည်။စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်
၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြား၏ ယနေ့ ညနေ ၄ နာရီသတင်းတွင် ထုတ်လွှင့်သွားသည်။ဘားမား ဗီဂျေ အော်စကာဆုနှင့် လွဲ
၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိရန် အလားအလာ ကောင်းခဲ့သော ဘားမား ဗီဂျေ (Burma VJ) မှတ်တမ်း ရုပ်ရှင်ဇာတ်ကားမှာ ဆုနှင့် လွဲချော်သွားသည်။ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင် ရွာများစွာ ရွှေ့ပြောင်းခံရဖွယ်ရှိ
ဝီရ / ၉ မတ် ၂၀၁၀
“ဆိပ်ကမ်းနေရာက မောင်းမကန်ကမ်းခြေကနေ (၁၀) မိုင်လောက်ပဲ ဝေးတယ်။ အရင်ဆုံးအနေနဲ့ ကမ်းရိုးတန်းတလျှောက်က တံငါသည်ရွာတွေနဲ့ နဘူးလယ်ကျေးရွာအုပ်စုတွေကို မောင်းမကန်ချောင်းဘက်ကို ပြောင်းခိုင်းနေတယ်။ လျော်ကြေးပေးမယ့်အကြောင်းလည်း မပြောတော့ ရွာသားတွေက....” အပြည့်အစုံသို့
ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် ဝန်ကြီးချုပ်သိန်းစိန် ပြောဆို
ခိုင်လင်း/ ၉ မတ် ၂၀၁၀

အင်းစိန် စီအိုင်ဒီဝင်း ဆိုင်ခန်း (၁ဝဝ) ကျော် ဖျက်သိမ်း
မျိုးဝင်းဇော်/ ၉ မတ် ၂၀၁၀

နအဖ၏ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ထုတ်ပြန်
NEJ/ ၉ မတ် ၂ဝ၁ဝ “အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များတွင် လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ...” အပြည့်အစုံသို့
စပါးသိမ်းလိုသော ဦးတေဇ ကုမ္ပဏီကို တောင်သူမကျေနပ်
အောင်ထက်/ ၉ မတ် ၂၀၁၀ “ဧရာဒယ်လ်တာက စပါးပဲ လိုချင်တဲ့ အာသီသ ရှိနေတယ်။ တောင်သူတွေ ချေးငွေပြန်ဆပ်တာ ယူလိုက်ပေါ့။ တောင်သူဆိုတာ ကိုယ့်စပါးကို ...” အပြည့်အစုံသို့
အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ

ဒေါက်တာလွဏ်းဆွေ / ၉ မတ် ၂၀၁၀
“ဘယ်သူတွေဆီမှာ ရှိတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ရှိတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်တို့ဆီမှာ ရှိတယ်။ ဦးခွန်ထွန်းဦး အပါအ၀င် ညီညွတ်သော တိုင်းရင်းသား မဟာမိတ်များအဖွဲ့က ခေါင်းဆောင်တွေဆီမှာ ရှိတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဆီမှာ ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေ စုံလင်ပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို အောင်အောင်မြင်မြင်ဖွင့်ပြီး ၀င်နိုင်မှာဖြစ်လို့ အဲဒီသော့ကိုင်တွေအားလုံး အပြင်ကို စုံစုံညီညီ ရောက်တဲ့အချိန်အထိ စောင့်ကြဖို့ ... ” အပြည့်အစုံသို့
ထောင်ကျအတိုက်အခံ ရွေးကောက်ပွဲ မဝင်ရန် စစ်အစိုးရ တားမြစ်

ရဲနှင့်ကြံ့ဖွံ ဆိုင်ကယ်စီးခွင့် ပြန်ရ
ရန်ကုန် စည်ပင်သာယာ နယ်နမိတ်အတွင်း ရဲ၊ ကြံ့ခိုင်ဖွံြ့ဖိုးရေးနှင့် ထောက်လှမ်းရေး ဝန်ထမ်းများ ...
သတင်းစာများ မှန်းချက်နှင့် မကိုက်
နိုင်ငံပိုင် သတင်းစာများတွင် ”ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ” ကို ယနေ့ ...
ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ...
နအဖ၏ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေ ထုတ်ပြန်၊
မဲဆန္ဒရှင် အဓိပ္ပါယ်သတ်မှတ်ချက် မပါဝင်
မိုးမခအထောက်တော် ၀၀၃
မတ် ၉၊ ၂၀၁၀
ယမန်နေ့က နအဖစစ်အစိုးရက ၎င်းတို့ကြိုတင်ပြောထားသည့်အတိုင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကို ထုတ်ပြန်ကြေညာလိုက်သည်။ နအဖ၏ ထုတ်ပြန်ချက် ၁/ ၂၀၁၀ တွင် ရွေးကော်ပွဲကော်မရှင်၏ အခြေခံ အဓိပ္ပါယ်သတ်မှတ်ချက်၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းစဉ်များကို သတ်မှတ်ခြင်းမျှသာဖြစ်ပြီး အသေးစိတ်အချက်အလက်၊ အချိန်သတ်မှတ်ချက် နှင့် အရေးယူကန့်သတ်ခြင်း သက်ရောက်မှုအတိုင်းအတာတို့ကို မဖော်ပြထားချေ။
အဓိက လိုအပ်ချက်တခုမှာ - ဥပဒေ၏ ပထမအဆင့် အခြေခံအဓိပ္ပါယ်သတ်မှတ်ချက်များတွင် - အဓိကကျသော မဲဆန္ဒရှင် ဟူသော အဓိပ္ပါယ်ကို သတ်မှတ်ဖွင့်ဆိုထားခြင်းမရှိပဲ - မဲစာရင်းကိုသာ ဖွင့်ဆိုထားပြီး “မဲဆန္ဒနယ်များအတွက် ပြုစုထားသော ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်း” ဟုသာ ဖော်ပြထားသည်။
သည်နေရာမှ ကြည့်နိုင်ပါသည်။ http://www.scribd.com/doc/28063921/Election-Law-2010-SPDCPoor Bastards … Due to the National Reconciliation and Unconditional Dialogue Process with the Regime, the Oppositions have nothing but to fight each other in the mean time …
(Cartoon Maung Yit – March 9th, 2010)
မြန်မာအစိုးရေ႟ွးကောက်ပွဲ အများယုံကြည်နိုင်မှု မစ္စတာ ဘန်ကီမွန်း စိုးရိမ်
ကချင်ပြည်နယ် ဘိန်းစစ်ဆင်ရေး စစ်အစိုးရပြင်ဆင်
လပ်ကီးဖိနပ်စက်႟ုံ အလုပ်သမားများလည်း မိမိတိုႛအခွင့်အရေး ဆန္ဒပြတောင်းဆို
ရှမ်းခေၝင်းဆောင်များနှင့် တွေႚခွင့်ရဖိုႛ အိတ်ဖွင့်ပေးစာ ထပ်မံပေးပိုႛ
စစ်အစိုးရေ႟ွးကောက်ပွဲ ဥပဒေ ထုတ်ပြန်
အကြမ်းဖက် အနိုင်ကျင့်မှုများ ရပ်တန်ႛရေး အမျိုးသမီးအဖွဲ့ချုပ် တောင်းဆို
No comments:
Post a Comment