3.09.2010

ပန်းရံအလုပ်သမ၂ဦး ထိုင်း၇ဲလိုက်ဖမ်းသဖြင့် ရေနစ်သေဆုံး

Photobucket
Photobucket
 ဓာတ်ပုံ ခိုင်အတ္တ
မတ်လ ၉

ထိုင်းနိုင်ငံတောင်ပိုင် ဖူးခက်ပင်လယ်ကမ်း၊ ပါသောင်ကမ်းခြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ယမန်နေ့ ညနေက ဒေသခံ ထိုင်းပုလိပ်များ ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် ထွက်ပြေးသည့်သဖြင့် မြန်မာအလုပ်သမ ညီအစ်မနှစ်ဦး ရေနစ်သေဆုံးခဲ့ရသည်။

ယမန်နေ့ ညနေ ၅နာရီခန့်က ပန်းရံဆိုဒ်နေအိမ်အတွင်းသို့ ထိုင်းပုလိပ်များဝင်လာသဖြင့် အသက် ၁၂နှစ်အရွယ် မမြင့်မြင့်စမ်း မှာ ခြေဦးတည့်ရာထွက်ပြေးသည်။ ပါသောင်ချောင်းတွင် ရေနစ်နေသည်ကို မြင်သော အစ်မအရင်းဖြစ်သူ အသက် ၂၀ အရွယ် မညိုညိုစမ်းက ချောင်းထဲသို့ ဆင်းဆယ်ရာ ညီမနှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့ရသည်။

လောင်လုံမြို့နယ်၊ အံဇေါက်ကျေးရွာနေ ဦးမြင့်သိန်းနှင့် ဒေါ်မတင်ဝေတို့၏ သမီးငယ်များဖြစ်ကြသည်။ ထိုမိသားစုအားလုံးမှာ ထိုနေရာတွင် အတူနေထိုင်လုပ်ကိုင် စားနေကြသူများဖြစ်ကြသည်။

အစ်ကိုအရင်းဖြစ်သူ ကိုနောင်နောင်က“ ကျနော်အကြီးဆုံးပါ၊ ကျနော်တို့မှာ ညီကိုမောင်နှမ ငါးယောက်ရှိပါတယ်၊ ကျနော့်ညီမလေးတွေခုလို မသေသင့်ပဲ သေဆုံးရတာ ထိုင်းပုလိပ်တွေကြောင့် သေရတာပါ။ ကျနော့်ညီမအငယ် မြင့်မြင့်စမ်းရေနစ်နေတာကို ညီမအကြီးမ ညိုညိုစမ်းက မမြင်နိုင်ဘူးလေ၊ ကိုယ့်ညီမဆိုတော့ ဆင်းပြီးတော့ဆွဲတယ်။ ၂ ယောက်စလုံး ရေကူးမတတ်တော့ မသေသင့်ပဲ သေဆုံးကြရတယ်။ ကျနော်တို့ ဘယ်ကျေနပ်မလဲ၊ ဒါပေမယ့် သူတစ်ပါး တိုင်းပြည်မှာ ကျွန်လာခံနေရတော့ ဘာမှမတတ်နိုင်ဘူး” ဟု ပြောသည်။

မျက်မြင်တစ်ဦးဖြစ်သည့် ကိုခိုင်သန်းက “လူနေတဲ့တန်းလျားကို လာပြီး အလုပ်သမားတွေကို ၀င်ဖမ်းပါတယ်။ ပုလိပ် ၉ ယောက်လောက်ရှိပါတယ်၊ ကားက ၂စီးပါ၊ လူ၁၅ ယောက်လောက် ဖမ်းယူသွားပါတယ်၊ မနက်ကတော့ ငွေပေးပြီးရွေးလာကြလို့ ရောက်နေကြပါပြီ၊ စီမံချက်နဲ့ ဖမ်းတယ်ထင်ပါတယ်၊ ကလေးမလေး၂ ယောက် မသေသင့်ပဲ သေရတာပါ၊ ဆင်းကယ်မယ့် လူတစ်ယောက်ကို ထိုင်းပုလိပ်က မင်းဆယ်ရဲရင် ဆယ်ကြည့် သေနတ်နဲ့ ပစ်သတ်မယ်လို့ သေနတ်နဲ့တေ့ထားတယ် ပြောတယ်၊ အဲဒီကလေးမ ၂ ယောက် နေနစ်နေတာကို အားလုံးမြင်နေရပါတယ်။ လုံးဝရေနစ်သွားမှ ပုလိပ်တွေပြန်သွားတာပါ၊ တော်တော် ရက်စက်လွန်းပါတယ်” ဟု ပြောသည်။

အလောင်း၂ လောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပါသောင် ပထိုးမြို့ ဘုန်းတော်ကြီးကျောင်းတွင် မီးသဂြိုဟ် ပြီးစီးခဲ့ပြီးဖြစ်သည်။ အသုဘအခမ်းအနားသို့ အနီးပတ်ဝန်းကျင်မှ မြန်မာအလုပ်သမားများ ၃၀၀ ကျော်ခန့် လာရောက်ခဲ့ကြသည်။ အဆိုပါ ၁၃ ထပ် ပါသောင် ပန်းရံဆိုဒ်တွင် မြန်မာအလုပ်သမားပေါင်း ၃၅၀ အထက်တွင် ရှိကြောင်းသိရှိရသည်။ ထိုပန်းရံဆိုဒ်အတွင်း ထက်ဝက်ကျော်ခန့်မှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လုပ်ထားကြသော်လည်း ပုလိပ်နှင့် မဖြေရှင်းလိုသဖြင့် အားလုံးလိုလို ထွက်ပြေးကြကြောင်း အလုပ်သမားများကပြောသည်။ အလားတူ ထိုင်းပုလိပ် လိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေးသဖြင့် ကားတိုက်သေဆုံးမှုများနှင့် ရေနစ်သေဆုံးရမှုများ ယခင်းက လည်းထိုင်းနိုင်ငံ မဟာချိုင်နှင့် အခြားနေရာ အတော်များများတို့တွင်လည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment