4.12.2010

ဒေါ်အောင်ဆန်းစုကြည် အရေးပေါ်ကျန်းမာရေးစစ်ဆေးမှု ခံယူရ

နေအိမ်အကျယ်ချုပ်ကျခံနေရသူ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၉နာရီခန့် ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရသည်ဟု သိရပါသည်။ 
 ရုတ်တရုက် နှလုံးနှင့်ပါတ်သက်သော ဝေဒနာတခု ဖြစ်ပေါ်လာသဖြင့် ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါ ကုသဆောင်သို့ အစောင့်အကြပ်များဖြင့် ပို့ဆောင်ပေးခဲ့ရပြီး ECG ရိုက်ခြင်းနှင့် အခြားသော ပြုစုကုသမှုများကို ဆောင်ရွက်ပြီးနောက် သူမနေအိမ်သို့ ည ၉နာရီ ၄၅ မိနစ် အချိန်တွင် ပြန်လည်ပို့ဆောင် ပေးခဲ့သည်ဟု သိရပါသည်။ အမည်ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော နေအိမ်ပြင်ပ အစောင့်တဦးက ဆရာဝန်များက သူမအနေနှင့် လတ်တလော ဆေးရုံတက်ရောက် ကုသရန် လိုအပ်ခြင်း မရှိသေးဟု ဆုံးဖြတ်သော်လည်း ဆေးပုံမှန်သောက်သုံးရန် လိုအပ်သည်ဟု ပြောပြပါသည်။ 
ယခုအကြိမ်သည် ဒေါ်အောင်ဆန်းစုကြည် အတွက် ဒုတိယ အကြိမ် ဆေးရုံတက်ရောက် ကုသရမှု ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ် မေလ ၃၀ရက် နေ့ ဒီပဲရင်း လုပ်ကြံမှုကြီး အပြီးနေအိမ်တွင် ထိမ်းသိမ်းခံရပြီးနောက် စက်တင်ဘာ ၂၇ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် သည် အာရှတော်ဝင် ဆေးခန်းသို့ တက်ရောက်ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရဘူးပါသည်။
ယခုကဲ့သို့ ဆေးရုံသို့သွားရောက် စစ်ဆေးမှု မခံယူမီ ပြီးခဲ့သော ကြာသာပတေးနှင့် သောကြာနေ့ကတည်းက နှလုံးရောဂါခံစားနေရမှုအတွက် သူမ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဒေါက်တာ ပြုံးမိုအိ တို့ အပါအဝင် နှလုံးအထူးကု ဆရာဝန်နှစ်ဦးတို့နှင့် ကုသမှု ခံယူနေခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေသည် လွန်စွာ အရေးကြီးကြောင်းနှင့် သူမသာလျှင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကို ငြိမ်းချမ်းသောနည်းဖြင့် ညှိနှိုင်းဖြေရှင်းပေးနိုင်သူ ဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်များက ပြောဆိုကြပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment