4.30.2010

ဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲဥပဒေကို တရားစွဲ

ရန်ကုန်၊ ဧပြီ ၂၉။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ အမှတ်၂၅ ပါ ရက်ပေါင်း၆၀ အတွင်း ပါတီများ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေ ကိုတားမြစ်ဝရမ်း ထုတ်ပေးရန် လျှောက်ထားစေခဲ့ပါသည်။
ထိုဥပဒေအရ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲကော်မရှင်တွင် ဥပဒေစတင်ထုတ်ပြန်သည့်နေ့မှ ရက်၆၀ အတွင်းမှတ်ပုံတင်ရမည် ဖြစ်ပြီး မှတ်ပုံတင်ခြင်း မရှိသည့်ပါတီသည် အလိုလိုပျက်ပြယ်ပြီး ဖြစ်သည်ဟု ဆိုထားပါသည်။
NLD  ဥပဒေရေးရာ အဖွဲ့မှ ဦးကြည်ဝင်း၏ ပြောပြချက်အရ  ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဥပဒေ အမှတ် ၅(က) နှင့် အမှတ် (၂၅) တို့ကို တားမြစ်ပေးရန် လျှေက်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ 
 NLD ၏ ဗဟိုကော်မတီ အစည်းအဝေးမှ ထိုရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟု ဆိုကာ ရွေးကောက်ပွဲဝင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုဥပဒေအရ ဆိုညျှင် NLD ပါတီသည် လာမည့်မေလ ၆ ရက်နေ့ ရက်ပေါင်း ၆၀ ကျော်သည့်အခါတွင် တရားဝင်ပါတီ အဖြစ်မှ ရပ်စဲ ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။
NLD ပါတီ ဥက္ကဌ ဦးအောင်ရွှေနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် တရားဝင် လွတ်တော်ကုယ်စားလှယ်များဖြစ်သည်ဟု မြွက်ဟ ကြေငြာပေးရန်ကိုပါ လျှောက်ထားခဲ့သည်ဟု ဦးကြည်ဝင်း က ပြောပါသည်။ 
တရားရုံးချုပ်က သူတို့၏ လျှောက်ထားချက်ကို လက်ခံထားခဲ့ပြီး နောက်တနေ့ နေ့လည် ၁ နာရီတွင် လာရောက်ရန် အကြောင်းပြန်ခဲ့သည်ဟု ဦးကြည်ဝင်းက အင်တာဗျူး တခုတွင် ပြောပြခဲ့ပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို မတ်လ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေအရ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်ပြီး ဖြစ်သည်ဟု ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment