5.07.2010

ဗုံးပေါက်ကွဲမှု သတင်းစာရှင်းလင်းပွဲကို နေပြည်တော်တွင်ပြုလုပ်

၆မေ ၊ ၂၀၁၀။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သော တနာရီကျာ်ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ခင်ရီက ပြီးခဲ့သော ဧပြီလ ၁၅ ရက်နေ့က ကန်တော်ကြီး X2o သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု အတွက် BVSW ခေါ် စွမ်းအားမြှင့်  ကျောင်းသားစစ်သည်တော်များ အဖွဲ့ကို စွပ်စွဲသွားခဲ့ပါသည်။
ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့သော ထိုဗုံးပေါက်ကွဲမှုတွင် လူဆယ်ဦးသေဆုံးခဲ့ပြီး ၁၆၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ခင်ရီက ဆက်လက်ပြောရာတွင် ထိုပေါက်ကွဲမှုအတွက် သီဟဇော်၊ အောင်ကြီး ၊မျိုးအေးနှင့် ဖြိုးဝေ ဆိုသူ စွမ်းအားမြှင့် စစ်သည်တော်များသည် ထိုင်းနိုင်ငံ နယ်စပ်တွင် ဖေါက်ခွဲရေး သင်တန်းတက်ရောက်ခဲ့ပြီး၊ ရန်ကုန်မြို့တွင်းသို့ဝင်ရောက်ကာ ဖေါက်ခွဲရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထိုလေးဦးအနက် ဖြိုးဝေ ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ကျန် ၃ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုပါသည်။
ထိုအစီစဉ်များတွင် ABSDF (ကျောင်းသားတပ်မတော်) KNU(ကရင်အမျိုးသား အစည်းအရုံး) ၊ NCUB (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ) တို့ ပါဝင်ပါတ်သက်မှု ရှိသည်ဟုလည်း စွပ်စွဲသွားခဲ့ပါသည်။ 
ထို့အတူ KNU ,KIA, ABSDF နှင့် NCUB တို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲကို နှောက်ယှက်ရေး၊ ရုံးဌာနများ ၊ ရေကာတာများကို တိုက်ခိုက်ရေးတို့အတွက် တိုင်ပင် ဆွေးနွေးခဲ့ကြသည်ဟု စွပ်စွဲပြောဆိုသွားခဲ့ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment