5.07.2010

ထိုင်း မလေးရှား နယ်စပ်သို့ သွားသည့် ကားပေါ်မှ မြန်မာများဖမ်းမိ

Pic_81403
မေ ၇
ကိုတီး( ရခိုင့်တံခွန်ဂျာနယ်)
ပြီးခဲ့သည့် ညဥ့်သန်းခေါင်ယံ အချိန်က မဟာချိုင်မှ မလေးနယ်စပ် ဆုံခါမြို့သို့ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ၂ထပ်ကား တစ်စီးအား ကျုံဖေါ်ရဲဂိတ်တွင် ဖမ်းဆီးမိလိုက်ကြောင်း ထိုင်းရပ်သတင်း တွင် ဖေါ်ပြထားသည်။

အပြာရောင်၂ထပ်ကားအမှတ် ၃၂၅၀ ကားတွင် မြန်မာအလုပ်သမား၁၀၀ တင်ဆောင်ပြီး မဟာချိုင်မှ တင်ဆောင်လာမည် ဖြစ်ကြောင်း သတင်းရရှိထားထားခဲ့သည်။ ကျုံဖေါ်မြို့နယ်ရဲစခန်းမှူး ဒုဗိုလ်မှူး ချလာဖုန်နာက ထိုင်းလူကြီးဟောင်းတစ်ဦး၏ နာမည်ရေးထိုးထားသည့် အဆိုပါကားကို ကျုံဖေါ်မြို့နယ်၊ ၀န်ဖိုင်ရွာ၊ နယ်မြေ အမှတ်၉ ရဲဂိတ်တွင် ရပ်နားစစ်ဆေးစဉ် ကမ္ဘောဒီယား၁ဦး၊ မြန်မာအမျိုးသား ၅၉ဦးနှင့် မြန်မာအမျိုးသမီး၂၀ ဦးတို့ကို ဖမ်းဆီးမိလိုက်သည်။

ရဲမှူးက “ကားဒရိုင်ဘာ၂ယောက်နဲ့ စပါယ်ယာတစ်ယောက်တို့ကို လူကုန်ကူးမှုနဲ့ အရေးယူမှာ ဖြစ်သလို ကားပေါ်မှာ ဖမ်းမိတဲ့လူတွေကိုလည်း တရားမ၀င် နိုင်ငံအတွင်းခိုးဝင်မှုနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟု ထိုင်းရပ်သတင်းစာသို့ ပြောသည်။

မြန်မာအလုပ်သမားများ အားလုံးအား စစ်ဆေးချက်အရ အားလုံးမှာ မဟာချိုင်မှ ဆုံခါဘက်သို့ အလုပ် သွားလုပ်ကြမည်ဖြစ်ကြောင်း ထွက်ဆိုကြသည်။

လူအနည်ငယ်တို့ ကမူ မလေးရှားနိုင်ငံသို့ အလုပ်သွား လုပ်ကြမည်ဖြစ်သည်။ မြန်မာ အလုပ်သမားတစ်ဦးစီ ဘတ်ငွေ ၁၅၀၀ နုန်းထားဖြင့် ပို့ ဆောင်ကြောင်း ကားမောင်းသူများက ထွက်ဆိုသွားကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဘုရားသုံးဆူနယ်စပ်ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် မြန်မာ အလုပ်သမား တစ်ရာကျော်အား ဖမ်းမိခဲ့သကဲ့သို့ ရနောင်းဖက်မှ ၀င်ရောက်လာသည့် မြန်မာများကို လှေပေါ်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြခဲ့ကြသည်။ မြန်မာနိုင်ငံတွင် စားဝတ်နေရေး ခက်ခဲကျပ်တည်းနေသမျှ မြန်မာအလုပ်သမားများ၊ ထိုင်းနိုင်ငံအတွင်းသို့ ရရာလမ်းကြောင်းမှ ဖြစ်သလို လာရောက် နေကြဦးမည်ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

No comments:

Post a Comment