5.10.2010

DKBA မူးယစ်ဂိုဏ်းနှင့် ထိုင်းဂိုဏ်းတို့အား ထိုင်းအထူးမူးယစ်နှိမ်နင်းရေးကဖမ်းဆီး

Photobucket
မေလ ၁၀
ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
မူးယစ်ဆေးဝါးအမြောက်အများဖြင့်  DKBAတိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ မှ တပ်ဖွဲ့ ဝင်၎ဦးနှင့် ထိုင်း မူးယစ်ဂိုဏ်းမှ ၆ဦးတို့အား ထိုင်းအထူးမူးယစ်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်တူဒေး သတင်းစာတွင် ဖေါ်ပြထားသည်။
မေလ၅ရက်နေ့ ကာလတန်ဘိုး ဘတ်ကိုးသန်းခုနှစ်သိန်းငါးသောင်းဖိုး ၀ယ်ယူလိုကြောင်း ဆက်သွယ်ခဲ့သည်။ လာရောက်ပို့ ဆောင်ရန်ချိန်းဆိုပြီး ၊အယုဒယမြို့ ရှိ လိုတ ကုန်တိုက်တွင် လက်ရဖမ်းဆီးလိုက်သည်။ DKBA အဖွဲ့ မှ မူးယစ်ဂိုဏ်းခေါင်းဆောင်အသက်၂၄နှစ်အရွယ် နိုင်ထာနာဖ နှင့် အသက် ၄၀ အရွယ် နိုင်ဖိထ၊ အသက်၃၀ အရွယ် ဖိုင်ဖုန်ထစ်အခက်၊ အသက် ၂၇နှစ်အရွယ် နိုင်ယုန် စီလဖါတို့ ၄ဦးအား ယာဘ(ခေါ်) စိတ်ကြွဆေးပြား အလုံးရေ ကိုးသောင်းနှင့်အတူ ဆေးပြားထုတ်လုပ်သည့် ဆေးမှုန့် ၅ကီလိုအား မူးယစ်အဖွဲ့မူးယစ်ဆေးဝါးများနှင့်အတူ ဟိုင်းလတ်ကား၂စီးအပြင် လက်ကိုင်ဖုန်း၅လုံးတို့ကို သိမ်းဆည်း လိုက်သည်။
ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးထပ်ဖွဲ့ ဗိုလ်ချုပ်ကြီး တီထစ်ပန်ကျမာနုန်း က “ထိုင်းနိုင်ငံ မြောက်ပိုင်း မဲဆောက်ကနေ ထိုင်းနိုင်ငံအတွင်းကို ၀င်နေတဲ့မူးယစ်ဆေးဝါးတွေကို အစစ်ဆေးမခံ၇အောင် နည်းအမျိုးမျိုး နဲ့ပို့ဆောင်နေကြတာဖြစ်တယ်၊ ကလေးတွေနဲ့ မိန်းကလေးတွေ သုံးစွဲမှုတွေ အထူးများပြားလာပါတယ်။ မူးယစ်ဆေးဝါးကို ထိုင်းလူမျိုးတွေသုံးစွဲနေကြတာတွေဟာ အနာဂတ်အတွက် အထူးစိုးရိမ်စရာဖြစ်ပါတယ်၊ မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ တော်တော်ကို ပိပိရိရိလှုပ်ရှားတတ်ကြပါတယ်။ ကျနော်တို့လည်း ကြိုးစားပြီး ဖေါ်ထုတ်နေကြတာပဲ”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုနုန်းတို့ မှာ အထူးများပြားနေသည်။ မည်မျှပင်ဖမ်းဆီးမိ
သည်ဖြစ်စေ၊ မူးယစ်ဆေးဝါးဂိုဏ်းများမှာ စဉ်ဆက်မပြတ် သယ်ယူနေဆဲဖြစ်သဖြင့် ထိုင်းလူ့အဖွဲ့အစည်း အတွက်အထူးစိုးရိမ်စရာ ဖြစ်ကြောင်း၊ ကလေးငယ်နှင့် မိန်းကလေးများမှာ မူးယစ်ဆေးဝါးလုပ်ငန်းအတွင်း ဓါးစာခံများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများ ထောင်ကျပြီး ပြန်လည်လွတ်မြောက်လာခဲ့လျှင်လည်း အဆိုပါ မူးယစ်ဆေးသံသရာတွင် ပြန်လည်လှုပ်ရှားလေ့ ရှိကြကြောင်း ဗိုလ်ချုပ်ကြီးက ဆက်လက်ပြောသည်။
အယုဒယမြို့ရှိ လိုတကုန်တိုက်တွင် ဖမ်းဆီးပြီးနောက် ထိုင်းမူးယစ်အထူးတပ်ဖွဲ့ က DKBA မူးယစ်ဂိုဏ်း နှင့် အဆက်အသွယ်ရှိသည့် နောက်ထပ်မူးယစ်ဆေးဂိုဏ်းတစ်ခုကို ထပ်မံဆက်သွယ်လိုက်သည်။ ထပ်မံ စစ်ဆေးဖေါ်ထုတ်ချက်အရ ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီးတွင်ရှိသည့် တမောဘန်ခေ ကုန်တိုက်ကြီး အတွင်းရှိ သစ်သီးဝလံများ ရောင်းချသည့် ကုမ္ပဏီတစ်ခုဖွင့်ထားပြီး အဆိုပါ နေရာမှ ဖြန့်ချီ ကြောင်းသိရှိခဲ့သည်။
အထူးထောက်လှမ်းရေးများက သစ်သီးကုမ္ပဏီအား အနီးကပ်စောင့်ကြည့်လေ့လာနေစဉ် မသင်္ကာဖွယ်ရာ လိမ္မော်သီးသေတ္တာ ၄လုံးနှင့်အတူ လာဝယ်သူတို့ အားဖမ်းဆီးပြီး စစ်ဆေးရာ စိတ်ကြွးဆေးပြား သုံးသောင်း လေးထောင်နှင့် အဆိုပါလိမ္မော်သီးသေတ္တာကို လာရောက်သယ်ဆောင်သည့် ဟိုင်းလတ်အမျိုးအစား ကား၁စီးနှင့် ကိုတဇိမ်ခံကားတစ်စီး၊ လက်ကိုင်ဖုန်း၆လုံးတို့ကို သိမ်းဆည်းလိုက်သည်။ ဆက်လက်စစ်ဆေးချက်အရ ခေါင်ဟတ်ရပ်ကွက်လူကြီး ပါဝင်ပတ်သက်နေသဖြင့် ဖမ်းဆီးနိုင်ရန် အပူတပြင်း ဆောင်ရွက်နေကြကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ဘန်ကောက်တူဒေးသတင်းစာတွင် ရေးသားထားသည်။

No comments:

Post a Comment