5.10.2010

နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ် NLD ဗဟိုကော်မတီများက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုရန် တောင်းဆို

ရန်ကုန် မေ ၁၀ ။
ယနေ့ နံနက် ၁၁ နာရီက အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် သံအမတ်နေအိမ်တွင် တွေ့ဆုံခဲ့စဉ် NLD ဗဟိုကော်မတီများက တရားမျှတမှုမရှီသော ရွေးကောက်ပွဲ ဥပဒေများကို အခြေခံ၍ ကျင်းပမည့် သံသယဖြစ်ဖွယ်ရာ ၂၀၁၀ ရွေးကောက်ပွဲ၏ ရလဒ်များကို လက်မခံ ရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်လာစေရန် ဖိအားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ NLD ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဝင်းတင်က သူတို့အနေနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးကို တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများနှင့်ပါတ်သက်ပြီး ရှင်းလင်းပြောပြခဲ့ကြပြီး၊ ထိုတရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေများသည် NLD ပါတီကို ရွေးကောက်ပွဲ မဝင်ဖြစ်အောင် ကန့်သတ်ထားခဲ့ကြောင်း ပြောပြခဲ့သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးခွန်ထွန်းဦးတို့ကဲ့သော တိုင်းရင်းသားခေါင်းဆောင်များ မပါဝင်အောင် ကန့်သတ်ထားသော ရွေးကောက်ပွဲ ဥပဒေများသည် မျှတမှု မရှိကြောင်း ထောက်ပြခဲ့သည်ဟု သတင်းသမားများကို ပြောပါသည်။
ဦးခွန်ထွန်းဦးသည် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ဥက္ကဌဖြစ်ပြီး ၂၀၀၅ခုနှစ် ကတည်းက ထောင်ဒဏ် ၉၃နှစ် ကျခံနေရပါသည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် NLD ဗဟိုကော်မတီဝင် ဆယ်ဦးနှင့် တွေ့ဆုံ ခဲ့ပြီးနောက် အခြား နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟုလည်း သိရပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment