8.09.2010

နိုင်ငံတကာ တိုင်းရင်းသားလူမျိုးစုများနေ့ ဖန်ငတွင်ကျင်းပ

သြဂုတ်လ ၉
နိုင်ငံတကာ တိုင်းရင်းသားလူမျိုးစုများနေ့အား ဆန်ဆောင်လူမှုရေး အဆောက်အဦးတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငအခြေစိုက် အလုပ်သမားများ ကွန်ယက်အဖွဲ့က ဦးဆောင်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖန်ငမြို့နယ် ထိခတ်ရပ်ကွက်က တိုက်နယ် ဒုတိယ စည်ပင်သာယာရေးမှူး ကိုယ်တိုင်လာရောက်ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဦးဆောင်စီစဉ်သူဖြစ်သည့် FEDမှ ဒါရိုက်တာဦးထူးချစ်က“ပထမဦးဆုံး အကြီမ်ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပူးပေါင်းနေထိုင်နိုင်ဖို့ အပြန်အလှန် အသိအမှတ် ပြုမှုတွေကို ရစေပါတယ်။ ဗမာပြည်မှာ တိုင်းရင်းသားတွေ ဘယ်လိုအဖိနှိပ်ခံရတယ် ဆိုတာတွေကို ကျနော် ဆလုံ အဖွားကြီးတစ်ယောက်ရယ်၊ ထိုင်းတစ်ယောက်နဲ့ ပြီးတော့ထိုင်းတက္ကသိုလ်ကျောင်းသူတစ်ယောက် ပြောကြပါတယ်”ဟု ပြောသည်။
အခန်းအနားတွင် တောင်ပိုင်းဒေသ ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED အဖွဲ့မှ အခမ်းအနား စီစဉ်သူ တစ်ဦးဖြစ်သည့် ကိုခွန်သောမတ်က “အဖွင့်မှာ မြန်မာတိုင်းရင်းသား လူငယ်တွေ စုပေါင်းပြီးတော့ တိုင်းရင်းသား ရိုးရာအကတွေနဲ့ ကခုန်ကြတယ်။ ပြီးတော့ ကရင်တိုင်းရင်းသားအက၊ မွန်တိုင်းရင်းသားအက တွေနဲ့လည်း သီးခြား ဖျော်ဖြေကြပါတယ်။ ပြီးတော့ နေ့လည်စာစားသောက်ပြီးတော့ မွန်းလွဲပိုင်းမှာ ထိုင်းဘုရင် ကိုယ်တိုင် ထောက်ပံ့ကူညီပေးထားတဲ့ ပချာလူးခေါ့ ကျောင်းမှ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့က ထိုင်းလူမျိုးတိုင်း အမြတ်တနိုးထားတဲ့ မနူရာ ရိုးရာအကနဲ့ဖျော်ဖြေပါတယ်။ ထိုင်းတောင်ပိုင်း ၁၄ပြည်နယ်မှာ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ နှစ်နိုင်ငံ တိုင်းရင်းသားတွေ အချင်းချင်း ရိုးရာ ယဉ်ကျေးမှုတွေက အထူး ချစ်စရာကောင်းပါတယ်။ ပျော်စရာလည်း အလွန်ကောင်းပါတယ်”ဟု ပအိုဝ် အမျိုးသား ကိုသောမတ်က ပြောသည်။
ညနေပိုင်းတွင် ခြင်းခတ်အားကစားအပါအ၀င် ထိုင်းနှင့် မြန်မာကျောင်းသား ကျောင်းသူများ စုပေါင်း အားကစားပွဲအား ကျင်းပခဲ့သည်။ ပွဲတွင် စားသောက်စရာများ လူ ၁၅၀ ခန့်စာ ပြင်ဆင်ထားသော်လည်း ဒေသတွင်း ရွေ့ပြောင်း မြန်မာအလုပ်သမားများ အပါအ၀င် ထိုင်းလူမျိုးများ တက်ရောက် အားပေးမှု များခဲ့သဖြင့် လူပေါင်း၂၀၀ကျော်ခန့် ဖြစ်သွားခဲ့သည်။
မွန်ကလေးငယ်များ ရိုးရာအကများကို သင်ပေးခဲ့သည့် မွန်အမျိုးသမီးတစ်ဦးက “ ကိုယ်တိုင်းပြည်မှာတောင် မလုပ်နိုင်တဲ့ အပြင်အဆင်တွေနဲ့ ကျမတို့ ရိုးရာကို နိုင်ငံခြားမှာ လာရောက်ပြသခွင့်ရတာ အထူးဂုဏ်ယူပါ တယ်။ စီစဉ်ပေးကြတဲ့ FED အဖွဲ့ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကလေးတွေ ဆုလည်း ရကြတယ်ရှင့်”ဟု ပြောဆိုသွားသည်။
နိုင်ငံတကာ တိုင်းရင်းသားမျိုးနွယ်စုများနေ့ အထိမ်းအမှတ်ပွဲကို ယခု ပထမဦးဆုံးအကြီမ် ကျင်းပခြင်းဖြစ်ပြီး၊ ဌာနေ တိုင်းရင်းသားများတို့၏ မတူကွဲပြားသော ချစ်စရာ ရိုးရာယဉ်ကျေးမှူးတို့အား အပြန်အလှန် တင်ပြ ခဲ့ကြသည်။
ယနေ့ ပွဲကို နံနက် ၉နာရီတွင် စတင်ကျင်းပခဲ့ပြီး ညနေ ၄နာရီတွင် အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment