8.08.2010

ရှစ်လေးလုံး၂၂နှစ်ပြည့် အခမ်းအနား ဘန်ကောက်တွင် ၃နေရာကျင်းပ

Photobucket
Photobucket
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု၂၂နှစ် ပြည့် အခမ်းအနားများအား ထိုင်းနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီသီးတွင် တပြိုင်တည်း ကျင်းပကြကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်း ရှစ်နာကျော်ခန့်က ဘန်ကောက်အခြေစိုက် ဘားမားဒီမိုကရက်တစ်နက်ဝပ် BDN အဖွဲ့ ခေါင်းဆောင်၎ဦးတို့ ဘန်ကောက်မြို့ မြန်မာသံရုံးမှ တဆင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ အိပ်ဖွင့်ပေးစာတစ်
စောင်ပေးပို့ခဲ့သည်။ သံရုံးလုံခြုံရေးတာဝန်ကျ လုံခြုံရေး ထိုင်းအရာရှိများထံမှ တစ်ဆင့်ပေးပို့ခဲ့သည်။ ထို့နောက် မြန်မာသံရုံးဂိတ်ပေါက်တွင် ၈၈၈၈ လေးလုံး အထိမ်းအမှတ်ဓါတ်ပုံများအား မြန်မာသံ၇ုံးနံရံတွင် ကပ်ထားခဲ့ကြသည်။
နေလယ် ဆယ့်တစ်နာ၇ီ အချိန်တွင် အဆိုပါBDNအဖွဲ့ကပင် ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာ အလုပ်ရုံ ရှိ မြန်မာအလုပ်သမားများ စာကြည့်တိုက်အခန်းတွင် ရှစ်လေးလုံးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပခဲ့ ကြသည်။ BDN ဘားမား ဒီမိုကရက်တစ်နက်ဝပ် အဖွဲ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်း)၊ ပြည်ပ ရောက်အမျိုးသား ကျောင်းသားများအဖွဲ့၊ ရခိုင်ဝံသာနုစာပေအသင်းနှင့် ထိုင်းနိုင်ငံေ၇ာက် မြန်မာ နိုင်ငံသားအသင်းတို့ ပါဝင်သည်။ အဆိုပါအဖွဲ့သည် ယခင်နှစ်များက ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ရာချီရှိသည့် မြန်မာများ စုပေါင်းဆန္ဒပြခဲ့ကြသော်လည်း ယခုနှစ်တွင် ထိုင်းလုံခြုံရေး ခွင့်ပြုချက်မရသဖြင့် လူ ၄ဦးသာ ခွင့်ပြုခဲ့သည်။
ငါးသေတ္တာရုံ ဟောပြောပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း တက်ရောက်ဟောပြောခဲ့သည်။
ဦးထွန်းဝင်းက “နအဖစစ်အစိုးရဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို အထောင်အထည်ဖေါ်ဖို့ ကိစ္စကို လိမ်ညာ
နေတယ်။ ခုလည်း စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေးအတွက် နာဂစ်ဖွဲ့စည်းပုံနဲ့ ခုထိ နေ့ရက်မသတ်မှတ်သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုပြီး ထပ်လိမ်ဖို့ ကြိုးစားနေတယ်။ ဂတိမတည် သစ္စာမရှိတဲ့ နအဖ ရဲ့ ရွေးကောက်ပွဲကို အားလုံးဝိုင်းဝန်းဆန့်ကျင်ကြဖို့ ရှစ်လေးလုံး၂၂ နှစ်ပတ်လည်နေ့မှာ ပြည်တွင်းက တိုင်းသူ ပြည်သားတွေကို အထူးမေတ္တာရပ်ခံလိုပါတယ်”ဟု ပြောဆိုသွားသည်။
မွန်တည့်ချိန်တွင် ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မီတီနှင့် မြန်မာ့အရေး လှုပ်ရှားသည့် နိုင်ငံတကာအဖွဲ့ အစည်းအချို့တို့ ပူးပေါင်း၍ ချူလာလောင်ကွန်း တက္ကသိုလ်တွင် အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။ နိုင်ငံခြားသားအပါအ၀င် မြန်မာကျောင်းသားအချို့နှင့်
မြန်မာအလုပ်သမားအချို့ စုစုပေါင်းအင်အား ၁၀၀ ကျော် ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ တက်ရောက်ဟောပြောခဲ့သည့် အာဆီယံပါလီမန်အမတ်များအဖွဲ့ ဥက္ကဌ ။ ထိုင်း အထက်လွှတ်တော်အမတ် ခရိုင်ဆတ်က “မြန်မာနိုင်ငံမှာ ယခုကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အရှတ်အထွေးကို ဖြေရှင်းနိုင်မယ့် ရွေးကောက်ပွဲမဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိုနှိုင်းတိုင်ပင်ပြီးမှ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်”ဟု ပြောဆိုသွားသည်။
အလားတူ ရှစ်လေးလုံးနှစ်ပတ်လည်းနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ထိုင်းနိုင်င်တောင်ပိုင်း ဖန်ငအခြေစိုက် GHRE အဖွဲ့ကလည်း ဒေသတွင်းအလုပ်သမားများအား ရှစ်လေးလုံးအကြောင်း အရာ များအား ဟောပြောခဲ့ကြကြောင်း သိရှိရသည်။ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများနှင့် မဲဆောက်မြို့ တို့တွင်လည်း ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment