8.08.2010

ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်တဲ့ (၂၂)နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား.. သတင်း၊ဓာတ်ပုံ... ရုပ်သံ...




ယနေ့ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပသည့် (၂၂)နှစ်မြောက် ၈၈၈၈ ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ယနေ့နေ့လည် (၁)နာရီခွဲ၌ Gotanda ပန်းခြံ၌ စတင်ကျင်းပခဲ့ပါတယ်။ အခမ်းအနား၌ အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများနှင့် မြန်မာ့ ဒီမိုကရေစီအရေးထောက်ခံသည့် ဂျပန်လူမျိုးများမှ အမှာစကားများ ပြောကြားခဲ့ကြပြီး နေ့လည်(၂)နာရီခွဲမှ စတင်၍ ကြွေးကြော်သံများတိုင်ကာ ချီတက်ဆန္ဒပြပွဲ ကိုပြုလုပ်ခဲ့ပါတယ်။ ထို့နောက် နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာသံရုံးဟု ခေါ်သော စစ်အခွန်ရုံးရှေ့ကို ကြွေးကြော်သံများတိုင်ကာ ဖြတ်သန်း ဆန္ဒပြခဲ့ကြပါတယ်။ သံတခါး နှစ်ထပ်ကာရံထားသော အခွန်ရုံးရှေ့၌ ဂျပန်ရဲများက အထူးစောင့်ကြပ် ပေးထားပြီး ...ထိုစစ်အခွန်ရုံးရှေ့အရောက်မှာတော့ တိုင်ပင်မထားရပဲ ကြွေးကြော်သံများ သံပြိုင်အော်ဟစ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ယနေ့ ကျင်းပသော ရှစ်လေးလုံး နှစ်ပတ်လည်အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ၌ မြန်မာနိုင်ငံသားများ၊ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများ၊ ပါဝင်ဆင်နွှဲကြပြီး တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၁၅၂ ဦး ရှိသည်ဟု သိရပါသည်။

သတင်း၊ဓာတ်ပုံ ကိုသန်းဝင်း၊ ကိုလွင်အောင်စိုး၊ ဒီမိုဝေယံ...


ဗီဒီယို အားလူးလေး...

No comments:

Post a Comment