8.19.2010

နအဖ အယုံကြည်ဆုံး စီးပွါးရေးသမား လေးဦးက နေပြည်တော်တွင် ဘဏ်လေးခုဖွင့်လှစ်

ရန်ကုန် ၊သြဂုတ် ၁၈။
ယခုလ ၆ ရက်နေ့မှ ၁၇ ရက်နေ့ အတွင်း မြန်မာ့စီးပွါးရေး တိုင်ကွန်များဟု နာမည်ကြီးနေသူ လေးဦးက ပုဂ္ဂလိက ဘဏ်များကို နေပြည်တော်တွင် အသီးသီး ဖွင့်လှစ်ခဲ့ရာ ယခုဖွင့်လှစ်သော ဘဏ်လေးခုနှင့် ဆိုလျှင် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ် ၁၀ ခုရှိသွားပြီဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိ တစ်ဦးက ပြောခဲ့ပါသည်။
နအဖ စစ်အာဏာပိုင်များနှင့် ရင်းနှီးပါတ်သက်မှုများရှိပြီး မြန်မာ့စီးပွါးရေး တိုင်ကွန်များဟု နာမည်ကြီးသူ လေးဦးနှင့် သူတို့ ဖွင့်လှစ်ခဲ့သော ဘဏ်အမည်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
(၁) တေဇ ဥက္ကဌ ထူး တရေးဒင်းကုမ္ပဏီ (Asia Green Development Bank)
(၂) ဇော်ဇော် မက်(စ်) မြန်မာ ဂရုပ်ကုမ္ပဏီ (Ayerwady Bank)
(၃) နေအောင် ဥက္ကဌ International Group of Entrepreneurs ( IGE ) (United Amara Bank)
(၄) ချစ်ခိုင် အေဒင် ဂရုပ်ကုမ္ပဏီ (Myanmar Apex Bank) တို့ ဖြစ်ပါသည်။
ထိုလေးဦး စလုံးသည် မြန်မာစစ်အုပ်စုနှင့် ကာလကြာရှည်စွာ ဆက်နွယ်ပါတ်သက်မှု ရှိခဲ့ပြီး စီပွါးရေးဆိုင်ရာ အခွင့်အလမ်းများစွာကို ရယူခဲ့ကြသူများဖြစ်ပြီး၊ အမေရိကန်နိုင်ငံ၏ စီးပွါးရေး ပိတ်ဆို့မှု ကို ခံနေကြရသူ များလည်း ဖြစ်ပါသည်။
၎င်းတို့၏ ဘက်များ မဖွင့်ခင်ကမူ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၆ခုသာ ရှိခဲ့ပါသည်။ ထိုဘဏ်များမှာ -
1. First Private Bank, 2. Tun Foundation Bank, 3. Myanmar Oriental Bank, 4. Kanbawza Bank, 5. Yangon International Bank and 6. Yoma Bank တို့ ဖြစ်ကြပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment