8.20.2010

မနက်ဖြန်တွင် ပြုလုပ်မည့် သီတဂူဆရာတော်၏ ထောင်တွင်းအလှူပွဲတွင် လူဦးရေပိုတိုးလာ

သြဂုတ် ၂၀ ၊ ၂၀၁၀ ၊ရန်ကုန် ။
အင်စိန်ထောင်တွင်းတွင် အကျဉ်းကျနေသည့် အကျဉ်းသားများကို အစားအသောက်များ ကျွေးမွေးပြီး တရားတော်များ ဟောကြားပေးမည့် သီတဂူဆရာတော်ကြီး၏ အလှူပွဲတွင် အကျဉ်းသားဦးရေ ပိုမို များပြားလာသည်ဟု ထောင်အရာရှိများက ယနေ့ပြောပြခဲ့ပါသည်။ 
ပထမအစီအစဉ်တွင် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအပါအဝင် လူကိုးထောင်ကျော်ကို ကျွေးမွေး လှူဒါန်းရန် ဖြစ်သော်လည်း ယခုအခါ ရဲသက်အကျဉ်းသား ၁၅၀၀နှင့် နောက်ထပ် ထောင်ဝန်ထမ်းများ နှင့် ရဲများ ၁၀၀၀ခန့် ထပ်တိုးလာသဖြင့် ယခုအခါ လူပေါင်း ၁၂၀၀၀ နီးပါးခန့် ဖြစ်လာသည် ဟုသိရပါသည်။
ဆရာတော်ကြီး၏ ဒါယကာများ အဖွဲသို့ မေးမြန်းကြည့်ရာတွင် သူတို့က ဟုတ်မှန်ကြောင်းနှင့် ထိုသို့ ထပ်တိုးလာသည့် လူများကို ကျွေးမွေးရန် ထပ်မံစီစဉ်နေရသဖြင့် အလုပ်များနေကြသည်ဟု ဖြေကြားခဲ့ပါသည်။

No comments:

Post a Comment