10.09.2010

ဒေါ်အောင်ဆန်းစုကြည် အယူခံကို ဗဟိုတရား ရုံးချုပ်ကြားနာမည်

ရန်ကုန် အောက်တိုဘာ ၈ ။
နိုင်ငံတော် ဗဟိုတရားရုံးချုပ်က ဒေါ်အောင်ဆန်းကြည်အပေါ် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပြီး နေအိမ် အကျယ်ချုပ် ၁၈ လသို့ပြောင်းလဲခဲ့သော အမှု အတွက် အယူခံကို လာမည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကြားနာမည်ဟု နို့တစ်ဘုတ်တွင် ကြေညာထားသည်ဟု သိရပါသည်။ ရှေ့ပိုင်းတွင် တင်ခဲ့သော အယူခံနှစ်ခုကို ငြင်းပယ်ခံခဲ့ရပြီးယခုအယူခံသည် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အမြင့်ဆုံးနှင့် နောက်ဆုံး တရားရေးဆိုင်ရာ အယူခံလည်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်သက်တမ်းမှာ လာမည့် နိုင်ဝင်ဘာလ ၁၃ရက်နေ့တွင် ပြည်တော့မည်ဖြစ်ရာ နောက်ဆုံးအယူခံသည် သူမ မလွတ်ခင် ၂၅ ရက်အလိုတွင် ကြားနာခြင်း လည်းဖြစ် ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီ NLD ကိုဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ကို လည်း ဗဟိုတရားရုံးတွင် အယူခံရန် ပြင်ဆင်နေပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment