10.28.2010

အာဆီယံလူ့  အခွင့်အရေးကော်မရှင် အားနည်းနေဆဲဖြစ်ကြောင်းဝေဖန်ခံရ

အောက်တိုဘာ၂၈
အာဆီယံနိုင်ငံအစိုး၇များက ဖွဲ့ စည်းထားခဲ့သော Asean Inter-gevental Commission on Human Rights AICHR ( အာဆီယံအစိုးရ လူ့အခွင့်အရေးမြှင့်တင်ရေး ကော်မရှင်)၏ လုပ်ငန်းဆောင်တာ ညံ့ဖျင်းမှုများအား အာရှတိုက်နှင့် အရှေ့အာရှအတွင်းရှိ အစိုးရမဟုတ်သော South Asia People’s Adlvocacy (SAPA) အဖွဲ့က ဒေသတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုများအား အကာအကွယ် မပေးနိုင်သေးကြောင်း ဝေဖန်ပြောဆိုသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ယမန်နေ့က ကျင်းပခဲ့သည်။
၂၀၀၉ ခုအောက်တိုဘလက စတင်ဖွဲ့စည်းခဲ့သော၊ AICHR အဖွဲ့၏ သက်တမ်းတစ်နှစ်ပြည့်ကာလ၊ အကောင်အထည် ဖေါ်နိုင်စွမ်းမရှိသည်ကို၊ လူထုအခြေပြု အဖွဲ့အစည်းဖြစ်သော SAPA က ဝေဖန် လိုက်ခြင်းဖြစ်သည်။ (SAPA) South Asia People’s Adlvocacy မှာ တရုတ်၊ အာဖဂန်နယ်စတန်အပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်တို့ စုပေါင်းဖွဲ့ စည်းထားသော အဖွဲ့ ဖြစ်သည်။
အာဆီယံနိုင်ငံများအတွင်း လူ့အခွင့်အရေးကော်မရှင်များကို အစိုးရက စိတ်ကြိုက်ရွေးချယ်ထားသူများဖြင့် ဖွဲ့စည်းထားသဖြင့် မည်သည့်လုပ်ငန်းစဉ်ကိုမှ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း လူထုအခြေပြု အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်များက ပြောကြသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာနက မချယ်ရီစာဟောင်း က “ဘာဖြစ်လို့ အကောင်အထည် မဖေါ်နိုင်တာလဲဆိုရင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ၂ခုမှာသာ လူထုအခြေပြု အဖွဲ့အစည်းတွေက လွတ်လွတ်လပ်လပ် ရွေးချယ်ထားကြတာဖြစ်ပါတယ်။ အခြားရှစ်နိုင်ငံမှာတော့ အစိုး၇ကိုယ်တိုင် စိတ်ကြိုက်လူတွေနဲ့ ဖွဲ့ပေးထားတယ်။ ကျမတို့နိုင်ငံမှာဆိုရင် ဦးကျော်တင့်ဆွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် သံအမတ်ဟောင်းဖြစ်တယ်။ ဘာမှမလုပ်နိုင်ခဲ့ဘူး။
သတင်းစာရှင်းလင်းပွဲတွင် (SAPA) ၏ မန်နေဂျာ၊ အင်ဒိုနီးရှားနိုင်ငံသူ Atnike Nova Sogiro ၊ ဖိလစ်ပိုင်နိုင်ငံမှ Ryan Silverio ၊ ထိုင်းနိုင်ငံမှ အာရှ၊ဖစ္စိဖိတ် အမျိုးသမီးများအဖွဲ့  ဥပဒေရေးရာနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးမှ ထိုင်းနိုင်ငံသူ Wanee Thitiprasert နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာန က မချယ်ရီစာဟောင်းတို့က ပင်တိုင်ဆွေးနွေး တင်ပြခဲ့ကြသည်။
ယခုကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ အာရှလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အမျိုးသမီးများအဖွဲ့နှင့် သတင်းဌာနအချို့တို့ မှ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment