11.20.2010

ဒုတိယပင်လုံ ညီလာခံ ပေါ်ပေါက်ရေးသည် တော်လှန်ရေး တစ်ရပ်ဖြစ်သည်

ရန်ကုန် နိုဝင်ဘာ ၂၀။
၂၀၀၈ အခြေခံဥပဒေနှင့် တရားမျှတမှုမရှိသော ၂၀၁၀ ရွေးကောက်ပွဲကို အခိုင်အမာ ဆန့်ကျင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးစုများနှင့် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် မျှတသော အခြေခံမူများဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ရန် တာဝန် ပေးခဲ့ပါသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်လွှဲအပ်သည့် အခမ်းအနားကို ဝါရင့်နိုင်ငံရေး သမားကြီး သခင် သိန်းဖေ၏ အိမ်တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီး ၄၀ တက်ရောက်ခဲ့သလို တိုင်းရင်းသား လူမျိုးစုခေါင်းဆောင် ၄၀လည်း တက်ရောက်ခဲ့ကြပါသည်။ ထိုတိုင်းရင်းသားခေါင်းဆောင်များတွင် ၂၀၀၈ အခြေခံ ဥပဒေကို NLD နှင့်အတူ သပိတ်မှောက်ခဲ့သော ရှမ်းအမျိုးသား ဒီမိုကရေစီပါတီလည်း ပါဝင်ပါသည်။
မြန်မာနိုင်ငံ၏ အရေးပါသော ပင်လုံ ညီလာခံကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသလို ထိုပင်လုံစာချုပ်သည် မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိရန် အထောက်အကူပြုခဲ့ပါသည်။
ဇိုမီးအမျိုးသား ကွန်ယက်၏ ၂၂ နှစ်ပြည့် အထိမ်းအမှတ် ချင်းပြည်နယ် ကလေးမြို့ အခမ်းအနားတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ ၂၁ ရာစုနှစ် ပင်လုံညီလာခံအတွက် လွှဲအပ်ခံရခြင်းနှင့်ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတိုတစ်ခု ပြောခဲ့ရာတွင်-
ယခုကဲ့သို့ တာဝန်လွှဲပြောင်း ပေးမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တတ်စွမ်းသမျှ ကြိုးစား ဆောင်ရွက်မည်ဟု ဂတိပြု ပြောကြားခဲ့ပြီး ဒီမိုကရေစီလိုလားသော အင်အားစုအားလုံး၏ ကူညီပံ့ပိုးမှုကို လိုအပ်ကြောင်းနှင့် ယခုကဲ့သို့ တော်လှန်ပြောင်းလဲမှုကို မျိုးဆက်တစ်ခုမှမှ တစ်ခုအထိ တရားမျှတမှုကို မရမခြင်း လက်ဆင့်ကမ်းလုပ်ဆောင်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment