2.12.2011

မတူကွဲပြားတဲ့ ပြည်ထောင်စုနေ့ သတင်းစကားနှစ်ခု

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား... (သတင်း၊ ဓာတ်ပုံ)


 ဒီမိုဝေယံ ဝက်ဘ်ဆိုက်မှ
ရန်ကုန် ၊ဖေဖေဝါရီ ၁၂။
ပြညထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေး ကြိုးပန်းမှုတွင် အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်သည့် ပင်လုံစာချုပ်ကို မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ် ကျင်းပခဲ့ကြပါသည်။
ပြည်ထောင်စုနေ့နှင့်ပါတ်သက်သော သဝဏ်လွှာတစ်စောင်ကို လက်ရှိကျင်းပနေသော ပြည်ထောင်စု လွှတ်တော်သို့ စစ်အုပ်စု၏ ခေါင်းဆောင်အဖြစ် ချုပ်ကိုင်ထားသေးသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး ထိုသဝဏ်လွှာကို နအဖ၏ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးဟောင်းနှင့် ယခုလက်ရှိ ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံထားရသူ သီဟသူရ တင်အောင်မြင့်ဦးက ဖတ်ကြား ပေးခဲ့ပါသည်။
ထိုသဝဏ်လွှာတွင် ဗိုလ်သန်းရွှေက မြန်မာနိုင်ငံတွင် ယခုအခါ မျှတသော အခွင့်အရေးများရှိနေပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်ပိုင်ခွင့် ရွေးချယ်ခံခွင့်များ ရှိနေပြီဟု ပြောဆိုခဲ့ပါသည်။ (ယခင်ကမူ ထို အခွင့်အရေးများ မရှိခဲ့ဟု သွယ်ဝိုက်ဝန်ခံခဲ့ရာလည်း ရောက်ပါသည်။)
ထို့အတူ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ လုပ်ငန်းစဉ်များသည် ယခုမှပင် အစပြုကာစရှိသေးသည်ဟု ပြောခဲ့သလို ၊ မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ၏ အစဦးအဆင့်သာရှိသေးသည်ဟုလည်း ဝန်ခံပြောခဲ့ပါသည်။
ထို့အတူ စစ်တပ်၏ အမြင့်ဆုံး အာဏာရှိသူအဖြစ် ဆက်လက်ချုပ်ကိုင်ထားသူ ဗိုလ်သန်းရွှေက ပြည်ထောင်စု ပြိုကွဲရေးကို ဆောင်ရွက်နေသူများ၏ အန္တရယ်ကို သတိပြုရန် ပြောဆိုခဲ့ပါသည်။
ထို့အတူ လက်ရှိ နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများ ဖြစ်ပွား နေရခြင်းမှာလည်း ၁၉၄၈ခုနှစ် မတိုင်မီကာလက နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခြင်းများကို ခံခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ယခု ၆၄နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော  ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ပြောခဲ့ပါသည်။
ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီနည်းလမ်းတကျ အနိုင်ရပြီး ဒီမိုကရေစီ နည်းလမ်းတကျ အာဏာလွှဲပြောင်းရန် ငြင်းပယ်ခြင်းခံရသလို ပါတီတရားဝင် ရပ်တည်ခွင့်အတွက် တိုက်ပွဲဝင်နေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ရာ အမျိုးသား ဒီမီုကရေစီ အဖွဲ့၏ သဝဏ်လွှာကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ဖတ်ကြား ခဲ့ပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 
NLD ၏ သဘာပတိ မိန့်ခွန်းနှင့် ထုတ်ပြန်ချက်များကို ဝက်ဘ်ဆိုက်များနှင့် အီးမေးသတင်းများမှ စုစည်းတင်ပြပေးလိုက်ပါသည်။
ရွှေနန္ဒ၏ အီးမေးသတင်းမှ

Saffron Mail letter 

No comments:

Post a Comment