2.12.2011

မြန်မာ့သတင်း ကမ္ဘာ့သတင်း


ဓာတ်ပုံ AP

မြန်မာတိုင်းမ်စ် အယ်ဒီတာ Ross Dunkley ကို ဖမ်းဆီး

Myanmar Times သတင်းဂျာနယ် ပူးတွဲတည်ထောင်သူ သြစတြေလျနိုင်ငံသား ရော့စ်ဒန်ကလေကို သောကြာနေ့ကဖမ်းဆီးခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်။
သတင်းအပြည့်အစုံ
ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေး ပြော၊ စစ်အစိုးရ သတင်းစာက ပုတ်ခတ်

ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေး ပြော၊ စစ်အစိုးရ သတင်းစာက ပုတ်ခတ်

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပရာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က
သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး

သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး

သံဃာများ ဦးဆောင် ဆန္ဒပြသည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ပစ်ခတ်နှိမ်နှင်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေး ခဲ့ကြောင်းနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီးတွင် ပြည်သူလူထုကို အကူအညီ
ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်ကျင်းပ
မိုးမခ အထောက်တော် ၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၁၂၊ ရန်ကုန်
 
အပြည့်အစုံသို့ ...
 

မြန်မာတိုင်း(မ်) အယ်ဒီတာ ဒန်ကလေ ရန်ကုန်အိမ်တွင် အဖမ်းခံရ
DPA သတင်းဌာန
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁ (photo: Bangkok Post)
မြန်မာအာဏာပိုင်တို့က မြန်မာတိုင်း(မ်) ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေကို ဖမ်းဆီးလိုက်သည်။
          နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးခြင်း၊ ဆေးခြောက် လက်ဝယ်တွေ့ခြင်းတို့ကြောင့် ကြာသပတေးနေ့က ရန်ကုန်မြို့နေအိမ်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ၀န်ထမ်းတဦးက ပြောသည်။
အပြည့်အစုံသို့ ...
 


ဒေါ်အောင်ဆန်းစုကြည် - ပြည်သူ့ဘက်က အပြတ်လိုက်မယ်၊
တပ်မတော် ကြားနေပါ
အထောက်တော်လှအောင်နဲ့ အင်တာဗျူး
ပြန်လည် ဆန်းသစ်ခြင်း၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁
၈ လေးလုံး အရေးတော်ပုံကာလ၊ စက်တင်ဘာ ၃ မှာ သတင်းမဂ္ဂဇင်းနဲ့ မေးမြန်းခဲ့တဲ့ ဒေါ်စု တွေ့ဆုံခန်း ဖြစ်ပါတယ်။ ဒေါ်စုရဲ့ ထိုစဉ်ကတည်းက မြန်မာပြည်အမျိုးသားရေးအတွက် ခိုင်မာ မြဲမြံ မပြောင်းလဲတဲ့ စူးစိုက်တဲ့ သံန္နိဋ္ဌာန်ကို တွေ့ကြရမယ်။ ပြန်ဖတ်ကြည့်ပါဦး (မိုးမခ) 
အပြည့်အစုံသို့ ...
 
ကာတွန်းမောင်ရစ် - မြန်မာပြည်၏ လမ်းပြမြေပုံအသစ် = အီဂျစ်ပြည်
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁
ကြံ့ဖွံ့အစိုးရအဖွဲ့ဝင် လူ ၃၀ ၏ ကိုယ်ရေးအကျဉ်း လက်ခံရရှိ
မိုးမခ စာဖတ်သူတဦး - နေပြည်တော်
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁
ဇန်န၀ါရီလကုန်က စတင်ခေါ်ယူခဲ့သော စစ်အစိုးရ၏ ကြံ့ဖွံ့လွှတ်တော်ကြီးက ကြံ့ဖွံ့အစိုးရတရပ်အား ဖွဲ့စည်းခဲ့ရာ၊ ၎င်းတို့၏ ခေါင်းဆောင် သမ္မတကြီး သိန်းစိန် တင်သွင်းခဲ့သော အစိုးရအဖွဲ့ဝင် လူ ၃၀၏ ကိုယ်ရေးအကျဉ်းကို လွှတ်တော်တွင်း ဖြန့်ချိပေးခဲ့သည်ဟု သိရသည်။ အဆိုပါ လူစာရင်း ၃၀ ကို အများပြည်သူတို့ မှတ်သား သိမ်းဆည်းထားရန် မျှဝေပေးလိုက်ပါသည်။
          သည်နေရာကနေ ဒေါင်းလုပ် ရယူနိုင်ပါပြီ။
အီဂျစ်ပြည်ရဲ့ လူထုတော်လှန်ရေးနဲ့ လက်နက်ကိုင်တပ်မတော်ကဏ္ဍ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁
ယမန်နေ့ညနေခင်းမှာ အီဂျစ်ပြည်သူလူထုက အကြမ်းမဖက် ငြိမ်းချမ်းသော လူထုအုံကြွမှု၊ သပိတ်တိုက်ပွဲနဲ့ လက်နက်မဲ့ တော်လှန်ရေးနဲ့ ၁၈ ရက်အကြာ မှာ သူတို့ဆီက အာဏာရှင်အစိုးရတခုကို ဖြုတ်ချလိုက်တယ်။ အဲသည်နောက် စစ်တပ်ရဲ့ ဦးဆောင်စစ်ကောင်စီက အာဏာကို ရယူလိုက်တယ်။ တိုင်းပြည်အကျိုးကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမယ်လို့ တပ်ခေါင်းဆောင်တွေက ကတိပေးပြီး ပြည်သူတွေကလည်း သူတို့ရဲ့ လွတ်လပ်ရေး ဒီမိုကရေစီရေး အောင်ပွဲခံနေဆဲ ဖြစ်ပါတယ်။
အဲသည် ၂၁ ရာစုရဲ့ ကြီးကျယ်တဲ့ လူထုလှုပ်ရှားမှု အပြောင်းအလဲနဲ့ ပတ်သက်ပြီး မြန်မာပြည်ရဲ့ အင်န်အယ်ဒီပါတီခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဟံသာဝတီ ဦးဝင်းတင်ကို မိုးမခက သဘောထား အမြင် မေးမြန်းခဲ့ပါတယ်။
အပြည့်အစုံသို့ ...
 

အီဂျစ်ပြည်သူတို့ရဲ့ လက်နက်မဲ့တော်လှန်ရေးက အာဏာရှင်ကို ဖြုတ်ချလိုက်ပြီ
မိုးမခ အထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁
အီဂျစ်ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲရဲ့ ၁၈ ရက်မြောက်နေ့၊ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက် ညနေခင်းမှာ အီဂျစ်ဒုသမ္မတ ဆူလမင်က ရုပ်သံက ကြေညာလိုက်ရာမှာ လက်ရှိ အာဏာရှင် သမ္မတကြီး မူဘာရက်က အာဏာကို စွန့်လိုက်ပြီ။ အီဂျစ်တပ်မတော်ခေါင်းဆောင်များကို တိုင်းပြည်ကို ဆက်လက်ထိန်းသိမ်းဖို့ လက်လွှဲလိုက်ပြီလို့ ဆိုလိုက်ပါတယ်။
အီဂျစ်တပ်မတော်နဲ့ လက်ရှိဒုသမ္မတတို့က တိုင်းပြည်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားမယ်၊ မူဘာရက် ကြီးစိုးစဉ်က အနှစ် ၃၀ လုံးလုံး ထုတ်ပြန်ထားတဲ့ အရေးပေါ်ဥပဒေဆိုတာကို အခြေအနေတိုးတက်လာတဲ့ အပေါ်မှာ မူတည်ပြီး ရုတ်သိမ်းပေးမယ်လို့ ပြောလိုက်ပါတယ်။ လက်ရှိ မူဘာရက်ဟာ မြို့တော်ကိုင်ရို သမ္မတနန်းတော်ကနေ ထွက်ခွာသွားပြီ တိုင်းပြည်ရဲ့ အစွန်အဖျားက အပမ်းဖြေစခန်းတခုမှာ ရွှေ့ပြောင်းနေထိုင်နေပြီလို့ သတင်းများက ပြောပါတယ်။
အပြည့်အစုံသို့ ...
 


more
2011-02-11

ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

2011-02-11
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို တယ်လီဖုန်းကတဆင့် ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းက ဆွေးနွေး စကားပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-02-12

တစည ပါတီရဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

စနေနေ့မှာ ကျရောက်မယ့် ၆၄ နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက ပါတီစည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ်မှာ မနေ့က နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2011-02-12

ဗေဒါသင်တန်းကျောင်း နေရာရွှေ့ပြောင်းဖို့ ဖိအားပေးခံရ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ် ကွန်ယက် ဖွဲ့စည်းရေးလမ်းညွှန်မှုနဲ့ လူငယ်ကွန်ယက် ချိတ်ဆက်မှုအရ ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဖွင့်ထားတဲ့ ဗေဒါသင်တန်းကျောင်း BAYDA Institute ကို နေရာပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment