10.04.2008

ဝတ်စုံသစ် ပြောင်းဦးအရွေ့ နှင့်ပစ်မှတ်သေများ

(သူတို့အတွေးသူတို့အမြင်ကဏ္ဍသို့ပေးပို့လာသောစာမူ)


ယခုအခါ ကျနော် ကျည်ကွယ်မျက်ကွယ်တွင် ရောက်နေပါပြီ။ ကတုတ်လည်းလုံ၏။ ပစ်ပေါက်လည်းပွင့်နေ၏။ သေနတ်ကလည်း အသစ်ကျပ်ချွပ်။ ခဲယမ်းလည်းအပြည့်။ ဆက်သွယ်ရေးယန္တရားလည်း ခလုပ်နှိပ်ရုံနှင့်တကမ္ဘာလုံးကြားအောင် အော်နိုင်ခေါ်နိုင်ပါ၏။ စားနပ် ရိက္ခာ ၀ယ်ယူဖြည့်တင်းရန်လွယ်ကူချောမောသလောက် တိုက်ပွဲပြီးချိန်အထိအလုံအလောက်လည်း ဖြည့်တင်းထားပြီးဖြစ်ပါ၏။ ဆက်သွယ် ရေးလမ်းကြောင်းမှာလည်း တိုတောင်းသလောက် လုံခြုံမှုအပြည့်။ လိုအပ်ပါက ၀တ်ဆင်နိုင်ရန် ကျည်ကာအကျီင်္များလည်းတပုံတပင်။ သေနတ်ကျည်ထိုးထားပြီး မောင်းခလုပ်များလည်းဖြုတ်ရန်အသင့်။


ကျနော်အပါအ၀င် ကျနော်တို့ ၏ တပ်မင်းကြီးများ အားလုံးလိုလိုလည်း လိုအပ်လျှင် စစ်ရေးစစ်ရာများ၊ တိုက်ပွဲမဟာဗျူဟာ၊ နည်းဗျူဟာများ တိုင်ပင်နှီးနှောနိုင်ရန် ကျနော်တို့ ၏ ဇနီးမယားသားသမီးများသာမက အဆွေအမျိုးများပင် အနီးအပါးတွင် ရောက်နေရှိနေပါပြီ။ လူထူထူ ရှိလျှင် သားတကွဲမယားတကွဲ မိတကွဲဖတကွဲဖြစ်ကာ အကျဉ်းထောင်များနှင့်တောထဲတောင်ထဲ ရောက်နေကြသည့် ကျနော်တို့ တိုက်ဖေါ် တိုက်ဖက်များအား လွန်စွာမှသနားဂရုဏာသက်မိကြောင်း စုတ်တသပ်သပ်နှင့် တဖွဖွတရရပြောရှာကြသည်မှာ ကြေကွဲစရာပင်ကောင်းလှပါ သည်။ ပြင်ပ စစ်ရေးမဟာမိတ်ကလည်း တိုက်ပွဲဖေါ်ပုံများအကြောင်း၊ တိုက်ကွက်အသစ်များအကြောင်းကို လေအေးပေးစက်ဖွင့်ထားသည့် အခန်းများထဲရှိ ဆိုဖါထိုင်ဖုံကြီးများပေါ်မှ ကရားရေလွှတ်တတွတ်တွတ် ပို့ ချပေးနေပါသည်။ “စစ်ပွဲဆိုတာ ဒါကိုခေါ်တယ်” ဟု စစ်ရေး ကျမ်းကြီးကျမ်းခိုင်များထဲမှ စာပိုဒ်များအား အလွတ်ရွတ်ပြနေပုံမှာလည်း အထင်ကြီးလေးစားလောက်ဖွယ်အတိ။ သူတို့ ကိုယ်သူတို့ စစ်ရေး ကျွမ်းကျင်သူများ ဟုလည်းသမုတ်ထားပါသည်။ “စစ်ဆိုသည်မှာ ကျင့်ဝတ် စာရိတ္တတို့ ကို ပို့ ချပေးရာ ကျောင်းတော်ကြီး မဟုတ်သည့်အတွက် ယခင်စစ်ပွဲများနည်းတူ Sadist များ (သူတပါးနာကျင်သည်ကို အရသာခံတတ်သည့်သူများ)၊ လုယက်သောင်းကျန်းသူများရှိရမည်မှာ ဓမ္မတာ ဖြစ်ကြောင်း၊ ရန်သူဟုတ်/မဟုတ် မသေချာသေးသော်လည်း မိတ်ဆွေအဖြစ်သဘောထားရန် မလိုအပ်သူများကိုပါ ကျွဲကူးရေပါလက်ဦးမှုရှိရှိ တိုက်တတ်ရန်လိုကြောင်း” များ စေတနာဗလ၀ဖြင့် အတွေးအခေါ်များလည်း တပ်ဆင်ပေးကြသည်။ လိုအပ်လျှင် ကျနော်တို့ အား ထိုက်ထိုက်တန်တန်ချီးမြှင့်ရန် ဆုတံဆိပ်များလည်းပြင်ထားပြီး စားပွဲပေါ်တွင်ခင်းကျင်းပြသထားပါသည်။ လူထုနစ်နာမည်စိုး၍ ကြီးစွာသော ကရုဏာတရားရှေ့ ထားပြီး လူထုမပါသဖြင့် မနိုင်ခဲ့သည့်တိုက်ပွဲများအကြောင်း မပြောလိုကြ။ အာဏာဖီဆန်ရေးနှင့်တွဲထားသည့် အကြမ်း မဖက်လှုပ်ရှားမှုများအကြောင်း သင်ကြားပေးပြန်လျှင်လည်း လူတွေကို မြှောက်ထိုးပင့်ကော်လုပ်ပေးသည်ဟု အမနာပ အပြောအဆိုခံရမည် စိုးရသေးသည်။ ထို့ ကြောင့်တမင်မေ့လျော့ ထားကြသည်မဟုတ်ဘဲ အမှန်ပင်မေ့ပျောက် ထားလိုက်ရခြင်းဖြစ်သည်။ သူတို့  ၏ အအိပ်မပျက် အစားမပျက် အပင်ပမ်းခံကာ ကျနော်တို့ တိုက်ပွဲအား ကူညီပုံကိုကြည့်၍ တချို့ က အားကျလျှက်၊ တချို့ က အားကိုးလျှက်။ နိုင်ငံရေး ကျွမ်း ကျင်သူများကလည်း ဤတိုက်ပွဲ အဆုံးသတ်ရလာဒ်အဖြစ်ရရှိမည့် နိုင်ငံရေးအကျိုးအမြတ်စာရင်းဇယား၊ ညွှန်းကိန်းမြားများဖြင့် ကြိုတင် ပုံဖေါ်ထားသည့် မြေပုံကားချပ်ကြီးများပင် ထောင်ထားလိုက်သေးသည်။ တိုက်ပွဲဦးဆောင် တပ်မင်းကြီးများအရေအတွက်မှာ အားရစရာ ကောင်းလောက်အောင်ပင် များလှသည်။ ပခုံးနှင့်ရင်ဘတ်အပြည့် တပ်ဆင်ထားသည့် ဆုတံဆိပ်များ၏ အရောင်အ၀ါနှင့်အရှိန်အ၀ါတို့  ကြောင့်လည်းပိုမိုခန့် ညားလှသည်။ အချို့ တပ်မှူးကြီးဆိုလျှင် အခြားသူများ အားတက်ဂုဏ်ယူကြစေရန်ရည်ရွယ်လျက် ဆုတံဆိပ်ချီးမြှင့် ကြောင်း လက်မှတ်ထိုးထားသည့်စာရွက်များကိုပင် တပင်တပမ်းသယ်လာကြရရှာသည်။ ထိုဆုတံဆိပ်များရရှိခဲ့သည့် တိုက်ပွဲများအကြောင်း သူ့ ထက်ငါအလုအယက် စားမြုံ့ ပြန်သည့်အခါများတွင် တပ်သားများ၏ အားကျဂုဏ်ယူသည့်မျက်လုံးများတွင် အရောင်တဖျတ်ဖျတ်။ သံမဏိ စစ်စည်းကမ်းဖြစ်သည့် တသွေးတသံတမိန့် ကို ကိုင်စွဲထားကြပြီး၊ Unity of Diversity နှင့် Diversity in Unity ဆွေးနွေးပွဲများတွင် တပ်သားများကိုပါ ပါအောင်ထည့်သွင်းနိုင်ခဲ့ကြသဖြင့် တပ်သားတို့ ၏ ညီညွှတ်ရေးနှင့်တိုက်ပွဲဝင်စိတ်ဓါတ်များအတွက်လည်း ဗဟုသုတနှင့် အကျိုးဖြစ်ထွန်းမှုများရှိနေကြ၏။ အဆုံးပိတ်တိုက်ပွဲ စစ်ရေးစီမံချက်ရေးဆွဲနေသည့် တပ်မှူးများမျက်နှာစုံညီ အစည်းအဝေးမှ သံသယ ဖြစ်ဟန်နှင့် တပ်မှူးတစ်ဦးအသံထွက်လာ၏။ “ကျုပ်တို့ တိုက်ပွဲက ရှိထားတဲ့တပ်သားအရေအတွက်နဲ့  အဆုံးသတ်တိုက်ပွဲကို မနွှဲနိုင်လို့  တပ်သားသစ်တွေ ထပ်လိုလာရင်ကော” ဟု အမေးကို တပ်မင်းကြီးတစ်ဦးက ယုံကြည်စိတ်ချမှုအပြည့်ဖြင့် “တပ်မှူးကလည်းဗျာ။ ပူရန်ကော ကျုပ်တို့ လိုပေါ့။ ကျည်ကွယ်မျက်ကွယ်ကို နောက်ထပ် တပ်သားသစ်တွေ တဖွဲဖွဲရောက်လာနေကြတာ မြင်နေရက်သားနဲ့ ” ဟု ပြန်ဖြေလိုက် သည်တွင် အစည်းအဝေးခန်းမကြီးတစ်ခုလုံး ဩဘာလက်ခုပ်သံများဖြင့်ပြည့်သွားရုံမက အပြင်သို့ ပင်လျှံကြလာသည်။ တိုက်ပွဲအပေါ် ယုံ ကြည်မှုပါးလျားလျှသည့်အပြင် ဤမျှလွယ်ကူလှသည့် တပ်သားသစ်စုဆောင်းရေးကိစ္စအား ရေးကြီးခွင်ကျယ်လုပ်ရန်ကောဆိုသည့် အကြည့်များအောက်တွင် အဆိုပါတပ်မှူးမှာ ခပ်ရှက်ရှက်ဖြင့် ပြန်ထိုင်ချလိုက်ရသည်။ တပ်တွင်းနိုင်ငံရေး ၀ါဒဖြန့် ချိရေးဌာနမှူးကြီးက အင်္ဂလိပ် စကားများ တွင်တွင်ညှပ်သုံးလျှက် “အခုဆိုရင် ကျုပ်တို့ မှာ ရန်သူနဲ့ ၊ ရန်သူ့ နောက်လိုက်တွေ ကြောက်ဒူးတုန်လောက်အောင် လုပ်နိုင် စွမ်းတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရှိနေပြီ။ ဒါတွေကိုကိုင်ပြီး ရန်သူ့ တပ်တွင်းမှာ အချင်းချင်းသွေးကွဲအောင်၊ အတွေးအခေါ်အရ ရှုတ်ထွေးမှုတွေဖြစ်လာအောင်၊ စိတ်ဓါတ်တွေ ပျက်ပြားကုန်အောင်လုပ်နိုင်နေပြီ။ နိုင်ငံတကာ သံခင်းတမန်ခင်းတွေမှာလည်း ကျုပ်တို့ လူ တွေရဲ့ စွမ်းဆောင်ချက်ကတော့ လက်ဖျားခါလောက်အောင်ကိုဩချယူရမယ့် အနေအထားမှာရှိနေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီတချီ ကတော့ ရန်သူ့ ကို နည်းနာပေါင်းစုံကိုသုံးပြီး ကျုပ်တို့ တိုက်ချလိုက်ရင် အောင်ပွဲဟာ ကျုပ်တို့ အတွက်လက်တကမ်းမှာစောင့်နေပါပြီ” ဟု ဆို လိုက်သည်တွင် လက်ခုပ်သံကား စောစောကထက်ပင် ကျယ်လောင်လှသေး၏။ အမှန်တကယ်တွင်မူ မိမိ၏မျက်စေ့ရှေ့ မှောက်တွင် ဆင်းရဲ မွဲတွေမှု၏ဒဏ်ကြောင့် ဆာလောင်မွတ်သိပ်စွာငိုကြွေးနေသည့် ကလေးငယ်ကိုပစ်ချ၍၊ သေနတ်ပြောင်း၏ ခြိမ်းခြောက်မှုအောက်တွင် ဆန္ဒပြ တိုက်ပွဲဝင်ရသည်မှာ မည်မျှအန္တရာယ်များ၍ မည်မျှခက်ခဲလှကြောင်း မေ့သွားဟန်တော့မပေါ်သေးပါ။

တပ်မင်းကြီးတဦးက ရုတ်တရက် ဆိုသလို လွန်စွာအရေးကြီးသည့်အကြောင်းအရာ တခုကိုဆွေးနွေးတော့မည့်ဟန်ဖြင့် ချောင်းတချက်ဟန့် လိုက်ပြီး“ ဟို ဌာနမှူးကြီးကို မေးရ ဦးမယ်။ ခင်ဗျားလုပ်ဆောင်ချက်တွေအကြောင်းလည်း ဒီ့ပြင်တပ်မှူးတွေသိအောင် ရှင်းပြပေးပါဦး” ဆိုလိုက်ရာ အညွှန်းခံတပ်မှူးက မဆိုင်း မတွပင်ထိုင်ရာမှ ထလိုက်ပြီးနောက် စာရွက်များဖိုင်များကို ဟိုလှန်သည်လှန်လုပ်ကာ “ဒီလိုပါ တပ်မှူးများခင်ဗျား။ ကျနော်တို့ ဒီတိုက်ပွဲဟာ အဆုံးအဖြတ်တိုက်ပွဲဖြစ်လေတော့ တိုက်ပွဲပြီးချိန်မှာ လက်ရဖမ်းမိခဲ့တဲ့ သုံ့ ပန်းတွေကိုဖြစ်ဖြစ် လက်နက်ချလာတဲ့ သုံ့ ပန်းတွေကိုဘဲဖြစ်ဖြစ် ဘယ်လိုစီရင်ရမယ်ဆိုတဲ့စီမံချက်ပါ။ ကျနော်တို့ တပ်သားတွေ သူတို့ လက်ထဲကျခဲ့ချိန်တွေတုန်းက သူတို့ ဘယ်လိုပြုမူဆက်ဆံခဲ့တယ်ဆိုတာ တပ်မှူးများအားလုံးသိပြီးသားမို့  ထပ်ရှင်းပြစရာ မလိုတော့ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ ကတော့ တရားမျှတလွတ်လပ်မှုအတွက် တိုက်ပွဲ ၀င်နေသူတွေ ဖြစ်တော့ကာ သူတို့  ကို တရားမျှတမှုအခွင့်အရေးကို ပေးကိုပေးရပါ့မယ်။ လက်တွေ့ လည်းကျင့်သုံးရပါမယ်။ ဒါကို အင်္ဂလိပ် လိုတော့ Transitional justic လို့ ခေါ်ပါတယ်။ တပ်သားတွေကြားထဲမှာလည်း အယူအဆပြင်းထန်ပြီး တဇွတ်ထိုးတဇောက်ကန်း တပ်သား တချို့ က လွဲလို့ အများစုကြီးကတော့ လက်ခံကြပါတယ်။ ကျနော်တို့ ဟာ သူတို့ ကို တရားဥပဒေဘောင်အတွင်းကနေ သူတို့ ရပိုင်ခွင့် မှန်သမျှ အကုန်လုံးပေးရပါလိမ့်မယ်။ သူတို့ ကို လူပီသစွာဆက်ဆံပြီး လူ့ ကျင့်ဝတ်နဲ့ အညီပြုမူဆက်ဆံရပါမယ်။ ဒီနေရာမှာ သဘောထား ကြီးကြဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ တရားစီရင်ရာမှာလည်း ပြဌာန်းထားတဲ့ဥပဒေနဲ့ အညီဖြစ်ရပါမယ်။ လက်စားချေခြင်းမျိုးမဟုတ်ဘဲ သူတို့  ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရခြင်း ဖြစ်တယ်ဆိုတာ သူတို့ တွေကိုယ်တိုင်နားလည်သဘောပေါက်ပြီး ကျေကျေနပ်နပ် လက်ခံလာသည်အထိ အချိန်ယူလုပ်ဆောင်ရပါမယ်။ ဒါမှလည်း နိုင်ငံတကာက ကျနော်တို့ ဟာ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုအတွက် တိုက်ပွဲ ၀င်နေသူတွေအဖြစ် အခုကတည်းက ကြိုမြင်ပြီးထောက်ခံလာမှာဖြစ်ပါတယ်။ ဒါတွေအတွက် ကျနော့်အနေနဲ့  ပြင်ဆင်စရာရှိတာတွေ အကုန် ပြင်ဆင်ထားပြီးပါပြီ။ တော်တော်လည်းခရီးပေါက်နေပါပြီ” ဟုပြောအပြီးတွင် မည်သည့်တပ်မှူးမှ စကားပြန်မပေးဘဲ လေးနက်တည်ကြည်စွာ စဉ်းစား၍ ခေါင်းများတငြိမ့်ငြိမ့်လုပ်နေကြသည်။ တင်ပြခဲ့သူ တပ်မှုးကိုယ်တိုင်လည်း ယခုအချိန်တွင် ယင်းစကားများပြောဆိုနေရခြင်းမှာ ရိုးသားစွာယူဆ၍ ပြောဆိုလိုက်မိခြင်း ဟုတ်/မဟုတ်ကို စဉ်းနေပုံရ၏။ သူကိုယ်တိုင်လည်း ခေါင်းတငြိမ့်ငြိမ့်။ ထို ခေါင်းငြိမ့်ငြိမ့် တပ်မှူးကြီးများသည် မြို့ ရွာများ လမ်းမများထက်သို့ ပျက်စီးခြင်းနှင့်သေခြင်းတရားကိုသာ ဆောင်ကျဉ်းလာခဲ့ကြသည့် ရန်သူ့ တပ်သားများ အပေါ် လူထု၏အမုန်းတရားကို ပြေပျောက်လိုပြေပျောက်ငြား ဖြေဆေးရှာနေကြဟန်ရှိသည်။ စီးဆင်းခဲ့ရ၊ စီးဆင်းနေဆဲရှိနေကြရသေးသည့် သွေးမြစ်များကို တိုက်ပွဲအောင်နိုင်ပြီးအချိန်တွင် ဘယ်လိုသုတ်ရပါ့ ဟုတွေးရင်း၊ “သင်ပုန်းချေရေးမလိုချင်ဘူး” “တူညီတဲ့တန်ဖိုးပြန်ယူပေး” ဟု ကြွေးကြော်ရင်း လမ်းမများပေါ်တဖန်တက်လာပြန်ဦးမည့် မျက်ရည်လှိုင်းများကို မည်သို့ မည်ပုံ ကျကျနနစီးမျောလိုက်ပါရအံနည်းဟု ချိန်ဆ နေကြပုံတော့ပေါ်သည်။ စည်းရုံးရေးဌာန တပ်မှူးကြီးမတ်တပ်ရပ်လိုက်သဖြင့် အခြားတပ်မှူးများက ဘာများပြောဦးမှာပါလိမ့် ဟူသော အကြည့်မျိုးမဟုတ်ဘဲ တခါလာမဲပြာပုဆိုးစည်းရုံးရေးစကားတွေ ကြားရဦးတော့မှာဘဲဟု တွေးလိုက်ကြသည်။ သို့ သော်လည်း ယခုအစည်း အဝေးကအရေးကြီးလွန်းသည်က တကြောင်း၊ မိမိတို့  အားလုံးသည် လူယဉ်ကျေးများ၊ လူကြီးလူကောင်းများဖြစ်သည် ဟူသည့် အသိကတကြောင်းတို့ ကြောင့် စိတ်ဝင်တစားနားထောင်နေကြပါသည်။ “ဒီလိုဗျ။ ဒီကိစ္စမှာစည်းရုံးရေးက သိပ်အရေးကြီးတယ်။ လူထုနဲ့ မိမိ တပ်သားတွေကိုတင် စည်းရုံးနေကြရုံနဲ့ မလုံလောက်ဘူး။ ရန်သူကိုလည်း စည်းရုံးရမယ်။ ဟို --- စာရေးဆရာကြီး တစ်ယောက်ပြောသလိုပေါ့ဗျာ။ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာနိုင်ငံရေး။ ဒီတော့ ကျနော်တို့ က သူတို့ ကို၊ သူတို့ တပ်သားတွေကို ရနိုင်သမျှ စည်းရုံးသိမ်းသွင်းယူရမယ်။ သူတို့ လူတွေထဲမှာလည်း လူကောင်းသူကောင်းတွေ အများကြီးရှိတယ်လို့ ကျနော်ယုံတယ်။ ဒါကြောင့် သူတို့ ထဲက လူကောင်းတွေကို ရှာဖွေပြီး၊ ရအောင်စည်းရုံးသိမ်းသွင်းယူကြရမယ်။ နောက် ပိုအရေးကြီးတဲ့အချက်က ကျနော်တို့  အချင်းချင်း ကြားမှာ ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်ယူရမယ့်အချိန်ရောက်နေပြီ။ ဒါ --- အရေးအကြီးဆုံးးဘဲ” ပြောပြီး ပြန်ထိုင်ချလိုက်သည့်အခါ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်” ဟု ပြိုင်တူရေရွတ်သံများထွက်လာပြန်သည်။ ယခုအချိန်သည် သေကွဲရှင်ကွဲနှင့်ကြေကွဲဖွယ်ရာ မျက်ရည်စများ အတွက် ရန်သူတပ်သားများထဲမှ လူကောင်းဆိုသူများကို ရှာဖွေနေရမည့်အချိန်ဟုတ်/မဟုတ်ကို သူကိုယ်တိုင်ပြန်စဉ်းစားရန် လိုလေမလားဟု စကားမပြောခင်ကလေးကပင် တွေးမိလိုက်သေးသော်လည်း စည်းရုံးရေးစကားဖြင့် ကျန်တပ်မှူးများကို မည်သို့  စည်းရုံးရမှန်းမသိလိုက်ဘဲ ပြောချလိုက်ခြင်းလည်း ဖြစ်တန်ရာသည်။ နောက်ဆုံး သူပြောခဲ့သည့် ညီညွတ်ရေးတရားမှာလည်း ပြောရာတွင် အတော်ပင်နှုတ်မြိန်ပြီး ခံတွင်းလည်းလိုက်လှသည်ဟု ထင်ကာ ကျေနပ်မှုတော့ရပုံပေါ်၏။ မည်သို့ ပင်ဖြစ်စေ ကျနော်တို့ တိုက်ပွဲဝင်တပ်သားများ၏ စိတ်ဓါတ်နှင့် ကျမ္မာရေးအခြေအနေမှာ အားရစရာဖြစ်နေကြသည်။ နိုင်ငံရေးအရ အတွေးအခေါ်အရ အသင့်အနေအထားတွင် ရောက်နေရှိနေကြပြီ။ စစ်သွေး စစ်မန်တကြွကြွဖြင့် ဘန်ကာနှင့် Overhead များနောက်တွင် စစ်ချီသီချင်းများ ကျယ်လောင်စွာ ဟစ်ကြွေးလျှက်။ သို့ သော်။ စစ်ချီခရာသံကားထွက်မလာခဲ့။ ခံကတုတ်များအတွင်းသို့  ရန်သူ့ တပ်များလည်း ရောက်မလာကြ။ ထွက်တိုက်ရအောင်လည်း စစ်မြေပြင်က ဘယ်မှာမှန်း၊ ဘယ်ဆီမှန်းမသိရ။ ထို သို့ ရှိစဉ် တပ်မှူးကြီးများထံမှ တိုက်ပွဲစီမံချက်အသစ်တခုကျလာသည်။ ရန်သူထိထိ/မထိထိ မိမိလူများ ထိခိုက်မှုမရှိစေရန်အတွက် အဝေးမှ လက်နက်ကြီးများ အမြှောက်ကြီးများဖြင့်ပစ်ကူပေးရေး။ လေကြောင်း အသာစီးရရေးအတွက် လေယဉ်များ များများသုံးဗုံးကြဲရင်းက ကောင်းကင်ပြင်ကိုစိုးမိုးထားရေး။ အမိန့် ကျေညာချက်သစ်ကို ကြားပြီးနောက် ဘန်ကာထဲမှ တပ်သားတပ်သားတစ်ဦးက ၀တ်စုံသစ်ဖြင့်ထွက်လာပြီး သေနတ်ကျည်ရှင်းရင်းက “တော်လှန်ရေးဆိုတာ တစ်ရက်တည်းနဲ့ ပြီးရိုး မရှိဘူးဟေ့။ မနက်ဖြန်ပေါ့ကွာ” ဟု ကျယ်လောင်စွာ အော်လိုက်ပါသည်။


ဤသို့ ဖြင့် ကျနော်တို့ တပ်သားများမှာလည်း “ငါ့နောက်လိုက်ခဲ့” တပ်မှူးကိုရှာရင်း “တက် -- တက်” ဟု အမိန့် ပေးနေသည့် တပ်မှူးများ ကြားတွင် ဗျာများကာ ၀တ်စုံသစ်များ ချုပ်ရေးအတွက် စိတ်စောနေကြပါသည်။ စစ်တိုက်ဖို့ ထက် စစ်ရေးပြကွင်းများဆီသို့ သာ တိမ်းညွှတ် နေကြပါ သည်။ ယခုလောလောဆယ်တွင် သေနတ်သစ်များကလည်း ပစ်ခတ်ရန်ထက် အလှကိုင်ရန် ပိုသင့်တော်နေပါသည်။ အရာရာသည် မုန်တိုင်းပြီးစ မြို့ ပျက်ကြီးထဲမှ သစ်ပင်များလို တစ်စစီ တစ်စစီ အပိုင်းပိုင်းအပြတ်ပြတ် --------------။


မျိုးမြင့်ချို

၃/၁၀/၂၀၀၈

(သူတို့အတွေးသူတို့အမြင်ကဏ္ဍရှိဆောင်းပါးနှင့်စာမူများသည်

ပေးပို့သည့်ကာယကံရှင်များ၏ကိုယ်ပိုင်အတွေးအမြင်များသာဖြစ်

ပါသည်။မည်သူမဆိုမိမိတို့တွေးထင်ယူဆချက်များကိုပေးပို့နိုင်ပါ

သည်။)

ယနေ့ညခေတ်ပြိုင်ဝက်ဆိုက်တိုက်ခိုက်ခံရပြန်ပြီဟုယူဆရ

ယနေ့ညပိုင်းတွင်ခေတ်ပြိုင်ဝက်ဆိုက်ကိုတိုက်ခိုက်ခံရပြန်သည်ဟုယူဆရပါသည်။
တိုက်ရိုက်ခေါ်ဆိုမှုအပြင်အခြားနည်းလမ်းများသုံးပြီးခေါ်ကြည့်သော်လည်းမရရှိပါ။
ထို့ကြောင့်ခေတ်ပြိုင်ကိုနောက်ထပ်တကြိမ်အတိုက်ခိုက်ခံရသည်ဟုယူဆရပါသည်။
ပြည်ပရှိသတင်းဌာနများ၏ဝက်ဆိုက်များကိုhacker များကတိုက်ခိုက်ခြင်းခံနေရသည်
မှာအကြိမ်ကြိမ်ရှိနေပြီဖြစ်ရာITကျွမ်းကျင်သူဒီမိုကရေစီဘက်တော်သားများအနေဖြင့်
ထိုတိုက်ခိုက်မှုများကိုကာကွယ်ရန်ဝိုင်းဝန်းနည်းလမ်းရှာသင့်သည်ဟုsaffrontoward အနေဖြင့်တိုက်တွန်းလိုပါသည်။ထိုသို့အကြိမ်ကြိမ်တိုက်ခိုက်နေခြင်းသည်ထိုပြည်ပ
ဝက်ဆိုက်များ၏သတင်းများသည်နအဖ၏လုပ်ရပ်များကိုအချိန်နှင့်တပြေးညီတင်ပြဖေါ်
ထုတ်နေခြင်းကြောင့်ဖြစ်သည်ဟုယူဆရပါသည်။ကျွန်တော်တို့saffrontoward blog ကိုလည်းနှစ်ကြိမ်ခန့်တိုက်ခိုက်ရန်ကြိုးစားသော်လည်းထိုfree ဘလော့ များသည်
gmail account များ၏အပေါ်မှုတည်သဖြင့်ဖျက်ဆီးရန်ကြိုးစားမရနိုင်ပဲဖြစ်
နေဟန်တူပါသည်။
ထို့သို့ရခဲ့လျှင်လည်း saffrontoward အနေဖြင့်နောက်ထပ် free blog နှင့် free
မေးများကိုအသုံးပြုပြီးသတင်းများဆက်လက်ပို့သွားမည်ဖြစ်ကြောင်းတင်ပြလိုက်
ရပါတယ်ခင်ဗျား။

နိုင်ငံရေးအကျဉ်းသား မိသားစု အင်းစိန်ထောင် စစ်ဆေးမှု နားထောင်ခွင့် ပိတ်ပင်

နန်းဒေဝီ
စနေနေ့၊ အောက်တိုဘာလ 04 2008 18:12 - မြန်မာစံတော်ချိန်
နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ထောင်ဝင်စာတွေ့ခွင့်နှင့် ထောင်တွင်း တရားရုံးများတွင် တက်ရောက်နားထောင်ခွင့်များကို ယမန်နေ့က စတင်ကာ ကန့်သတ်လိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ယခင်က ထောင်ဝင်စာကို တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ စနေနှင့် တနင်္ဂနွေသို့ ပြောင်းလဲလိုက်သလို၊ ထောင်တရားရုံးများတွင် အမှုစစ်ဆေးရာတွင်လည်း နားထောင်ခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဗဟိုတရားရုံးချုပ်ရှေ့နေများက ပြောဆိုကြခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်။ သောကြာနေ့ အင်းစိန်ထောင် အမှုစစ်ဆေးပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ထွက်လာတော့ ထောင် အဝင်၊ အထွက် စစ်ဆေးတဲ့ ဂိတ်က တာဝန်ကျ အရာရှိ တယောက်က မိသားစုဝင်တွေကို ပြောလိုက်တာ။ အထက်က ညွှန်ကြားထားတယ်လို့ ပြောတယ်။ အကျဉ်းဦးစီးပဲ ရှိတယ်” ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းကလည်း “တခြားအကျဉ်းသားတွေ ပါမပါတော့ မသိဘူး။ အင်းစိန်ထောင် အထူးတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုသည်တွေရဲ့ မိသားစုဝင်တွေ ပေးနားမထောင်တော့ဘူးလို့ ပြောသံကြားတယ်။ အများသဖြင့်တော့ အဲဒီမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ စစ်ဆေးလေ့ရှိတယ်လေ” ဟု ပြောသည်။

ယခုလို ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ အာဏာပိုင်များထံ ယခင် ရပိုင်ခွင့်များအတိုင်း ပြန်လည်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးက ယခုလို ပြောသည်။

“မိသားစုဝင် အားလုံးက မကျေနပ်ကြဘူးခင်ဗျ။ လက်ခံစရာလည်း မရှိဘူး၊ ဒီလိုလုပ်တာကတော့။ ဘယ်သူပိတ်တာလဲဆိုတာ မသိရသေးတဲ့အတွက် တနင်္လာနေ့မှာ ထောင်ရှေ့မှာ ကျနော်တို့ မိသားစုဝင်တွေ သွားအရေးဆိုမယ်” ဟု သူက ပြောသည်။

ရှေ့နေ ဦးခင်မောင်ရှိန်က ဥပဒေအရ အများပြည်သူရှေ့ ပွင့်လင်းမြင်သာသည့် ရုံးတင်စစ်ဆေးမှုများ ရရှိရန် တောင်းဆိုခဲ့သည့်အတိုင်း အာဏာပိုင်များမှ တစိတ်တပိုင်း ခွင့်ပြုခဲ့သော်လည်း ယခုလို ပြန်လည် ရုပ်သိမ်းလိုက်သည့်အတွက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအတွက် နောင်တွင် အမှုတွဲ အခြေအနေ အသေးစိတ် သိရှိရန် အခက်အခဲများ တွေ့လာနိုင်ကြောင်း ယခုလို ပြောဆိုသည်။

“မိသားစုတွေက အမှုကိစ္စတွေ နားထောင်ခွင့်ရတော့ အမှုတွဲအခြေအနေတွေ၊ အစွပ်စွဲခံရသူတွေရဲ့ တရားသူကြီးတွေက ချေပချက်တွေ အသေးစိတ် သိနေမယ်။ ပိတ်လိုက်တော့ နောက်ထပ် အမှုတွဲ တိုးတက်မှုတွေ မျက်ခြေပြတ်သွားမယ်၊ မိသားစုတွေက ဘယ်သိနိုင်တော့မလဲ” ဟု သူက ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP ၏ ထုတ်ပြန်ချက်တရပ်က ဆိုသည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် မြန်မာအာဏာပိုင်များက နိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ အကျဉ်းသား ၉ဝဝ၂ ဦး လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၉ ဦးခန့်သာ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ကြာသပဒေးနေ့က ကမ္ဘာတဝှမ်းရှိ ထိန်းသိမ်းခံနေရသူများအတွက် ရည်ရွယ်ကျင်းပသည့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာနေ့တွင် မကြာသေးခင်က အသစ်ခန့်အပ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့သေးသည်။

Chronology of Political Prisoners in Burma for September 2008

တနှစ် ပြီးတဲ့နောက်
ပန်းချီ ထိန်လင်း

အောက်တိုဘာ ၃၊ ၂၀၀၈

ညီမလေး၊ ဆိုင်း(န်) မ အင်(န်)ခင် ကထဲက၊
ကြည့်ထားရမှာက
ဇောက်တွေက ဘယ်မှာ
ဒေါက်တွေက ဘယ်မှာ
ဗျောက်တွေက ဘယ်မှာ
ပြီးပြီ ဆိုမှ
ကျော်စရာရှိတာတွေကို ကျော်မယ်
ချက်စရာရှိတာတွေ ချက်ကြမယ်။

မှာချင်တာက
ဆိုင်ကယ်တွေကို မျက်နှာမပြနဲ့
တို့တာဝန် အရေးသုံးပါးဆို၊ ဆဲ တဲ့ အကျင့်ကြီးကို ဖျောက်
မောရသုတ် ပြီးတိုင်း သစ္စာသာ ဆို။

ဘယ်လိုလဲ ခု
မျက်လုံးကို နောက်စေ့မှာ တပ်ပြီး
လမ်းလျှေက်တတ်နေပြီလား။
နားက အမြဲတမ်း၊ ဒေါက်ဝှီးး ဖြစ်နေပါစေ။


ဆိုင်းဘုတ်တွေနဲ့
ဒေါင် အတူ မထိုင်ကြေး။

လက်ခုတ်တီး ခေါ်လိုက်တိုင်း
နီးရာကောင်တာပေါ်ကိုသာ မျက်လုံးကို ပစ်တင်ထားလိုက်
မှတ်ပုံတင်ထဲက မျက်နှာနဲ့တော့ တဖြည်းဖြည်း တူလာပြီ
နဲနဲ ဖေါ့ထား၊ လမ်းလျှောက်ရင်
ညီမလေး အဲဒီတခုတော့ နဲနဲ သတိထားကွယ်
မှဲ့ဆိုတာ၊ အမြဲ တနေရာထဲမှာပဲ ရှိရမယ်
ဟုတ်တယ်ဟုတ်။

ကြက်ဆူပင်တွေထဲမှာဆိုရင်
အမြဲတမ်း ဆက်သွယ်မှု ဧရိယာရဲ့ အပြင်ဘက်
ဟုတ်တယ်ဟုတ်။
နာမည်ခေါ်လာပြီဆို
ငုတ်တုတ်သာ မေ့ပစ်လိုက်
ဗြောင်။

အရေးကြီးဆုံးက
ဆိုင်း(န်)အောက်(တ်) လုပ်ဖို့ ဘယ်တော့မှ မမေ့နဲ့
သိပ်ညောင်းနေရင်တော့လည်း ထွက်လျှောက်
အိမ်ထဲက ထွက်ပြီဆို လမ်းကို ဆိုင်း(န်)အောက်(တ်) လုပ်
ရေသောက်ပြီးပြီဆိုရင် ရေခွက်ကို ဆိုင်း(န်)အောက်(တ်) လုပ်
အိပ်မက်မက်ပြီးပြီဆို ညကို ဆိုင်း(န်)အောက်(တ်) လုပ်
သိပ်နမ်းချင်နေရင်တော့လည်း နမ်းပေါ့။

ဒါပေမဲ့
ကောင်လေး နှုတ်ခမ်းကို ဆိုင်း(န်)အောက်(တ်) လုပ်ခဲ့
မင်း သေချင် သေသွားနိုင်တယ်နော်
ဘ၀ကိုတော့ဆိုင်း(န်)အောက်(တ်) လုပ်ဖြစ်အောင် လုပ်သွား
နောက်ဆုံးတခု ပြောမယ်
ဒီကဗျာကို ဆိုင်း(န်)အောက်(တ်) လုပ်သွား။


ခက်ဆစ် - ဆိုင်း(န်)အောက်(တ်) = Sign Out (Log off)


ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

ဆိုင်ဘာမှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို
စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။
ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း
ပြောပြရတော့မှာပေါ့ဗျာ။

ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ ••••
အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။
ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး
လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား
keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ
မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk
sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင်
ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ်
လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ်
အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့်
ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1
key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ
မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ်
ဟဟ)။

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော်
ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့
အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ
အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး
စမ်းကြည့်ပေါ့ဗျာ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။
ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင်
.. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ
..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်
ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End
process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ
ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး
ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို
ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို
ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end
process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ
အကောင်းဆုံးပါပဲ။ ဒီပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့အားလုံးကို
ပို့ရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကို ပြည်တွင်းက
မိတ်ဆွေတစ်ယောက်က ကျောက်မြောင်းထဲက အိုကေဆိုတဲ့အင်တာနက်ဆိုင်တစ်ဆို
င်မှာ
နိုင်ငံရေးလှုပ်ရှား သူတစ်ယောက် ပြည်ပနဲ့ဆက်သွယ်နေတာတွေ့လို့ဆိုပြီး
အဖမ်းခံရတယ်ပြောလို့ ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေအနေနဲ့
နည်းပညာပိုင်းအရ ရှောင်လို့ရတဲ့အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ
အထောက်အကူ ဖြစ်စေချင်လို့ပါပဲ.. မိတ်ဆွေတို့ရဲ့ ပြည်တွင်းအဆက်အသွယ်တွေကို
ဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီး ပေးဖတ်ရင်း သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက်
အထောက်အကူပြုကြပါခင်ဗျာ။

တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်။

(အထက်ပါ ပို့စ်လေးကို ဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကို ပြန်မှီငြမ်းထားပါတယ်။)

ယခုလိုမျိုး နည်းပညာတွေနဲ့  ၀ိုင်းဝန်းကူညီပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

Have a nice day

Thai company to pay compensation to next of kin of 54 workers

by Than Htike Oo
Friday, 03 October 2008 19:03

Chiang Mai – A Thai Life Insurance Company is likely to pay compensation of Baht 100,000 for each of the 54 Burmese nationals who died of asphyxiation in a ten-wheel container truck in Ranong district, southern Thailand while sneaking into Thailand illegally.

On April 9 this year, 121 migrant workers illegally entered Thailand in a deep freezer container vehicle of whom 54 died of asphyxiation. Now it is learnt that the Thai Insurance Company 'Liberty Insurance' is likely to pay compensation of Baht 100,000 for those who died.

"The Ranong lower court has passed the order in accordance with the law. The compensation has come about mainly due to Thai lawyers and NGOs here who in cooperation did the job," Ko Htoo Chit, Director of Thai based Basic Human Rights Education Institute, told Mizzima.

The vehicle in which the migrant workers were travelling is insured with the 'Liberty Insurance'. According to Thai law, anyone who dies in a car accident is entitled to get Baht 100,000 compensation if it can be proved.

But the date when the compensation is of to be transferred to family members is not yet known.

"It takes time to translate the required documents to Thai language and sending required documents to the Burmese authorities. So receiving the compensation is delayed. I think it ought to have been received by concerned family members two months ago," he added.

The Human Rights organization is cooperating with Thai lawyers and attended the court hearing in Ranong in September 22.

Two defendants in this case admitted their crime in court and the Burmese authorities are cooperating in this case to ensure compensation from the Thai Insurance Company.

"The judge said nothing about compensation. But one of the defendants (car owner) admitted his crime in court. Then they said they would take action in accordance with the law. It has nothing to do with the judge hearing the case. The court has heard the case at least four times", he said.

These migrant workers sneaked into southern Thailand in a container truck and 54 of them died of asphyxiation in Sutsamram between Ranong and Phuket. The survivors were detained by Thai Immigration in Ranong prison for about two months and then sent back to the Burma border.

Though the Thai authorities could arrest the car driver and vehicle owner, the human trafficking gang which masterminded it, is still at large.

Most of these ill-fated Burmese nationals were from Kyaikto, Thaton, Mawlamyine and Chaungsone in Mon State.

မြန်မာ့စီးပွါးရေး - ပိတ်ဆို့ အရေးယူမှုက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေပါသလား

မုံပီး
သောကြာနေ့၊ အောက်တိုဘာလ 03 2008 19:18 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တချိန်က အရှေ့တောင်အာရှ၏ စပါးကျီဟု လူသိခဲ့သည့် မြန်မာပြည်တွင် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ ဆင်းရဲမွဲတေခြင်းတို့ ဖြစ်ရသည်မှာ အနောက်နိုင်ငံများ၏ လက်ရှိ စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများကြောင့် မဟုတ်ပါ၊ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် စီးပွါးရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အသုံးမကျခြင်းကြောင့်သာ ဖြစ်သည် ဟု စီးပွါးရေး ကျွမ်းကျင်သူတဦးက ပြောပါသည်။

ဆစ်ဒနီမြို့ Mzcquarie တက္ကသိုလ် တွဲဘက်ပါမောက္ခနှင့် မြန်မာ့စီးပွါးရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (BEW) အဖွဲ့ဝင်ဖြစ်သူ ရှောင်တာနဲလ် (Sean Turnell) က ပြောကြားရာတွင် သူ့အနေနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည့် ပိတ်ဆို့ အရေးယူမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အတားအဆီး အနှောင့်အယှက် ဖြစ်ရသည် ဆိုသည်ကို သဘောမတူပါ ဟု ပြောသွားပါသည်။

တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားရာ၌ ဦးဥာဏ်ဝင်းက စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများကြောင့် စီးပွါးရေး ဖွံ့ဖြိုးမှု အတားအဆီး ဖြစ်နေရပြီး လူထုကိုလည်း အန္တရာယ် ကျရောက်စေကြောင်း၊ သူ့အဆို “သီလမဲ့သော ပိတ်ဆို့အရေးယူမှုများ” ကို အဆုံးသတ်ကြရန် တောင်းဆိုခဲ့ပါသည်။

ပိတ်ဆို့ အရေးယူမှုများသည် “အကျိုးအကြောင်းမဲ့” ပြီး "ယင်းတို့သည် တရားမျှတမှု ကင်းမဲ့ရုံသာ မဟုတ်၊ အကျင့်သီလ မဲ့ခြင်းလည်း ဖြစ်သည်၊ ယင်းတို့သည် ဆန့်ကျင်ဘက် အကျိုးဆက်ကို ရရှိစေမှာဖြစ်ပြီး၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကာ လူထုကိုလည်း အန္တရာယ် ကျရောက်စေသည်" ဟု ပြောသွားပါသည်။

သို့သော် မြန်မာ့စီးပွါးရေးကို ကြာရှည်စွာ လေ့လာနေခဲ့သူ ရှောင်ကမူ မြန်မာ့စီးပွးရေးကို အကြီးအကျယ် ထိခိုက်စေသည် မှာ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် မိမိဘာသာ ပြုလုပ်ထားသော အထီးကျန်မှုကြောင့်သာ ဖြစ်သည်ဟု ပြောသွားပါသည်။

"မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုသည် ပိတ်ဆို့ အရေးယူမှုများ၏ ရလဒ်ကြောင့် မဟုတ်ပါ။ မြန်မာစစ်အစိုးရ ၄၅ နှစ်ကြာပြု လုပ်ခဲ့သော အလွန်ရှော်လှသည့် စီးပွါးရေး ဆုံးဖြတ်ချက်များကြောင့်သာ ဖြစ်သည်" ဟု ရှောင်က မဇ္ဈိမကို အီးမေးလ် ဖြင့် ပြောကြားသွားခဲ့ပါသည်။

တကယ့် ထုတ်လုပ်မှု ကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်နိုင်စေသည့် စီးပွါးရေး ဝန်းကျင်တရပ်ကို ဖန်တီးထားခြင်းဖြင့် စစ်အစိုးရသည်သာ မိမိဖာသာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းဖြင့် သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဒီမိုကရေစီ လိုလားသော အဖွဲ့အစည်းများကို နှိမ်နင်းနေခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး အပါအဝင် လူ့အခွင့်အရေး အခြေအနေများကို တိုးတက်အောင် ပြုလုပ်ရန် ငြင်းဆန်ခဲ့ခြင်းအတွက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာအစိုးရအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို မကြာမီက တိုးမြှင့် ချမှတ်ခဲ့ကြပါသည်။

သို့သော် မြန်မာ နိုင်ငံခြားရေးဝန်ကြီးကမူ သူ၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ အနေဖြင့် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်ဖေါ်ရန် ခေတ်မီ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့ ဈေးကွက်အတွင်းသို့ “အတားအဆီးမရှိ ဝင်ရောက်ခွင့်” ရှိရမည် ဖြစ်ကြောင်း၊ ယခု ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းကြောင့် မြန်မာနိုင်ငံတွင် ထိုအခွင့်အရေးများ ရုပ်သိမ်းခံနေရကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

"ဤတရားမျှတမှု မရှိသည့် ပိတ်ဆို့ အရေးယူမှုများကို မြန်မြန် ရုပ်သိမ်း၍ အတားအဆီးများကို မြန်မြန် ဖယ်ရှားနိုင်လေ၊ မြန်မာနိုင်ငံသည် ဒေသတွင်း စပါးကျီတခု၏ အနေအထားသို့ မြန်မြန်ပြန်လည် ရောက်ရှိလာလေ ဖြစ်မည်ဖြစ်ပြီး စွမ်းအင်အတွက် အားထားရသော ရင်းမြစ်တခုလည်း ဖြစ်လာစေမည် ဖြစ်သည်" ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ပိတ်ဆို့ အရေးယူမှုများ မရှိလျှင် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ရှိမည်လား ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးကမူ စီးပွါးရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွါးရေး အခြေအနေမှာ ညတွင်းချင်း တိုးတက်လာမည် မဟုတ်ပါ၊ သို့သော် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိလာစေမည် ဖြစ်သည် ဟု ပြောပါသည်။

ရာစုနှစ်တဝက်ခန့် အထီးကျန်ဖြစ်နေခဲ့ပြီး ဆယ်စုနှစ် ၂ ခုစာမျှ စီးပွါးရေး ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် “အမိန့်ပေးစီးပွါးရေး” သာ တွင်ကျယ်နေပြီး ဗိုလ်ချုပ်ကြီးများကသာ စီးပွါးရေးကို အမိန့် ပေးခိုင်းစေနေသည်၊ အခွင့်အလမ်း မှန်သရွေ့ကိုလည်း သူတို့၏ သောက်ဖော်စားဖက်များကိုသာ ပေးနေသည် ဟု သူက ပြောပါသည်။

ထို့ကြောင့် ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှား၍ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုလျှင် ရေရှည်တွင် ဖွံ့ဖြိုး တိုးတက်မှုများအတွက် အခွင့်အလမ်းသစ် များကို ဖွင့်ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး လုပ်ကွက်သစ်များကို ဖန်တီးပေးနိုင်မည်ဟု သူက ပြောသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံများက တောင်းဆို၍ အမေရိကန်နှင့် ဥရောပ သမဂ္ဂက ချမှတ်ခဲ့သော စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အရ ရင်ကြားစေ့ရေး အတွက် အားမပေးကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မြန်မာစစ်အစိုးရသည် ထိုပိတ်ဆို့ အရေးယူမှုများကြောင့် အနောက်နိုင်ငံများအပေါ် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံများကိုမူ ထိုသို့ ပိတ်ဆို့ အရေးယူရန် တောင်းဆိုခဲ့ကြသည့် အတွက် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်းဖြင့် သူက ပြောသွားပါသည်။

"စစ်အစိုးရနှင့် အတိုက်အခံကြားတွင် နာကျင်ဘွယ် ဆက်ဆံရေးတခု ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများသည် ရင်ကြားစေ့ရေးအတွက် အတားအဆီး အနှောင့်အယှက် ဖြစ်နေသည်" ဟု ဦးအောင်နိုင်ဦးက ပြောပါသည်။

သို့သော် သူက ဆက်လက်ပြောသည်မှာ စစ်အစိုးရသာ “အမိန့်ပေး စီးပွါးရေး”၊ သောက်ဖော်စားဖက် ကောင်းစားရေးဝါဒ၊ လာဘ်ပေးလာဘ်ယူမှု တို့ကို မစွန့်လွှတ်လျှင် ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားလိုက်ရုံဖြင့် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူ ပြုလိမ့်မည် မဟုတ်ကြောင်း ပြောသွားခဲ့ပါသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ ပိတ်ဆို့ အရေးယူမှုများတွင် အကြောင်းနှင့်အကျိုး ဟူ၍ရှိကြောင်း၊ တိုင်းပြည်၏ ဆိုးရွားနိမ့်ကျနေသော စီးပွါးရေး အခြေအနေမှာမူ အဓိကအားဖြင့် စစ်အစိုးရ၏ ခြစားမှု၊ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒနှင့် သောက်ဖော်စားဖက်ကောင်း စားရေးဝါဒများကြောင့်သာ ဖြစ်ကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

မြန်မာ့စီးပွါးရေးကို အနီးကပ် စောင့်ကြည့် လေ့လာနေသော ဦးညိုအုန်းမြင့်က နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများမှု ဝင်လာရသည်မှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကြောင့် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်း အဓိက ရင်းနှီးမြှုပ်နှံကြသော နိုင်ငံများမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများသာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ခြင်း မပြုနိုင်သည်မှာ နိုင်ငံရေး တည်ငြိမ်မှု၊ ထင်သာမြင်သာရှိမှုတို့ ကင်းမဲ့နေ၍ ဖြစ်ကြောင်း၊ ဤအချက်များကို ရင်းနှီးမြှုပ်နှံသူများက စီးပွါးရေး ကိစ္စများအတွက် မသင့်တော်သည့် စီးပွါးရေး ဝန်းကျင်တရပ်အဖြစ် ရှုမြင်ကြကြောင်းလည်း သူက ပြောကြားသွားခဲ့ပါသည်။

"ပိတ်ဆို့ အရေးယူမှုတွေ ရှိနေပေမဲ့ အိန္ဒိယနဲ့ တရုတ်လို အိမ်နီးချင်း နိုင်ငံတွေနဲ့ လုပ်နေတဲ့ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးကတော့ တိုးတက်နေတာပါဘဲ" ဟု ဦးညိုအုန်းမြင့်က ပြောသွားပါသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့ အရေးယူမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက် လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီ အများအပြားရှိကြောင်း၊ သို့သော် တည်ငြိမ်မှုရှိကြောင်း မပြသနိုင်ခြင်းနှင့် စီးပွါးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ မြန်မာနိုင်ငံ၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေး နေရကြောင်းဖြင့် ဦးညိုအုန်းမြင့်က ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ရှောင် ကမူ ပိတ်ဆို့ အရေးယူမှုများသည် “ပြည့်စုံသော အဖြေတရပ်” မဟုတ်သော်လည်း မဟာဗျူဟာများ ချမှတ်ရာတွင်မူ အသုံးဝင်ကြောင်း ပြောပါသည်။ "ပိတ်ဆို့ အရေးယူမှုဟာ လမ်းကြောင်းတခု ဖြစ်တယ်ဆိုတာ မကြာခဏဘဲ မျက်စိ လျှမ်းတတ်ကြပါတယ်။ တဖြေးဖြေး ရုပ်သိမ်းပေးခြင်းဖြင့် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပေါ်လာစေနိုင်ပါတယ်" ဟု သူက ဆက်လက် ပြောကြား သွားခဲ့ပါသည်။

ပိတ်ဆို့ အရေးယူမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ အနေဖြင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖေါ်ဘို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် "တစုံလုံး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း၊ အထူးသဖြင့် ပစ္စည်းဆိုင်ရာ အခွင့်အရေးနှင့် ဆင်ခြင်တုံတရားနှင့် ပြည့်ဝသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းတို့တွင် ဖြစ်ကြောင်း" ရှောင် ပြောကြားသွားပါသည်။

သို့သော် လက်ရှိ အခြေအနေတွင်မူ ကော်ပိုရိတ်များ၊ ကုမ္ပဏီများ အနေနှင့် "အစိုးရက အချိန်မရွေး သိမ်းယူနိုင်သည့် အန္တရာယ် ရှိသည့်နေရာ၊ အလားအလာရှိသော ဈေးကွက်ဖြစ်လာရန် မဖြစ်နိုင်လောက်သည့် ဆင်းရဲမွဲတေမှုများ ရှိနေသည့်နေရာ၊ တကယ့် စီးပွါးရေး လုပ်ငန်း လုပ်ဆောင်မှုများအတွက် လာဘ်စားမှုက ကြီးလေးလှသော “အခွန်” ဖြစ်နေသည့် နေရာမျိုးသို့ သွားရောက် ရင်းနှီးမြှုပ်နှံရန်မှာ ခဲယဉ်းလှပါသည် ဟု ရှောင် က ပြောသွားပါသည်။

အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့်အမှတ်(၂) စက်မှုဝန်ကြီးဌာနများ အရှုံးပေါ် မကြာခင်ဝန်ကြီးဌာန(၂)ခုပေါင်းတော့မည်


NEJ/ ၃ အောက်တိုဘာ ၂၀၀၈။ ။

အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန (၂) ခုလက်အောက်ရှိ စက်ရုံများ အရှုံးပေါ်နေသည့် အတွက် ထိုဝန်ကြီးဌာန (၂) ခုကို မကြာခင် ပေါင်းတော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်း ရပ်ကွက်က ပြောသည်။

ဝန်ကြီးဌာန (၂) ခုကို ၂၀၀၈ ခုနှစ်မကုန်မီ ပေါင်းမည်ဟု မှန်းသော်လည်း မည်သည့်ဝန်ကြီးဌာနအမည်သစ်ကို ပြောင်းမည်၊ ၀န်ကြီးမည်သူဖြစ်မည် စသည်တို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သေချာသည့်အချက်မှာ အဆိုပါ ၀န်ကြီးဌာန (၂) ခု ပေါင်းသည့်အချိန်တွင် ၀န်ထမ်းအင်အား လျှော့ချမည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

ဝန်ကြီးဌာနများကို အရေးပေါ် စာရင်းစစ်ပြီး ၂၀၀၈ ခု အောက်တိုဘာလကုန် တင်ပြရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ်ပြီး မကြာခင် အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန (၂) ခုကို ပူးပေါင်းရန် နအဖ အတွင်းရေးမှူး(၁) သီဟသူရတင်အောင်မြင့်ဦးက အကောင်အထည်ဖော်ရန် စိုင်းပြင်းခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

မကြာခင်က အမှတ် (၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးဖြစ်လာသူ ဦးစိုးသိမ်းသည် ရေတပ်မှဖြစ်ပြီး အမှတ် (၂) စက်မှုဝန်ကြီး ဌာနမှ သက်ပြည့် ညွှန်ချုပ်များ ဦးဆောင်ညွှန်ကြားရေးမှူးများအား အကြံပေးအဖြစ် မထားတော့ဘဲ ဖြုတ်ပစ်သည်ဟု စက်မှု (၂) သတင်းရပ်ကွက်က ပြောသည်။

By NEJ

နိုင်င်ငံရေး အကဵဉ်းသားမဵား ပြန်လွတ်ရေး ငွေစက္ကူပေၞမှာ စာရေးဖြန်ႛဝေ

ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေနဲႛနိုင်ငံရေး အကဵဉ်းသားတွေကို ပြန်လွတ်ပေးဖိုႛ ငွေစက္ကူတွေပေၞမှာ စာရေးဖြန်ႛဝေတဲ့ လှုပ်ရှားမှုတရပ်ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲႛ နယ်္ဘမို့တွေမှာ ဆက်လက်္ဘပီး လုပ်ဆောင်နေတယ်လိုႛ ဒီလှုပ်ရှားမှုမှာ ပၝဝင်သူတွေက ပြောပၝတယ်။

(Image: RFA)

အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကျင်းပခၝနီး အခဵိန်ကလည်း ကန်ႛကွက်မဲပေးကြဖိုႛ ဤကဲ့သိုႛ ကြက်ခြေခတ်ထားသည့် ငွေစက္ကူများဖြင့် ပြည်သူလူထုကို လှုံ့ဆော် တိုက်တွန်းမှုများ ပေၞပေၝက်ခဲ့ပၝသည်။

ဒီငွေစက္ကူ လှုပ်ရှားမှုဟာ နယ္အေတာ္မဵားမဵားမွာ ပ်ံႏွံေနတယ္လိုႛ ဒီလႈပ္ရွားမႈမွာပၝဝင္တဲ့ မ်ဳိးဆက္သစ္ လူငယ္မဵား အစည်းအရုံး Generation Wave က ကိုမိုးသွေးက ပြောပြပၝတယ်။

ကိုမိုးသွေး ။ “ကျွန်တော်တိုႛ အဓိက လုပ်တာက ရန်ကုန်ရယ်၊ နောက်္ဘပီးတော့ နတ်တလင်းတိုႛ၊ ကြို့ပင်ကောက်တိုႛ၊ ပဲခူးတိုႛ စတဲ့ ပဲခူးတိုင်းထဲက္ဘမို့တွေ တော်တော်မဵားမဵားပေၝ့၊ ပြည်ဖက်၊ တောင်ငူဖက် အဲဒီလို နေရာမျိုးတွေမှာလည်း လုပ္ပၝတယ္ခင္ဗဵ။္ဘပီးတော့ မန္တလေးဖက် အဲဒီလိုမျိုးပေၝ့။ ႓မိဳႚၾကီးအေတာ္မဵားမဵား အဓိကကေတာ့ ရန္ကုန္တိုင္းနဲႛ ပဲခူးတိုင္းဖက္မွာ စ႓ပီး လုပ္ပၝတယ္ခင္ဗဵ။”

“လုပ်ကြတယ်ဆိုတဲ့ နေရာမှာ ကေဵာင်းသား သမဂ္ဂပေၝ့၊ ဗကသက လူတွေနဲႛ နောက်္ဘပီးတော့ ကျွန်တော်တိုႛ လူငယ်အင်အားစု အသစ်တွေ ဖြစ်တဲ့ Generation Wave ရှိမယ်၊ မျိုးဆက်သစ် လူငယ်မဵား တရားမျှတရေး လှုပ်ရှားမှုဆိုတဲ့ justice ဆိုတဲ့ အဖွဲႚရှိမယ်၊ ဒီလိုမျိုး အဖွဲႚတွေအကုန်လုံးပေၝင်း္ဘပီးတော့မှ ငွေစက္ကူတွေပေၞမှာ ရေးတဲ့ လှုပ်ရှားမှု လုပ္ပၝတယ္ခင္ဗဵ။”

ဒီလှုပ်ရှားမှုက္ဘိုပီးခဲ့တဲ့ စက်တင်ဘာလက စခဲ့တာဖြစ်္ဘပီး ၂၀၀၇ သံဃာ့အရေးအခင်းမှာ အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေနဲႛ ဒေၞအောင်ဆန်းစုကြည် အပၝအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွတ်ပေးဖိုႛ တနှစ်ပြည့် အထိမ်းအမှတ်အနေနဲႛ စတင်ခဲ့တာလိုႛ လှုပ်ရှားမှုမှာ ပၝဝင်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကေဵာင်းသားမဵားသမဂ္ဂ အဖွဲ့ဝင် ကေဵာင်းသူတဦးကလည်း ပြောပြပၝတယ်။

ငွေစက္ကူလှုပ်ရှားမှု ဦးဆောင်တဲ့ လူငယ်တွေအနေနဲႛ သူတိုႛလှုပ်ရှားမှု တနိုင်ငံလုံး အတိုင်းအတာနဲႛ တဖြည်းဖြည်း ပျံ့နှံသွားဖိုႛအတွက် လုပ်ဆောင်သွားမယ်လိုႛလည်း ကိုမိုးသွေးက ပြောပၝတယ်။

Eye Specialist Calls on Suu Kyi

A medical specialist visited pro-democracy leader Aung San Suu Kyi at her Rangoon home on Thursday and conducted an eye examination. No details of Suu Kyi’s condition were released.

Nyan Win, spokesman of Suu Kyi’s National League for Democracy (NLD), told The Irrawaddy on Friday that Dr Kan Nyunt visited the detained NLD leader together with her regular physician, Dr Tin Myo Win.

Kan Nyunt spent one hour with Suu Kyi, while Tin Myo Win remained longer, Nyan Win reported. He said he didn’t know why Suu Kyi’s eyesight had been tested.

The head of the UN office in Rangoon, Navanethem Pillay, called on the Burmese military government on Thursday to release Suu Kyi and other political detainees, estimated to number more than 2,000.

Suu Kyi has spent more than 13 of the past 19 years under house arrest at her Rangoon lakeside home. Her current five year term was illegally extended by one year in May.

In a protest against the extension and the conditions of her detention, Suu Kyi refused to accept deliveries of food and household supplies from mid-August. She relaxed her stand in September after the regime agreed to allow her deliveries of private mail and foreign magazines.

ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိအထူးကုဆရာဝန် ၀င်ရောက်ကြည့်ရှူ
ကိုသက် | အောက်တိုဘာ ၃၊ ၂၀၀၈

ယမန်နေ့ညနေပိုင်းက မျက်စိအထူးကု ဒေါက်တာကံညွန့်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်

“မနေ့ညနေပိုင်းက … မျက်စိဆရာဝန်က တနာရီလောက်ကြည့်ခွင့်ရတယ်လို့ ကြားတယ်။ ဆရာတင်မျိုးဝင်း ကတော့ အဲဒီထက် ပိုကြာတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိနှင့် တခြားကျန်းမာရေးအခြေအနေများကို မသိရ သေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လလယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ပါတီဝင်များ ပြင်ပမှပေးပို့သော အစားအစာကို တလခန့်ငြင်းပယ်ခဲ့ပြီးနောက် အာဟာရချို့တဲ့ သည့်ဒဏ်ကို ခံစားခဲ့ရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို ဒေါက်တာတင်မျိုးဝင်း ၀င်ရောက်စစ်ဆေးခွင့် ရခဲ့သည်။

စစ်အစိုးရက ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးစစ်ဆေးရန် တလလျှင် ၂ ကြိမ် ခွင့်ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီး၏ အံ့ဖွယ်ကမ္ဘာ့အမြင်

အောင်ဇော် | အောက်တိုဘာ ၃၊ ၂၀၀၈

မြန်မာနိုင်ငံ စစ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက စိတ်ကယောင်ချောက်ချား ဖြစ်နေပြီလား။ သို့တည်း မဟုတ် သူကိုယ်တိုင်က သူ၏၀န်ထမ်းများကို ပြောပြခဲ့သည့် မိန့်ခွန်းရှည်ကြီးထဲကအတိုင်း အမှန်တကယ် ယုံကြည် လက်ခံ နေသည်လော။ သို့မဟုတ် ကြောက်ရွံ့စိုးထိတ်နေကြသည့် သူ၏အရာရှိများကို ချွေးသိပ်နိုင်ရန် လုပ်ကြံပြောဆိုခဲ့ခြင်းလော ဆိုသည်ကို သူကိုယ်တိုင်မှသာ သိပေလိမ့်မည်။

ဧရာဝတီမဂ္ဂဇင်းသို့ ပေါက်ကြားရောက်ရှိလာသည့် ၎င်းဝန်ကြီးက လျှို့ဝှက်အစည်းအဝေးတခုတွင် ပြောဆိုခဲ့သည့် အံ့မခန်း အစည်းအဝေးမှတ်တမ်းတခုကို ဖတ်ရသည့်အခါ ဤကဲ့သို့ မေးခွန်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်းတွင် အကူအညီပေးရေး ရည်ရွယ်ချက်ဖြင့် ရုံးများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြသည့် နိုင်ငံတကာအေဂျင်စီများကလည်း စစ်အစိုးရ၏ သဘောထားအမှန်ကို သိရှိနိုင်ရန် ဤမိန့်ခွန်းကို လေ့လာသင့်သည်။

၎င်းဝန်ကြီးဆိုသူ၏ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လျှို့ဝှက် ၀န်ကြီးအဖွဲ့အစည်းအဝေးများတွင် ပြောကြားခဲ့သည့် မှတ်ချက်များ ထင်ဟပ်နေမည်၊ အကြီးအကျယ် သြဇာလွှမ်းမိုးနေမည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ ဤ၀န်ကြီးအဖွဲ့လျှို့ဝှက် အစည်းအဝေးများကို ညမှသာ ကျင်းပလေ့ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း၌ ပုံမှန်ကျင်းပလေ့ရှိသည်ဟုလည်း ဆိုကြပါသည်။

၎င်းက နိုင်ငံတကာ နိုင်ငံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အာဏာချိန်ခွင်လျှာညှိနေကြသည့် ကိစ္စများကိုလည်း တရှည်တလျား ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် အင်ပိုင်ယာချဲ့ထွင်ကြီးစိုးရေးအတွက် ရေရှည်မျှော်မှန်းချက် ရှိထားသည်ဟု လည်း သတိပေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံနှင့် ဆက်ဆံရေးကိစ္စများတွင် ထိန်းသိမ်း ချိန်ညှိရန်လိုသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ ဆတ်ဆတ်ထိမခံ၊ သိမ်မွေ့လှသည့် အခြေအနေကြောင့်ဟု သူက သတိပေးခဲ့သေးသည်။

၎င်းက ဥရောပသမဂ္ဂ (EU) က အမေရိကန်နှင့် မဟာမိတ်ပြု၍ မြန်မာနိုင်ငံကို ပစ်မှတ်ထားနေသည်ဟု ဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများကို တိုက်ခိုက်ပြောဆိုသော်လည်း ဗိုလ်ချုပ်မောင်ဦးက မြန်မာ နိုင်ငံတွင် ရန်သူမရှိကြောင်းနှင့် မြန်မာနိုင်ငံက ၎င်းနှင့် လိုက်လျောညီထွေသည့် အနေအထားအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။ "နိုင်ငံတခုသည် မည်မျှပင်ကြီးကြီး၊ မည်မျှပင်ငယ်ငယ် တဦးတည်းရပ်၍ မရတော့" ကြောင်း သူက ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်များဖြစ်သည့် ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ရှိ နိုင်ငံများသည် တရုတ်နိုင်ငံကို ၀ိုင်းပတ်ပိတ်ထားသည့် အနေအထားရှိသည်ဟု ၎င်းကပြောသည်။ တရုတ်နိုင်ငံအဖို့ မြန်မာနိုင်ငံသည် ဤပိတ်ဆို့ထားမှုမှ လွတ်ပေါက်ဖြစ်ကြောင်း၊ အကြောင်းမှာ ပင်လယ်ဆိပ်ကမ်းထွက် ပေါက်ရှိနေသောကြောင့်ဟု သူက ပြောခဲ့သလို၊ "မိမိတို့သည် တရုတ်လိုလားသူများ မဟုတ်ကြောင်း" လည်း ထည့်သွင်း ပြောကြားခဲ့သေးသည်။

ဗိုလ်ချုပ်မောင်ဦးက အမေရိကန်ပြည်ထောင်စု၏ ထောက်လှမ်းရေးဌာန စီအိုင်အေကိုလည်း နေရာတိုင်းမှာ ရှိနေသည်ဟု မြင်နေပုံရသည်။ မွန်ဂိုလီးယားမှသည် မြန်မာနိုင်ငံအထိ၊ နောက်ဆုံး မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ အတွင်းတွင်ပါ စီအိုင်အေ ရောက်နေသည်ဟု သူက ထင်နေသည်။ " သူတို့ (စီအိုင်အေ) တွေက (မြန်မာ) နိုင်ငံထဲမှာ လည်း ရှိနေကြတယ်" ဟု သူ၏၀န်ထမ်းများကို သတိပေးခဲ့သေးသည်။

စီအိုင်အေက ကမ်ဘောဒီးယားရှိ အကူအညီပေးရေး လုပ်ငန်းများ နောက်ကွယ်တွင်လည်း ရှိနေခဲ့ကြောင်း ၀န်ကြီးချုပ် ဟွန်ဆန်ကို ကိုးကား၍ စွပ်စွဲလိုက်သေးသည်။ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အန်ဂျီအိုအဖွဲ့များသည် သူတို့ယူ လာသည့် ပိုက်ဆံ သူတို့သာ သုံးသွားကြကြောင်း၊ ကမ်ဘောဒီးယားနိုင်ငံတွင် အမှိုက်ပုံသာ ကျန်ခဲ့ကြောင်း သူက စွပ်စွဲခဲ့ သည်။ အကူအညီပေးရေး အေဂျင်စီများသည်လည်း စီအိုင်အေ၏ နောက်လိုက်များ၊ တပည့်များဟုလည်း သူက ထုတ်ဖော် ကြေညာခဲ့သေးသည်။

ဗိုလ်ချုပ်မောင်ဦးက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာမူဝါဒကို ရှင်းပြရာတွင် ၀ါရှင်တန်တွင် ကဒ် ၂ ခု ရှိကြောင်း၊ တခုမှာ လူသားချင်းစာနာမှုကဒ်နှင့် သံတမာန်ရေးကဒ် ဖြစ်ကြောင်း ပြောသည်။ အမေရိကန်ပြည်ထောင်စုက " ထောင်ထဲ မှာ ဘာဖြစ်နေပါပြီ၊ ကျောင်းသားများ ဘာဖြစ်နေပါပြီ၊ ဘုန်းကြီးများ ဘာဖြစ်နေပါပြီ" စသဖြင့် ဝေဖန်ပြစ်တင်နေသည်ကို တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် တုံ့ပြန်နိုင်ခဲ့ကြောင်း၊ ယခုတော့ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရက ကုလသမဂ္ဂဖက်သို့ လှည့်လာခဲ့ ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မောင်ဦးက ပြောကြားရာတွင် အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဆွဲချရန် ကြိုးပမ်း၍ မရ သည့်အခါ ကုလသမဂ္ဂ အေဂျင်စီများကို သုံး၍ လူမှုရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု၊ လူသားလုံခြုံရေးကိစ္စများကို ရှေ့ တန်းတင်လာခဲ့ကြောင်း ဆိုသည်။

ပြည်ထဲရေးဝန်ကြီးက ပြောရာတွင် အမေရိကန်ပြည်ထောင်စုက နာဂစ်ဆိုက်ကလုန်းမုန်တိုင်း ပြီးနောက်တွင် ကျန်းမာရေး နှင့် လူသားချင်းစာနာမှု ကပ်ဘေးဆိုင်ရာ အကြောက်တရားများ ဖြစ်ပေါ်လာစေရန် သွတ်သွင်းပေးကြောင်း၊ ထို့နောက် ကုလသမဂ္ဂနှင့် ၎င်း၏ "ကာကွယ်မှုပေးရေးဆိုင်ရာ တာဝန်ဝတ္တရား" (Responsibility to protect) ကို အသုံးချ၍ မြန်မာ နိုင်ငံကို ကျူးကျော်နိုင်ရန် ဆင်ခြေ၊ အခွင့်အလမ်းများ ရှာခဲ့ကြောင်း ဆိုသည်။ ဤရည်ရွယ်ချက်အောက်တွင် မြန်မာနိုင်ငံကို "လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်ချိုးဖောက်သည့် ရာဇ၀တ်မှု" ကျူးလွန်နေသည်ဟု စွပ်စွဲဖော်ပြရန် ကြိုးပမ်းနေ သည်ဟုလည်း ပြောခဲ့သည်။

အမေရိကန်ရေတပ်သင်္ဘောများက မြစ်ဝကျွန်းပေါ်ဒေသတွင် အကူအညီများ ချပေးမည့်အရေးကို ငြင်းပယ်ခဲ့ရခြင်းမှာ လည်း အမေရိကန်စစ်တပ်များက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတိုင်အောင် ထွက်မသွားဘဲ အချိန်ဆွဲနေမည့်အရေးကို စစ်အစိုးရခေါင်းဆောင်များက မြင်သောကြောင့်ဖြစ်ကြောင်း ဗိုလ်ချုပ်မောင်ဦးက အတည်ပြုပြောဆိုခဲ့သည်။

စိုးရိမ်စိတ်ကဲနေသည့် ၀န်ကြီးအတွက် ပိုဆိုးစေသည့်အချက်မှာ ကယ်ဆယ်ရေးလုပ်သားများနှင့်အတူ "အစိုးရခွင့်ပြုချက် မရှိဘဲ ဆက်သွယ်ရေးစက်ပစ္စည်းများပါလာကြောင်း၊ ၎င်းတို့ကလည်း မြစ်ဝကျွန်းပေါ်ဒေသသို့ ခရီးသွားဗီဇာ Tourist visa ဖြင့် ၀င်ရောက်လာကြကြောင်း" ပြောဆိုခဲ့သေးသည်။

နိုင်ငံတကာ အန်ဂျီအိုများ၊ ကုလသမဂ္ဂ အေဂျင်စီများက အတိုက်အခံပါတီအဖွဲ့ဝင်များ၊ အစိုးရဆန့်ကျင်လှုပ်ရှားနေသူများ၊ ကျောင်းသားများကို အလုပ်ခန့်ထား၍ မြစ်ဝကျွန်းပေါ်ဒေသတွင် သွားရောက်လုပ်ကိုင်ခဲ့ကြကြောင်း သူက စွပ်စွဲခဲ့သည်။

အစိုးရက အကူအညီပေးရေး အေဂျင်စီများ မြစ်ဝကျွန်းပေါ်ဒေသသို့ မ၀င် ရောက်နိုင်အောင် တားမြစ်ခဲ့သည်ကို ဗိုလ်ချုပ်မောင်ဦးက ၀န်ခံပြောဆိုပြီး "ထိုသူများက မြန်မာပြည်ကလူများကို ထောက်ပံ့နေသည်ဆိုသည့် အနေအထားဖြင့် ဖြတ်စားလပ်စားလုပ်နေသည့် အဖွဲ့များဖြစ်ကြောင်း... အဓိကပြန်ကြည့်လျှင် ပြပြီး ခိုးစားနေခြင်းသာ ဖြစ် ကြောင်း" ဆိုခဲ့သေးသည်။

အကူအညီများကို အစိုးရထံမှ မဖြတ်ဘဲ အစိုးရက နိုင်ငံတကာ အန်ဂျီအိုများ၏ စာရင်းအင်းများ၊ အသုံးစရိတ်ကို စစ်ဆေးခွင့် မရှိကြောင်းလည်း သူက စောဒကတက် ပြောဆိုခဲ့သေးသည်။

" အောက်မှတက်သည့် စာရင်းအရ မိမိတို့က (မြစ်ဝကျွန်းပေါ်ဒေသတွင်) လူ ၆ သောင်းကျော်ကို နိုင်ငံတော်အစိုးရက နေ့ စဉ် ဆန်ကျွေးနေကြောင်း" ၎င်းက ပြောသည်။ စစ်အစိုးရကတောင်းသည့် အဆင်သင့်စားသောက်စရာများ၊ ရေသန့်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံတကာ အန်ဂျီအိုများက လျစ်လျူရှုထားကြောင်း၊ ငြင်းပယ်ခဲ့ကြောင်းလည်း ဗိုလ်ချုပ် မောင်ဦးက စွပ်စွဲလိုက်သေးသည်။

သူက စွပ်စွဲရာတွင် နိုင်ငံတကာ အန်ဂျီအိုများသည် ကရင်လူမျိုးအများစုနေထိုင်ကြသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခြေ ကုတ်စခန်းရအောင် ယူနေကြောင်း၊ အကြောင်းမှာ ထိုင်းနယ်စပ် မဲဆောက်ရှိ ဒုက္ခသည်စခန်းများမှာ ပြည်ပပြောင်းရွှေ့ အခြေချရေး အစီအစဉ်များ စတင်နေပြီ ဖြစ်သောကြောင့်ဖြစ်ကြောင်း တွက်ပြခဲ့သေးသည်။

မြစ်ဝကျွန်းပေါ်ဒေသမှ တက်လာသမျှ လေဘေးဒုက္ခသည်များကို ပြည်ပသို့ ပြောင်းရွှေ့အခြေချရေး အစီအစဉ်များတွင် လည်း ပါဝင်ပူးပေါင်းနိုင်ရန် မဲဆောက်တွင် စခန်းဖွင့်လက်ခံနေကြောင်း ၀န်ကြီးမောင်ဦးက ပြောဆိုခဲ့ပြီး "ကရင်လူမျိုးကို အခြေပြုပြီး၊ ကရင်နီလူမျိုးကို အခြေခံပြီး မြစ်ဝကျွန်းပေါ်ဒေသတွင် ဆဲလ် တခုဖွဲ့စည်းရန်ဖြစ်ကြောင်း" သူက ဆက်ပြောခဲ့ သည်။

သူ၏ မိန့်ခွန်းတွင် သူက ပြည်ထဲရေးဝန်ထမ်းများကို အာမခံချက်ပေးရာ၌ ရဲတပ်ဖွဲ့သည် အနာဂတ် မည်သည့် အစိုးရလက်ထက်တွင် မဆို အစိုးရဆန့်ကျင်ရေး နှိမ်နင်းမှုများအတွက် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်နေမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ သူက ရဲတပ်ဖွဲ့များ၏ စက်ပစ်ကွင်းများကို သွားရောက်စစ်ဆေးခဲ့ပြီး၊ အကြမ်းဖက်မှုဆိုင်ရာ ပစ္စည်း များ၊ လက်နက်ခဲယမ်းများကိုလည်း စစ်ဆေးခဲ့ကြောင်း၊ ဥပဒေစည်းကြပ်ရေးလုပ်ငန်းများကို "နိုင်ငံတကာစံချိန်စံနှုန်း" အတိုင်း လုပ်ဆောင်နိုင်ရမည်ဟု သူဟု ၀န်ထမ်းများကို အာမခံပြောကြားခဲ့သေးသည်။

နိုင်ငံတကာ ခေါင်းဆောင်မှု အရည်အချင်းများကို သင်နေသော ဟားဗတ်တက္ကသိုလ် ကနေဒီအုပ်ချုပ်ရေးကျောင်းသို့ ဗိုလ်ချုပ်မောင်ဦး သွားတက်ရောက်ရန်သာ ကျနော်ကတော့ အကြံပေးတိုက်တွန်းလိုက်ချင်တော့သည်။

အောင်ဇော်ရေးသားသည့် The Strange World of Burma’s Home Affairs Minister ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

10.03.2008

နိုင်ငံရေးအကျဉ်းသား ၇ ယောက်လွှတ်ရုံနဲ့ ဘာမှခရီးမရောက်ဟုလူ့အခွင့်အရေး မဟာမင်းကြီးအသစ် မစ္စပီလေးက ပြောဆို

New UN High Commissioner for Human Rights, Navanethem Pillay, speaks during a press briefing about the Launch of the
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသစ် မစ္စနာဗီပီလေး။
အောက်တိုဘာ ၂၊ ၂၀၀၈။
မိမိရဲ့ တိုင်းသူပြည်သားတွေကို စိတ်ရူးပေါက်တိုင်း
ထောင်ထဲသွင်းနေတာတွေ၊ တရားမ၀င် ဖမ်းဆီး
အကျဉ်းချတာတွေ လုပ်နေတဲ့ အစိုးရတွေကို
ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်ကြဖို့ အသစ်ခန့်အပ်
ခြင်းခံရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
မဟာမင်းကြီး မစ္စ နာဗီ ပီလေး (Navi Pillay) က
တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာတလွှားမှာ
လူ့အခွင့်အရေးတွေ စနစ်တကျ ချိုးဖောက်ခံနေ
ရသူတွေနဲ့ မတရားသဖြင့် ထောင်ချခံနေရသူ
သန်းပေါင်းများစွာအတွက် ကုလသမဂ္ဂက
ဒီမတရားမှုတွေကို ချေမှုန်းပစ်ဖို့နဲ့ ဒီမတရားမှုကို
ခံနေကြရသူတွေရဲ့ အတိဒုက္ခအဖုံဖုံကို ကမ္ဘာကို
မီးမောင်းထိုးပြဖို့ လူ့အခွင့်အရေး မဟာမင်းကြီးက စတင်လှုပ်ရှားနေပါပြီ။

အာဏာပိုင်တွေက ရမ်းသမ်းပြီး စိတ်ကူးပေါက်တိုင်း လူတွေကို လိုက်ပြီး ဖမ်းဆီးနေ
တာတွေ၊ မတရားသဖြင့် ထောင်သွင်းအကျဉ်းချတဲ့ကိစ္စတွေ ကမ္ဘာနဲ့အ၀ှမ်း တောမီးလို
ပျံ့နှံ့နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးအသစ် မစ္စပီလေးက ပြောလိုက်ပြီး
ကမ္ဘာပေါ်က ရှိရှိသမျှ နိုင်ငံတိုင်းနီးပါးမှာ ဖမ်းတဲ့ဆီးတဲ့ကိစ္စနဲ့ဆိုင်တဲ့ ပြဿနာတွေ
ရှိနေတယ်လို့လည်း မဟာမင်းကြီး ပီလေးက ဆိုပါတယ်။

တရားဥပဒေနဲ့မညီဘဲ ဖမ်းတာဆီးတာတွေ တိုင်းပြည်နိုင်ငံတွေမှာ ဖြစ်ဖြစ်နေတာ
ကြာလှပြီဖြစ်ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲဆိုတဲ့ အသံတွေထွက်လာတဲ့
မကြာသေးခင်နှစ်တွေကစပြီး အဲသလို မတရားသဖြင့် ဖမ်းဆီးအကျဉ်းချမှုတွေ ပိုပြီး
ဆိုးရွားလာတယ်လို့လည်း မစ္စပီလေးက အခုလိုပြောပြပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်တပ်တပ်ပြီး မတရားလုပ်နေကြတာတွေရဲ့
ရလဒ်ကတော့ ကမ္ဘာ့နိုင်ငံတချို့ရဲ့ အစိုးရတွေက လူတွေကို ထင်တိုင်းကျဲ၊ ထောင်ထဲ
သွင်းသွင်းနေတဲ့ အဖြစ်ပါပဲ။ အဲဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်တွေအရ
တချို့နိုင်ငံတွေမှာဆိုရင် လူတွေကို တရားမစီရင်ဘဲနဲ့ အာဏာပိုင်တွေက အချိန်အကြာ
ကြီး အချုပ်ထဲဆွဲသွင်းနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ရနေတော့တာပဲ။"

ဟိုးအရင် အတိတ်ကာလက တရားစွဲဆိုခြင်းမရှိဘဲ လူတွေကို ၄၈ နာရီထက်ပိုပြီး
ချုပ်နှောင်ထားခွင့် မရှိပါဘူး။ အခုအခါမှာတော့ လူတွေကို မိသားစုအပါအ၀င် အားလုံး
နဲ့ အဆက်ဖြတ်ပြီး လနဲ့ချီ တရားမစွဲဘဲ ဖမ်းဆီးထားတာတွေ မကြာခဏ ဖြစ်နေလေ
တော့ အဲဒီ အဖမ်းခံထားရသူတွေဟာ ကိုယ်ကာယအားဖြင့် နှိပ်စက်ညှဉ်းပန်းခံရတာ
ထက် ဆိုးရွားတဲ့ စိတ်အားငယ်မှုတွေ ဖြစ်နေရပါတယ်။

မြန်မာစစ်အစိုးရက မကြာသေးခင်က နိုင်ငံရေးအကျဉ်းသား ၇ ယောက် ပြန်လွှတ်ပေးခဲ့
တာကို မဟာမင်းကြီး မစ္စပီလေးက ကြိုဆိုလိုက်ပေမယ့် စဉ်းစားကြည့်လိုက်ရင်တော့
နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ရှိနေတဲ့နိုင်ငံမှာ ဒါဟာ သိပ်ကိုနည်းလွန်းတဲ့
ပြန်လွှတ်ပေးမှုဖြစ်တယ်လို့လည်း မစ္စပီလေးက ပြောသွားပါတယ်။

ဒါတင်မက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချ
ခံထားရတာကို တွက်လိုက်ရင် စုစုပေါင်း ၁၂ နှစ်လောက် ရှိနေတာကိုလည်း မဟာ
မင်းကြီး မစ္စပီလေးက အလေးအနက် ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

ရာဇ၀တ်ပြစ်မှု ပြင်းပြင်းထန်ထန် ကျူးလွန်ထားသူ တော်တော်များများ အကျဉ်းချခံကြ
ရတဲ့ ကာလတွေထက် ပိုရှည်ကြာပြီး ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်နဲ့ အကျဉ်း
ကျခံနေရတာဖြစ်တယ်လို့လည်း မဟာမင်းကြီး ပီလေးက ထောက်ပြ ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ဂွမ်တာနာမို အကျဉ်းစခန်းမှာ အကြမ်းဖက်သမားအဖြစ်
မသင်္ကာမှုတွေနဲ့ ဖမ်းဆီးထားပြီး နှစ်ပေါင်းများစွာ တရားမစီရင်ဘဲ ထားခဲ့တာတွေ ရှိပါ
တယ်။ မကြာသေးခင်ကတော့ အမေရိကန် တရားရုံးချုပ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေထဲမှာပါတဲ့ လူ့အခွင့်အရေးအရ ဂွမ်တာနာမို အကျဉ်းစခန်းမှာ ဖမ်းဆီးထားသူ
တွေကို ရုံးထုတ်ရမယ်လို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာကို မဟာမင်းကြီး မစ္စပီလေးက
ကြိုဆိုလိုက်ပါတယ်။ ဂွမ်တာနာမိုက အဖြစ်အပျက်ကိုကြည့်ပြီး မတရားသဖြင့် ဖမ်းဆီး
ခံနေကြရသူတွေ၊ သို့မဟုတ် အကျဉ်းထောင်တွေထဲမှာ မတရားပြုခြင်း ခံနေကြရသူ
တွေ ကမ္ဘာတ၀ှမ်းမှာ သန်းနဲ့ချီပြီး ရှိနေတာကို ကမ္ဘာကြီးက မေ့လျော့မနေသင့်ဘူးလို့
လည်း မဟာမင်းကြီး ပီလေးက အခုလိုဆိုပါတယ်။

"တနှစ်တနှစ် ကမ္ဘာပေါ်မှာ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ၊ အဖမ်းခံနေကြရ
တဲ့ကိစ္စတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။ ဘာအကြောင်းနဲ့မှ အဖမ်းခံရဖို့မရှိတဲ့ အခြေအနေ
မှာကို လူမဆန်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး အဖမ်းအဆီး ခံနေကြရပါတယ်။"

ဆင်းရဲနွမ်းပါးသူတွေ၊ ကိုယ်လက်မသန်မစွမ်းသူတွေ၊ မိဘမဲ့ကလေးတွေနဲ့ လိင်ကုန်ကူး
ခြင်းခံရတဲ့ အမျိုးသမီးတွေဟာလည်း အဲဒီလိုအခြေအနေတွေမှာ သူတို့ရှိနေတာကြောင့်
ကိုပဲ အဖမ်းဆီးတွေ ခံနေကြရပြန်သေးတယ်လို့လည်း မစ္စပီလေးက ဆိုပါတယ်။

အခုလို ကမ္ဘာတ၀ှမ်းက မေ့လျော့ခြင်းခံနေကြရတဲ့၊ မတရားပြုကျင့် ခံနေကြရသူတွေ
အတွက် တရားသဖြင့် ဖြစ်စေရေးနဲ့ သူတို့တွေကို ကမ္ဘာကြီးက ပိုပြီး အာရုံစိုက်မှုရှိလာဖို့
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စွမ်းအားမြှင့်ပြီး ဆောင်ရွက်
သွားမယ်လို့ မဟာမင်းကြီးအသစ် မစ္စပီလေးက ပြောဆိုသွားပါတယ်။

10.02.2008

ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်

“နှစ်နှစ်ဆယ်ကြာခဲ့တဲ့ဒီမိုကရေစီတော်လှန်ရေးဟာပြည်သူလူထုတွေကလဲ
ထောက်ခံပါရဲ့နဲ့ဘာဖြစ်လို့မအောင်မြင်ရတာလဲ”

ရုတ်တရက်ဗုံးပေါက်ကွဲသလိုထွက်ပေါ်လာတဲ့မေးခွန်းလေးတခုပါ။နေရာကမယ်တော်
ဆေးခန်း ၈လေးလုံးနှစ်နှစ်ဆယ်ပြည့်အခမ်းအနားပြုလုပ်နေတဲ့ခန်းမထဲမှာ။

မေးခွန်းထုတ်သူကအသက်လွန်ရောကျွံရောရှိမှ ၁၅ နှစ်သာသာလောက်ရှိမယ့်CDC
ကျောင်းကကျောင်းသားငယ်တဦးပါ။

ပြီးခဲ့တဲ့ ၈.၈.၂၀၀၈ ၈လေးလုံးနှစ်နှစ်ဆယ်ပြည့်နေ့မှာပြုလုပ်တဲ့အခမ်းအနားတချို့
ကိုကျွန်တော်တက်ရောက်ဖြစ်ခဲ့ပါတယ်။အဲဒီမယ်တော်ဆေးခန်းကအခမ်းအနားကို
ရောက်မှကျွန်တော်ဒီမေးခွန်းကိုကြားလိုက်ရတာဖြစ်တယ်။အဲဒီအခမ်းအနားမှာထူးခြား
ချက်တခုကအခန်းအနားတက်ရောက်လာသူတွေဟာCDCကျောင်းအပါအဝင်နယ်စပ်
တွေမှာရှိတဲ့ကျောင်းတချို့ကကျောင်းသားငယ်တွေအများစုဖြစ်ပြီးဟောပြောကြသူ
တွေက ၁၉၆၂၊၇၄၊၈၈အစရှိတဲ့ကျောင်းသားဟောင်းကြီးတွေဖြစ်ပါတယ်။
အဖြေပေးသူကတော့အတွေ့အကြုံရှိကျောင်းသားဟောင်းနိုင်ငံရေးခေါင်းဆောင်
တဦးမို့ အဲဒီကျောင်းသားလေးတွေကျေနပ်အောင်အဖြေပြန်ပေးနိုင်ခဲ့ပါတယ်။သူရှင်း
ပြတဲ့အထဲမှာအချက်အလက်တော်တော်များများပြည့်စုံစွာပြောပြသွားပါတယ်။
ကျွန်တော့်စိတ်ထဲမှာဒီနေ့အထိစွဲနေတဲ့အချက်နှစ်ခုရှိပါတယ်။
ပထမတချက်ကတော့အခုအချိန်အထိအောင်မြင်မှုမရသေးပေမယ့်ကျွန်တော်တို့
ဘက်မှာတိုးတက်ဖြစ်ထွန်းမှုအများကြီးဖြစ်ခဲ့တယ်ဆိုတာနဲ့နောက်တချက်ကတော့
အခုပြဿနာကို W=FSဆိုတဲ့PHYSICSပုစ္ဆာတခုလို(S=0,W=0)အရွေ့မရှိရင်
အလုပ်မဖြစ်ဘူးလို့ပုံသေကားချပ်မယူဆကြစေချင်ဘူးလို့ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။
အဲဒီအခန်းအနားကပြီးခဲ့ပေမယ့်ကျွန်တော့်ရင်ထဲမှာအတွေးတစကျန်နေခဲ့ပါတယ်။
၈၈ကနေယခုအချိန်အထိတိုးတက်ဖြစ်ထွန်းမှုတွေအများကြီးရှိခဲ့သလိုကျွန်တော်တို့ရဲ့
ဘုံရန်သူဖြစ်တဲ့စစ်အာဏာရှင်ကိုတိုက်ခိုက်ထိုးနှက်မှုတွေအများကြီးလုပ်နိုင်ခဲ့တယ်
ဆိုတာဘယ်သူမှအချေအတင်ငြင်းလိမ့်မယ်မဟုတ်ဘူးလို့ထင်ပါတယ်။ရန်သူဟာ
အခုအချိန်အထိတညလေးမှတောင်စိတ်အေးချမ်းသာစွာအိပ်ခဲ့ရလိမ့်မယ်မဟုတ်ဘူး
လို့ကျွန်တော်လည်းယူဆပါတယ်။
ဒုတိယအချက်အနေနဲ့ကPHYSICSပုစ္ဆာတခုလိုအရွေ့မရှိရင်အလုပ်မဖြစ်တဲ့ပုံမျိုး
ကျွန်တော်လည်းမယူဆချင်ပါဘူး။ဒါပေမယ့်ဘာဖြစ်လို့အရွေ့မရှိရလဲဆိုတဲ့အပေါ်မှာ
တော့တွေးစရာအများကြီးရှိခဲ့ပါတယ်။

ကျွန်တော်တို့ချဉ်းကပ်တဲ့ပုံမှားခဲ့သလား

Physics သဘော နဲ့ပဲဆက်စဉ်းစားကြည့်ရင်ကျွန်တော်တိှု့Surface area ယူထားတာ
သိပ်ကျယ်နေလို့အလုပ်မဖြစ်တာလား။တနည်းပြောရရင်အသွားဘက်ကသွေးရမယ့်ဓါး
ကိုအနှောင့်ဘက်ကသွေးနေမိလို့အလုပ်မဖြစ်တာလားဆိုတာကိုတော့ထည့်စဉ်းစားရပါ
လိမ့်မယ်။
နောက်ထပ်စဉ်းစားရမယ်အချက်တခုကတော့ကျွန်တော်တို့ရဲ့အားစိုက်ထုတ်မှုဟာအကျိုး
သက်ရောက်မှုနည်းနေလားဆိုတာပါ။ဆိုလိုတာကတချို့ကတွန်းနေချိန်မှာတချို့ကထိုင်နေသ
လား။ဒါမှမဟုတ်တွန်းတဲ့သူကတွန်းနေချိန်မှာဖိတဲ့သူကဖိနေလား။ဘက်ပေါင်းစုံကတပြိုင်
တည်းဖိတွန်းနေမိလို့တခုနဲ့တခုချေဖျက်နေသလိုဖြစ်ပြီးအရွှေ့မရှိတာလားလို့ပါ။
လွယ်လွယ်နဲ့ရိုးရိုးလေးတွေးရင်တော့ဦးတည်ချက်တခုတည်းကိုရည်စူးလို့ပြိုင်တူတွန်း
ကြမှရွှေ့နိုင်မှာပါ။

ပြီးခဲ့တာတွေအတွက်ဘယ်သူ့ကိုအပြစ်ပုံရမလဲ

အဲဒီမေးခွန်းကိုမဖြေခင်အဲဒီမေးခွန်းအတွက်အဖြေရရင်ဘာအကျိုးရှိမလဲဆိုတာအရင်
ဆန်းစစ်ချင်ပါတယ်။တကယ်ဖြေခိုင်းရင်လဲအဖြေမထွက်မယ့်အပြင်တယောက်နဲ့
တယောက်အပြစ်ပုံချနေကြတာနဲ့ပဲရှိစုမဲ့စုညီညွတ်ရေးလေးတောင်ပျက်မယ့်အခြေ
အနေရှိပါတယ်။အခုအချိန်မှာအဖြေထုတ်သင့်မသင့်သာစဉ်းစားကြည့်ကြပါခင်ဗျာ။
တခုတော့ရှိပါတယ်။ကျွန်တော်တို့တွေအရင်တုန်းက ဘာအမှားတွေ လုပ်ခဲ့မိကြလဲ
ဆိုတာတော့သုံးသပ်သင့်ပါတယ်။အဲဒီအမှားတွေကိုသင်္ခန်းစာယူလို့ရှေ့ခရီးမှာအမှား
အယွင်းတွေနည်းနိုင်သမျှနည်းအောင်ရှောင်ရှားနိုင်ပါလိမ့်မယ်။

လက်ရှိနိုင်ငံရေးအပြောင်းအလဲနှင့်မျှော်လင့်ချက်ရောင်နီ

အများသိကြတဲ့အတိုင်းထင်ရှားတဲ့သတင်းစာဆရာကြီးလည်းဖြစ်NLDရဲ့ခေါင်းဆောင်
တဦးလဲဖြစ်ခဲ့တဲ့ဦးဝင်းတင်ဟာ၁၉နှစ်ကျော်ထောင်ဒဏ်ကျခံခဲ့ရရာကပြန်လည်လွတ်
မြောက်လာခဲ့ပါတယ်။ထောင်မကျခင် ကတည်းက ပြတ်သားတဲ့ နိုင်ငံရေးဦးဆောင်မှု
ပေးနိုင်ခဲ့တာအပြင်။ထောင်ထဲမှာနေခဲ့ရစဉ်တလျှောက်နဲ့ထောင်ကပြန်လွတ်ပေးလိုက်ရ
တဲ့အချိန်အထိစစ်အာဏာရှင်တွေကိုသတ္တိပြောင်မြောက်စွာအံတုရင်ဆိုင်ခဲ့တာတွေ
ကြောင့်အတိုက်အခံတွေအများစုရဲ့လေးစားယုံကြည်မှုတွေရခဲ့ပါတယ်။
ဦးဝင်းတင်နှင့်တကွနိုင်ငံရေးအကျဉ်းသားတချို့လွတ်မြောက်မှုသတင်းကိုအင်တာနက်
ဝက်ဆိုက်တွေ၊လေလှိုင်းနဲ့ရုပ်မြင်သံကြားချယ်နယ်များအထိကျယ်ပြန့်စွာထုတ်လွှင့်ခဲ့
ကြပါတယ်။
တွေ့ဆုံမေးမြန်းချက်တွေအပြင်သတင်းသုံးသပ်ချက်များသတင်းဝေဖန်ချက်များနဲ့အတူ
ကမ္ဘာ့သတင်းစာမျက်နှာများမှာပါနေရာယူခဲ့ပါတယ်။
များပြားလှတဲ့သတင်းဝေဖန်သုံးသပ်ချက်တွေနဲ့အတူအချို့ရုပ်ပုံဖေါ်မှုတွေဟာအထင်
အမြင်လွဲစရာတွေဖြစ်လာပါတယ်။ဥပမာ-ဦးဝင်းတင်ကအိမ်မှာနိုင်ငံရေးပါတီကအချို့
ပုဂ္ဂိုလ်တွေကိုခွဲခြားပြီးစည်းရုံးနေသလိုလို၊NLDပါတီထဲမှာစစ်ပြန်၊စစ်မှုထမ်းဟောင်း
အုပ်စုတွေကိုတတ်သိပညာရှင်တွေကဖယ်ရှားပစ်တော့မလိုလိုနဲ့သတင်းတွေကစိတ်
ဝင်စားစရာကောင်းပေမယ့်ရှိစုမဲ့စုညီညွတ်ရေးလေးကိုတောင်ထိခိုက်ရတော့မလို
ဖြစ်လာပါတယ်။ဦးဝင်းတင်တွင်တွင်ပြောနေတဲ့စကားတွေမှာအဲဒီအချက်အလက်
တွေမပါဘူးဆိုတာသတင်းသုံးသပ်ချက်တွေကိုဖယ်ပြီးသူ့ပြောဆိုချက်တွေကိုကြည့်
ရင်တွေ့ပါလိမ့်မယ်။သူ့အနေနဲ့အားလုံးညီညီညွတ်ညွတ်နဲ့ဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးအတွက်ဆောင်ရွက်ကြဖို့ကိုပဲပြောဆိုနေတာပါ။

စု လွှတ် တွေ့ နဲ့ ရံ သုံးရံကိုဝန်းရံကြ

မြန်မာပြည်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်ဒေါ်အောင်ဆန်းစုကြည်
ဒါမှမဟုတ်မင်းကိုနိုင်၊ဒါမှမဟုတ်ဦးဝင်းတင်တဦးဦးအပေါ်မှာပဲတာဝန်ရှိတာ
မဟုတ်ပါဘူး။အတိုက်အခံအင်အားစုအားလုံးနဲ့မြန်မာနိုင်ငံသားအားလုံးမှာ
တာဝန်ရှိပါတယ်။အားလုံးညီညီညွတ်ညွတ်နဲ့ကိုယ်ကျရာတာဝန်ကိုယ်ကျေကြ
မယ်ဆိုရင်ဒီမိုကရေစီပန်းတိုင်ဟာမဝေးနိုင်ပါဘူး။
အခုကျွန်တော်တို့နိုင်ငံမှာပြဿနာတက်နေတာကခေါင်းဆောင်မှုပြဿနာလို့အများ
ပြောဆိုကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံသားအားလုံးလက်ခံကြတဲ့
လူထုခေါင်းဆောင်ဆိုရင်ဘယ်သူမှငြင်းမယ်မထင်ပါဘူး။သူမဦးဆောင်တဲ့အခါအားလုံး
ညီညွတ်စွာဝန်းရံကြပါတယ်။အဲဒီတော့ န အ ဖ က ဒေါ်အောင်ဆန်းစုကြည်ကိုဦး
ဆောင်မှုမပေးနိုင်အောင်အကျယ်ချုပ်ချထားလိုက်တယ်။မင်းကိုနိုင်တို့လူထုလှုပ်ရှားမှု
တွေအစပြုလာတဲ့အခါသူတို့ကိုလဲဖမ်းထားလိုက်တယ်။နောက်ထပ်ဘယ်လောက်များ
တဲ့ခေါင်းဆောင်တွေထပ်တက်တက်နအဖကဖမ်းဖို့အဆင်သင့်ပြင်ထားမှာပဲ။
ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ဒေါ်အောင်ဆန်းစုကြည်အချုပ်အနှောင်ခံ
ထားရတဲ့အချိန်မှာဘာမှမလုပ်ပဲသူမလွတ်တဲ့အထိထိုင်စောင့်နေကြမှာလား။
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပါလို့တစာစာအော်နေယုံနဲ့နအဖက
သူတို့ကုလားထိုင်ကိုရိုက်ချိုးမယ့်သူတွေကိုလွှတ်ပေးမှာတဲ့လား။ဒေါ်အောင်ဆန်း
စုကြည်ချမှတ်ပေးခဲ့တဲ့အားလုံးလည်းလက်ခံတဲ့နိုင်ငံရေးလမ်းစဉ်တခုသာရှိခဲ့ရင်
ကျွန်တော်တို့တွေအဲဒီလမ်းစဉ်အပေါ်မှာညီညီညာညာနဲ့မလျှောက်နိုင်
ဘူးလားဆိုတာစဉ်းစားဖို့ကောင်းပါတယ်။
ဦးဝင်းတင်ထောင်ကမလွတ်ခင်ကတည်းက“စု လွှတ် တွေ့ နဲ့ ရံ သုံးရံ”
ကိုလမ်းစဉ်ကိုဖေါ်ထုတ်ခဲ့ပါတယ်။ကျွန်တော်တို့ဝန်းရံသင့်တာအဲဒီလမ်းစဉ်
အပေါ်ကိုပါ။ခေါင်းဆောင်တွေရှိရှိ မရှိရှိသူတို့ချပေးခဲ့တဲ့လမ်းစဉ်အပေါ်မှာ
အချင်းချင်းညီညွတ်စွာလျှောက်လှမ်းကြဖို့လိုတာပါ။
ပြီးခဲ့တဲ့အချိန်တုန်းကလုပ်ရပ်တွေအတွက်ဘယ်သူတွေမှာအပြစ်ရှိတယ်။ဘယ်သူ
တွေမှာတာဝန်ရှိတယ်ဆိုတဲ့ကိစ္စတွေအပေါ်မှာပဲစွဲစွဲမြဲမြဲနေချင်တယ်ဆိုတဲ့လူတွေကို
ကျွန်တော်တခုလောက်ပြောချင်ပါတယ်။စပြီးတက်လာကတည်းကရဟန်းရှင်လူ
ူပြည်သူလူထုတွေအပေါ်အမျိုးမျိုးသတ်ဖြတ်၊ဖမ်းဆီး၊ညှင်းပန်းနှိပ်စက်နေတဲ့နအဖ
တွေကိုကျတော့လက်သဲခြစ်ရာလေးတောင်ထင်အောင်တောင်မလုပ်နိုင်သေးဘူး
ဆိုတာပါ။ဘုံရန်သူကြီးကိုအရှေ့တည့်တည့်မှာထားပြီးကိုယ့်အချင်းချင်းပြောင်မြောက်
စွာတိုက်ခိုက်နေကြတာကိုကျွန်တော်ကတော့ဘယ်တော့မှလက်ခုပ်တီးပေးမှာမဟုတ်
ပါဘူး။

ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်

ဒီခေါင်းစဉ်လေးဟာကျွန်တော်တို့ပထမတန်းဖတ်စာမှာပါခဲ့တဲ့
“ဇွန်ပန်းရုံအနီး
လှည်းဘီးကျွံနေသည်။
ကူ၍တွန်းပေးကြပါ
လေးလွန်း၍မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
ဆိုတဲ့စာပိုဒ်ကလေးကယူထားတာပါ။
ကျွန်တော်တို့ရဲ့ဒီမိုကရေစီလှည်းဘီးကြီးလည်းစစ်အာဏာရှင်နွံ့ထဲမှာကျွံနေတုန်းပါ။
ဦးတည်ဘက်တဖက်ထဲကိုညီညီညာညာအားစိုက်လို့ပြိုင်တူဝိုင်းတွန်းလိုက်ကြဖို့လို
နေပါတယ်။
“စုလွတ်တွေ့နဲ့ရံသုံးရံ”ကိုသာကျွန်တော်တို့ညီညာစွာဝန်းရံလိုက်ရင်စစ်အာဏာရှင်နွံထဲ
နစ်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမုချလွတ်မြောက်နိုင်မယ်လို့အလေးအနက်ယုံကြည်
ကြောင်းတင်ပြလိုက်ရပါတယ်။
D-Wave

အတည်မပြုရသေးတဲ့ သတင်းတိုထွာ

ဖိုးဂျံ

အောက်တိုဘာ ၁၊ ၂၀၀၈

သတင်းကို အမြန်ရေး၊ ပြီးတော့ အမြန်အီးမေးနဲ့ ကပ်အင်ပေ့စ် လုပ်ရတယ်။ အဆင်ပြေက သုံးပါ။ လက်ရေး သည်းခံပါပေါ့ဗျာ။

(၁) စစ်ကြောရေးမှာ ကြားရသမျှ - ဖမ်းထားတဲ့သူတွေ ၂၀၀၇ စက်တင်ဘာကစလို့ အခု ၂၀၀၈ မေ အရေးအခင်းအထိ စစ်ကြောရေး ခဏခဏ ထုတ်တယ်။ မေးတယ်။ ပြီးတော့ သူတို့က ပြောသေးတယ်၊ သူတို့ အကုန်သိပြီးသား၊ သေချာအောင် ထပ်မေးတာတဲ့။ အမှုတွေမှာက စွဲချက်တွေက မပြီးစီးနိုင်သေး။ ပြက်လုံး တခုမှာ - အီးမေးကနေ ပြည်ပနဲ့ ဆက်သွယ်တယ်လို့ စစ်ကြောရေးက စွဲတယ်။ အဖမ်းခံထားရသူက အီးမေးသုံးတာမဟုတ်၊ ဂျီမေးပဲ သုံးဘူးတယ်လို့ ငြင်းတော့၊ မျက်စိလည်ပြီး အထက်ကို ပြန်တင်ပြနေတာ ၄၊ ၅၊ ၆ ရက် ကြာသွားတယ် … တဲ့။

(၂) တရားခွင်မှာ ကြားရသမျှ - အမှုစွဲတဲ့သူတွေက ရဲအရာရှိတွေဖြစ်ပါတယ်။ သူတို့က တရားလိုအဖြစ်နဲ့ပါ။ ပြီးတော့ တရားရုံးချိန်းကို ပျက်ကွက်တာလည်း သူတို့ပါပဲ။ မတရားဖမ်းဆီးခံရသူတွေက ထောင်ထဲက တရားရုံးကို မပျက်မကွက် လာရောက်ရပါတယ်။ အချုပ်အနှောင်တွေ ကြားထဲကတောင် သူတို့တရားခွင်တွေအရောက်လာရပေမယ့် ရဲအရာရှိတွေ၊ ဆွဲချတွေက မလာနိုင်လို့ အမှုတွေ ကြန့်ကြာရပါတယ်။ ပြီးတော့ စစ်အာဏာပိုင်တွေက ရာထူးတွေ အဆင့်ဆင့် တိုးပေးမယ်လို့လဲ မက်လုံးတွေ ပေးထားသေးသတဲ့။

(၃) စစ်တွေက ရဲရဲတောက် သံဃာတော်များ - စက်တင်ဘာ ၃၀ မှာလည်း စစ်အာဏာပိုင်တွေနဲ့ စစ်တွေက သပိတ်မှောက်သံဃာတွေကြား တင်းမာမှုတွေ ဆက်ရှိနေဆဲ။ ကိုလိုနီခေတ် သံဃာအာဇာနည် ဦးဥတ္တမရဲ့ ခြေရာကို နင်းကြသူ သံဃာတွေအဖြစ် လူထုက အားပေးထောက်ခံနေကြတာကြောင့် ဦးဥတ္တမရဲ့ သမိုင်းအထောက်အထားတွေကို ဖျောက်ဖျက်ပစ်ရမယ်လို့ စစ်အာဏာပိုင်တွေက ဆောင်ရွက်နေကြောင်း ကြားရ။ ဒီတခါ လာတဲ့ တဘောင်က (ကောလဟာလ ဆိုဆို) “ပုစဉ်း ကောင်းကင်ယံ ပျံတက်၊ မင်းဆိုး ပျက်” ဆိုပဲ။ ဦးပဇင်းတွေ ချီတက်လာတာ မမြင်ရခင်မှာ ပုစဉ်းတွေလည်း ကျိုင်းကောင်တွေ ကျသလို ကျလေမှာလား ပြောနေကြကြောင်းပါ။

(၄) ဦးဝင်းတင်သတင်းကို သတင်းစာထက်ပို မပြောရ၊ မဖော်ပြရ - ဦးဝင်းတင် လွတ်မြောက်လာတဲ့သတင်းကို ဂျာနယ်များတွင် ဖော်ပြတဲ့နေရာမှာ မြန်မာ့သတင်းစာက ဖော်ပြတာထက် ပိုပိုသာသာ ဖော်ပြရင် အရေးယူဖို့ နေပြည်တော်က ညွန်ကြားချက်ထုတ်ထားတယ် ဆိုပါတယ်။ ဘယ်သူတွေ အရေးယူခံရမယ်ဆိုတာ နောက်တော့ ပြောပါ့မယ်။

(၅) အစိုးရက မီဒီယာကို ဘာနဲ့ တိုက်မှာလဲ - အတည်မပြုရသေးတဲ့ သတင်းတွေအဆိုအရ ပြည်ပက ၀က်ဆိုက်တွေကို ကောလဟာလတွေ၊ သတင်းမှားတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ သတင်းစာ ဆောင်းပါးတွေ၊ အီးမေးတွေ၊ စစ်တပ်အလိုတော်ရိ ဘလောက်တွေ၊ စီဘောက်စ်တွေနဲ့ တိုက်နေတယ်လို့ ပြည်တွင်းက ကြားနေရပါတယ်။ အခု ဟက်ကာတွေနဲ့ပါ တိုက်နေတယ် ဆိုလား။

(၆) ကျောက်မြောင်းက အင်တာနက်ကဖေးကို ရှောင်တခင် စစ်ဆေး - “ဟိတ် ကီးဘုတ်ပေါ်က မင်းတို့လက်တွေ ချထားလိုက်” ဆိုပြီး စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုလို အော်ပြီး စစ်အစိုးရရဲ့ လူတွေက ၀င်စစ်ခဲ့ပါတယ်။ ကွန်ပျူတာ မျက်နှာပေါ်က သွားလက်စ တန်းလန်း ၀က်ဆိုက်များကို လိုက်လံ စစ်ဆေးတယ်လို့ ဆိုပါတယ်။ ဆိုင်က ၀န်ထမ်းတွေကတော့ စားသုံးသူတွေအတွက် မျက်နှာပူကြရတယ်လို့ ပြောပါတယ်။

သတင်းတွေကို အတည်မပြုနိုင်သေးပါ။ အတည်မပြုနိုင်တဲ့ သတင်းများပေါ့ဗျာ။ အချိန်ကလည်း မရှိ၊ အင်တာနက်ကလည်း နှေး၊ နောက်စေ့နဲ့လည်း ကျောဖက်ကလူကို ချောင်းကြည့်လို့မရ။ ဓာတ်ပုံရိုက်ရင် လိုက်ဖမ်းတယ်ကြားတော့ ဆိုင်ကိုလာရတာ လူရယ် လက်ရယ်ပဲ လာနိုင်တယ်။

ရွှေပြည်သာကြံ့ဖွံ့ရုံး ဗုံးခွဲမှု ဦးမြင့်အေးထံမှ ရဲက အဓမ္မ ဖြောင့်ချက်ရယူ

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို ရွှေပြည်သာကြံ့ဖွံ့ရုံး ဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲက ဖိအားပေးကာ အဓမ္မလက်မှတ်ထိုးခိုင်းခဲ့သဖြင့် ဦးမြင့်အေးက ၀န်ခံ ဖြောင့်ချက် ပေးခဲ့ရသည်ဟု HRDP အဖွဲ့က ပြောသည်။

ဗုံးကွဲမှုနှင့်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ဦးမြင့်အေးကို ရဲက စစ်ကြောရေး၌ (၇) နေ့၊ (၇) ညတိုင် ဆက်တိုက် စစ်ကြောမေးမြန်းခဲ့ပြီး ၎င်းနှင့်အမှုတွဲ ကိုရန်ရွှေ၊ ကိုမျိုးမင်း၊ ကိုသန်းဇော်မြင့်တို့အား ညှဉ်းပန်းနှိပ်စက်ပြကာ ရဲက ဦးမြင့်အေးထံမှ ဖြောင့်ချက်ရယူခဲ့ကြောင်း ယမန်နေ့က မြောက်ပိုင်းခရိုင်တရားရုံး၌ ဦးမြင့်အေးအား တွေ့ဆုံခဲ့သူ HRDP အဖွဲ့ဝင် ဦးမောင်မောင်လေးက ပြောသည်။

၎င်းက “ရိုက်နှက်စစ်ဆေးနေတာတွေကို ဦးမြင့်အေးကို ခေါ်ပြတယ်။ ခေါ်ပြပြီးတော့ သူတို့လိုချင်တဲ့ ထွက်ချက်အပေါ်မှာ ဦးမြင့်အေးကို လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအခါမှာ ဦးမြင့်အေးက သူ့ HRDP တွေနဲ့ တခြားပုဂ္ဂိုလ်တွေ မြင်မကောင်း၊ ရှုမကောင်းလောက်အောင် ရိုက်နှက်စစ်ဆေးခံနေရတဲ့ အခြေအနေကနေ သက်သာသွားရင်ပြီးရောကွာ၊ ကျန်တာတွေ တရားရုံးကျမှပဲ ရှင်းကြတာပေါ့ဆိုပြီး စာရွက် (၉) ရွက်ပေါ်မှာ ဦးမြင့်အေးက လက်မှတ်ရေးထိုးပေးလိုက်ရတယ်လို့ မနေ့က ကျနော့်ကို ပြောပြလို့သိရပါတယ်။ သူတို့လိုချင်တဲ့ ထွက်ချက်တွေကို ဦးမြင့်အေးက သူ့လက်ရေးနဲ့ ကိုယ်တိုင် ရေးပေးရတယ်။ ရေးပေးပြီးတော့ အဲဒီအပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်” ဟု ပြောသည်။

ဦးမြင့်အေးက ရဲထံ ဖြောင့်ချက်ပေးရာတွင် ဗုံးဖောက်ခွဲမှု၌ ပါဝင်ပတ်သက်ကြောင်း တိုက်ရိုက်ဝန်ခံထားခြင်းမရှိကြောင်း၊ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး အလှူငွေများ မည်သည့်နေရာမှရ ရှိခဲ့ကြောင်းနှင့် တရုတ်နယ်စပ် ကျယ်ဂေါင်သို့ သွားခဲ့ ကြောင်းတို့ကိုသာ ၀န်ခံလက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး ရဲထံပေးခဲ့သည့်ဖြောင့်ချက်သည် ဥပဒေအရ တရားရုံး၌ သက်သေခံ မ၀င်ကြောင်း ဦးမြင့်အေး၏ အမှုလိုက်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ဦးမြင့်အေးအား မြောက်ပိုင်းခရိုင်တရားရုံး၌ ဗုံးပေါက်ကွဲမှုကို အကူအညီပေးသည်ဟု စွပ်စွဲကာ ပေါက်ကွဲစေတတ်သော အရာဝတ္ထုများ အက်ဥပဒေ ပုဒ်မ (၆) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ယင်းပြစ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်း သို့မဟုတ် ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

ဦးမြင့်အေး၏အမှုကို တရားခွင်၌ ပြန်လှန်မေးခွန်းများထုတ်၍ ဦးမြင့်အေးလွတ်မြောက်ရေး ဆက်ကြိုးပမ်းမည်ဟု ၎င်း၏ ရှေ့နေက ပြောသည်။ ဦးမြင့်အေးသည် ရွှေပြည်သာတရားရုံး၌လည်း တရားမ၀င်အဖွဲ့ အစည်းနှင့် ဆက်သွယ်မှု၊ တရား မ၀င်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့်လည်း တရားစွဲခံထားရသည်။

ယခုကဲ့သို့ ရဲက အဓမ္မဖိအားပေးကာ ဖြောင့်ချက်ရယူခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း HRDP အဖွဲ့မှ ဦးမောင်မောင်လေးက “ဖမ်းဆီးထိန်းသိမ်းထားတဲ့လူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကြောမှုတွေ၊ အဓမ္မ၀န်ခံ ခိုင်းတာတွေ၊ အဓမ္မဖိအားပေးတာတွေမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးကို လူ့အခွင့်အရေး ချိုးဖောက် မှုတွေရှိခဲ့တယ်။ လူတယောက်ကို (၇) ရက်ဆက်တိုက် နေ့မအိပ်ရ၊ ညမအိပ်ရလောက်အောင် ဆက်တိုက်မေးမြန်းတာ။ အစာမကျွေးတဲ့ကိစ္စ၊ ရေမတိုက်တဲ့ကိစ္စ၊ စစ်ကြောရေးစခန်းတွေမှာ ဒီလိုညှဉ်းပန်း နှိပ်စက်မှုတွေဟာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး အပိုဒ် (၇) အရ နိုင်ငံတကာ ရာဇ၀တ်မှုတွေ မြောက်နေပါတယ်” ဟု ပြောသည်။

ဇူလိုင် (၁) ရက် ရွှေပြည်သာကြံ့ဖွံ့ရုံးကို ဗုံးဖောက်ခွဲမှုကျူးလွန်ခဲ့သူများသည် ထန်းတပင် အန်အယ်လ်ဒီလူငယ် ရန်ရွှေ နှင့် ရွှေပြည်သာ အန်အယ်လ်ဒီ ဇော်ဇော်အောင်တို့ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရန် ပြည်ပမှ အဓိကစီမံဆောင်ရွက်ပေးသူမှာ FDB ကိုကျော်ထက်ဖြစ်ပြီး ဗုံးပေးသူနှင့် ငွေကြေးတဆင့်ခံ ထောက်ပံ့ပေးသူမှာ ဦးမြင့်အေးဖြစ်သည်ဟု စက်တင်ဘာ (၇) ရက် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက စွပ်စွဲခဲ့သည်။

ထိုဗုံးဖေါက်ခွဲမှုနှင့်ပါတ်သက်ပြီးစွမ်းအားမြင့်စစ်သည်တော်များအဖွဲ့က၄င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း

ကြေညာချက်တစောင်ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်။

ပျောက်ဆုံးနေသည့် မကွေးတိုင်း အဖွဲ့ချုပ်လူငယ်တာဝန်ခံကို တွေ့ပြီ

ကိုသက် | အောက်တိုဘာ ၂၊ ၂၀၀၈

အဖမ်းခံထားရသည်မှာ တလရှိပြီဖြစ်ပြီး စစ်ကြောရေးစခန်းတွင် သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် မကွေးတိုင်း အဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုအောင်မိုးလွင်ကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းရဲစခန်းတွင် တွေ့ခဲ့သည်ဟု မကွေးတိုင်း နတ်မောက်မြို့မှ ရန်ကုန်သို့လိုက်လာသည့် ဖခင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။


နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုအောင်မိုးလွင် (ဓာတ်ပုံ - ဧရာဝတီ)

“စမ်းချောင်းရဲစခန်းကိုသွားကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အောင်မိုးလွင်ပါလာတဲ့ရဲကားက စခန်းထဲဝင်လာတာ တွေ့တယ်။ အသက်သေသွားတာထက်စာရင် အခုလိုပြန်တွေ့ရတာကိုပဲ အတော့်ကို ၀မ်းသာပါတယ်။ နည်းနည်းတော့ စကားပြောလိုက်ရပါတယ်။ အောင်မိုးလွင်လဲ အံ့သြသွားပြီး ဘယ်လိုသိလို့ လိုက်လာသလဲ မေးတယ်ခင်ဗျ” ဟု ဦးသိန်းအောင်က ပြောသည်။

ကိုအောင်မိုးလွင်သည် စက်တင်ဘာလ ၂ ရက်နေ့က ယုဇနပလာဇာအရှေ့တွင် အဖမ်းခံရပြီး ရန်ကုန်တိုင်းရဲရုံး၌ ထိန်းသိမ်း ထားခြင်းကို ခံခဲ့ရသည်။ ရဲရုံး၌အဖမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှုများကိုလည်း ခံခဲ့ရပြီး ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံး ဗုံးပေါက်ကွဲမှုနှင့် အမှုတွဲထားကြောင်း သိရသည်။

ကိုအောင်မိုးလွင်ကို စမ်းချောင်းရဲစခန်းတွင် မှတ်ချက်ယူပြီး ကမာရွတ်စခန်းသို့ ဆက်လက်ပို့ဆောင်မည်ဟု ဦးသိန်းအောင် အား လိုက်လံကူညီနေသည့် မကွေးတိုင်း မြို့သစ်မြို့နယ် အန်အယ်လ်ဒီ လူငယ်တာဝန်ခံ ကိုဇော်မျိုးက ပြောသည်။

“အခုလို ဖမ်းချင်သလိုဖမ်းသွားပြီး ထားချင်ရာမှာထား၊ နှိပ်စက်ချင်သလို နှိပ်စက်တဲ့ အပြုအမူကိုတော့ ခံပြင်းတာပေါ့ဗျ။ မနေ့က ရန်ကုန်တိုင်းရဲရုံးမှာ အခန်းတိုင်းကိုဝင်မေးတော့ မသိဘူး၊ မရှိဘူးလို့ချည်း ပြောလွှတ်တယ်ဗျာ။ သူတို့က မသိဘူး ပြောလေ ပိုစိုးရိမ်လေ ဖြစ်ရတာပေါ့။ ကျနော်တို့က သေသွားတယ်ဆိုလည်း မိသားစုအနေနဲ့ ကောင်းမှုကုသိုလ်ပြုလုပ်ဖို့ အခွင့်အရေးများရှိမလားဆိုတဲ့အသိနဲ့ လိုက်စုံစမ်းတာပါ” ဟု ကိုဇော်မျိုးက ပြောသည်။

ယမန်နေ့က ကိုအောင်မိုးလွင်၏ ဖခင် ဦးသိန်းအောင်သည် ကိုဇော်မျိုးနှင့်အတူ ရန်ကုန်တိုင်း ရဲရုံးနှင့် အင်းစိန်ထောင်သို့ သွားရောက်စုံစမ်းခဲ့သော်လည်း ၎င်းဌာနများက မသိ၊ မရှိကြောင်းသာ ပြောဆိုသဖြင့် စိတ်လျှော့ကာ ပြန်ခဲ့ရသည်ဟု ဦးသိန်းအောင်က ပြောသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ရဲရုံးသို့ ထပ်မံသွားရောက်စုံစမ်းရာ ၎င်းဌာနက ယမန်နေ့ကပြောဆိုသည့်အတိုင်း ပြောဆိုခဲ့ သည်ဟုလည်း ဦးသိန်းအောင်က ပြောသည်။

ကိုအောင်မိုးလွင်သည် မကွေးတိုင်း နတ်မောက်မြို့မှ ရန်ကုန်သို့ လာရောက်လှုပ်ရှားနေသော တက်ကြွသည့် အန်အယ်လ်ဒီ ပါတီဝင်တဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

၂၀၀၇ ခု စက်တင်ဘာ ၂၆ ရက်နေ့ည မဂ္ဂင်ကျောင်းတိုက်ကို လက်နက်ကိုင်တပ်ဖွဲ့များ ၀င်ရောက်စီးနင်းချိန်က ၎င်းကျောင်း အတွင်း၌ရှိနေပြီး အိပ်ခ်ျအိုင်ဗီ လူနာဟန်ဆောင်ခဲ့သောကြောင့် ဖမ်းဆီးခြင်းမှ လွတ်မြောက်ခဲ့သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း၌ မုန်တိုင်းဒဏ်ခံရသည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

Karen Group Opposes Salween River Dams

The Burmese government’s plan to build two major hydropower dams—the Wai Gyi and Hat Gyi—on the Salween River in eastern Burma threatens the human rights of local residents and the biodiversity of the area, says an environmental organization.

According to the report “Khoe Kay: Biodiversity in Peril” released by the Thailand-based Karen Environmental and Social Action Network (KESAN) on Monday, more than 40 rare seeds and animal species in the Salween River watershed are likely to vanish if the Burmese government completes construction of the hydropower dams.

Ko Shwe, a spokesperson for KASEN, said, “According to our research, we found about 394 different species. Among them, there are 8 endemic species including plants and animals. If the dam is completed, these species will be totally vanished.”

The report urged the government to conduct a professional environmental assessment as well as an environmental impact study before construction work begins on the hydropower dams.

The Wai Gyi and Hat Gyi dams are both located in Karen National Union controlled areas.

Meanwhile, Saw Nay, the director of Karen River Watch, said the Hat Gyi dam on the lower Salween River threatened several thousands of residents as well as wildlife.

According to its research, about 5,000 reside in more than 20 villages in the upper Hat Gyi dam area will be forced to relocate if the dam is completed, he said. He said human rights abuses such as forced labor, forced relocation, the disappearance of culture heritage as well as environmental damage including disforestation and flooding are likely to occur.

The Hat Gyi dam, the first to be built, is designed to power a 600-megawatt turbine. The project is expected to be complete by 2010.

The Hat Gyi dam project has drawn strong protests from nongovernmental organizations concerned about the potential environmental impact and the dam’s effect on the livelihood of villagers.

Veteran NLD MP Arrested အဖွဲ့ချုပ် လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင် အဖမ်းခံရ

Ohn Kyaing, a veteran Burmese journalist and elected MP who has already spent almost 15 years in prison for political activity, was arrested by the Special Intelligence Police Unit at 10 p.m. On Wednesday night at his home in Rangoon, according to a National League for Democracy (NLD) spokesman.

Ohn Kyaing, 64, is also the chairman of the NLD Cyclone Relief Committee and a member of the party’s organizing committee in Mandalay.

Ohn Kyaing (Photo: AAPP)
“We knew he was involved in cyclone relief activities,” said Nyan Win, a spokesman for the NLD. “But we don’t know why he was arrested.”

According to the NLD spokesman, Ohn Kyaing became actively involved in relief efforts for survivors of Cyclone Nargis, which swept the Irrawaddy delta on May 2-3, destroying homes and villages, and killing at least 134,000 people.

Ohn Kyaing graduated in journalism in 1972 and worked as the assistant editor then editor of Kyehmom (“The Mirror”), followed by positions at national newspapers Hanthawaddy and Botathang. He wrote under different pen names, such as Maung Chit Phwe, Aung Wint and Aung Tint.

Standing for the NLD in Mandalay in the 1990 election, Ohn Kyaing won a parliamentary seat in the party’s landslide victory. However, the Burmese military regime refused to recognize the result of the election.

Ohn Kyaing was imprisoned in September 1990 and sentenced to 17 years imprisonment for “writing and distributing seditious pamphlets and threatening state security.”

He was released on January 3, 2005, from Toungoo prison.

The Burmese military authorities have recently arrested several well-known social activists who were involved in relief efforts after Cyclone Nargis, including comedian Zarganar, journalist Zaw Thet Htwe and the chief editor of the Myanmar Tribune weekly journal, Aung Kyaw San.

အဖွဲ့ချုပ် လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင် အဖမ်းခံရ
အန်အယ်လ်ဒီ၏ လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကို ယနေ့နံနက် ၂ နာရီခန့်တွင် ရဲအထူးသတင်း တပ်ဖွဲ့က နေအိမ်မှဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုသည်။

ရဲအထူးသတင်းတပ်ဖွဲ့က ဦးအုန်းကြိုင်၏နေအိမ်ကို ယမန်နေ့ည ၁၀ နာရီခန့်မှ စတင်ရှာဖွေကာ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီး သွားသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိသေးဘူး … လက်ကိုင်ဖုန်းကိုလည်း သိမ်းသွားတယ်။ ကျနော်တို့မျက်စိထဲမှာတော့ ထူးထူးခြားခြားလုပ်တာ မတွေ့ဘူး။ သူက (ဦးအုန်းကြိုင်) ရေဘေးကယ်ဆယ်ရေး ဥက္ကဌ လုပ်တယ်။ ဒါလဲ တော်တော် အောင်အောင်မြင်မြင် လုပ်နိုင်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးအုန်းကြိုင်သည် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် ရန်ကုန်တိုင်းအတွင်း လှည့်လည်၍ ကူညီရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

ဦးအုန်းကြိုင်သည် အန်အယ်လ်ဒီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်ပြီး မန္တလေး အရှေ့တောင် အမှတ် (၂) မြို့နယ်မှ အနိုင်ရရှိခဲ့သည်။

စစ်အစိုးရက ဦးအုန်းကြိုင်ကို ၁၉၉၀ ခုနှစ်မှစ၍ ၂၀၀၅ ခုနှစ်အထိ ၁၅ နှစ်ကြာ ဖမ်းဆီးအကျဉ်းချခဲ့ဖူးသည်။

အသက် ၆၄ နှစ် ရှိပြီဖြစ်သည့် ဦးအုန်းကြိုင်သည် ထင်ရှားသည့် သတင်းစာဆရာတဦးလည်းဖြစ်ပြီး ကြေးမုံ၊ ဟံသာဝတီနှင့် ဗိုလ်တထောင်သတင်းစာတို့တွင် အယ်ဒီတာနှင့် လက်ထောက်အယ်ဒီတာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဦးအုန်းကြိုင်သည် မောင်ချစ်ဖွယ်၊ အောင်ဝင့်၊ မောင်တင့် စသည့် ကလောင်အမည်များဖြင့်လည်း စာပေများ ရေးသား ခဲ့သည်။

ထိန်းသိမ်းခံနေရစဉ် အန်အယ်လ်ဒီလူငယ် တစ်ဦးသေဆုံးဟုသတင်းထွက်

မကွေးတိုင်း နတ်မောက်မြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မိုးလွင် မကြာသေးခင်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်၊ သူ့အခြေအနေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရပဲ ဖြစ်နေချိန်မှာပဲ အခုလို သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ကိုအောင်မိုးလွင် စတင် ဖမ်းဆီးခံရစဉ် ကာလကစလို့ မိသားစုအပါအ၀င် ပြင်ပက လူတွေနဲ့ တွေ့ခွင့်မရပဲ ရှိနေရာက အခုနောက်ဆုံး အာဏာပိုင်လို့ ယူဆရသူတွေက နတ်မောက်မြို့မှာရှိတဲ့ မိသားစုကို တယ်လီဖုန်းကတဆင့် အကြောင်းကြားတာတွေ ရှိခဲ့လို့ အခုဆိုရင် စိုးရိမ်တကြီး လိုက်လံ စုံစမ်းမေးမြန်းမှုတွေ လုပ်ပေမယ့်လည်း အာဏာပိုင်တွေဖက်က တိတိကျကျ အဖြေမရခဲ့ဘူးလို့လည်း ဖခင်ဖြစ်သူ ဦးသိန်းအောင် က ပြောပြပါတယ်။

“အဘတို့ ကြားသိရတာကတော့ ၁၅ရက်လောက်ရှိသွားပြီ။ သေဆုံးပြီလို့ သိရတာကတော့ ၅ရက်လောက်ပဲ ရှိပါသေးတယ်။ အမည်မသိ လူတယောက်ကနေပြီး သားဆီကို ဖုန်းလှမ်းဆက်လို့ သေဆုံးသွားတယ်လို့ သိရတာ။ ရန်ကန်တိုင်း ရဲတပ်ဖွဲ့ရုံးလဲ ရောက်ပါတယ်။ အင်းစိန်ထောင်လဲ ရောက်ပါတယ်။ မသိဘူး၊ မရှိဘူးလို့ပဲ ဖြေပါတယ်။ စုံစမ်းမရပါဘူး။ အင်းစိန်ထောင် ရုံးထုတ်တဲ့ လူတွေက ရန်ကုန် ရဲတပ်ဖွဲ့ရုံးမယ် ရှိတယ်လို့ အခိုင်အမာပြောပါတယ်။ ဒါပေမယ့် မရှိပါဘူး၊ မသိပါဘူး ဖြေလွှတ်ပါတယ်။ အဘတို့ စိတ်ထဲမှာတော့ တော်တော်လေး စိုးရိမ် ကြောင့်ကြမှုတွေ ကြီးနေပါတယ်။ ကိုယ်သားသမီး ဖြစ်နေတော့ အဘတို့မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါတယ်။ ဆက်ပြီးတော့ပဲ စုံစမ်းမေးမြန်းနေရပါတယ်။ သက်ဆိုင်ရာကိုလည်း စာတင်ဖို့ လုပ်နေပါတယ်။”

တကယ်တော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်တဲ့ ကာလ အတွင်းမှာ မိသားစုအပါအ၀င် ပြင်ပက လူတွေနဲ့ တွေ့ဆုံခွင့် ပေးလေ့မရှိတဲ့အတွက် ဒီလို သတင်းတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ သိနိုင်ခွင့်တော့ မရှိပါဘူး။ ဒါပေမယ့်လို့ ဒီလို စစ်ရင်းဆေးရင်း၊ ဖမ်းဆီးထောင်ချထားရင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သေဆုံးခဲ့ရတဲ့ အဖြစ်တွေကတော့ အရင့်အရင်တုန်းကလည်း ရှိခဲ့ဘူးပါတယ်။

ဒီမိုကရေစီရေး တောင်းဆို အုံကြွခဲ့တဲ့ ၁၉၈၈ ခုနှစ်ကကာလကစလို့ အခုအချိန်အထိ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေထဲက စစ်ကြောရေးမှာ သေဆုံးသူ အနည်းဆုံး (၁၀) အပါအ၀င် စုစုပေါင်း သေဆုံးသူ အနည်းဆုံး (၁၃၇) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

တောင်ကုတ်တွင် လုံခြုံရေး ဆက်လက် တင်းကျပ်ထားဆဲ

လုံခြုံရေး ယူထားသူများ ရိက္ခာမလုံလောက်သဖြင့် လူထုထံမှ တောင်းရမ်း စားသောက်နေ

10/1/2008

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွက် ဆန္ဒပြပွဲများ ဆက်လက် ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးကို အထူး ထင်းကျပ်ထားဆဲ ဖြစ်သည်။

အမည်မဖေါ်လိုသူ ဒီမိုကရေစီ အရေး လှုပ်ရှား သူတဦးက “တောင်ကုတ်မြို့ပေါ်က ဒေသခံ ရဲတွေတော့ မဟုတ်ပါဘူး။ သံတွဲတို့ မအီတို့ဘက်က လာတဲ့ ရဲတပ်သား ၅၀ လောက်နဲ့ လုံခြုံရေးကို တင်းကျပ်ထားတာပါ။ တချို့လမ်းဆုံ လမ်းခွတွေမှာဆိုရင် သံဆူးကြိုးတွေကို ခုချိန်ထိ ကာရံထားတဲ့အတွက် လမ်းသွားလမ်းလာတွေ ဒုက္ခ ဖြစ်နေကြရပါတယ်။” ဟုပြောသည်။

၎င်းပြင် အဆိုပါ ရဲတပ်သားများမှာ ရိက္ခာမလုံလောက်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဈေးဆိုင်များမှ ငွေများ အတင်းကောက်ခံပြီး စားသောက်ရေး ကိစ္စကို ဖြေရှင်းနေကြရကြောင်း သူက ပြောသည်။

“သူတို့အတွက် အထက်အာဏာပိုင်တွေက ရိက္ခာတွေကို စီစဉ်ပေးတာမရှိတာကြောင့် မြို့ပေါ်က ဈေးဆိုင်တွေ၊ စီးပွားရေးသမားတွေဆီက ငွေတွေကို အတင်းကောက်ခံပြီး သူတို့ရဲ့ စားရေး သောက်ရေးကို ဖြေရှင်းနေတာကို တွေ့ရပါတယ်။ လူထုတွေက သူတို့အတွက် ၀န်ထုပ် ၀န်ပိုးတွေ ဖြစ်နေကြရပါတယ်။”

တောင်ကုတ်မြို့တွင် ဒီမိုကရေစီ အရေး တက်ကြွစွာ လှုပ်ရှားနေသည့် လူငယ် တဒါဇင်ကျော်အား အာဏာပိုင်များက ဖမ်းဆီး ထောင်ချထားပြီး ဖြစ်သော်လည်း ဆက်လက်ပြီး လုံခြုံရေးကို တိုးမြှင့်ချထားသဖြင့် လူထု အတွင်း နားမလည်အောင် ဖြစ်နေကြောင်း သူက ပြောသည်။

တောင်ကုတ်မြို့မှာ ရခိုင်ပြည်နယ်အတွင်း ဒီမိုကရေစီရရှိရေးအတွက် တက်ကြွစွာလှုပ်ရှားနေသော မြို့တမြို့ ဖြစ်သဖြင့် အာဏာပိုင်များဘက်က လုံခြုံရေးကို တိုးမြှင့် ချထားပြီး အခြေအနေကို မျက်ခြေ မပြတ်စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။