5.13.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း


UN Secretary-General Ban Ki-moon (file photo)

တင်းမာနေသော ထိုင်းနိုင်ငံရေး အခြေအနေကြောင့် Cbox တွေလဲ ပိတ်ဆို့ခံရ
ထိုင်းအစိုးရဝန်ကြီးချုပ် မစ္စတာ အဘီဆစ်က လာမည့်နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဆိုသည့် ကမ်းလှမ်းချက်အပေါ် အနီဝတ် ဆန္ဒပြသူများက လက်ခံခဲ့သော်လည်း လူစုမခွဲပဲ ဒုတိယ ဝန်ကြီးချုပ်ကို အရေးယူပေးရန် ထပ်မံ၍တောင်းဆိုချက်များကြောင့် ထိုင်းနိုင်ငံရေး ပြန်လည် တင်းမာလာ ခဲ့ပြီး နောက် ယနေ့ညနေပိုင်းတွင် နောက်ဆုံးလူစုခွဲရန် ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားခဲ့ပါသည်။ 
ယနေ့ညပိုင်း သတင်းများအရ အနီဝတ်များစခန်းချနေသည့် ချနေသည့်နေရာများကို ထိုင်စစ်တပ်များက ဝိုင်းထားခဲ့သည့်နောက်ပိုင်းတွင် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု သတင်းဌာနများက ကြေငြာခဲ့ပါသည်။ အနီဝတ်များကို ထောက်ခံသူနှင့် ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ကတ်ထိယခေါ် စီဒါန်းဟု အနီဝတ် များက ခေါ်ဆိုသူသည် ခေါင်းတွင် သေနတ် ထိမှန်ပြီး ဆေးရုံသို့ ရောက်ရှိလာခဲ့သလို နောက်ထပ် လူနှစ် ဆယ်ဦးကျော်ခန့် ဆေးရုံများသို့ ရောက်ရှိ လာခဲ့သည်ဟု သတင်းများက ဆိုပါသည်။
ထူးခြားချက်တခုမှာ ထိုင်းနိုင်ငံရှိ ဝက်ဆိုက်များ၏ Cbox များကို အဘန်းခံထားရခြင်း ဖြစ်ပါသည်။ လူကြည့် အများဆုံး ဘလော့တခု ဖြစ်သော ဒေါက်တာလွဏ်းဆွေ၏  ဘလော့ အပါအဝင် ကျွန်တော်တို့ ဘလော့များ ၏ Cbox များ၏ နေရာတွင် ထိုင်းစာတမ်းများကိုသာ တွေ့ရပြီး Cbox ကို ဖတ်ရှုမရကြောင်း ဘလော့ဖတ် သူများက ပြောကြပါသည်။
  1. Seh Daeng seriously wounded

    Maj-Gen Khattiya Sawasdipol, better known as Seh Daeng, was shot in the right temple and seriously wounded during a meless near Sala Daeng intersection on Thursday night. (Reuters photo)
မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်တွေ လက်ခံဖို့ ကုလ တိုက်တွန်း
 audio clip
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ဖိတ်ကြားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Begnino Noynoy Aquino is set to become the next president of the Philippines following last Monday elections, 11 May 2010 -AP
April. 25, 2010, Myanmar villagers line up to fetch water from a lake in Dedaye in Cyclone Nargis-hit Myanmar Ayeyawady Delta-AP
ဗိုလ်ချုပ်မှူးကြီးကို စွဲတဲ့ ဒေါ်စုအမှုကိစ္စ နေပြည်တော်ကို ချောစာပို့  Audio Clip Available
EU ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားဖို့ပြင်  Audio Clip Available
ကွန်ဆာဗေးတစ် ခေါင်းဆောင် ဒေးဗစ် ကမ်မရွန်း ဗြိတိန် ၀န်ကြီးချုပ်သစ် တာဝန်ယူ  Audio Clip Available
စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ AI တောင်းဆို  Audio Clip Available
ကာ့တ် ကမ်းဘဲလ် ပြောကြားချက် ဆင်ဆာဖြတ်ခံရ

ကာ့တ် ကမ်းဘဲလ် ပြောကြားချက် ဆင်ဆာဖြတ်ခံရ

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၏ မြန်မာ့နိုင်ငံရေး ဆိုင်ရာ ပြောကြားချက်များကို စာနယ်ဇင်းများတွင် ဖော်ပြခြင်း မပြုရန် အာဏာပိုင်တို့က ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
AFC ဘောလုံး ပြိုင်ပွဲများလည်း အပူဒဏ် ခံနေရ

AFC ဘောလုံး ပြိုင်ပွဲများလည်း အပူဒဏ် ခံနေရ

ရန်ကုန်မြို့တွင် ကျင်းပနေသည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား AFC President's Cup ပြိုင်ပွဲကို ရာသီဥတု ပူပြင်းသည့် အတွက် ညပိုင်းအချိန်တွင် ပြောင်းလဲ ကျင်းပသင့် သည်ဟု

ပုဂ္ဂလိက စက်သုံးဆီ ဈေး မြင့်တက်

ပုဂ္ဂလိကသို့ မကြာသေးမီက လုပ်ကိုင်ခွင့် ပေးလိုက်သည့် နိုင်ငံတ၀န်းလုံးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီဈေးနှုန်းများ မြင့်တက်သွားသည်ဟု သိရသည်။

ဆန္ဒမဲ မပေးရန် NLD စည်းရုံး

ပြည်နယ်နှင့် တိုင်းတချို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အနေနှင့် ဆန္ဒမဲမပေးဘဲ နေခွင့်ရှိကြောင်း ဖြန့်ဝေ

နိုင်ငံတကာ စောင့်ကြည့်မှုမလိုဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌပြော

လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် စီစဉ်ထားသဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ

ထိုင်း ဗီဇာကြေး တနှစ် ကင်းလွတ်ခွင့်ပြုမည်

ထိုင်းနိုင်ငံ သံရုံးတွင် ခရီးသွား ဗီဇာ လျှောက်ထား သူများနှင့် ဆိုက်ရောက်ဗီဇာ လျှောက်ထား သူများအား ဗီဇာကြေး ကင်းလွတ်ခွင့် တနှစ် အထိ ခွင့်ပြုမည် ဖြစ်ကြောင်း ယခုလအတွင်း

ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ဖွယ်ရှိ

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အဖွဲ့ဝင် ၀န်ကြီးများသည် များမကြာမီ လက်ရှိ အစိုးရအဖွဲ့ဝင် ရာထူးမှ နုတ်ထွက် ဖွယ်ရှိ

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကမ်းဘဲလ် ထီးမိုး ဆွေးနွေးကြသလဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်း ဘဲလ်တို့ ယမန်နေ့က အဆောက်အဦး ပြင်ပတွင် တွေ့ဆုံ

ရွှေ့ပြောင်းကလေးငယ်များ အနုပညာပြပွဲ

ရွှေ့ပြောင်းကလေးငယ်များ အနုပညာပြပွဲ အင်္ဂလိပ်အက္ခရာ အယ်လ် ပုံသဏ္ဍာန်ခန်းမထဲတွင် ရေဆေး၊ ဆီဆေး၊ ရောင်စုံပန်းချီကားများ၊ လက်ဖြင့် ဖန်တီးထားသော အလှဆင် ပစ္စည်းများကို နံရံပေါ်တွင် ချိတ်ဆွဲထား၍တမျိုး၊ ခင်းကျင်းထား၍ တဖုံ ပြသထားသည်။ နေရာမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှ Lanna Cultural Museum တွင် ဖြစ်သည်။
ဆက်ဖတ်ရန် ...

အမှောင်တွင်းက အလင်းစက်

အမှောင်တွင်းက အလင်းစက် အိပ်မပျော်နိုင်သူ တဦးအဖို့ ညတာသည် ရှည်လျားမြဲ ဖြစ်တတ်ပါသည်။ မည်သူမဆို အိပ်မပျော်နိုင်ခဲ့သော ညများကို ဖြတ်သန်းဖူးကြမည်ဟု သူထင်ပါသည်။
ဆက်ဖတ်ရန် ...
lifeboat ဆိုတာကတော့ ဒီမိုကရေစီကို သယ်ဆောင်ဖို့အတွက် အဆင်သင့်မရှိတော့တဲ့အချိန်မှာ ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မယ့် သဘောပါ။ အန်အယ်လ်ဒီက မရှိတော့တဲ့အတွက် ...
ဂျာမနီနိုင်ငံ အာရှနှင့်ပစိဖိတ်ရေးရာညွှန်ချုပ် အန်အယ်လ်ဒီ စီအီးစီအဖွဲ့နှင့်တွေ့ဆုံ
ကရင်ပါတီများကို စစ်အာဏာရှင်ဒေါက်တိုင်များဟု ကေအန်ယူ ပြောကြား
ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေကြား ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့
Thu, 13/05/10 – 2:52 | No Comment | Related articles
မေလ ၁၃ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဂွင်တွင် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ဝင်တို့ ကြား ပစ်ခတ်မှုတခုဖြစ်ပွားမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။

လင်မယားနှစ်ဦးကို သိန်းရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့် အတူ ဖမ်းဆီး

၅၊၁၃၊၂၀၁၀
yaba-tablet ခိုင်ခိုင်စံ(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့ တွင် လင်မယားနှစ်ဦးကို သိန်းရာကျော် ကျော်ဖိုး ရှိသော ယာဘားဆေး ပြားများနှင့် အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။ အပြည့်အစုံသို့

ဘင်္ဂလာဒေခ်ျ့ သံအမတ် ရခိုင် လုပ်ငန်းရှင်များနှင့် စစ်တွေတွင် တွေ့ဆုံ

၅၊၁၂၊၂၀၁၀
Bangladesh-consellor-office မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ် Major-General Anup Kumar Chakma သည် မေလ ၁၀ ရက်နေ့က စစ်တွေသို့ ရောက်ရှိလာပြီး ရခိုင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားခဲ့သည်။ အပြည့်အစုံသို့

ငြိမ်းအဖွဲ့များ၏ စစ်ရေးကိစ္စများ အပေါ် နအဖ ကန့်သတ် တော့မည်လော

နအဖစစ်ရုံးချုပ်က နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ဖွဲ့စည်းရေး အာခံနေသည့် ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်ရေး ကိစ္စများနှင့် နယ်မြေအတွင်းသွားလာမှုများ အပေါ် ကန့်သတ်ရန်အတွက် လက်အောက်ခံ စစ်တိုင်းဋ္ဌာနချုပ်များသို့ ဧပြီလ ကုန်ပိုင်းက ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သျှမ်းဆရာတော်နှစ်ပါးအား ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်း တက္ကသိုလ် ဂုဏ်ထူးဆောင် Ph.D ဘွဲ့ချီးမြှင့်

သျှမ်းဆရာတော်နှစ်ပါးအား ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်း တက္ကသိုလ် ဂုဏ်ထူးဆောင် Ph.D ဘွဲ့ချီးမြှင့်သျှမ်းပြည်တောင်ပိုင်းဇာတိ ဆရာတော်နှစ်ပါးအား ထိုင်းနိုင်ငံ မဟာကျူးလားလုံးကွမ်း တက္ကသိုလ်မှ ဂုဏ်ထူးဆောင် Ph.D ဘွဲ့ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ချီးမြှင့်ဆက်ကပ် ခဲ့သည်ဟု တက္ကသိုလ်ကျောင်းသား သျှမ်းဦး ပဉ္စင်းတပါးက မိန့်တော်မူပါသည်။

ရာသီဥတုဖောက်ပြန် အင်းလေးကန်ကြီးမကြုံစဖူး သိသိသာသာခန်းခြောက်

ရာသီဥတုဖောက်ပြန် အင်းလေးကန်ကြီးမကြုံစဖူး သိသိသာသာခန်းခြောက်နိုင်ငံခြားသားအမြောက်အများ လာရောက်လည်ပတ်သည့် သျှမ်းပြည်တောင်ပိုင်းရှိ အင်းလေးကန်ကြီးသည်ရာသီဥတု ပူပြင်း/မိုးရွာသွန်းခြင်းမရှိသဖြင့် ယခုနှစ်အတွင်း ရေများသိသိသာသာ ကျဆင်းလာကြောင်း စုံစမ်းသိရှိရသည်။

ဝ နယ်ခြားတလျှောက် တပ်စခန်းများ လားရှိုးစစ်တိုင်းမှူးကွင်းဆင်းစစ်ဆေး

ဝ နယ်ခြားတလျှောက် တပ်စခန်းများ လားရှိုးစစ်တိုင်းမှူးကွင်းဆင်းစစ်ဆေးလားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့်အဖွဲ့  ၀ နယ် ခြား တလျှောက် ရှိ နအဖ တပ်စခန်းများအား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဆန်ဖရန်စစ္စကို မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၀ မြန်မာစစ်အစိုးရရွေးကောက်ပွဲ ကို ရှုတ်ချမှု အတည်ပြု
မိုးမခအထောက်တော် ၀၀၂
မေ ၁၃၊ ၂၀၁၀
ယမန်နေ့က ဆန်ဖရန်စစ္စကိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုချက်များ ချမှတ်ရာတွင် မြန်မာပြည်အရေးကိစ္စများကို အတည်ပြုဆုံးဖြတ်ခဲ့သည်။ အင်န်အယ်ဒီကို ထောက်ခံကြောင်း၊ ၂၀၁၀ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ရှုတ်ချကြောင်းနှင့် အမေရိကန်၊ ကုလသမဂ္ဂ၊ အခြားနိုင်ငံများကလည်း မြန်မာစစ်အစိုးရကို ၀ိုင်းဝန်းအရေးယူကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။
          ထိုနေ့တရက်တည်းတွင်ပင် အခြားအရေးကိစ္စများကို ဆုံးဖြတ်ခဲ့သည်။ အမေရိကန်၏ အာရီဇိုနားပြည်နယ်က တရားမ၀င်နေထိုင်သူများအား အရေးယူနိုင်ရန် မသင်္ကာသူမှန်သမျှကို မှတ်ပုံတင်တောင်း စစ်ခွင့်ကို ရဲများအား အာဏာပေးခဲ့ခြင်းကိုလည်း ကန့်ကွက်ကြောင်း၊ အာရီဇိုးနားပြည်နယ်ကို ဆန်ဖရန်စစ္စကိုမြို့အနေနဲ့ သပိတ်မှောက်ကြောင်းကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။
အပြည့်အစုံသို့ ...

ကာတွန်းစောငို - ဆင်ဖြူတော် နှင့် မျက်ကန်းစစ်ဗိုလ်ချုပ်များ
မေ ၁၃၊ ၂၀၁၀
ကာတွန်းဘီရုမာ - မျောက်သိန်းစိန်၏ နောက်ဆုံးနေ့များ
မေ ၁၂၊ ၂၀၁၀

 တရားဥပဒေ စိုးမိုးရေး 

မောင်စွမ်းရည်

မေ ၁၂၊ ၂၀၁၀
ကျနော်တို့ ဗမာပြည်မှာနေတုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားကို မကြာခဏကြားရပါတယ်။ တရားဥပဒေဖောက်ဖျက်ပြီး အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်တွေဟာ နှစ်ပေါင်း နှစ်ဆယ်လောက်ကြာအောင် ဗမာပြည်ကို တရားဥပဒေမဲ့ အုပ်စိုးနေကြပါတယ်။ အဲသလို တရားမဲ့သူတွေက ပြောတဲ့စကားပါ။
“စည်းကမ်းရှိတဲ့ ဒီမိုကရေစီ”လို့ တဖွဖွပြောနေကြတဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက အငြိမ်းစား (ပင်စင်) ယူရမယ့် အချိန်မှာ မယူဘဲ စည်းကမ်းမဲ့ အုပ်ချုပ်နေကြပါတယ်။ ဒီကြားထဲက ဗိုလ်ရွှေမန်းက “ဥပဒေအထက်က ဘာမှ မရှိဘူး” လို့ ကယောင်ကတန်း ထအော်ပြန်ပါသေးတယ်။ ဒါကလည်း ဥပဒေအထက်မှာ ဘယ်သူမှမရှိမှ သူတို့ စစ်ဗိုလ်ချုပ်တွေချည်း ကင်းကင်းရှင်းရှင်း တက်ထိုင်ဖို့ပြောဒါ နေမှာပါပဲလို့ ကောက်ချက်ချပြီး နေရပါတော့တယ်။
အပြည့်အစုံသို့ ...
မော်လမြိုင်မြို့ လုံခြုံရေး တင်းကျပ်လွန်း၍ ကျီးလန့်စာစား အခြေအနေဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၂၊ ၂၀၁၀  ကျိုက်မရောသို့ သွားသည့် လမ်း (ဓာတ်ပုံ - မိုးမခ)
  လက်နက်ကိုင် ငြိမ်း အဖွဲ့များ အားလုံး ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်များအဖြစ် အသွင် ပြောင်းကြရန် နအဖ အစိုးရက ရာဇသံ ပေးပြီးနောက် မော်လမြိုင်မြို့တွင် လုံခြုံရေး အခြေအနေ တင်းကြပ်နေသောကြောင့် မြို့နေလူထုမှာ ကျီးလန့်စာစား ဖြစ်နေသည်ဟု မော်လမြိုင်မှ လာသော သတင်းများအရသိရသည်။

အပြည့်အစုံသို့ ...
 

ကာတွန်း ဗဂျီးဆွဲ - ဖွတ်တောင်မှ ရိုးရိုး ဖွတ် မဟုတ် …
မေ ၁၂၊ ၂၀၁၀

ဝင်းယော်မှာ မိုးတွေသည်းနေပြီ …. ကိုငြိမ်း

News image
တန်ခူးနွေက ပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည် ...
မြန်မာလုပ်ငန်းရှင်များနှင့် ဘင်္ဂလားဒေ့ခ်ျသံအဖွဲ့ တွေ့ဆုံ
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကိစ္စအတွက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ခ်ျ သံအမတ် ...
ရေရှားပါးမှုကို အာဏာပိုင်များ လျစ်လျှူရှုဟု လူမှုအဖွဲ့များ အပြစ်တင်
losewaterssရာသီဥတု ပူပြင်းမှုကြောင့် ရေပြတ်လပ်နေသည့် ပြည်သူများအား ... ဒေါင်းယောင်ဆောင်သော ကျီးများဟု NDF ကို ဦးဝင်းတင် ပြောဆို
ပါတီမှခွဲထွက်သွားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဟောင်းများ အဖြစ် ပြောဆို ...
ရွှေကိန္နရီကား ယာဉ်တိုက်မှုဖြစ်၊ ၁၂ ဦး ဒဏ်ရာရ
လွိုင်ကော်-ရန်ကုန် ပြေးဆွဲသည့် ရွှေကိန္နရီကားလိုင်းမှ ခရီးသည်တင် ဘတ်စ်ကားသည် ရန်ကုန် ...





more





more





more





more





more





more





more





more





more





more





more

အမေရိကန်နှင့် တိုက်ရိုက်ဆက်ဆံရေးမှု တိုးတက်မှုမျှော်လင့်ကြောင်း စစ်အစိုးရပြော
2010 WICKED SHAMELESS ELECTION = NOTHING FOR THE PEOPLE OF BURMA

မြန်မာပြည်တွင် ရေပြဿနာ ပိုမိုကြီးမားလာ

ရန်ကုန်၊ မေ ၁၃။ 
နာဂစ်ဒေသများတွင် သောက်ရေပြတ်လတ်သည့် ပြဿနာများ ကြိးမားစွာ ကြုံတွေ့နေရသလို ရန်ကုန် ကဲ့သို့သော မြို့ကြီးများတွင်လည်း အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရပါသည်။ 
ရန်ကုန်မြို့ခံတဦးက ပြောပြရာတွင် ရန်ကုန်မြို့တွင်းရေပေးစနစ်သည် လုံးဝနီးပါး ရပ်ဆိုင်းနေပြီး ၊ ကိုယ်ပိုင် အဝိစိ တွင်းများဖြင့် ရေတင်သုံးသူများမှာလည်း လျှပ်စစ်မီး ရရှိမှု ပိုမို နည်းပါးလာခြင်းနှင့် မိးလာချိန်များ အတိအကျ မသိရခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောပါသည်။ 
“အဓိကကတော့ မီးပြဿနာပါ လျှပ်စစ်မီးက ပုံမှန် မရသလောက်ကို ဖြစ်နေတော့ ရေတင်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး ။ မီးလာတဲ့ အချိန်မှာ ရေစက်ပေါင်း မြောက်များစွာ အပြိုင်အဆိုင် တင်နေရတဲ့အခါ မီးအားကျတာ ၊ နောက် ဝန်မခံနိုင်လို့ မီးပြန်ပြတ်တာတွေ ဖြစ်လာရပါတယ်။ ဒါကြောင့် သုံးရေအတွက် အတော်အခက်အခဲ ဖြစ်နေရပါတယ်။ အခုကျွန်တော်တို့ ရေသန့်ဘူးတွေ ဝယ်ပြီး ရေချိုးနေရတယ်။ တတ်နိုင်သူတွေ ဝယ်ပြီး အဲဒီလို သုံးနေပေမယ့် မတတ်နိုင်သူတွေ အတွက်တော့ အခက်အခဲ တော်တော်ဖြစ်လိမ့်မယ်လို့ တွေးမိပါတယ်။ အဲဒီလို ရေသန့်တောင် ဝယ်ချင်လို့ အလွယ်ဝယ်မရတဲ့ နာဂစ် ဒေတွေလို ဒေသတွေက လူတွေအတွက် တော်တော်လဲ တွေးပူမိပါတယ်။ ချိုးဖို့ရေ မပြောနဲ့ သောက်ဖို့ရေတောင် မရှိဘူး ဆိုတော့ ဒါဟာ ကပ်ဆိုက်နေတာပါပဲ ။ ကျွန်တ်ာတို့ မြန်မာ စကားပုံမှာ ရေအသက် တမနက်လို့ ဆိုရိုးစကား ရှိပါတယ်။ ရေလှူတာဟာလဲ အသက်ကယ်တာပါပဲ ။ ကျွန်တော်တို့လဲ ကိုယ်တိုင်ခံစားရတော့ ပိုပြီး စာနာမိတယ်။ တတ်နိုင်သူတွေ ဝိုင်းပြီး ကူပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ” ဟု ပြောပြသွားခဲ့ပါသည်။ 
ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် သုံးရေပြဿနာကို ကိုယ်တိုင် ခံစားနေရသူ တဦးက သောက်ရေ အခက်အခဲကြုံနေရသည့် ဒေသများကို ကိုယ်ချင်းစာစိတ်ဖြင့် ပြောပြလာခြင်းဖြစ်ပါသည်။

အမေရိကန် သတင်းစာက မြန်မာစစ်အုပ်စုကို လုံခြုံရေးကောင်စီမှ အရေးယူသင့်ကြောင်း ရေးသား

Photobucket
ရန်ကုန်။ မေ ၁၂။
နေ့စဉ်ထုတ် အမေရိကန် သတင်းစာ တစောင်ဖြစ်သော “American News &Views” သတင်းစာက မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတွင် မနေ့က ထုတ်ပြန်ခဲ့သော အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာကမ်းဘဲလ်၏ ထုတ်ပြန်ကြေငြာချက်ကို စာမျက်နှာပြည့် ဖေါ်ပြခဲ့သလို မြန်မာစစ်အုပ်စုကို  မြောက်ကိုရီးယားကို သူ၏ ညူကလီးယား ထုတ်လုပ်မှုနှင့် ပါတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေငြာချက်အမှတ် ၁၈၇၄ အရ စီးပွါးရေးပိတ်ဆို့ အရေးယူမှုမျိုး လုပ်ဆောင်ရန် အမေရိကန်သမ္မတ အိုဘားမားအနေနှင့် တိုက်တွန်းသင့်ကြောင်း ရေးသားခဲ့ပါသည်။
ထို့အတူ အမေရီကန်အစိုးရအနေနှင့် မြန်မာစစ်အုပ်စု၏ လက်ရှိလုပ်ဆောင်ချက်အပေါ် မေးခွန်းထုတ်စရာ များစွာဖြစ်နေသည်ဟု သတင်းစာကဆိုပါသည်။ ထို့ကြောင့်လည်း မစ္စတာကမ်းဘဲလ်က မြန်မာစစ်အုပ်စုကို ပိုမိုရှင်းလင်းမြင်သာသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို ဖေါ်ဆောင်ရန် တိုက်တွန်းခဲ့ သည်။ ထိုသို့သော ပြုပြင်ပြောင်းလဲမှုမျိုးမရှိပါက အမေရိကန်အနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ပူးပေါင်း၍ ကန့်သတ်အရေးယူမှုများ ပြုသင့်သည်ဟူသော မစ္စတာကမ်းဘဲလ်၏ ထုတ်ပြန်ချက်ပါ အချက်ကို ကိုးကား၍ ဖေါ်ပြခဲ့ပါသည်။
ယနေ့ထုတ် နအဖ၏ မြန်မာ့ အလင်းသတင်းစာတွင်မူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မတီ ဥက္က ဦးသန်းစိုးနှင့် ကြံဖွံ့အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦး(ယခုဦးဌေးဦး) တို့နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာကမ်းဘဲလ် တွေ့ဆုံခဲ့ခြင်းကို ဖေါ်ပြပေးခဲ့ပြီး မစ္စတာကမ်းဘဲလ်၏ အာဆီယံမှ အကဲဖြတ်များလာရောက် စောင့်ကြည့်လိုလျှင် လက်ခံမခံမေးမြန်းချက်ကို ဦးသိန်းစိုးမှ မိမိတို့တွင် ရွေးကောက်ပွဲ နှင့်ပါတ်သက်၍ အတွေ့အကြုံများစွာရှိသဖြင့် အကဲခတ်များလာရောက် စောင်ြ့ကည့်ရန် မလိုဟု ဖြေကြားခဲ့ပြီး ရွေးကောက်ပွဲသည် တရားမျှတမှုရှိပါမည်ဟုသာ ပြောခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကိုလည်း ၂၀၁၀ အတွင်းကျင်းပမည်ဟုသာ ပြောခဲ့ပြီး နေ့ရက် အတိအကျ ပြောပြခဲ့ခြင်း မရှိခဲ့ပါ။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

5.12.2010

အလုပ်သမား ကလေးကယ်ရီများ သတိပေးခံရ

မေလ ၁၂

မိမိ၏ကလေးငယ်များအား နေရပ်ရင်း မြန်မာနိုင်ငံသို့ ပြန်လည်းပို့ ဆောင်ပေးသည့် ကလေးကယ်ရီ (ပွဲစား)များအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူတော့မည်ဟု သိရသဖြင့် မြန်မာအလုပ်သမ ကလေးမိခင်များ စိုးရိမ်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတစ်နံတလျားရှိ မြန်မာအိမ်ထောင်သည် အလုပ်သမားအချို့တို့တွင် မွေးဖွားလာသည့် ကလေးငယ်များ ၆လမှတစ်နှစ်အတွင်း အရွယ်များကို မိမိနေရပ်ရင်းရှိမိဘများထံသို့ ပွဲစားများနှင့်နေ့စဉ် ပို့ဆောင်ပေးလျှက်ရှိသည်။ ထိုင်းနိုင်ငံအတွင်း နေရာဒေသကိုလိုက်၍ ကလေးငယ်တစ်ဦးအား နယ်စပ်မြို့  (ရနောင်း၊မဲဆောက်၊မယ်ဆိုင်)မြို့သို့ အရောက် ဘတ်ငွေ ၄၀၀၀ မှ ၅၀၀၀ အတွင်းပွဲစားသို့ ပေးချေရသည်။ နယ်စပ်မြို့ များသို့ ကလေးငယ်မိသားစုများက လာရောက်ယူဆောင်သည်။

အဆိုပါ ပွဲစားကယ်ရီဆိုသူများမှာ မြန်မာအလုပ်သမား အ၀ိုင်းအ၀န်းနှင့် နီးစပ်သည့် ထိုင်းနိုင်ငံသားအချို့နှင့် မြန်မာပတ်စပို့ ကိုင်ဆောင်ထားကြသည့် မြန်မာနိုင်ငံသားအချို့ တို့ စီးပွားဖြစ်လုပ်ကိုင်လေ့ရှိသည့် အချိန်ကြာမြင့် ခဲ့ပြီး ဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ဘန်ကောက်မြို့ အယ်ကရှိုင်(---လမ်း) အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမ တဦးက “ကျမအမမှာ ကလေး၂လ သားလေးပါ။ အဲဒါ ကျမကိုပို့ခိုင်းတယ်။ ကျမမှာ ယာယီပတ်စပို့ ရှိတယ်လေ။ ကြားရတဲ့ သတင်းက ကလေးမိခင် ဟုတ်မဟုတ် မွေးစါရင်းနဲ့တိုက်ကြည့်မယ်၊ နာမည်တွေစစ်ဆေးမယ်။ နို့ ကို လှန်ခိုင်းမယ်။ နို့ တိုက်ခိုင်းမယ်ဆိုတော့ ကျမက အပျိုရှင့်၊ အဖမ်းခံရရင်တော့ ခက်မယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနှံအပြားမှ ထိုင်းနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်ကြသည့် အိမ်ထောင်သည်များမှာ မပြာပလောက်သော အရေတွက်သာရှိသည်။ မြန်မာအလုပ်သမား အတော်များများတို့ မှာ ထိုင်းနိုင်ငံသို့  ရောက်ရှိပြီးမှ အိမ်ထောင်ပြု ကလေးမွေးပြီး နေရပ်ရင်းမိဘများထံသို့ ပြန်လည်ပို့ ဆောင်ပေးလေ့ရှိကြသည်။

ကလေးကယ်ရီ(ပွဲစား)များက နို့ဗူးများဖြင့် ကလေးငယ်များကို နယ်စပ်သို့ သယ်ယူသွားလေ့ရှိသည်။ လမ်းတွင် မိဘအ၇င်းအချာ မဟုတ်သဖြင့် မကြာကြာ ငိုလေ့ရှိတတ်သည်။ အချို့ ကလေးငယ်များမှာ အငိုမတိတ်ပဲ ကားတစ်စီးလုံး ခရီသည်များ စိတ်အနှောက်အယှက် ဖြစ်ရသည်အထိ အငိုသန်ကြသည်။ ကားသမားများကလည်း ကလေးရှင် အရင်းအချာ မဟုတ်မှန်းသိကြသည်။ ယခင်နှစ်များစွာက ကလေးများကို ယခုကဲ့သို့ ကယ်ရီပွဲစားများ နယ်စပ်သို့ ပို့  ဆောင်ခဲ့သော်လည်း အခက်အခဲ တစ်စုံတစ်ရာမရှိခဲ့ပေ။ ယခုကဲ့သို့ မိခင်၊ ဖခင်အ၇င်းများမဟုတ်သည့် လူကယ်ရီများအား ထိုင်းအာဏာပိုင်များက ဖမ်းဆီး အရေးယူမည်ဟု သတင်းထွက်ပေါ်လာသဖြင့် ကလေးပို့ရန် စီစဉ်စိတ် ကူးထားသည့် မြန်မာ အလုပ်သမား အိမ်ထောင်သည်များအခက်ကြုံနေရကြောင်းသိရှိရသည်။