9.13.2010

Burma's News World's News

Deadly Kashmir violence escalates

Police in Indian-administered Kashmir shoot dead 15 civilians as violent protests against Indian rule and reported Koran desecration in the US escalate.

Archbishop Andre-Joseph Leonard listens to questions during a press conference in Brussels Belgian Church focuses on victims

The new head of Belgium's Roman Catholic Church pledges to focus on the victims of alleged child sexual abuse, in the wake of a damning report.
  • New York imam 'exploring options'

    The cleric behind plans to build an Islamic community centre near Ground Zero says he is still "exploring all options" over the project.

“It's the economy, stupid.”

Back Off, Beijing

China lectures other countries about interfering in Burma's internal affairs, but by propping up a hated regime, Beijing has been by far the worst offender.


Burmese Ministries to Publish Daily Newspapers

By HSET LIN
Newspapers run by different government ministries in Burma will likely be published in the aftermath of the Nov. 7 election in the country.

Uncertainty Continues after Candidate Registrations

By BA KAUNG
Following the conclusion of the candidate registration process, Burma's political parties expect the leaders of the junta's proxy USDP to give up their positions in the government.

Striking Burmese Workers Still Seeking Change

By LAWI WENG
The visas of five striking Burmese workers who were fired last week by the Dechapanich Fishing Net Factory in Khon Kaen, Thailand, were returned on Monday, but other issues remain to be negotiated.

Opposition Leader Win Tin Hospitalized

By THE IRRAWADDY
Doctors expect Win Tin to recover from a lung problem.

Thai AICHR Rep Calls for 'Open Doors' in Burma

By SAW YAN NAING
The Thai representative at Monday's AICHR seminar calls for Burma to open its doors and show transparency at the election.
INTERVIEW
Change Lies in Junta Chief's Death
By THE IRRAWADDY
Burmese defector Aung Lynn Htut talks about the recent “purge” in the officer ranks, Sen-Gen Than Shwe and the rise of new, younger leadership.
Rangoon team all face axe without national league win
yufc-logoThe father of Rangoon United’s owner, Tay Za, gave an ultimatum to the team that included coaches ...
Than Shwe seeks Chinese support for junta elections
than_shwe_sBurmese military junta leader Than Shwe's five-day visit to China is designed to cull support for ensuing ...
1,000 Burmese enter sixth day of strike at Thai plant
Khon-Kaen-Strike-sMore than 1,000 Burmese migrant workers from a fishnet factory in Khon Kaen, in northeast Thailand, ...
Democratic Party welcomes independents thumbnail

Democratic Party welcomes independents

Granddaughter of former head of state during Japan's occupation of Burma one of eight candidates to join forces with Democratic Party NLD elders needing medical treatment thumbnail

NLD elders needing medical treatment

Win Tin hospitalised in Rangoon after breathing difficulties while deputy NLD leader Tin Oo may fly to Singapore for eye treatment Bago shootings spark riot fears thumbnail

Bago shootings spark riot fears

State media claims plot is being hatched by exiled media to spark retaliation against the killing of two men by troops in Bago division

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး ဒီမိုကရက်ပါတီနဲ့ ပူးပေါင်းဖို့ သဘောတူ

၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့ ဒီမိုကရက်ပါတီ (မြန်မာနိုင်ငံ) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ

အပြင်မှာ တကယ် မြင်ရတာတွေကို မယုံနဲ့ ...

  Beruma098
ရွေးကောက်ပွဲအပြီး ဝန်ကြီးဌာနများ နေ့စဉ်သတင်းစာထုတ်မည်

ရွေးကောက်ပွဲအပြီး ဝန်ကြီးဌာနများ နေ့စဉ်သတင်းစာထုတ်မည်

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ၀န်ကြီးဌာနပိုင် နေ့စဉ်သတင်းစာများကို ပထမဆုံး ထုတ်ဝေရန် စီစဉ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထိုင်ဝမ် သူလျှိုများ မြန်မာပြည်တွင် လှုပ်ရှားနေသလား

ထိုင်ဝမ် သူလျှိုများ မြန်မာပြည်တွင် လှုပ်ရှားနေသလား

စစ်အစိုးရသည် တရုတ် တပြည်ထောင်တည်း မူဝါဒ (one-China Policy) ကို ထောက်ခံပြီး တရုတ်အစိုးရနှင့် နီးကပ်စွာ ဆက်ဆံနေသည့်တိုင် ထိုင်ဝမ် သူလျှိုများကို မြန်မာပြည်တွင်းတွင် လွန်ခဲ့သည့် အနှစ် ၂၀ ကတည်းက

မြန်မာတဦး စိတ်ကြွဆေးပြား ၇ သောင်းကျော်နှင့် ထိုင်းတွင် ဖမ်းမိ

မြန်မာနိုင်ငံသားတဦးကို စိတ်ကြွဆေးပြား ၇ သောင်း ၆ ထောင်နှင့်အတူ ထိုင်းစစ်တပ် အာဏာပိုင်များက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့အတွင်း ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း

မဲဆောက်တွင် အထည်စက်ရုံ မီးလောင်

ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်ပ အရပ်ရှိ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁ ထောင်ကျော် အလုပ်လုပ်နေသော အိုမီဂါ အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းခဲ့သဖြင့် ထိုင်းဘတ်ငွေ ၂၅ သန်းဖိုးခန့် ဆုံးရှုံးမှုရှိပြီး

ရန်ကုန်နှင့် သထုံ မိုင်းဗုံး ပဲခူးလူသတ်မှုနှင့် မဆိုင်

ရန်ကုန်မြို့နှင့် သထုံမြို့တွင် ချိန်ကိုက်မိုင်းများ တွေ့ရှိမှုသည် ရွေးကောက်ပွဲကို ပျက်ပြားစေရန်နှင့် ပဲခူးမြို့ အရပ်သား နှစ်ဦး ပစ်သတ်ခံမှုတို့နှင့် အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်အစိုးရ၏ သတင်းစာမှ

မြို့နယ်အလိုက် မဲပေးမည့် လူဦးရေစာရင်း ကောက်ခံ

ကြံ့ဖွံ့က ပါတီဝင်လျှောက်လွှာပေါ်မှာ ကျနော့်အဒေါ်ကို လက်မှတ် အတင်းထိုးခိုင်းတယ်၊ ကျနော့်အဒေါ်က စက်ချုပ်တာ၊ သူက နိုင်ငံရေးလည်းမသိဘူး။ ကျနော်က မထိုးနဲ့ပြောလို့ ကြံ့ဖွံ့ကလူတွေနဲ့ ကျနော်နဲ့ မကြည်မလင်ဖြစ်ရသေးတယ်။ လက်မှတ်တော့ ထိုးလိုက်ရတာပေါ့ဗျာ။ ကျနော်က (၂၁) နှစ်ပါ၊ ကျနော်လည်း

စက်မှုဇုန် (၂) တွင် စက်ရုံမီးလောင်သဖြင့် သိန်း (၁,၀၀၀) နီးပါး ဆုံးရှုံး

အလုပ်သမားများ အသိမ်းခံရသည့် နိုင်ငံကူးလက်မှတ် ပြန်ရမည်
အဲပုဂံ လေယာဉ်သစ်ဝယ်ရန် ရွေးကောက်ပွဲကိုစောင့်
utayza1sအဲပုဂံလေကြောင်းက ယခုနှစ်ကုန်တွင် အေ ၃၂ဝ အဲဘတ်စ်လေယာဉ်တစီး ...

အိမ်နီးချင်းကောင်း ပီသဖို့ တရုတ်တွင် တာဝန်ရှိဟု အတိုက်အခံများပြော

အိမ်နီးချင်းကောင်း ပီသဖို့ တရုတ်တွင် တာဝန်ရှိဟု အတိုက်အခံများပြောတရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးကို မှန်မှန်ကန်ကန်ပြောဆိုရန် အိမ်နီးချင်းကောင်း နိုင်ငံအနေဖြင့် တာဝန်ရှိကြောင်း ထိုင်းနယ်စပ် အခြေဆိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


more




more




more




more




more | audio




ဖမ်းထားတဲ့ ဆရာတော်ကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ်

2010-09-12
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ဆက်လက် ရုံးထုတ်စစ်ဆေးနေရာမှာ အစိုးရသက်သေတွေ ဘက်က အထောက်အထား အခိုင်အလုံ မတင်ပြနိုင်သေးတဲ့အတွက် ဆရာတော် လွတ်မြောက်ဖို့ အလားအလာ ကောင်းမွန်တယ်လို့ တရားခွင်နဲ့ နီးစပ်သူ မြို့ခံတွေက ပြောပါတယ်။
2010-09-12

ဆရာကြီးဦးဝင်းတင် ဆေးရုံတင်ရ

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ကျန်းမာရေး အခြေအနေကြောင့် အာရှတော်ဝင် ဆေးခန်းမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သတင်းရရှိပါတယ်။
2010-09-12

မဲဆောက်အထည်ချုပ်စက်ရုံမီးလောင် မြန်မာတစ်ထောင်ခန့် အလုပ်လက်မဲ့ဖြစ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က အထည်ချုပ်စက်ရုံတခုမှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာအလုပ်သမား တထောင်လောက် အလုပ်လက်မဲ့ ဖြစ်သွားရတယ်လို့ သိရပါတယ်။
2010-09-12

အစိုးရဆန့်ကျင်ရေးအဖွဲ့တွေကို တရုတ်မထောက်ခံကြောင်း စစ်အစိုးရသတင်းစာ ရေးသား

နယ်စပ်ဒေသတွေမှာ မြန်မာအစိုးရကို ဆန့်ကျင်မယ့် လှုပ်ရှားမှုတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေမယ့် လုပ်ရပ်တွေကိုလုပ်မယ့် ဘယ်အဖွဲ့အစည်းကိုမှ လက်ခံ၊ ထောက်ခံမှာမဟုတ်ကြောင်း တရုတ်သမ္မတ ဟူကျန်တောင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြန်မာစစ်အစိုးရ သတင်းစာတွေက ဒီနေ့ သတိပေးရေးသား လိုက်ပါတယ်။

ဆရာတော် ဦးပညာစာရနှင့်ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများက တိုင်းမှူးကြီးထံ မေတ္တာရပ်ခံစာ ပေးပို့

Letter to General

မဲဆောက်မြို့မှ အထည်ဖြတ်ညှပ် အလုပ်ရုံတစ်ခု မီးလောင်ကျွမ်း

Photobucket
Photobucket
စက်တင်ဘာလ
၁၂
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အနောက်မြောက်ဖက်၊ ဘန့်ဆောင်ခွဲအရပ်ရှိ အထည်ညှပ်စက်ရုံအား ယနေ့မိုးလင်းခါနီး အချိန်တွင် ၀ါယာရှော့ခ် ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စက်ရုံအလုပ်ကြပ်က ပြောသည်။
မီးလောင်နေရာသို့ ရောက်ရှိနေသည့် အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် L.P.P.N.G တာဝန်ခံ ကိုဇော်ထွန်းက“ အထည်တွေနဲ့ အထဲမှာပဲ မီးက လှိုက်လောင်နေတာ၊ မီးလောင်တာကို သိသိချင်း စက်ရုံအနားမှာရှိတဲ့ အလုပ်သမား ၅၀လောက်က မီးသတ်ဗူးတွေနဲ့ ၀ိုင်းငြိမ်း ကြသေးတယ်။ မရဘူး။ မီးက ပြင်းသထက် ပြင်းလာနေတယ်။ အတွင်းထဲမှာ ပိတ်မိနေတဲ့ လူတွေတော့ မရှိဘူး။ မီးသတ်ကား ၁၀စီးလောက်ရောက်နေတယ်။ အတွင်းကို မ၀င်နိုင်ဖြစ်နေတယ်။ မီးက တအားပြင်နေတယ်” ဟု မီးလောင်နေရာမှ ပြောပြသည်။
မြန်မာအလုပ်သမားပေါင်း ၈၀၀ ခန့် အလုပ်လုပ်နေကြသည့် အဆိုပါ အလုပ်ရုံတွင် ပုတ်ပြတ်လုပ်ရသဖြင့် အလုပ်သမားများ အတော်အသင့် အဆင်ပြေကြသည်။ အထည်ညှပ်သမားများ နံနက်၈နာရီမှ ညနေ ၅နာရီအထိ တစ်နေ့ကို လုပ်အားခ၁၂၀ ဘတ်ရရှိကြသည်။
အထည်ညှပ်သမားများ အလုပ်ကြပ်၊ ကိုတေဇာက“ ကျနော် ဒီနေရာကို ၄နာရီခွဲမှာရောက်တယ်။ မီးက၄နာရီလောက်က လောင်တာထင်တယ်။ ကျနော်ဒီမှာလုပ်တာ ၃နှစ်ကျော်ပြီး အသင့်အတင့် အဆင်ပြေတယ်လို့ ပြောလို့ ရတယ်ဗျ၊ ခုတော့ ကျနော့်မိသားစု ရပ်တည်ရေး ခက်တော့မယ် ထင်တယ်။ ပြီးတော့ ကျနော်တို့ အပြစ် တခုခုဖြစ်မှာလည်း စိုးတယ်လေ” ဟု စိုးရိမ်ထိတ်လန့်စွာ ပြောဆိုသွားသည်။
မီးလောင်မှုမှာ အလွန်ပြင်းထန်သဖြင့် နံနက်၈နာရီခန့်မှ မီးညွန့် ကျိုးသွားခဲ့သည်။ အဆိုပါ အလုပ်ရုံတွင် အလုပ် လုပ်နေကြသည့် မြန်မာအလုပ်သမားများမှာ ပြီးခဲ့သည့်အပတ်က မဲဆောက်မြို့ ပုလိပ် ဖမ်းပွဲအတွင်း ကံကောင်းထောက်မစွာ ရှောင်တိမ်းနိုင်ခဲ့ကြသော်လည်း ရန်သူမျိုးငါးပါး မီးဘေးအန္တရာယ် ကျရောက်သည့် အခါ အလုပ်လက်မဲ့ ဖြစ်ကြရတော့မည်ဟု အလုပ်ကြပ် ကိုတေဇ က ပြောဆိုသွားသည်။

9.11.2010

Burma's News World's News

9/11 anniversary marked amid rowHonour guard, Ground Zero, New York - 11 September 2010

The US marks the 9/11 anniversary as a pastor withdraws his threat to burn the Koran over plans for an Islamic centre near Ground Zero.

Taiwanese Spies on Burmese Soil?

By WAI MOE
Despite its professed adherence to the one-China policy, the Burmese regime allows Taiwanese agents to spy on China from Burma, according to intelligence sources.

China, the World and Burma

By KO KO THETT
China's growing role on the world stage will likely change the way it relates to pariah states like Burma.

Bribes Put Break On Illegal Car Registration

By THE IRRAWADDY
Bribery scandals force Naypyidaw to close local registration offices for illegal vehicles.

Weekly Business Roundup (September 11, 2010)

By WILLIAM BOOT
India aims to revive proposals for building two hydroelectric dams in northwestern Burma and to pump most of the power into northeastern Indian states at a cost of over US $5 billion.

Opposition Leader: China’s Burma Policy Could Backfire

By WAI MOE
Win Tin, a leader of the National League for Democracy, says that Beijing’s promotion of the Burmese junta may not be in China’s long-term interest, both with respect to Burma and the international community.
BREAKING NEWS
No Political Prisoners in Insein Release
By THE IRRAWADDY
Nearly 100 prisoners were released from Burma's notorious Insein Prison on Friday afternoon, but no political prisoners were among them.
Bago shootings spark riot fears thumbnail

 

 

Bago shootings spark riot fears

State media claims plot is being hatched by exiled media to spark retaliation against the killing of two men by troops in Bago division
Than Shwe tips a hat to China thumbnail

Than Shwe tips a hat to China

Burma junta supremo thanks China for 'aid and support over the years' as the end of a top-level diplomatic visit nears

Footage shows scorched earth Karen state

Evidence of a village razed by Burmese troops in July captured on camera as disturbing images emerge of children in Bago division shot and killed
Pegu shooting victims’ relatives muzzled
pegu-thumbPegu authorities have ordered the families of two youths shot dead by army captains not to speak to ...
Attempting to change Burma from the inside
khin-zaw-win1s(Interview) Development adviser Dr. Khin Zaw Win was arrested in 1993 at Rangoon International Airport ...
Rangoon team all face axe without national league win
yufc-logoThe father of Rangoon United’s owner, Tay Za, gave an ultimatum to the team that included coaches ...
Military intelligence detains Kachin captain over pistol
kia-army-arrest1sBurmese military intelligence officials arrested a Kachin militia captain on Wednesday for carrying ...

ဝ အရေး ဝ ကိစ္စနဲ့ ချိုကုပ်ဒူးကြီး တရုတ်ခရီးစဉ်

“ရှဲရှဲနီ”
“ဝေါ်ပို့ကျိသောက်”
“အိစံကွားလား ဘိုစံကွားလား ကွိစိ ကွစ”
“ဝမ်ချောင် မာဟန့် ကျန်းလုံ ကျောက်ဟူ”
“ကျန်ကျောင်း ကုန်းစွန်း ပေါင်ချိန်”
“ဟုတ်ကြည် ကျင်စိန် စွန်ပေါက် ဟုန်ကျင်းထန် ဝမ်ကျားပေါင်”
“တီလုံး ဒေးဗစ်ချန်း ဂျက်လီ ဂျက်ကီချန်း ဂေါင်လီ”
“ရှီးဖော ရှီးဖော”
မှန်ရှေ့တွင်ရပ်ရင်း အထက်ပါ စကားများကို တတွတ်တွတ်ပြောနေသူမှာ ဒေဝါလီမဂ္ဂဇင်း အယ်ချုပ် ကိုဂေါ်ကြီး မြှောက်ပေးသဖြင့် ပိုးတမျိုးဝင်သွားသူ ဖိုးရှုပ်ဖြစ်သည်။ သူ့ပိုးက တခြားပိုးတော့မဟုတ် … VJ ပိုး ခေါ် ဗီဒီယို ဂျာနယ်လစ် ပိုးဖြစ်၏။ သူ့နားတွင်တော့ ကင်မရာကြီး တကားကားဖြင့် ကြွက်စုတ်ကို မြင်ရလေသည်။
ရုက္ခစိုး။     ။ မင်းတို့ကောင်တွေ ရူးကုန်ကြပြီလား၊ ဘာတွေဖြစ်ကုန်ကြပြီလဲကွာ။
ဖိုးရှုပ်။     ။ ဝလို့ မီရူးဘူး ဦးရုတ်ခီစိုး … ဝ အီခု ဗီလီယို ဂျာနယ်လစ် လုပ်နီတာလေ။
ရုက္ခစိုး။     ။ ရိုးရိုးပြောစမ်းပါကွာ။ ဗီဒီယို ဂျာနယ်လစ် လုပ်တာတော့ လုပ်ပေါ့။ အခုတော့ ဘယ်ကဘယ်လို တီရုတ် … အဲလေ ငါတောင်ယောင်သွားပြီ … ဘယ်ကဘယ်လို တရုတ်ပိုးပါ ဝင်လာရပြန်တာလဲ။
အမှန်မှာ သူတို့ သုံးဦးစလုံး တရုတ်ပြည်သို့ ရောက်နေကြခြင်းဖြစ်သည်။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာမည် ဆိုသည့် သတင်းကြောင့် ဖိုးရှုပ်က သတင်းယူရန် ရောက်နေခြင်း ဖြစ်ပြီး ကြွက်စုတ်က ကင်မရာမင်းအဖြစ် လိုက်ပါလာခဲ့သည်။ ဦးရုက္ခစိုးကတော့ သူတို့ ၂ ဦး ကောင်းမှုဖြင့် ကန့်လန့်ကန့်လန့် ပါလာခြင်း ဖြစ်၏။
ကြွက်စုတ်။     ။ စိတ်လေတယ် ဦးရုက္ခစိုးရေ။ သူ့ဘာသာ အရူးထတာက အကြောင်းမဟုတ်ဘူး။ ကျနော်လည်း မနေရဘူး။ ဒီ အမြီးမှန်း အမောက်မှန်း မသိတဲ့ ကင်မရာကြီးနဲ့ သူ့ကိုရိုက်ပေးပါဆိုလို့ ရိုက်ပေးနေရတာသာ ကြည့်တော့။
ဖိုးရှုပ်က ဂျယ်များဖြင့် သထားသည့် သူ့ဆံပင် ပုံမှန် ရှိမရှိကို မှန်ထဲတွင် သေချာစွာကြည့်ရင်း ကြွက်စုတ်ကို ဘုကြည့် ကြည့်လိုက်သည်။
ဖိုးရှုပ်။     ။ ဟကောင်ရ … ကံကောင်းရင် မင်းကော၊ ငါကော ကမ္ဘာကျော်မှာလေ။ အခုဆို ငါ့မျက်နှာက ဒေဝါလီ အင်တာနက် စာမျက်နှာကို ဝင်ကြည့်တဲ့သူတိုင်း မသိသူမရှိ မဟုတ်ဘူးလား။ မင်းလည်း ကင်မရာမင်းဆိုတဲ့ နာမည် ရမှာလေ။ အခု ခေတ်က မာလ်တီမီဒီယာခေတ် ဖြစ်နေပြီ။ သူများ ဗီဂျေဆို ကိုယ်လည်း ဗီဂျေရမယ်။ သူများ တွီတာဆို ကိုယ်လည်း တွီ နိုင်ရမယ်၊ သူများ ဖေ့စ်ဘုဆို ကိုယ်လည်း ဖေ့စ်ဘု အမီလိုက်ရမယ် ဟုတ်တယ်မဟုတ်လား။
ဖိုးရှုပ်က ကိုဂေါ်ကြီးပြောနေကျ လေအတိုင်း တသဝေမတိမ်း ကြွက်စုတ်ကို ပြောလိုက်သည်။
ဖိုးရှုပ်။     ။ အခုဆို ငါတော်လို့ ကိုဂေါ်ကြီးလည်း ဆုတွေဘာတွေ ရသွားတယ်မဟုတ်လား။
ကြွက်စုတ်။     ။ အလကားနေရင်း ပဏ္ဍာက ဝင်ယူပြန်ပြီ။ သူ့ဘာသာဆုရတာ မင်းနဲ့ ဘာဆိုင်လဲ။
ဖိုးရှုပ်။     ။ ဆိုင်တယ်လေ … သူပဲ ပြောတာပဲ။ သူ့ဝန်ထမ်းတွေလည်း တော်လို့ အခုလို ဆုရတာပါတဲ့။ သူ့ဝန်ထမ်း ဆိုလို့ ငါတယောက်တည်းရှိတဲ့ဟာ … ငါတော်လို့ပေါ့ကွ။
ရုက္ခစိုး။     ။ ကဲပါ တော်ကြပါတော့။ မင်းတော်တာ သိပါတယ်။ ဒါပေမယ့် ခုနက မင်း ပွစိပွစိ လုပ်နေတာတွေက ဘာတွေလဲ။ ဝမ်ချောင် မာဟန့် တွေကော၊ ကျန်းလုံ ကျောက်ဟူတွေကော။
ဖိုးရှုပ်။     ။ တရုတ်ပြည် ရောက်နေတာလေ။ အဲဒီတော့ တရုတ်လို ကျင့်နေရတာပေါ့ ဦးရုက္ခစိုးရဲ့။ ယောင်းမရောက်ရင် ယောင်းမလို ကျင့်ရတယ်ဆိုတဲ့ စကားလည်း ရှိသားပဲ။
ရုက္ခစိုး။     ။ ရောမရောက်ရင် ရောမလို ကျင့်ပါကွာ၊ မင်းလုပ်မှပဲ ...။ ဒါနဲ့ … ကျန်ကျောင်း ပေါင်ချိန် တို့ ကုန်းစွန်း တို့က တရုတ်စကားလည်း မဟုတ်ဘဲနဲ့။
ဖိုးရှုပ်။     ။ ဒါက တရုတ်ကားတွေထဲက ကြားကြားသမျှကို မှတ်ထားတာလေ။ ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ ဦးရုက္ခစိုးရယ်။
ကဲ ကဲ ကြွက်စုတ် အဆင်သင့် ဖြစ်ရင် သွားရအောင်။ ဦးရုက္ခစိုးလည်း လိုက်ခဲ့နော်။
ရုက္ခစိုး။     ။ ငါက ဘာလိုက်လုပ်ပေးရမှာလဲ။
ဖိုးရှုပ်။     ။ (မျက်နှာကို ခရင်ပတ်နှင့် တို့ရင်း) ဦးရုက္ခစိုးက ကျနော် ဗီဒီယို ရိုက်တဲ့အခါကျရင် မျက်နှာမှာ ချွေးစို့နေလား၊ ဆံပင်ပုံပျက်နေလား ဆိုတာ ကြည့်ပေးလေ။
ရုက္ခစိုး။     ။ တော်စမ်းပါကွာ၊ ဟိုက ချိုကုပ်ဒူးကြီးလုပ်သမျှ မျက်စိလည်ရတဲ့အထဲ … မင်း မျောက်မူးလဲ လျှောက်လုပ်တာ ကြည့်ပြီး နတ်သက် စောစောကြွေနေပါ့မယ်။
ကြွက်စုတ်။     ။ ဟာ မျောက်မူးလဲဆိုလို့ အခုမှ သတိရတယ် ဦးရုက္ခစိုး … အခု ချိုကုပ်ဒူးကြီးရဲ့ ခရီးစဉ်မှာ သူ့မြေး မျောက်မူးလဲ ဖိုးလောက်လန်းလည်း ပါတယ်ဗျ။
ရုက္ခစိုး။     ။ ကြည့်ရတာ တရုတ်ပြည်ကို မိသားစုလိုက်လာပြီး မြန်မာပြည်က ထွက်ပြေးရတဲ့ အချိန်ကျရင် အောင်းဖို့ ဂူ လာ ရှာတာထင်တယ်။
ဖိုးရှုပ်။     ။ ကဲကဲ ဦးရုက္ခစိုး၊ ဘာမှ ပြောမနေနဲ့တော့၊ လိုက်ခဲ့ဗျာ။ ဟိုတယ်မှာ တပါးတည်း ယောင်ချာချာ ဖြစ်နေမယ်။
ဦးရုက္ခစိုးမှာ ငြင်းပင် ငြင်းနေရသော်ငြားလည်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆွဲခေါ်သည့်နောက်သို့ ဒရွတ်ဆွဲ ပါသွားခဲ့ပြီ ဖြစ်သည်။ သူတို့ လေဆိပ်သို့အရောက်တွင် ချိုကုပ်ဒူးကြီးတို့ စီးလာသည့် လေယာဉ်လည်း ဆိုက်လာသည်။ လေယာဉ်ပေါ်မှ နေ၍ ချိုကုပ်ဒူးကြီးနှင့် အပေါင်းအပါများ ဆင်းလာကြသည်။
ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်၊ ၎င်းတို့၏ မြေး မျောက်လောင်း ခေါ် ဖိုးလောက်လန်း တို့၏ နောက်မှ ကပ်လျှက်သား လူတဦး ပုဆိုးကွင်းသိုင်းနှင့် ဆင်းလာသည်။ ထိုသူမှာ မနေ့တနေ့ကမှ ချိုကုပ်ဒူးကြီး လူဝတ်လဲပေးလိုက်သည့် ချိုကုပ်မက ဦး မကျ ရွှေပန်း ဖြစ်သည်။ ဖိုးရှုပ်က ရွှေပန်းနားသို့ ကပ်သွားသည်။
ဖိုးရှုပ်။     ။ ချိုကုပ်ရွှေပန်း … အဲ … ဦးရွှေပန်း။ ဘယ်လိုဖြစ်ပြီး ပုဆိုးကွင်းသိုင်းလာတာလဲဗျ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အမျိုးသားဝတ်စုံ ဝတ်ခဲ့ရမယ် ဆိုလို့လေ။ ရန်ကုန်က အထွက်မှာတော့ မိန်းမက ပုဆိုးကို သေချာစည်းပေးလိုက်တာပဲ။ ဒါပေမယ့် လေယာဉ်ပေါ်က အဆင်းမှာ မျောက်လောင်းလေးက ပုဆိုးစ တက်နင်းလိုက်လို့ ကျွတ်သွားတယ်လေ။ ပြန်မဝတ်တတ်တော့တာနဲ့ အခုလို ကွင်းသိုင်းထားတာပါ။
ဖိုးရှုပ်နှင့် ဦးရွှေပန်းအမေးအဖြေကို ကြွက်စုတ်က မှတ်တမ်းတင်နေသည်။ ဖိုးရှုပ်က ဦးရွှေပန်းပုံများထက် သူ့ပုံကို များများရိုက်ရန် ကြွက်စုတ်ကို အချက်ပြသည်။ ကြွက်စုတ်က ကင်မရာမင်း အစစ်မဟုတ်သောကြောင့် ခေါင်းပြတ် ခြေပြတ်ရုပ်ပုံများသာ ရိုက်ယူနိုင်သည်ကို ဖိုးရှုပ်မသိပေ။
ဖိုးရှုပ်။     ။ အခုဆိုရင် လူဝတ်မလဲတာဆိုလို့ ချိုကုပ်ဒူးကြီးနဲ့ ချိုကုပ်ကြီးမောင်ကွေးတို့ပဲ ကျန်တော့တယ်နော်။ ဘာဖြစ်လို့ အခုလို လုပ်တယ်လို့ ဦးရွှေပန်း ထင်ပါသလဲ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက သူ့လက်အောက် ငယ်သားတွေ အပေါ် သိပ်အနစ်နာခံတယ်ဗျ။ ဝမ်းတွင်းမှာ ပုဆိုးတွေ မှာထားတာ အကုန် မရသေးတော့ သူက အနစ်နာခံတဲ့အနေနဲ့ ကျုပ်တို့ကို အရင်ပေးလဲတာပါ။ သူက နောက်မှ လဲမယ်လို့ ပြောပါတယ်။
ဖိုးရှုပ်။     ။ ဒါဆို ချိုကုပ်ကြီး မောင်ကွေးကကော ဘာလို့ ပုဆိုးမလဲတာလဲ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အနစ်နာခံတော့ ချိုကုပ်ကြီးမောင်ကွေးကလည်း အားကျမခံ သူလည်း ပုဆိုး မလဲသေးဘူး ဆိုပြီး နံစော်နေတဲ့ စစ်ဘောင်းဘီကြီးကို ဆက်ဝတ်ထားတာပါ။ တော်တော့်ကို ခေါင်းဆောင်ပီသတဲ့ သူတွေပါ ခင်ဗျာ။ နှစ် ၂၀ ကျော်ဝတ်ထားတဲ့ ဒီ စစ်ဘောင်းဘီကြီးတွေကို အနစ်နာခံပြီး ဘယ်လို ခေါင်းဆောင်မျိုးက ဝတ်မှာတဲ့လဲဗျာ။ ကျုပ်တော့ အရမ်းကို လေးစားတယ်။
ဦးရွှေပန်းက ပြောရင်းဝမ်းနည်းလာပြီး မျက်ရည်များပင် ကျလာလေသည်။ ချိုကုပ်ဒူးကြီးကတော့ သူ့ကိုလာကြိုသည့် တရုတ်ခေါင်းဆောင်များနှင့် လေပေးဖြောင့်နေလေသည်။
“ရှဲ့ရှဲ့ … ကျဲ့ကျဲ့ … ရှိဖော ...”
“အိစံ … ကွစံ … ပေါက်စီ … ခေါက်ဆွဲကျော် … ကြာဆံကျော်”
“ဆံပြုတ် … ဆုတ်ပြန် … ဒင်းဆန်း”
ဖိုးရှုပ်က ချိုကုပ်ဒူးကြီးနားသို့ ပြေးကပ်သွားပြန်သည်။
ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာတာ ဝ ကိစ္စလို့ ပြောနေကြတယ်။ ဟုတ်ပါသလား ခင်ဗျာ။
ချိုကုပ်။     ။ မှန်လယ် မှန်လယ် … ဝ ကိစ္စကလွဲလို့ ဘာရှိဦးမှာလဲ။ ဝ ကိစ္စက အများကြီး ရှိလယ်လေ။ ဝ က … ဟိုတခါက အိန္ဒိယကို တွားလိုက်တော့ ထောင်ကဲတွေက ဝ ကို မုန်းလယ်လေ။ အဲဒါ လာချော့ရတာပေါ့။ ဒါမှ ထောင်ကဲတို့က ဝ ကို ချစ်မှာလေ။
“ဟိုက် … သူပြောတဲ့ ဝ ဆိုတာ သူ့ကိုယ်သူ ပြောတာကိုး” ဟု ဦးရုက္ခစိုး စိတ်ထဲက ပြောလိုက်သည်။
ဖိုးရှုပ်။     ။ ဟုတ်ကဲ့ … ဝ ကိစ္စ အပြင် ဘာရှိသေးလဲ ခင်ဗျ။
ချိုကုပ်။     ။ ဝ ကိစ္စ အပြင် ဘာမှ မရှိပါဘူး။ ဝ ကိစ္စ၊ ဝ မိန်းမ ကိစ္စ၊ ဝ မြေး ကိစ္စ၊ ဝ သမီးတွေ ကိစ္စ … ဒါတွေက အရေး အကြီးဆုံးလေ။
ဖိုးရှုပ်။     ။ သြော် ချိုကုပ်ဒူးကြီးတောင် တော်တော် တရုတ်သံ ပေါက်နေပြီပဲ။
ချိုကုပ်။     ။ ဒါကတော့ ထောင်ကဲတို့၊ ပေါက်ဖော်တို့ ကျေနပ်အောင် ဝဲပြရတာလေ။ စူတို့ ချစ်အောင် လုပ်ရမယ်လေ။ ဟုတ်တယ် မီဟုတ်လား။ ရှဲရှဲနီ ရှဲရှဲနီ ...။
ဖိုးရှုပ်။     ။ ဟုတ်တာပေါ့ … ဟုတ်တာပေါ့။ ဒီခရီးစဉ်မှာ ဘာလို့ ဖိုးလောက်လန်း ကိုပါ ခေါ်လာရတာလဲ ခင်ဗျာ။
ချိုကုပ်။     ။ ဝ က အီခု တိုင်းပြည်ကို … ပြောင်းလဲဖို့ လုပ်နေတယ် မီဟုတ်လား။ တိုင်းပြည်ပြောင်သွားရင် … အဲ … တိုင်းပြည် ပြောင်းသွားရင် … တီရုတ်က အစုတ်ပလုတ်တွေ အရင်ထက် ပိုသွင်းမယ်၊ ဝတို့ဆီက ကျွန်းသစ်တွေ၊ ကျောက်စိမ်းတွေ၊ ဓာတ်ငွေ့တွေ အရင်ထက် ပိုထုတ်မယ်။ ထောင်ကဲတို့အကြိုက် လုပ်ရမယ်လေ။ အဲလို လုပ်တဲ့အခါမှာ စီးပွားရေးလောကထဲ ဝင်ရှုပ်တတ်အောင် ဖိုးလောက်လန်းကို အခုကတည်းက လေ့လာဖို့ ခေါ်လာတာပါ။
ဖိုးရှုပ်။     ။ ဒါထက် ချိုကုပ်ဒူးကြီးက လုပ်ငန်း တော်တော်များများကို ပုဂ္ဂလိကပိုင် အဖြစ် ပက်ပက်စက်စက် ပေးနေတယ်နော်။
ချိုကုပ်။     ။ ပုဂ္ဂလိကပိုင် မီဟုတ်ဘူးလေ။ တေဂွပိုင်လို့ ပြောပါ။ အားလုံး တေဂွကို ပေးတာ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပဲလေ။
ဖိုးရှုပ်။     ။ နောက်ထပ်ကော တေဂွကို ဘာတွေ ထပ်ပေးဦးမှာလဲ ခင်ဗျ။
ချိုကုပ်။     ။ အခု ထပ်ပေးဖို့ စီစဉ်ထားတာကတော့ ဝ မိန်းမ ကွိုင်ကွိုင်နဲ့ သမီးတွေပါ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲ။
ဖိုးရှုပ်။     ။ ဒါဆို အခုတလော အသုံးအစွဲ အရမ်းကြီးတယ်လို့ နာမည်ကြီးနေတဲ့ မော်ဒယ်လ်မလေးတယောက် ကကော … သူလည်း တေဂွပိုင်လို့ ကြားတယ်နော်။
ချိုကုပ်။     ။ သြော် တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲဆို ...။
ထိုစဉ် ရုတ်တရက် ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။ ချိုကုပ်ဒူးကြီး၏ အဖြေစကားကို ဒေါ်ကွိုင်ကွိုင်ကြားသွားပြီး ဒေါသ ထွက်သွားသဖြင့် ၎င်းကိုင်ဆောင်လာသော လက်ကိုင်အိတ်ကြီးဖြင့် ချိုကုပ်ဒူးကြီးကို လှမ်းထုလိုက်သောကြောင့် ဖြစ်သည်။ ဒေါ်ကွိုင်ကွိုင့်ဒေါသကို သိသော ချိုကုပ်ဒူးကြီးက ထွက်ပြေးလေရာ ၎င်းနောက်က လူအုပ်ကြီးလည်း တသီတတန်း လိုက်ပါရလေသည်။
ထိုသို့ ပြေးကြလွှားကြရင်း တရုတ်သိုင်းဝတ္ထုထဲကအတိုင်း မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ ကြွက်စုတ်လက်ထဲက ကင်မရာကြီးမှာ ပြုတ်ကျပြီး တစစီ ကျိုးပဲ့ ကွဲကြေသွားလေတော့သည်။
ထို့ကြောင့် ဖိုးရှုပ်၏ “ချိုကုပ်ဒူးကြီး တရုတ်ခရီးစဉ်” အင်တာဗျူး ရုပ်သံမှတ်တမ်းကို ဒေဝါလီ ပရိသတ်တို့ ကြည့်ရှုခွင့် မရနိုင်ကြောင်း တောင်းပန်အပ်ပါသည်။     ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။