2.08.2009

မစၥတာဂမ္ဘာရီခရီး စာရင်းရှင်းတမ်း (ဆောင်းပါး)


ရဲဘော်ဖိုးသံချောင်း / ၅ ဖေဖော်ဝါရီ ၂၀၀၉

လက်ဗလာဝင်ရောက်လာတဲ့ မစ္စတာဂမ်ဘာရီတော့ လက်ဗလာနဲ့ ပြန်သွားပြန်ပြီ။

လက်ဗလာပြန်သွားရပေမယ့် လာကတည်းက လက်ဗလာလာသူမို့ သူကတော့ ဘာမှမရှုံးဘူး။ ပါးစပ်ပဲ စိုက်ရ တာ။ ပါးစပ်အစာ (ပြန်အစီရင်ခံစရာ) ရရင် သူ့အတွက် စရိတ်ကျေပြီ။

အလားတူပဲ နဂိုကတည်းက ဒီမိုကရေစီဗလာဖြစ်နေတဲ့ ဗမာပြည်သားတွေ အဖို့ ဗလာပဲ ရလိုက်ပါတယ်။ စာရင်းချုပ် လိုက်တော့ ဘယ်သူတွေကမြတ်လို့ ဘယ်သူတွေကရှုံးသလဲ။

ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့အထူးသံတမန်ဆိုတာတွေ လာလိုက်တဲ့ အကြိမ်တွေ များပဲ များလှပြီ ဆိုတာ တွေ့ရမှာပါ။ ဘဝသံသရာ ရထားကြီးလိုပဲ တယောက်ဆင်း တယောက်တက်၊ ကုလသမဂ္ဂ အတွင်းရေးမှူး တွေလည်းပြောင်း၊ သူတို့ရဲ့ အထူးသံတမန်တွေလည်းပြောင်း။ မပြောင်းတာက ဗမာပြည်ရဲ့ အခြေအနေ။ ပြည်သူတွေရဲ့ဘဝ။ ဓာတ်ပြားဟောင်းကြီးနဲ့ ငိုချင်းချနေရတဲ့ ဗမာပြည်ပြည်သူ တွေရဲ့ဘဝ။ နအဖ စီစဉ်တဲ့ အတိုင်းနေ၊ သွား၊ တွေ့၊ ပြော၊ အကုန် လိုက်လုပ်နေရတဲ့ အထူးသံတမန်ဟာ ဘယ်သူ့ကို ကိုယ်စားပြု တာလဲ ဆိုတာတောင် စဉ်းစားရမလိုဖြစ်နေပါပြီ။

မစ္စတာဂမ်ဘာရီရဲ့ ဒီတခါလာတဲ့ ခရီးစဉ်ဟာ နှစ်ဖက်ရင်ကြားစေ့ပေးဖို့လို့ ဆိုပါတယ်။ ကြားလို့ ကောင်းလှပါတယ်။ ဒါပေမယ့် ဒီနိုင်ငံကို သူတခေါက်လာတိုင်း နှစ်ဖက်ဟာ ပိုပိုနီးလာသလား၊ ဝေးဝေးသွား သလား ပြန်စဉ်းစားရမလို ဖြစ်နေပါတယ်။ လက်တွေ့အနေအထားက ကုလသမဂ္ဂ သံတမန် တခေါက်လာတိုင်း၊ ဗိုလ်သန်းရွှေ တယောက် “အတွေ့မခံဘူး” ဆိုပြီး တခါမာန် တခါတင်း လိုက်ရတိုင်း၊ ကြာရင် ဗိုလ်သန်းရွှေ တက်နေ မှာတောင် စိုးရပါတယ်။ မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံဘူး ဆိုတဲ့အခါမှာတော့ နအဖနဲ့ သူတို့ရဲ့ အလိုတော်ရိတွေဟာ ဒေါ်စုကို အကြီးအကျယ် တိုက်ခိုက် ပြောဆိုခဲ့ ကြပါတယ်၊ ဒါပေမယ့် ဗိုလ်သန်းရွှေက အခေါက်တိုင်းမှာ မတွေ့ဘူးဆိုတာကျတော့ လေသံတောင်မဟဝံ့ပါဘူး။

ဒီကြောင့်မို့ အကြိမ်ကြိမ်လာနေတဲ့ မစ္စတာဂမ်ဘာရီလိုလူဟာ သင်ခန်းစာမယူရော့လေသလားလို့ တွေးစရာ ဖြစ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးတွေရော သင်ခန်းစာမယူလေရော့သလား။ သူတို့အနေနဲ့ နှစ်ဖက် ရပ်တည်ချက် တွေကို ပိုသိရတာဟာ အမြတ်ပဲလို့ ပြောကောင်းပြောပါလိမ့်မယ်။

တကယ်က နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို လွန်ခဲ့တဲ့ (၁၈) နှစ်လောက် ကတည်းကစပြီး အပြောင်း အလဲ မရှိ ရပ်တည်ခဲ့ကြတာပါ။ ဒါကိုပဲ “အော်- ဒီနှစ်လည်းမပြောင်းကြသေးဘူး” လို့ ကောက်ချက်ချပြီး ပြန်သွားရတယ်ဆိုတာမျိုးနဲ့ ဗမာပြည်နိုင်ငံရေးကို စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ပူးကလေးလို အသုံးချတာ ခံမနေ သင့်တော့ပါဘူး။

တခြားနိုင်ငံတွေအဖို့က လက်ရှိစစ်အစိုးရပုံစံကနေ အရပ်သားအစိုးရပုံစံကို တကယ်ပြောင်း မပြောင်းဆိုတာ အရေးမကြီးပါဘူး။ ကြည့်ရတာ သဏ္ဌာန်လောက်ပြောင်းရင်တောင် ကျေနပ်မယ်ဆိုတဲ့ အစိုးရတွေလည်း မနည်းဘူးထင်ပါတယ်။ အီးယူက အီတလီနိုင်ငံ သံအမတ်က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတာကို သတိထားသင့်ပါတယ်။ သူတို့အနေနဲ့ နအဖရဲ့စရိုက်အကျင့်ရော၊ ရပ်တည်ချက်သဘောထားတွေကိုပါ ကောင်းကောင်းသိပါတယ်။ သူတို့ဟာ ဗမာပြည်သူတွေကို မစာနာတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူမှ ကိုယ့်နိုင်ငံအရေးလို သဘောမထားနိုင်ပါဘူး။ ဒါဟာ ပကတိအခြေအနေပါ။ ဒီကြားထဲကပဲ ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်ကဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဘာပြောပြန်ပြီဆိုတာတွေကို ရှေ့တန်းတင်ဖော်ထုတ်၊ ပြောဆိုကြ၊ တဆက်တည်းမှာ စိုးရိမ်ကြ၊ အားတက်ကြ၊ မျှော်လင့်ကြ၊ ဗမာပြည်သားတွေကို “ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ” ဆိုတဲ့ ပုံပြင်တွေနဲ့ ချွေးသိပ်နေတာ မတရားဘူးလို့ ထင်ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးမှာ အားလုံးအာရုံစိုက်သင့် ကိစ္စတရပ်၊ သဘောထား တခုလည်း ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ နအဖက ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပြုတာပါပဲ။ ဒါဟာ ဒီပုဂ္ဂိုလ်နှစ်ယောက်အပေါ် စစ်အစိုးရက အငြိုးအတေး ကြီးတယ် ဆိုတာလောက် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲဖို့၊ ခြိမ်းခြောက်ဖို့၊ အချိန်မရွေးအရေးယူနိုင်ဖို့ ဖဲတချပ် ချန်ထားတယ် ဆိုတာကို ပြနေတာဖြစ်ပါတယ်။

နောက်အချက်တချက်က နအဖဟာ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူး သံတမန်တွေ လာတိုင်း ဘယ်မှာမှ လူတောမတိုးတဲ့ သူတို့ရဲ့ နောက်လိုက်ခွေး တွေကို ပွဲထုတ်ဝါဒါဖြန့်ခွင့်ရနေပါတယ်။ ဒါဟာ သူတို့ရဲ့ရွေးကောက်ပွဲအတွက် ကြော်ငြာဖြန့်တာလို့ ဆိုနိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေကိုလည်း “တွေ့လား” လို့ မေးငေါ့ပြနေတာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းကိုတော့ နအဖဗိုလ်ချုပ်တွေက မျက်စိထဲတောင် မထားဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

ဗမာပြည်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ်ရောက်စေတယ်ဆိုတိုင်း အကောင်းချည်းမဟုတ်ဘူးဆိုတာကို ဒီအခြေအနေ တွေက သက်သေပြနေပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ သေရေးရှင်ရေးကို သူတို့က စားလို့ သောက်လို့ ကောင်းရုံ၊ မင်းတိုင်းကျေ လုပ်နေကြတာဖြစ်ပါတယ်။ ဒီကြားထဲမှာ နအဖအဖို့ကျတော့ ဒါတွေဟာ သူတို့ ဖြစ်စေချင်တဲ့ အချိန်ဆွဲခြင်းဖြစ်လာပြီး အချောင် အမြတ်ရနေပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နအဖကို ဘယ်သူမှမကြိုက်တာတော့အမှန်ပါပဲ။ ဒါပေမယ့် ဒီကိစ္စအတွက် ဘယ်သူမှ ကိုယ့်အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အလွန်ဆုံး လေသံလေးပစ်လိုက်၊ ဒေါ်လာစလေး ပစ်လိုက် လောက်ပဲဖြစ်မှာပါ။ ဒါဟာ သူတို့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါတွေကို သိုက်စာလုပ်ပြီး ပေးနေတဲ့ လူတွေနဲ့ သိုက်စာလိုဖတ်ရှု မျှော်မှန်းနေကြသူတွေကိုသာ မဖြစ်သင့်ကြောင်း ပြောလိုတာဖြစ်ပါတယ်။

တကယ်က ဒီနေ့ နိုင်ငံတကာအခြေအနေမှာ ကုလသမဂ္ဂဟာ သိပ်စွမ်းဆောင်နိုင်တာမဟုတ်ပါဘူး။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ကုလသမဂ္ဂက ဝင်စေ့စပ်တယ်ဆိုတာတွေဟာ တိုးလိုးတန်းလန်းချည်းဖြစ်ပါတယ်။ ကောင်းတဲ့ အဖြေထွက်ပြီး ပြီးပြတ် သွားတယ်ဆိုတာ (၁ဝ) ရာခိုင်နှုန်းတောင် မရှိလောက်ပါဘူး။ ပါလက်စတိုင်း၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ပြည်သူတွေဟာ အသက်ကို ဖက်နဲ့ထုပ်ပြီး ဒုက္ခပင်လယ်ထဲမှာ မျောနေရှာကြတာ ကြာပဲ ကြာလှ ပါပကော။ ဒီဂျာအေးသူ့အမေရိုက်ဇာတ်လမ်းတွေထဲမှာ ဗမာပြည်အရေးကို ထည့်မထား သင့်တော့ပါဘူး။ ဗမာပြည်ပြည်သူတွေအနေနဲ့ လော်ဘီတွေကို မျှော်ရည်နေမယ့်အစား တော်ပြီလို့ ပြောကြရမယ့်အချိန်ကို ရောက်လာပြီထင်ပါတယ်။

စာအုပ်အဖွဲ့အနွဲ့(ကဗျာ)

စာအုပ်အဖွဲ့အနွဲ့

သစ်ကောင်းအိမ်

ဖေဖော်ဝါရီ ၆၊ ၂၀၀၉

အနာပေါ် ဆေးလိပ်မီးပွား ခါချသလို

နေ့စွဲတွေ ကျရောက်နေပုံ

တဖွားဖွား

စကားလုံးတွေ လူကြားကောင်းတယ်

အဖြစ်အပျက်တွေ လူကြားမကောင်းဘူး

နေစောင်းလည်း မွန်းတည့်ကောင်းတုံး

သေပန်းတွေ ပွင့်မဆုံးပုံက

လူသေကို

လူရှင်က ကြောက်ကြ

ဒုက္ခပဲ….၊၊

မျောက်သွေးနဲ့

အားဆေး ဖော်ကြ

ဒုက္ခပဲ….၊၊

မီးလန့်မှ

အပျင်း ဆန့်ကြ

ဒုက္ခပဲ….၊၊

ရှင်ဘုရင် လုပ်ချင်

ဇာတ်ထဲ ၀င်ကြ

ဒုက္ခပဲ….၊၊

ခွေးရူးကို တအို့အို့နဲ့ ခေါ်နေရတဲ့ကိစ္စ

ဇစ်ပျက်ကြီးနဲ့

ရင်ကြားစေ့ကြ

ဒုက္ခပဲ …၊၊

အရေပြားပေါ်က

အယားပြေကိစ္စ တခုလိုသဘောထား

လူထုရှုံ့ချပွဲမှာ

ကြွေးကြော်သံ တိုင်သလို

ဘ၀ကို သံယောင်လိုက် အော်နေပုံများ

သမိုင်းကပဲ လှိုင်းထန်လွန်းတာလား

အမှန်တရားကပဲ လာဘ်စားထားတာလား

ရန်သူနဲ့ စကားပြောလို့ရတယ်

ရန်သူနဲ့ ပရောပရီလုပ်လို့မရဘူး

ဟိုလေယာဉ်ပျံကြီး စီးတော့လည်း

ဒီဘူတာကြီးပဲ ဆိုက်ခဲ့တယ်၊၊ ၊၊

(၁၅. ၂. ၂၀၀၈)

(ကဗျာသရုပ်ဖော်ပုံက ပန်းချီထိန်လင်းရဲ့ သိုးများ ဆိုတဲ့ ပန်းချီကား ဖြစ်ပါတယ်။ သူ့ဝက်ဆိုက်က ရယူပါတယ်။ ခွင့်ပြုပါ)

သတင်းပဒေသာ

၂၀၀၇ ရုပ်ရှင်များအတွက် အကယ်ဒမီဆုများ ယနေ့ပေးအပ်
မိုးမခအထောက်တော် အမှတ် ၀၀၆
ဖေဖော်ဝါရီ ၇၊ ၂၀၀၉
အကယ်ဒမီဆုကို ပြုံးရွှင်စွာ လက်ခံရယူနေသော ကျော်ရဲအောင်

၅၆ ကြိမ်မြောက် အကယ်ဒမီဆု (ရုပ်ရှင်ထူးချွန်ဆု) များ ပေးအပ်ပွဲကို ယနေ့ညနေပိုင်းက မြို့တော်သစ် နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

၂၀၀၇-ခုနှစ်တွင် ပြသခဲ့သော ရုပ်ရှင်ကားများကို စိစစ်ပြီး တပ်မတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်သောဆုများဖြစ်သည်။

ပေးအပ်သော ဆုအရေအတွက် ၆ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဇာတ်ကားဆု- မြင့်မာလာရုပ်ရှင်ထုတ်လုပ်ရေး

[ အမှတ်စဉ် ၁ မှ ၅ အထိ ကိုးဆယ်ဆ သာလိမ့်မယ် ဇာတ်ကားဖြင့် ရရှိ ]

၂။ ဒါရိုက်တာဆု - မောင်ယဉ်အောင်

၃။ အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင်

၎။ အမျိုးသားဇာတ်ပို့ဆု - မိုးဒီ

၅။ ရုပ်ရှင်တေးဂီတဆု - စိန်မွတ်တား

၆။ ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ)

[ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီဇာတ်ကားမှဖြစ်သည်။ ]

ရွေးချယ်ခြင်းမရှိသည့် ဆုများ

၁။ ရုပ်ရှင်အသံဆု -

၂။ အမျိုးသမီးသရုပ်ဆောင်ဆု-

၃။ အမျိုးသမီးဇာတ်ပို့ဆု -

၎။ ရုပ်ရှင်တည်းဖြတ်ဆု -

၅။ ရုပ်ရှင်ဇာတ်ညွှန်းဆု -

၂၀၀၇ ခုနှစ်အတွင်း ရုံတင်ခဲ့သော ဇာတ်ကားများ ၁၀ ကား (ဆယ်ကား) ရှိသည်။

ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ၊

ရင်နင့်အောင်မွှေး၊

ကိုးဆယ်ဆ သာလိမ့်မယ်၊

အမေနှင့် သမီးများ၊

မိုးပေါ်ခုန်တက်ကလိုက်ချင်တယ်၊

ဓမ္မာသောက အင်းဝ ရာဇာ၊

ကျနော့်ချစ်သူပြောသော သူ့ချစ်သူ အကြောင်း၊

ဒီကောင်ဘယ်သူတုန်း၊

ဝင်္ကပါအခြစ်နှင့် သူ၏ ချစ်ကိုကိုချစ်၊

ကက်ကင်း တို့ဖြစ်သည်။

သောင်းပြောင်းထွေလာ - မဂ္ဂဇင်းဂျာနယ် အညွန်း

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဖေဖော်ဝါရီ ၇၊ ၂၀၀၉

မြရိပ်ညို ဟိုတယ်ကို ဈေးပြိုင်ချရောင်းမည်။ အကြွေးမပေးနိုင်သည့် ဂိုးလ်ဒင်းဆွမ်း အဆောက်အဦ စည်ပင်က သိမ်းမည်။ ငွေဆောင်ကမ်းခြေ ဆိုင်ကယ် မစီးရ။ ကြက်ခြံများ မြို့ပြင်ထုတ်ရန်။ မက္ခရာဒေသကို ရှေးဟောင်းယဉ်ကျေးမှုနယ်အဖြစ် သတ်မှတ်။ ရေမြောင်းဆယ် အမှိုက် ၄၀ ရာခိုင်နှုန်းသည် ကြွတ်ကြွတ်အိတ်များ ဖြစ်။ ပြည်မြို့တွင် အပြင်းစားကြက်လည်လိမ်ရောဂါ ဖြစ်။ စင်ကာပူသွား ကွန်တိန်နာတွင်းက ဘိန်းဖြူများ ဖမ်းမိ။ ဒီနေရာမှာ ဖတ်ပါ့။


မြန်မာပြည်က ဂျာနယ်နဲ့ အကယ်ဒမီ ကိုရီးယားမှာ လုပ်သည်

မိုးမခ ၀င်း

ဖေဖော်ဝါရီ ၇၊ ၂၀၀၉

ဂျာနယ်တွေ ဂျာနယ်တွေ မြန်မာပြည်တွင်းမှာ ဂျာနယ်တွေ အခြေအနေဘယ်လိုရှိသလဲလို့ လေ့လာကြည့်မိတယ်။ ထွက်နေတဲ့ ဂျာနယ်တွေက အများကြီးပဲပေါ့။ ဒီအထဲမှာ နံမယ်ကြီးပြီး လူဝယ်အများဆုံးက အားကစားဂျာနယ်တွေ ဖြစ်တယ်။ ဈေးကတော့ ၅၀၀ ကျပ်။ တချို့ဂျာနယ်တွေ ၆၀၀ ဖြစ်သွားတယ်။ အရင်ကတည်းက Weeklyeleven က ၆၀၀ကျပ် ဖြစ်နေတာ။ တချို့က ၄၀၀ ကျပ် နဲ့ ရောင်းနေတုန်းတွေ ရှိတယ်။ သတင်းတွေကတော့ အထူးသတင်းတွေ စုထားတယ် ဆိုပေမယ့် သိပြီးသားတွေ များတယ်။ နိုင်ငံခြားသတင်းတွေ များတယ်။ ကိုရီးယား မင်းသား မင်းသမီးတွေ အကြောင်း ပါတယ်။

အျပည့္အစုံသိုႛ ...

- ၂၀၀၇ ရုပ်ရှင်များအတွက် အကယ်ဒမီဆုများ ယနေ့ပေးအပ် click
- ဘန်ကီမွန်းရဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက် အန်အယ်ဒီ ထောက်ခံ click
- ဦးကျော်သူကို ရာထူးတိုး ချောင်ထိုး၊ စစ်အစိုးရ အိမ်တွင်းပုန်း လုပ်ပြန် click
- အရိုက်ခံရတဲ့ ကျောင်းသားတွေကပဲ ရိုက်တဲ့သူတွေကို ၀န်ချတောင်းပန်ရ click
- အလောင်းသင်္ဂြိုဟ်သူတွေကို တရားစွဲဆို click
- အိပ်ခ်ျအိုင်ဗွီလူနာများ ခိုကိုးရာမဲ့ဖြစ်နေ click
- ကုမ္ပဏီများက ဒေသခံများအပေါ် ကူညီရာမရောက်ဘဲ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေခြင်းသာဖြစ်သည် ဟုဆို click
- အမ်းမြို့နယ်တွင် ပြည်သူများ တပိုင်တနိုင်စိုက်ပျိုးထားသော သစ်မာများကို စစ်တပ်မှ ခုတ်လှဲ click
- ရိုဟင်ဂျာပေါ်သဘောထား အင်ဒိုနီးရှားပြောင်းလဲ click
- ရိုဟင်ဂျာပြဿနာ အာဆီယံ လူ့အခွင့်အရေး စံအတိုင်း ဖြေရှင်းသင့် click
- ဒုက္ခသည်တွေရဲ့ လွတ်လပ်ခွင့် Angelina Jolie တောင်းဆို (ဗွီဒီယိုသတင်း) click
- နိုင်ငံခြားရေးမူဝါဒအသစ် အမေရိကန်ကြေညာ click
- မုန့်ဟင်းခါးစားခြင်းအနုပညာ (အက်ဆေး) click
- မြန်မာပြည်က ဂျာနယ်နဲ့ အကယ်ဒမီ ကိုရီးယားမှာလုပ်သည် click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- စာအုပ်အဖွဲ့အနွဲ့ (ကဗျာ) click

2.07.2009

Burma News

BEHIND CAMP GATES

Surviving on a Little Hope and 33 US Cents a Day

By JIM ANDREWS
Some have no legs. Others lack hands or arms. About half are blind. But all these landmine victims have one vital faculty in common—a voice. And what a voice!
QUOTE OF THE DAY
I was saddened to meet a 21-year-old woman who was born in a refugee camp, who has never even been out of the camp and is now raising her own child in a camp.
- Angelina Jolie, Hollywood actress and Goodwill Ambassador for the United Nations refugee agency

OPINION

A Failed Mission

By AUNG ZAW
The UN Special Envoy’s seventh mission was as hollow and inconsequential as we have grown to expect.

Thirteen 88 Student Activists Transferred to New Prisons

By WAI MOE
Thirteen more 88 student group activists are sent to distant prisons, placing additional burdens on their family and friends.

Jolie Makes Goodwill Visit to Thai Refugee Camp

By LAWI WENG
Oscar-winning actress Angelina Jolie, a goodwill ambassador for the UN’s refugee agency, made her second trip to a camp for Karenni refugees from Burma on Wednesday.

Shan Celebrate their National Day

By MIN LWIN
Burma’s Shan community celebrate their national day on Saturday, barred by the regime from organizing public ceremonies.

Opposition Welcomes Ban’s Call for Burma Talks

By WAI MOE
The UN secretary-general’s renewed call for dialogue between Burma’s junta and political opposition groups is again greeted with appreciation, but little hope of success.

Kyaw Thu kicked upstairs, junta turns reclusive

(Analysis) Burma's top military rulers have begun to show further signs that they have no interest in the international community and its efforts to assist the regime's humanitarian programmes.

European Parliament urges junta to restore citizenship rights to Rohingya

The European Parliament on Thursday called on Burma's military rulers to restore citizenship rights to Rohingya Muslim minorities living in Western Burma's Arakan State,

Detained editor, reporter of Rangoon-based journal acquitted

The Editor and a reporter of Rangoon-based 'News Watch' weekly journal, have been acquitted, after being detained for over two months in the notorious Insein prison.

NLD welcomes UN Chief's call for dialogue

Burma's main opposition party - National League for Democracy - has welcomed the United Nations' Secretary-General's call for the Burmese government and the opposition parties to...

Angelina Jolie visits refugee camp
- Myanmar: Burmese Exile's meeting in Barcelona click
- UN Envoy Returns Home Frustrated click
- Angelina Jolie Visits Myanmar Orphans In Bangkok click
- Myanmar Cyclone Nargis Bogale Hub Update No. 6 click
- Rohingya woes brought to multilateral forums: FM click
- Editorial: The boat people click
- Rohingya: Unwanted in their homeland click
- Revealed: Burma's human exports click
- European Parliament urges junta to restore citizenship rights to Rohingya click
- Thailand must stop dumping stateless people at sea click
- Indonesia to allow UN access to Rohingya click
- Jolie urges Thailand to welcome Muslim refugees from Myanmar click
Faces of the UI: Tossed out of Burma, writer finds home here
UI The Daily Iowan - Iowa City,IA,USA
When Kerry Howley handed her passport to the immigration officer at an airport in Rangoon, Burma, she caught a glimpse of something popping up on the ...
See all stories on this topic
India should advocate for democracy in Burma
Newstrack India - Delhi,India
While the Indian vice-president has left for Burma (Myanmar) with a four-day official visit to the military-ruled country, the civil society groups of India ...
See all stories on this topic
Jakarta Globe
Plague of Rats Makes Food Even Harder to Find in Burma
Jakarta Globe - Jakarta,Indonesia
Food insecurity in Burma’s remote and impoverished Chin State, in northwestern Burma, has worsened following a major infestation of rats. ...
See all stories on this topic
Opposition Welcomes Ban’s Call for Burma Talks
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE Burma’s opposition welcomed United Nations Secretary-General Ban Ki-moon’s call to resume substantive talks between the Burmese military junta ...
See all stories on this topic
UN Envoy Leaves Burma Empty-handed
Asia Sentinel - Hong Kong,SAR,Hong Kong
Burma's military regime is clearly in no mood to compromise with the United Nations or the international community. Several ministers politely received the ...
See all stories on this topic
Thailand starting to resemble Burma
United Press International, Asia - Hong Kong,USA
It closely parallels Burma’s tough military junta’s long-term and successful efforts to stifle opinion, regiment society and guard against anti-government ...
See all stories on this topic
Angelina Jolie, Brad Pitt pay visit to Burmese refugees in Thai camp
The Australian - Sydney,Australia
HOLLYWOOD star couple Angelina Jolie and Brad Pitt visited Burmese refugees in a Thai camp, including one woman who had been there for more than two decades ...
See all stories on this topic
Sideshow: Jolie's mission: Burmese refugees
Philadelphia Inquirer - Philadelphia,PA,USA
By Tirdad Derakhshani Angelina Jolie yesterday called upon Thailand to give more freedom to the more than 100000 Burmese refugees it has locked up in camps ...
See all stories on this topic
Indonesia backtracks on Burmese migrants
Ninemsn - Sydney,New South Wales,Australia
Indonesia says it will consider granting refugee status to hundreds of Muslim migrants from Burma allegedly abused and dumped at sea by Thai security forces ...
See all stories on this topic
Jolie urges Thai Govt. to free Burmese Refugees locked in camps
Thaindian.com - Bangkok,Bangkok,Thailand
Washington, February 6 (ANI): Hollywood actress Angelina Jolie has asked the Thailand Government to free around 110000 Burmese refugees who have been locked ...
See all stories on this topic

Blogs Alert for: burma news

Poster Beware Human Traffickers (KACHIN) « democracy for burma
By peacerunning
February 6, 2009 · No Comments · http://www.mizzimaburmese.com/multi-media/photo-news/2354-2009-02-01-11-37-48.html · http://democracyforburma.wordpress.com/2009/01/31/posters-of-seven-women-human-traffickers-appear-in-laiza/ ...
democracy for burma - http://democracyforburma.wordpress.com/
GMANews.TV - Angelina Jolie visits Myanmar refugee camp in ...
"With no foreseeable chance that these refugees will soon be able to return to Burma (Myanmar), we must find some way to help them work and become self-reliant." Jolie also raised her voice on behalf of the even more ...
GMA News.tv - http://www.gmanews.tv/
Jolie urges Thailand to welcome Muslim refugees | KhmerNews.net ...
By Cambodia News latest RSS headlines - Big...
Angelina Jolie, a goodwill ambassador for the United Nations refugee agency, has urged Thailand to welcome Muslim refugees fleeing Burma. Thailand's treatment of the Rohingyas, an oppressed Muslim mi... Source | Discuss this article ... Website. This entry was posted on Friday, February 6th, 2009 at 12:25 am and is filed under Cambodia News. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site. ...
KhmerNews.net | Cambodia News... - http://khmernews.net/
ScandAsia.Com - Denmark and Norway Break Burma Boycott
By charlotte@scandmedia.com (Charlotte Lund...
Articles, news, tips, pictures and stories become unless otherwise stated property of ScandAsia upon submitting. Send mail to gregers@scandasia.com with questions or comments about this web site. Or contact us by: ...
Scand News for SEA - Scandinavian... - http://www.scandasia.com/
Drowning Burmese Refugees in Thailand Is Bad Karma « Kyawkyawoo’s ...
By kyawkyawoo
Filed under: Uncategorized | Tagged: Aung San Suu Kyi, Buddhism, Burma News ladders, Burmese Migrant workers soffocated to death, Cyclone Nargis, Drowning Burmese Refugees, junta in Myanmar, Myanmar, myanmar muslim minority, ...
Kyawkyawoo's Weblog - http://kyawkyawoo.wordpress.com/

Web Alert for: burma news

Jolie asks Thailand to help Burmese refugees - Yahoo! News
Angelina Jolie has called on Thailand's government to give more freedom to tens of thousands of Burmese refugees it has kept locked inside camps for up to ...

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ

ဖြစ်ရပ်မှန် ဝတ္ထုတို
ကျမလေ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။

အဲဒါက မနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက်နဲ့ ဒေါ်ကြီး ထမင်းတွေ ဟင်းတွေ လ္ဘက်သုတ် ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တက် ချမ်းသာကြီး တန်ဆောင်းမှာ ပု တီးစိတ် စကားတွေ ပြောပြီး ....။ ခေါင်းလောင်းထိုး.. လူနှင်တော့မှ မဆင်းချင် ဆင်းချင်နဲ့ ကျမတို့ ဆင်းလာ ခဲ့ကြတယ်။
ကျမတို့  ညီအမ ဘုရားကို မနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့ တော့ မထင်စေချင်ဘူး ။

အကြောင်းအရာ တစ်ခု စလိုက်ရင် တစ်ယောက်တစ်ပေါက် မပြီးနိုင် မစီးနိုင် ပြောတာတွေ..... ရင်ထဲမှာ စုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။

ကျမကတော့ အကုန်စပ်စု၊ တွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမ သိလာခဲ့  ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာ ပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေး တစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာ ထမ်းယူသွားတယ် ...။ ပြီးရင် တစ်ပုံးပြီးတစ်ပုံး မမောနိုင် မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာ ရှိသမျှပုံး အကုန် တစ်နေရာမှာ သူသွားသွားစုတာ တစ်နေ့ လဲ မဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။

ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလို သိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။

အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေ အကုန်ဆင်း ဂေါပကနဲ့ ၀န်ထမ်းပဲ ကျန်တာ....။သော့ခတ်ထားတဲ့ အလှူခံ ပုံးကို ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။ ပုတုတုနဲ့ အဲ့ဒီ ပုံးလာထမ်းတဲ့ ကောင်လေး ကို........... မမလေ......... သိတယ်နော်။

“ဟဲ့ နင်ကို ဘယ်သူ ဒဏ်ပေး ထားတာတုန်း”လို့ ကျမမေးတော့.....“ ဗျာ.... အမ” တဲ့ “အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူ သွားတာတုန်း” ဆို တော့ သိမ်းတာလေတဲ့ ။

“ဟဲ့ နင်အားနေလား နင့်ဘယ်သူ သိမ်းခိုင်းတာလဲ ..အဲဒါ ဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့သူ မရှိဘူး” ဆိုတော့...။

“မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာ”တဲ့ .....။ကျမ ခေါင်းနဘမ်း ကြီးသွား သလို အမတွေလဲ အနားတိုး လာတယ်။

“ရှငှ်းင်း ပြောစမ်း နားမလည်ဘူး။ ဂေါပကသွး တိုင်မှာနော်။ ဘုရားပိုင်ငွေတွေ ည်ြသူတွေရဲ့ အလှူ ငွေတွေကို ဘယ်က သူဌေးက ပိုင်ယ်လို့  နင်ပြောတာတုန်း” ဆို တော့ “ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက် ယူထားတာ” တဲ့  ရှင်....။

ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ “နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြား”တဲ့  မလတ်က “ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်”တဲ့ ...။

“မလတ်ရယ် ဗုဒ္ဓဘာသာတွေ လုပ်လို့  ဒီအလှူငွေတွေ ဘာသာခြား လက်ထဲ ရောက်ကုန်တာ မဟုတ်လား” ဆိုတော့မှ မလတ်က “မဟုတ်ဘူးတဲ့  ဗုဒ္ဓဘာသာ မဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျ နေတဲ့ လူတစ်စုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ့ အလှူငွေတွေရော၊ ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့” တဲ့ ...။ “ငါတို့ က ဘုရားကို ရည်စူးပြီး လှူတယ် ။ လက်စသတ်တော့ ကုလားက ရနေတာကိုး”တဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကို ရေလှူ ၊ ပန်းကပ် ရွှေသင်္ကန်း ကပ်ရုံကလွဲလို့  သော့ခတ်ထားတဲ့  အလှူခံပုံးတွေထဲ ကျမတို့  အလှူငွေ မထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။

မှတ်ချက်။ ။ အဲဒီကိစ္စ လုံးဝမဟုတ်ပါဘူး ဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူး ဆိုတာ ကို လက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီး တစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....။

အီးမေးမှ ဖေါ်ဝပ်လုပ်ပေးပို့လာခြင်း ဖြစ်ပါသည်။ ရေးသူအမည် မပါရှိပါ။

သတင်းပဒေသာ

မြန်မာ ဒုက္ခသည်များကို ဂျိုလီ ကူညီမည်

ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် အင်ဂျလီနာ ဂျိုလီနှင့် ခင်ပွန်း ဘရက်ပစ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကရင်နီဒုက္ခသည် စခန်းသို့ သွားရောက် လည်ပတ်ကာ စခန်းတွင်းရှိ

ဘန်ကီမွန်း တိုက်တွန်းချက် အတိုက်အခံများ ကြိုဆို

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများကြား ထိရောက် အကျိုးရှိသည့် ဆွေးနွေးမှုများ ချက်ချင်း ပြုလုပ်ရန်

ရိုဟင်ဂျာများ နိုင်ငံမဲ့ပြီ

ရိုဟင်ဂျာများသည် မိမိတို့၏ နိုင်ငံသားများ မဟုတ်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးက ပြောကြားလိုက်သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

From NLD held Min Thu Wun 100 Year Anniversary

အင်န်အယ်ဒီပါတီလူငယ်များ မင်းသုဝဏ် ရာပြည့် စာဖတ်ဝိုင်းဖြင့် ဂုဏ်ပြု

မိုးမခ အထောက်တော် (ရန်ကုန်)

ဖေဖော်ဝါရီ ၆၊ ၂၀၀၉

ယမန်နေ့က ပါတီဌာနချုပ်မှာ လူငယ်များက စာဖတ်ဝိုင်းပြုလုပ်ပြီး မြန်မာစာပေလောကရဲ့ ရှေ့ဆောင်၊ အမျိုးသားစာဆိုကြီးနဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပါတီမှာ ရပ်တည်ခဲ့သူ ဆရာကြီး မင်းသုဝဏ် ရာပြည့်ကို ဂုဏ်ပြုတဲ့ အခမ်းအနားကျင်းပခဲ့ကြပါတယ်။ ဓာတ်ပုံ မှတ်တမ်းကို ကြည့်ရှုနိုင်ပါတယ်။



 ဒုက္ခရောက်သူများ မြန်မာပြည်တွင် ပြုလုပ်သည်
ဒီအောင်ခင်
ဖေဖော်ဝါရီ ၆၊ ၂၀၀၉

“လူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်” ဆိုတဲ့သတင်းကို ဖတ်လိုက်ရင် “ဟုတ်ပါ့မလား၊ ဘာကြောင့် ပြေးရတာလဲ” လို့ မေးချင်သူများ ရှိပါလိမ့်မယ်။

ဟုတ်ပါတယ်။ ရွာလုံးကျွတ် ပြေးနေရတဲ့ရွာတွေ အင်မတန် များတယ်လို့ ဆိုပါတယ်။

ရန်ကုန်သား မန္တလေးသားတွေ သင်တန်းတက်၊ ဘတ်စ်ကားတိုးစီး၊ ဗေဒင်ဆရာတွေဆီက အကြံတောင်း စတဲ့ အလုပ်တွေနဲ့ ရုန်းကန်နေချိန်မှာ ကျေးလက်ဒေသတချို့မှာလည်း သူ့နည်းသူ့ဟန်နဲ့ ရုန်းနေကြတာပါ။

အဴပည့္အစုံသိုႛ ...

ရွှေဝါရောင် စက်တင်ဘာ တေးဂီတ အဖွဲ့ သီချင်းသစ် ထုတ်ပြန်

ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး တေးသံ

ဖေဖော်ဝါရီ ၅၊ ၂၀၀၉


ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေး ကျင်းပ

သုံးရက်ကြာကျင်းပမည့် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီး မန္တလေးမြို့တွင် ယနေ့ စတင်နေပြီဖြစ်သည်။ ၁၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ရွှေကျင်ဂိုဏ်းဝန်ဆောင်သံဃာတော်များ၊ ဆရာတော်ကြီးများဖြင့်

KIA ထိန်းချုပ်ရာမြို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ

ကချင် လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်ရာ တရုတ် နယ်စပ်ရှိ မိုင်ဂျာယန်မြို့သည် ယမန်နေ့ကစ၍ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းအချို့...
- ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို လူထုမထောက်ခံ၊ စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေ ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို click
- ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းကို လစာမပေးဘဲထား click
- နေပြည်တော်ညွှန်မှူးပေါင်းစုံကို ရွေးကောက်ပွဲစည်းရုံးခိုင်းရန် ပြင်ဆင် click
- ၂ဝ၁ဝ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရခြင်း အဖြစ်မှန် (ဆောင်းပါး) click
- လက်နက်မှောင်ခို ၃ ဦး သေနတ် ၁၈ လက်နှင့် ဖမ်းမိ click
- KIA ထိန်းချုပ်ရာမြို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ click
- ဒီချုပ်ရုံးအနီး မီးလောင်မှုဖြစ် click
- ဘန်ကီမွန်း တိုက်တွန်းချက် အတိုက်အခံများ ကြိုဆို click
- အကယ်ဒမီပေးစရာ ၄ ကားသာရှိ click
- မြန်မာဒုက္ခသည်များကို ဂျိုလီ ကူညီမည် click
- ယဉ်ကျေးမှုကို မော်ဒန်ထဲ ထည့်ရေးတဲ့ တင်မောင်ဦး (အင်တာဗျူး) click
- စစ်ကျန်ဘတ်စ်ကားများအား မြို့တွင်းဝင်ခွင့်မပြုတော့ click
- ရိုဟင်ဂျာ မြန်မာမဟုတ်ဟု ဘန်ကောက်မြန်မာသံရုံးပြော click
- သစ်တောရေးရာဝန်ကြီးဌာနက တေဇပိုင် ထူးကုမ္ပဏီသို့ပေးသော အခွင့်ထူးများ (အွန်လိုင်းပေးစာ) click
- ရှေ့တန်းရောက်လာတာက ချစ်သူများနေ့ (ဆောင်းပါး) click
- သတင်းစာနှင့် စက္ကူ (ဆောင်းပါး) click
- ပိတ်ဆို့ဒဏ်ခတ်မှု ပယ်ဖျက်ရေး နအဖ၏ တောင်းဆိုချက်အပေါ် တုံ့ပြန်ဝေဖန်ကြ click
- နာဂစ်ဒေသ မူလအခြေအနေရောက်ပြီဟု ပြန်ကြားရေးဝန်ကြီး လိမ်ညာ click
- တောင်ငူ၌ ပေါက်ကွဲမှုဖြစ်ပွား click
- တောင်သူများကို ကူညီသူအား ရဲအထူးသတင်းတပ်ဖွဲ့ ခြိမ်းခြောက် click
- အကျဉ်းသားများစာရင်းကို စစ်အစိုးရထောက်လှမ်းရေးက ပြန်လည်ကောက်ခံ click
- အင်န်အယ်ဒီပါတီလူငယ်များ မင်းသုဝဏ်ရာပြည့် စာဖတ်ဝိုင်းဖြင့် ဂုဏ်ပြု click
- ရခိုင်ပြည်နယ် မီးသတ်မှူး ဓားထိုးခံရ click
- သျှမ်း-အရှေ့အပစ်ရပ်အဖွဲ့များနှင့် နအဖတပ်အကြား ဆက်ဆံရေးအေးကျဲလာ click
- ၀န်ကြီးဌာနများ ပူးတွဲကိုင်လာ click
- စစ်အစိုးရနဲ့ အတိုက်အခံ ချက်ချင်းဆွေးနွေးရေး ကုလတိုက်တွန်း click
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာရှသွားမည် click
- အိန္ဒိယ-မြန်မာနှစ်နိုင်ငံ သဘောတူညီမှု စာချုပ် click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- I Paper သို့မဟုတ် သတင်းအချက်အလက်များ ဖလှယ်ရာ ၀က်ဆိုက် Scribd click

2.06.2009

Burma News

SLIDE SHOW

Behind Camp Gates

By KYAW ZWA MOE
More than 148,000 refugees from the fighting in Burma huddle in the shelter of 10 camps along the Thai-Burmese border, most of them denied any hope of starting new lives in the outside world or of ever returning to a free homeland. Two writers for The Irrawaddy visited two border camps for a special series. Kyaw Zwa Moe reports first of all from Karenni Refugee Camp-1.

TCG Chairman Kyaw Thu Transferred

By THE IRRAWADDY
Kyaw Thu, who was considered to be an effective administrator, has been transferred to a low-profile post, a move seen as a snub to UN agencies and INGOs who were encouraged to see more humanitarian missions being allowed to work in Burma.

OPINION

A Failed Mission

By AUNG ZAW
The UN Special Envoy’s seventh mission was as hollow and inconsequential as we have grown to expect.

Burmese PM’s Daughter Camera Shy on Her Wedding Day

By MIN LWIN
Burma’s military elite gathered for another extravagant wedding on Saturday—but this time, guests were asked to check their video cameras at the door.

Kyaw Thu’s Transfer Questions Junta’s Intentions

By WAI MOE
The apparent transfer of Deputy Foreign Minister Kyaw Thu to an inactive post raises questions about the junta’s true intentions.

Young Activist Given 15-Year Sentence

By SAW YAN NAING
Twenty-year-old Dee Nyein Lin receives a total of 15 years for taking part in a demonstration and organizing an “illegal” group.

Burmese Migrants in Limbo

By LAWI WENG
The Thai Labor Ministry is delaying the issue of some 700,000 work permits to migrant workers—90 percent of whom are Burmese—in order to accommodate Thais affected by the global economic crisis.

UN discusses with Thailand to find solution for Rohingya boatpeople

United Nations High Commissioner for Refugees in Thailand said it is discussing with the Thai government on a possible solution for 78 Rohingya boat people, who were arrested by the...

Junta continues cabinet reshuffle

In the continuing reshuffle of its cabinet, the Burmese military rulers have appointed two of its Ministers to head an extra ministry each in place of ministers that have resigned,...

Editorial, Opinion and Analysis

Burma's opium poppy growers return to their fields

(Analysis) Opium poppy cultivation in Burma has increased alarmingly in the past two years amid fears that region's worsening econ...


Leader of pro-junta group resigns

Thein Tin Aung, second-in-command of a Student and Youth Organization, which usually criticizes Daw Aung San Suu Kyi and her NLD party and which is also contesting the 2010 general...

ABFSU leader Dee Nyein Linn sentenced to 5 more years in prison

The South Dagon Township Court sentenced 'All Burma Federation of Students Union' (ABFSU) leader Dee Nyein Linn to another five years in prison yesterday, for unlawful association...
E! Online
Angelina Jolie Visits With Refugees in Thailand
E! Online - USA
As goodwill ambassador to the United Nations Refugee Agency, UNHCR, Angie was there to appeal to the country's government to provide Myanmar (Burma) ...
See all stories on this topic
Human rights: conflict in Sri Lanka, persecution of Burmese ...
Parlement Européen (Communiqué de presse) - Bruxelles,Belgium
Civilians caught in deadly crossfire between the Sri Lankan Government and rebel group Tamil Tigers, the persecution of the Rohingya people of Burma, ...
See all stories on this topic
Voice of America
Jolie Asks Thailand to Give Burmese Refugees More Freedom
Voice of America - USA
By VOA News Academy Award-winning actress and United Nations goodwill ambassador Angelina Jolie is urging Thailand to give tens of thousands of Burmese ...
See all stories on this topic
Breaking Burma’s official secrets
United Press International, Asia - Hong Kong,USA
By Awzar Thi When some villagers in Natmauk, central Burma, made a complaint last year that the army had illegally occupied land they had been farming, ...
See all stories on this topic
Jolie asks Thailand to help Burmese refugees
International Herald Tribune - France
AP GENEVA: Angelina Jolie has called on Thailand's government to give more freedom to tens of thousands of Burmese refugees it has kept locked inside camps ...
See all stories on this topic
British Council pulls out of Tehran after 'intimidation'
Times Online - UK
That is why we continue to work in places as challenging and varied as Iraq, Burma, Zimbabwe and Afghanistan. "I am now looking for the opportunity to ...
See all stories on this topic
Come Hell or High Water, the Burmese Junta Endures
Pulitzer Center on Crisis Reporting - Washington,DC,USA
By Jacob Baynham This marks Gambari's seventh trip to Burma, a country locked in a military dictatorship since 1962. His efforts have had little effect. ...
See all stories on this topic
Burmese PM’s Daughter Camera Shy on Her Wedding Day
The Irrawaddy News Magazine - Chiang Mai,Thailand
By MIN LWIN Opulence was the order of the day last Saturday, as Burmese Prime Minister Gen Thein Sein’s daughter married Capt Han Win Aung at a government ...
See all stories on this topic
Gambari’s visit sees no progress in Burma
Democratic Voice of Burma - Oslo,Norway
Feb 5, 2009 (DVB)–The National League for Democracy has expressed disappointment that the visit of United Nations special envoy Ibrahim Gambari to Burma did ...
See all stories on this topic
Kyaw Thu’s Transfer Questions Junta’s Intentions
The Irrawaddy News Magazine - Chiang Mai,Thailand
The apparent reshuffle confused international observers and rang alarm bells within UN agencies and INGOs operating inside Burma. Why the consternation? ...
See all stories on this topic

Blogs Alert for: Burma news

GMANews.TV - Angelina Jolie asks Thailand to help Burmese refugees ...
GENEVA – Angelina Jolie has called on Thailand's government to give more freedom to tens of thousands of Burmese refugees it has kept locked inside camps for up to 20 years.
GMA News.tv - http://www.gmanews.tv/
Fear from Freedom: The best quality of jade necklace
By May Burma
The best quality of jade necklace · The best quality of jade necklace, originally uploaded by chawwathan. Posted by May Burma at 2:59 AM ... wedding of the year. wedding of the year planned by may burma ...
Fear from Freedom - http://www.mayburma.com/
အထွေထွေ ဗဟုသုတ Knowledge for Burmans: Women and ...
By May Burma
... users actually had a lower risk of breast cancer than non-users in the first two years, but, he says, that's probably due to the fact that hormone use increases breast density, making it more difficult to see small tumors on mammograms. Posted by May Burma at 4:13 PM ... It is time Burmese do not waste their media and publication with Euro football and Hollywood news. When I have time and finance, the site will be improved for better presentation. ...
အထွေထွေ ဗဟုသ... - http://www.educate-myanmar.com/
Jolie and Pitt visit Burmese refugee camp along Thai-Burma border ...
By peacerunning
by Mizzima News Thursday, 05 February 2009 19:41. Chiang Mai (Mizzima) - Hollywood star Angelina Jolie and her husband Brad Pitt on Thursday visited a Burmese refugee camp along the Thai-Burma border in Northern ...
democracy for burma - http://democracyforburma.wordpress.com/
The military government Ministry of Home Affairs is conducting a ...
By sanooaung
He said Rohingya were no less a problem for Bangladesh than Burma, and Bangladeshis had also mistreated them. And both countries are yet to identify how many and which Rohingya are from either. Some are Bengali economic refugees. The other two reasons the military government has made up are: Incomplete census and problems in the drug eradication programme. For those, the military government refuses .... Burma News. Aljazeera English · Burma News Google ...
San Oo Aung's Weblog - http://sanooaung.wordpress.com/