4.08.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Southeast Asian leaders attend the plenary session of the 16th annual summit of the Association of Southeast Asian Nations (ASEAN) in Hanoi, Vietnam, Thursday, April 8, 2010-AP

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲတွေ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်မှာ ဒီကနေ့ စတင်ကျင်းပရာမှာ မြန်မာနဲ့ ထိုင်းတို့လို အသင်းဝင် နိုင်ငံတွေရဲ့ နိုင်ငံရေး ပြဿနာတွေ လွှမ်းမိုးဖွယ်ရာ ရှိနေပါတယ်။

Kyrgyz protesters waving the national flag, ride on a truck in Bishkek, Kyrgyzstan, Wednesday, April 7, 2010-AP

Anti-government protesters push back riot police officers after getting into Parliament in Bangkok, Thailand, on Wednesday April 7, 2010-AP
NLD အလံ မလှဲဟု ဆို

NLD အလံ မလှဲဟု ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက လာမည့် မေလ (၇) ရက်နေ့ နောက်ပိုင်း ပါတီ ဆိုင်းဘုတ်များကို ဖြုတ်မည် မဟုတ်ကြောင်း မကြာသေးခင်က ဆုံးဖြတ်ချက်ချ
ထိုးစစ်များကြောင့် ကလေးငယ် နှစ်သိန်း နီးပါး ခိုလှုံရာမဲ့

ထိုးစစ်များကြောင့် ကလေးငယ် နှစ်သိန်း နီးပါး ခိုလှုံရာမဲ့

စစ်အစိုးရ၏ ထိုးစစ်များကြောင့် လွန်ခဲ့သည့် ၇ နှစ်တာ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေး နေကြရသူ များတွင် ကလေးငယ် တသိန်း ကိုးသောင်းကျော် ပါဝင်ကြောင်း အစီရင်ခံစာ

ဆန်ရောင်းဝယ်လိုပါက စာရင်းအတိအကျ တင်ပြရမည်

ဆန်လုပ်ငန်းရှင်များ အနေဖြင့် ဆန်ရောင်း ၀ယ်မှုတွင် ဒေသဆိုင်ရာ အာဏာပိုင်များသို့ စာရင်း ဇယားဖြင့် တင်ပြပြီးမှ ရောင်းဝယ် ရမည်ဟု ယမန်နေ့က ပြုလုပ်သည့်  မြန်မာနိုင်ငံ ဆန်စပါး

ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်ကြီး ၄၀ ခန့်သာ ရှိမည်

ယခုနှစ် ရန်ကုန် သင်္ကြန်တွင် ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ်ကြီး ၄၀ ၀န်းကျင်သာ ဆောက်လုပ် ခွင့်ရမည် ဖြစ်သောကြောင့် အနည်းငယ်သာ စည်ကားဖွယ် ရှိသည်ဟု ရန်ကုန်မြို့ခံ

သင်္ကြန်ကား အငှားဈေးကွက် ပျက်

ယခုနှစ် ရန်ကုန်သင်္ကြန် စည်းကမ်း တင်းကျပ်မှု များပြားလှ သောကြောင့် ရေပက်ခံ ထွက်မည့်သူ နည်းပါးပြီး သင်္ကြန်ကား ငှားရမ်းမှု ယခင် နှစ်ကထက် ပိုမို လျော့နည်းကာ ကားငှားခ ဈေးနှုန်းများ

ပါတီ ၂ ခု ထပ်မံ မှတ်ပုံတင်

ပြည်ထောင်စု ဒီမိုကရေစီ ပါတီဟု အမည်ပေး ထားသည့် ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေး ပါတီဖွဲ့စည်းခွင့် ပြုရန် ယနေ့ လျှောက်ထားကြောင်း သိရသည်။

NLD ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက်

ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ် လိုက်သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့

အဲပုဂံက ခရီးစဉ် တိုးချဲ့မည်

အဲပုဂံ လေကြောင်း လိုင်းသည် မကြာသေးမီက ၀ယ်ယူထားပြီး ဖြစ်သော လေယာဉ် သစ်များဖြင့် ပြည်တွင်း ပြည်ပ ခရီးစဉ်များကို တိုးချဲ့ ပျံသန်းမည်ဟု သိရသည်။လေယာဉ်သစ် ၃ စီး ထက် မနည်း ၀ယ်ယူထားရာ

နှစ်သစ်ကူးနှင့် မျက်လှည့်ရူး

နှစ်သစ်ကူးနှင့် မျက်လှည့်ရူး “သင်္ကြန် နေပြည်တော် သွားမှာ”
“ရန်ကုန်မှာနေမှာ”
“ဟာ နေပြည်တော်က စည်မှာကွ၊ နေပြည်တော် သွားမှာကွ”
ဆက်ဖတ်ရန် ...တရားဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန် တရားသူကြီးချုပ်ကို အန်အယ်လ်ဒီ အကြောင်းကြား
စိုးမိုး/ ၈ ဧပြီ ၂၀၁၀

“အရင်တခါ ကျနော်တို့ ဦးအောင်ရွှေကိုယ်တိုင် တရားရုံးချုပ်မှာ နအဖကို တရားစွဲဆိုတာကို သွားတင်တယ်။ အဲဒီတင်တဲ့အခါမှာ တရားရုံးက လက်မခံဘူး၊ မှတ်ပုံမတင်ဘူး။ အဲဒီကိစ္စက ဥပဒေပြဋ္ဌာန်းချက်အရ မှားနေတယ်။ ဥပဒေပြဋ္ဌာန်းချက်မှာ ဘယ်လို ရှိတယ်ဆိုတာကို အကျိုးအကြောင်းဖော်ပြပြီး တရားသူကြီးချုပ်ကို ကျနော်တို့ ဒီနေ့ စာတိုက်ကနေ စာတစောင်ပို့လိုက်တယ်။ ဦးအောင်ရွှေ လက်မှတ်ထိုးပြီးတော့ ....” အပြည့်အစုံသို့

သိန်းပေါင်းများစွာတန်ဖိုးရှိ မှောင်ခိုပစ္စည်းမျာ စစ်ကားတန်းများတွင် ဖမ်းမိ
ခိုင်လင်း/ ၈ ဧပြီ ၂၀၁၀
“အဲဒီကားတွေကို ဗိုလ်မှူးတယောက်က တာဝန်ခံပြီး သယ်ယူ နေတာ။ အခုသယ်တဲ့ကားက ကားအစီး (၄ဝဝ) ရှိတယ်။ ကားသမား အားလုံးကလည်း ထောက်ပို့ ...” အပြည့်အစုံသို့
အာဆီယံဝန်ကြီးများ မြန်မာနိုင်ငံအရေး ဆွေးနွေး

NEJ/ ၈ ဧပြီ ၂၀၁၀
“ကျနော်တို့က အသေအချာ လေ့လာပြီး အကြံဉာဏ်တွေ ပေးတာပါ...” အပြည့်အစုံသို့

စစ်တွေတွင် နေကပူ ရေကရှားပြည်သူတွေ ဗျာများ
မျိုးချစ်သူ/ ၈ ဧပြီ ၂ဝ၁ဝ
“နေကလည်းပူတယ်၊ ရေကလည်း မလာဘူး၊ အတော်အခက် အခဲရှိနေပါတယ်။ အခု ရေကို အပြင်က ဝယ်သုံးနေရသူတွေ များတယ်။ ငွေကြေးကျပ်တည်းရတဲ့အထဲ ...” အပြည့်အစုံသို့
သင်္ကြန်နားနီး ကားလက်မှတ်အခက်အခဲ တာဝန်ရှိသူများ မဖြေရှင်းနိုင်
မျိုးဝင်းဇော်/ ၈ ဧပြီ ၂၀၁၀
“မန္တလေးကို ပုံမှန် ကျပ် (၁ဝ,၄ဝဝ) ပေးရတဲ့ ကားခကို ကျပ် (၂၃,ဝဝဝ) ပေးရမယ်ပြောတယ်၊ ဒါနဲ့ ဝယ်ခဲ့ရတယ်။ ရက်နီးမှ ဝယ်မယ်ဆိုရင် ပိုပြီး ...” အပြည့်အစုံသို့
စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်
ကျော်ဗလ/ ၈ ဧပြီ ၂၀၁၀ (သုံးသပ်ချက်)
“၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖက ‘မနိုင်လည်း နိုင်အောင်’ လုပ်မှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် အမတ်ဖြစ်ဖို့ စိတ်ကူးယဉ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ ၂၀၁၀ နိုင်ငံရေးသတ်ကွင်းထဲမှာ ကားစင်တင် တံကျင်လျှို ခံရပါလိမ့်မယ်။ စိတ်ကူးယဉ်စရာ ဘာမှမရှိပါဘူး။ တပြည်လုံး ‘ဘွိုင်းကောက်ဋီကာ’ ရွတ်ပြီး No ဟစ်ကာ ဆန့်ကျင်ကန့်ကွက် ...” အပြည့်အစုံသို့
 

အစည်းအဝေးသို့ သံဃာတော်များ နိုင်ငံရေးခေါင်းဆောင်များ ၈၈ မျိုးဆက်ကျောင်းသားများ အလုပ်သမားအဖွဲ့အ စည်းများ စာနယ်ဇင်းသမားများ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများ... အပြည့်အစုံသို့

မောင်တောမြို့နယ်တွင် အမည်မသိ ရောဂါဆန်းတမျိုး ဖြစ်ပွားနေ

၎၊၈၊၂၀၁၀
မင်းဆက်ခိုင်(နိရဉ္စရာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အမည်မသိ ရောဂါဆန်း တမျိုးဖြစ်ပွားနေပြီး ယခုအခါ လူထုအတွင်း ပြန့်ပွားမူများ ရှိနေကြောင်း သတင်းရရှိသည်။
အပြည့်အစုံသို

တာချီလိတ်မြို့ခံများ တရားခံကဲ့သို့ ဧည့်စာရင်းစစ်ဆေးခံနေရ

တာချီလိတ်မြို့ခံများ တရားခံကဲ့သို့ ဧည့်စာရင်းစစ်ဆေးခံနေရတာချီလိတ်မြို့တွင်း ရပ်ကွက်များ၌ နအဖ အာဏာပိုင်တို့ ညပိုင်းအချိန်မတော် ရှောင်တခင်ဧည့်စာရင်းစစ်ဆေးရာဒေသခံ များအား တရားခံစစ်သကဲ့သို့ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

  သံလွင်အရှေ့ခြမ်း နအဖစစ်တပ် ဂိတ်စခန်းတိုးချ ခရီးသွားများအား တားဆီးစစ်ဆေး

သံလွင်အရှေ့ခြမ်း နအဖစစ်တပ် ဂိတ်စခန်းတိုးချ ခရီးသွားများအား တားဆီးစစ်ဆေးသံလွင်အရှေ့ခြမ်း တာချီလိတ် - မိုင်းဆတ် လမ်းမပေါ် နအဖ စစ်တပ် ကင်းစခန်းများတိုးချထားပြီး ခရီးသွားများအား တားဆီးစစ်ဆေးမှု ပြုလုပ်နေသည်ဟု ခရီးသွားများပြောပြချက်အရ သိရပါသည်။

မူစယ် လျှပ်စစ်ဋ္ဌာန ရငွေ ကန်ဒေါ်လာ ၄ သန်းကျော်ရှိ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် မီတာဘောက်စ် လဲလှယ်ကြေးအတွက် လျှပ်စစ်ဌာန၏ ကောက်ခံရရှိငွေ မှာ အမေရိကန် ဒေါ်လာ ၄ သန်းကျော်ခန့် ရှိနိုင်ကြောင်း မူစယ်မြို့မျက်နှာဖုံး အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆို သည်။

နယ်ခြားစောင့်တပ်တဖြစ်လဲ လားဟူပြည်သူ့စစ်တပ်ဖွဲ့ ၀ တပ်မဟာဌာနချုပ်အနီး တပ်စခန်းသစ်တိုးချဲ့

နယ်ခြားစောင့်တပ်တဖြစ်လဲ လားဟူပြည်သူ့စစ်တပ်ဖွဲ့ ၀ တပ်မဟာဌာနချုပ်အနီး တပ်စခန်းသစ်တိုးချဲ့မတ်ခ်ျ ၃၀ ရက်နေ့ လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ရင်းအဖြစ် စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် ရာထူးနှင့်တကွ တာဝန်ဝတ္တရား အပ်နှင်းပြီးနောက်ပိုင်း တောင်ပိုင်း ၀ ဌာနချုပ်အနီး ၌ တပ်စခန်း အသစ်တိုးချဲ့တည်ဆောက်နေသည်ဟု စုံစမ်းသိရှိရပါသည်။
စက်သုံးဆီအရောင်းဆိုင် ပုဂ္ဂလိက မလွှဲနိုင်သေး
စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ယခုလ ၃၁ ရက်နေ့ နောက်ဆုံး ... 
တရက်အတွင်း မီးသုံးကြိမ်လောင်
ရန်ကုန်မြို့အတွင်း ယခုလ ၆ ရက်နေ့က ၇၈ နှစ်အရွယ် အဘိုးအိုတဦး သေဆုံးမှုဖြစ်စဉ် အပါအဝင် ... 
သင်္ကြန်ရက် အလုပ်ခိုင်းလျှင် လုပ်ခ နှစ်ဆပေးရန်သတ်မှတ်
အတာသင်္ကြန် ၄ ရက်အတွင်း အလုပ်သမားများအား ခိုင်းစေပါက လုပ်အားခ နှစ်ဆပေးရန် အလုပ် ... 
ဦးထောင်ခိုထန်း
(ရွေးကောက်ပွဲ မဝင်လိုသူများ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် UNLD သဘာပတိ အဖွဲ့ဝင်... 

ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာ

ဒီကနေ့ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြောရရင် စိတ်ဆိုးစရာတွေလည်းရှိ၊ စိတ်မောစရာတွေလည်းရှိ၊ အားမရတာတွေလည်းရှိ၊ ဒေါသဖြစ်စရာတွေလည်းရှိ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပစ်ချင်တာတွေလည်းရှိ၊ အသိတရားကို အမှီပြုပြီး စိတ်ရှည်ရှည်ထားရမယ်လို့ ခံစားချက်ဖြစ်ရတဲ့ အချိန်တွေလည်းရှိ၊ စသဖြင့်

NLD ၏ ရပ်တည်ပုံအသစ်

(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)
တိုင်းရဲမှူး အပြောင်းအလဲကြောင့် ရန်ကုန် အနှိပ်ခန်းများ ယာယီ ပိတ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၈၊ ၂၀၁၀
ရန်ကုန်တိုင်း ရဲမှူး အပြောင်းအလဲ ကာလတွင် ရန်ကုန်ရှိ အနှိပ်ခန်းအများစု လုပ်ငန်း ခေတ္တ ရပ်နားထားရန် ခရိုင်ရဲများ၊ မြို့နယ် ရဲစခန်းများက ညွှန်ကြားထားကြောင်း အနှိပ်ခန်း လုပ်ငန်းရှင်များထံမှ သိရသည်။
ရဲတချို့ကလည်း ရန်ကုန်တိုင်း ရဲမှူးကြီးအဖြစ် ရဲမှူးကြီးအောင်ဒိုင်း တာဝန်ယူပြီးနောက် အဖမ်းအဆီးတချို့ ပြုလုပ်ပြနေသည် ဟုဆိုသည်။

အပြည့်အစုံသို့ ...
 

နှစ်စဉ် သင်္ကြန်ရာသီ ရထား ကားလက်မှတ် ဒုက္ခရောက်ကြရ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်လ ၈၊ ၂၀၁၀ လက်မှတ်တန်းစီနေသူများ (ဓာတ်ပုံ-မိုးမခ)
နှစ်စဉ် သင်္ကြန်မတိုင်မီ ၁၀ရက် ၀န်းကျင်နှင့် သင်္ကြန်အပြီး တပတ်ခန့် အတွင်း ရထားလက်မှတ်များ၊ ကားလက်မှတ်များ၏ ဈေးနှုန်းကို ၂ ဆမှ ၇ ဆခန့်ထိ မြင့်တက်ကုန်သည့် အတွက်ကြောင့် မိသားစု ဆုံတွေ့ရန်၊ မိမိ ဇာတိ မြို့ရွာများသို့ ပြန်မည့်သူများ ယခုနှစ်လည်း ထိုအခက် အခဲများကို ကြုံတွေ့ နေရသည်။
အပြည့်အစုံသို့ ...
Home
အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများရဲ့ ပြည်သူ့ဂုဏ်ရည်အစီအစဉ် ပူးပေါင်းသည့် မြို့ ၁၂ မြို့ ရှိပြီ
မိုးမခအထောက်တော် ၀၀၂
ဧပြီ ၈၊ ၂၀၁၀
မတ်လ ၂၃ ရက်နေ့က စတင်အသိပေးပြီး ဖိတ်ခေါ်ခဲ့သော ပြည်ပရောက်မြန်မာမိသားစုများ စုစည်းသည့် ပြည်သူ့ဂုဏ်ရည် အစီအစဉ်ဖြင့် ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ ၂၀၀၉ ခုနှစ်အတွက် စိတ်ဝင်စားသူပရိသတ်၏ မဲအများဆုံး ရရှိသူ တဦးအား (အဖွဲ့အား) ရွေးချယ် ဂုဏ်ပြုမည့် အစီအစဉ်အတွက် ၀ိုင်းဝန်းကြမည့် မြန်မာ့မိသားစုများကိုယ်စားပြု မြို့စာရင်းများမှာ ယခု ၁၂ မြို့အထိ ရှိလာပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
နောက်တိုးမြို့များမှာ - အယ်ဘနီမြို့၊ စင်စင်နတီမြို့နှင့် ၃မြို့တွဲ အိုရီဂွန်ပြည်နယ် အဖြစ် ၃ မြို့နယ် ဖြစ်ရာ ယခု မြန်မာများနေထိုင်ရာ အမေရိကန်ရှိမြို့ ၁၂ မြို့၏ အမည်ကို ပြည်သူ့ဂုဏ်ရည် အစီအစဉ်အဖြစ် ကြေငြာနိုင်ပြီ ဖြစ်သည်ဟု ဆိုသည်။
အပြည့်အစုံသို့ ...

ရန်ကုန်ရှုခင်း ဧပြီ ပထမပတ် ၂၀၁၀
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဧပြီ ၈၊ ၂၀၁၀
ဒုက္ခတောထဲမှ ၂၀၁၀ သင်္ကြန် (စည်းကမ်းလိုက်နာရမယ့် သင်္ကြန်)
ဒီနှစ် သင်္ကြန်ကို နအဖ အစိုးရက စည်စေချင်တဲ့နေရာ စည်စေ၊ မစည်ကားစေချင်တဲ့နေရာ မစည်ကားရအောင် စည်းကမ်းအမျိုးမျိုးထုတ် နေတာကို မြင်ရကြားသိနေရပါတယ်။ သင်္ကြန်နဲ့ နိုင်ငံရေး လို့ဆိုရမလိုပါပဲ။ သင်္ကြန်ကိုလည်း နိုင်ငံရေး ရှုထောင့်ကကြည့် ပြီးစီမံခန့်ခွဲနေပါတယ်။ ဒါကြောင့် ပေါက္ခရ၀ဿ သင်္ကြန်လို့ တင်စားလိုက်တာပါ။ ရွာစေချင်တဲ့နေရာ ပေးရွာမယ့် သင်္ကြန်ပါ။
နအဖ အစိုးရအနေနဲ့ ၂၀၀၅ ခုနှစ်အကုန် ရန်ကုန်မှ နေပြည်တော် ပျဉ်းမနားသို့ ပြောင်းရွှေ့ပြီးနောက် ၅နှစ်မြောက် ကျသည့် သင်္ကြန်တွင် ရန်ကုန်ထက် နေပြည်တော်ကို သိသိသာသာ စည်ကားစေဖို့ရာ နည်းအမျိုးမျိုးဖြင့် ပိတ်ကာဆီးကာ လုပ်ဆောင်နေတဲ့ အချက်ကို ယခင်နှစ်များနှင့် မတူသည့် စည်းကမ်းများထုတ်ပြန်တာကို ကြည့်ခြင်းအားဖြင့် ရန်ကုန်နဲ့ မြန်မာနိုင်ငံ ပြည်သူတွေ သဘောပေါက်ကြပါတယ်။
အပြည့်အစုံသို့ ...
 

ကာတွန်း ဇော်မှိုင်း၊အုတ်ကလန် - တွေ့ကြသေးတာပေါ့ ကမ္ဘာကြီး
ဧပြီ ၈၊ ၂၀၁၀

ကောက်ရိုးတမျှင်လောက်ဖြစ်ရရင်လည်း...ကျေနပ်တယ်
ဆောင်းယွန်းလ
ဧပြီ ၈၊ ၂၀၁၀
စိတ်ကူးခင်တန်းမှာ
မျှော်လင့်ခြင်း အမျှင်လေးတစ
လမ်းလျှောက်ထွက်မိတဲ့ ညတိုင်းပေါ့…

လရောင်ရဲ့ လေးညှို့ကိုင်းကွေးမှာ
ရင်ငွေ့ထွေးလှုံဖို့
ကြယ်စင်တွေကို
ကောင်းကင်တခွင်မှာ စိုက်ပျိုးကြည့်ဖို့
အိပ်မက်တွေကို
အိပ်မက်တွေနဲ့ မျှားယူခူးဆွတ်ပြီး
လက်တွေ့ဘဝရဲ့ ကြိုးနဲ့ သီခဲ့မိဖူးပါတယ်...
အပြည့်အစုံသို့ ...
 

ဖက်ဆစ်တော်လှန်ရေး သူရဲကောင်း ဗိုလ်ကျော်ဇောသို့
မောင်စွမ်းရည်
ဧပြီ ၈၊ ၂၀၁၀
ရိုးသားနှိမ့်ချ
မာန မရှိ
သတ္တိရှိ။

တိုက်ပွဲချိန်တွင်း
ခြင်္သေ့မင်း။
တိုက်ပွဲလွန်က
ချိုးငှက်ပ။

ဒို့ဘကျော်ဇော
အာယုဒီဃော
ရောဂါမရှိ၊ ဘေးမငြိ။
ဆုလဲတောင်း၏။
ကန်တော့၏။

၂၀၁၀ မတ် ၂၆၊ တော်လှန်ရေးနေ့ အကြို

ဇာတ်ကခွင့် ၂ နှစ် ထပ်မံပိတ်ပင်ခြင်းမှာ မှားယွင်းသည့် ဆုံးဖြတ်ချက်ဟု စွမ်းဇာနည် ပြောကြား
မိုးမခအထောက်တော် အမှတ် ၀၀၅

ဧပြီ ၇၊ ၂၀၁၀

မျှော်စင်ကျွန်းရှိ ဖျော်ဖြေရေးအစီအစဉ် တခုတွင် စွမ်းဇာနည်ကို ပရိသတ်တဦးက ဆုငွေ ချီးမြှင့်နေပုံ (ဓာတ်ပုံ-www.shweamyutay.com)
မြန်မာနိုင်ငံ သဘင်အစည်းအရုံးက သူ့အား ဇာတ်ကခွင့် ၂ နှစ် ထပ်မံ ပိတ်ပင်လိုက်ခြင်းမှာ မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု နာမည်ကျော် ဇာတ်မင်းသား စွမ်းဇာနည်က ပြောလိုက်သည်
အပြည့်အစုံသို့ ...
 


ဘန်ကောက်မှ ဂျပန်စားသောက်ဆိုင်တွင် စားပွဲထိုး စက်ရုပ်များ အသုံးပြု
bangkokpost.com

ဧပြီ ၇၊ ၂၀၁၀

(နော်အဲ ဘာသာပြန်သည်)

 စားပွဲထိုးစက်ရုပ်နှင့်အတူ ဓာတ်ပုံအရိုက်ခံနေသော ဆိုင်ပိုင်ရှင် အမျိုးသမီးက ဂျပန်ဝတ်စုံ ၀တ်ထားသည်။ (ဓာတ်ပုံများ - Reuters )
ဘန်ကောက်မှာရှိတဲ့ ဟဂျမီ ရိုဘော့ ဂျပန်စားသောက်ဆိုင်က စက်ရုပ် စားပွဲထိုးများရဲ့အကူညီနဲ့ ဆိုင်စဖွင့်တဲ့ နှစ်မှာ ရောင်းအား အနည်းဆုံး ဘတ်သန်း ၆၀ အထိ ရောင်းအား ရဖို့ မျှော်လင့်ထားပါတယ် တဲ့။
လုပ်ငန်း တိုးတက်မှုတွေဟာ သန့်ရှင်းမှုကို တစိုက်မတ်မတ် အထူးလေးထား ကြိုးစားမှုရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်လို့ ပိုင်ရှင်ဖြစ်တဲ့ Lapassarada Thanaphantက ပြောပါတယ်။ အမှတ် ၃ ရာမာလမ်း (Rama III) မှာ ရှိတဲ့ ဒီစားသောက်ဆိုင်ကို ဘတ်သန်း ၃၀ သုံးပြီး ပုံဖော် တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ရောင်းအား ၁၀ ရာခိုင်နှုံး ကိုလည်း ဈေးကွက် အတွက် ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်းကြော်ငြာတွေမှာ သုံးစွဲမယ်လို့ ဆိုပါတယ်။
အပြည့်အစုံသို့ ...
 
အင်န်အယ်ဒီ၏ ပြည်သူသို့ ပြန်ကြားချက်သည် စစ်အစိုးရ၏ အနှစ် ၂၀ ကြာ မအောင်မြင်သောလမ်းစဉ်ကို ထင်ရှားစေပြီ
ကိုမိုက်ခဲစိန်
ဧပြီ ၇၊ ၂၀၁၀
ယမန်နေ့က ထုတ်ပြန်လိုက်သော အင်န်အယ်ဒီ၏ ပြန်ကြားချက်သည် ပြည်သူကို တောင်းပန်စာ သက်သက်သာ မဟုတ်၊ လက်ရှိမြန်မာနိုင်ငံရေးအကြပ်အတည်း၏ ကြေညာချက်၊ ဝေဖန်ချက် စာတမ်းတခု ဖြစ်ပေသည်။
သာမန်အားဖြင့်ကြည့်လျင် အနှစ် ၂၀ လုံးလုံး စစ်အာဏာရှင်တို့၏ ဖိနှိပ် ဖမ်းဆီး နှိမ်နှင်းခြင်းတို့ကို ခါးစီး၊ ရင်စီးလျက် ခံယူပြီး တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် အစွမ်းကုန် သူတို့ စွန့်လွှတ် စွန့်စားခဲ့ကြပြီ။ ပြည်သူတို့နှင့်အတူ ရင်ကို မြေကတုတ်လုပ်၍ ခံယူတိုက်ပွဲဝင်ခဲ့ကြပြီ။ သို့သော်လည်း တဖက်သော စစ်အာဏာရှင်တို့၏ တဖက်သတ် ဖိနှိပ်ချေမှုန်းမှုတို့ကြောင့် အကျိုးမရှိခဲ့ရသည်ကို ပြည်သူ့လူထုအား ရှင်းပြတောင်းပန်စာ သက်သက်မျှသာ ထင်ပါက အမှားကြီး မှားပေလိမ့်မည်။
အပြည့်အစုံသို့ ...




more



more



more



more



more



more



more



more



more



more



more



more



more

အဖွဲ့ချုပ်ဆုံးဖြတ်ချက်ကို ဒေၞအောင်ဆန်းစုကြည် ကြိုဆို
တိုင်းရင်းသားအဖွဲ့များကို စစ်အစိုးရက အင်အားပြ
မြန်မာကို အဖွဲ့ကထုတ်ပယ်ဖိုႛ အရှေ့တောင်အာရှအမတ်များတိုက်တွန်း
NLD ဆုံးဖြတ်ချက်ကို တိုင်းရင်းသားလူမျိုးစု မဟာမိတ်အဖွဲ့ထောက်ခံ
အဖွဲ့ချုပ်က စစ်အစိုးရကို ဆက်လက်တရားစွဲမည်

4.07.2010

ခိုလှုံရာမဲ့ ကလေးများ အစီရင်ခံစာထုတ်ဝေ

Photobucket
Photobucket
ဧပြီ ၇၊ဘန်ကောက်။

ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်တွင်ဖရီးဘားမားရိမ်းဂျားအဖွဲ့ က ခိုလှုံရာမဲ့ ကလေးများ အစီရင်ခံစာကို ယနေ့ ထုတ်ဝေလိုက်သည်။

နိုင်ငံတကာဆောင်ရွက်ရေးဆိုင်ရာအဖွဲ့အစည်းများက အခက်အခဲကြုံတွေ့နေရသော မြန်မာ ကလေးငယ် များအား စောင့်ကြည့်လေ့လာ မေးမြန်းချက်များကို Free Burma Ranger အဖွဲ့ က စာမျက်နှာ ၁၀၇ မျက်နှာပါ အစီရင်ခံစာနှင့်အတူ ဓါတ်ပုံများ ဗွီဒီယိုရိုက်ကွက်များကို စီဒီခွေများနှင့် ပူးတွဲထုတ်ဝေဖြန့် ချီခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမန်းကီးက “အစိုးရက သတ်မှတ်ထားတဲ့ အနက်ရောင်၊ အနီရောင်နယ် မြေတွေမှာ ကျနော်တို့ သွားလာလှုပ်ရှားကြပါတယ်၊ စစ်ပွဲမှာ ဒဏ်ရာရတဲ့လူတွေကို ကျနော်တို့ ဆေးဝါးကုသ ပေးတယ်၊ စားစရာတွေ၊ ၀တ်စရာတွေ ပေးကမ်းပါတယ်၊ ပြီးတော့ အသိပညာတွေ အတတ်ပညာ တွေကိုလည်း သင်ကြားပြသပေးပါတယ်၊ ကျနော်တို့ရဲ့ ကူညီယိုင်းပင်းမှုကြောင့် ကျနော်တို့ကို ဒေသခံတွေက သားသမီးတွေလို ကာကွယ်စောင့်ရှောက်ပေးပါတယ်၊ အကူအညီတွေအပြန်အလှန် ရရှိပါတယ်”ဟု ပြောသည်။

အစီရင်ခံစာတွင် ပထမဦးဆုံးဖေါ်ပြထားသည်မှာ ပြည်တွင်ဒေသမှ ဖိအားအမျိုးမျိုးကြောင့် မိခင်နယ်မြေ ဒေသကိုကို စွန့်ခွာပြီး ထွက်ပြေးလာရသော ကလေးများ၏ ခံစားချက်များနှင့် အတွေ့အကြုံများကို ဖေါ်ပြထားသည်။ နအဖစစ်သားများက သူတို့ ၏အုပ်ချုပ်သော ဒေသတွင်းနှင့် အပစ်ခတ်ရပ်စဲရေး ဒေသများတွင်၎င်း၊ ပုန်းကွယ်နေရသည့် ဒေသများတွင်၎င်း ကလေးများအပေါ် ဖိနှိပ်မှုများကို အဓိက ဖေါ်ပြထားသည်။

အစီအရင်ခံစာတွင် ကလေးသူငယ်များ ကိုယ်တိုင်မြင်တွေ့ ခဲ့ရသော တရားမျှတမှု မရှိသည့် သတ်ဖြတ်မှုများ ဖိနှိပ်ညှင်းပန်းမှုများ၊ ဖမ်းဆီးထောင်သွင်းအကျဉ်းချမှုများ၊ မုဒိမ်းကျင့်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓ္ဓမ လုပ်အားပေးစေခိုင်းမှုများ၊ ပေါ်တာဆွဲမှုများ၊ ကလေးစစ်သားအဖြစ် အတင်း အကျပ်စေခိုင်းမှုများ၊ အခြေခံလူ့အခွင့်အရေးများအပေါ် ချိုးဖေါက်ခံရမှုများ၊ ဆင်းရဲမွဲတေမှုကြောင့် ရောင်းစားခံရမှုများ၊ ကျောင်းနေခွင့်မရခြင်းများ၊ ကျမ္မာရေးစောင့်ရှောက်မှု မရရှိခြင်းများပါဝင်သည်။ ပြည်တွင်းမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာရသည့် ကလေးများသည် လုံခြုံမှုမရှိခြင်း၊ အကူအညီများကင်းမဲ့ခြင်း စသည်တို့ ကြုံတွေ့ နေရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကိုမန်းကီးက ဆက်လက်ပြောပြရာတွင် “ကျနော်တို့ က ပြည်သူတွေနဲ့ အတူရှိပါတယ်၊ ပြည်သူတွေနဲ့ အတူ အသက်လုပြီး ထွက်ပြေးရပါတယ်၊ ကျနော်တို့ အချိန်မရွေး အသတ်ခံရနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့  စွန့်စားပြီး လုပ်နေကြတာဖြစ်ပါတယ်၊ ကျနော်တို့ ဒီလိုလုပ်နေတဲ့အတွက် မသေသင့်တဲ့လူတွေမသေတော့ ဘူး၊ ဘာမှမသိတဲ့အနေအထားကနေ ကျနော်တို့ ပြောပြတဲ့အတွက် သိလာတတ်လာတွေရှိပါတယ်၊အင်္ဂလိပ် မစ်ရှင်တစ်ဦးရဲ့ ကောင်းမှုပေါ့လေ”ဟု ပြောသည်။

ဤအဖွဲ့သည် နအဖအစိုးရက နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အကြီးအကျယ် ထိုးစစ်ဆင်နွဲစဉ် ၁၉၉၇ခုနှစ်က လူထုလိုအပ်ချက်အရ ပေါ်ပေါက်လာရခြင်းဖြစ်ဟုဆိုသည်။ Free Burma Ranger အဖွဲ့နာမည်ဖြင့် မြန်မာနယ်စပ်ဒေသတိုင်းတွင် အဖွဲ့ပေါင်း တစ်ရာကျော် ကွန်ယက်ဖြန့်ကျက် လှုပ်ရှားလျှက်ရှိကြောင်း ပြောပြသည်။ အချိန်ပြည့်တာဝန် ထမ်းဆောင်နေသော အဖွဲ့ မှာ ၅၂ ဖွဲ့ ရှိသည်။ ရှမ်း၊ ကရင်၊ ရခိုင်၊ လားဟူ၊ ပအို့ဝ်၊ ချင်း၊ ကချင် အပါအ၀င် လူမျိုးစုပေါင်း ၁၀ခုနှင့် ဖွဲ့စည်းထားကြောင်း Free Burma Ranger အဖွဲ့ ခေါင်းဆောင် Steve Gumaer က ပြောဆိုသွားသည်။

ထိုသို့ အချက်အလက် အတိအကျ ခိုင်ခိုင်မာမာရရှိရေးအတွက် အချိန်အတန်ကြာအောင်စွန့် စား လုပ်ဆောင်ခဲ့ရပြီးမှ ယခုကဲ့သို့  ထုတ်ဖေါ်ပြရခြင်းဖြစ်ကြောင်း ပြောခွင့်ရ အမျိုးသမီး Amanda Carroll ကလည်း ရှင်းလင်းပြောဆိုသွားသည်။ ဤအစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲသို့ ဘန်ကောက် အခြေစိုက် မြန်မာသတင်းဌာနအချို့ နှင့် နိုင်ငံတကာသတင်းဌာနတို့ က သတင်းထောက်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်က NLD အီးစီ ဆုံးဖြတ်ချက်အပေါ် အပြည့်အဝထောက်ခံဟုဆို

ဧပြီ ၇ရက် ၊ ရန်ကုန်။
နေအိမ် အကျယ်ချုပ် ကျခံနေရသူ NLD ပါတီ၏အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ပါတီမှတ်ပုံမတင်တော့ရန် ဆုံးဖြတ်ချက်အပေါ် အပြည့်အဝ ထောက်ခံသည်ဟု ပြောခဲ့ကြောင်း သိရပါသည်။ 
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည်ပိုင်းက နှစ်နာရီကြာသွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့စဉ် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သူကိုယ်တိုင်ကြားသိခဲ့ရသည့် အပေါ် သတင်းသမားများကို ထုတ်ဖေါ် ပြောပြခဲ့ပါသည်။ 
သူမအနေနှင့် ထိုဆုံးဖြတ်ချက်အပေါ် အလေးအနက် ထောက်ခံသလို ၊ NLD ပါတီ အနေနှင့် ဆုံးဖြတ်ချက်ကို ညီညွတ်စွာ ချမှတ်နိုင်သည့်အပေါ် ဝမ်းမြောက်မိသည်ဟု သူမက ပြောပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက သတင်းသမားများကို ပြောပြပါသည်။
သတင်းသမားများက ဦးဥာဏ်ဝင်းအား NLD သည် မှတ်ပုံမတင်သည့် အတွက် လာမည့်ဧပြီလ ၇ရက်နေ့တွင်  သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်လဲဟု မေးမြန်းခဲ့ရာ ဦးဥာဏ်ဝင်းက ထိုနေ့အထိ စောင့်ကြည်ပါဟု ဖြေကြားခဲ့ပါသည်။ 
ဦးဥာဏ်ဝင်းနှင့် အခြားရှေ့နေ တဦးဖြစ်သူ ဦးကြည်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံခဲ့သည့် အဓိက ကိစ္စမှာ လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၂၆ရက်နေ့က ပယ်ချခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှု အယူခံကိစ္စနှင့် ပါတ်သက်ပြီး အထူးတရားရုံးသို့ အယူခံတက်ရောက်ရေး ကိစ္စနှင့် ပါတ်သက်ပြီး သွားရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင်ခြင်းကိစ္စအပေါ် စည်ပင်သာယာရေး ကော်မတီမှ တားမြစ်ခဲ့သည့် ကိစ္စနှင့်ပါတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု သွားရောက်တွေ့ဆုံခဲ့သူ သူမ၏ ရှေ့နေများက သတင်းသမားများကို ပြောပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

4.06.2010

ခေတ်သစ် ၂၀၁၀ သင်္ကြန်စာ

၁၃၇၀ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု၊ ဧပြီလ ၁၄ ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆ စက္ကန့် …..။

“ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည် အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီးထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည်ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက် နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ်ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေးနှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့် အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစောအိပ်ရာဝင်ရ လတ္တံ့၊ ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့် ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။

သင်္ကြန်အခါ ရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့် တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။

သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့ သင်္ကြန်နေ့၌ အင်းလျားလမ်းတွင် မဏ္ဍပ်ဝင်က၊ ကညာနှမ မြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ် ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း .. ကြမ်းရမ်းဂီတ ဖွင့်ကုန်ကြရင်း မျောက်လိုကကာ သောက်ထုတ်သေရက် ဤတချက်ကို လူ့ပြည်လူ့ခွင် လူကိုစင်ထား မြင့်မိုရ်ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ .. သို့သော်မြန်ပြေ (ပြည်) ဆန်းသည့်မြေ၌ အရက်စတုဒီသာ ပေးနေပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။ စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍ သောက်ပါလေ။

တနင်္ဂနွေသားသမီး (အေး) သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီး ကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏ အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ .. ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ (ဥပမာ - ဖားခြင်း၊ ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)

တနင်္လာ သားသမီး (ကြိုင်) သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သော အရည်အချင်း ရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့် ထမင်းစားလျှင် မကြာခဏ နင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံးကို အခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။ အညံ့များ အားလုံး ကင်းစင်မည်။

အင်္ဂါ သားသမီး (စု) သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်း ခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင်လည်း ပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှ အကူအညီ ရချင်ရနိုင်သော်လည်း သောကြားသား အဖျက်ရှိသည်။ ယတြာမှာ “လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟု သုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်စောင့်ပါလေ။

ဗုဒ္ဓဟူးသားသမီး (ရွှေ) သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏ ဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင် ဖြစ်တတ်သည်။ သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏ မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင် လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍ “ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟု လိပ်ခေါင်း မထွက်မချင်း အော်ပါ။

ကြာသပတေး သားသမီး (မင်း) သည် - အရူးများ၏ နှိပ်စက်ခြင်းမှ မကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ ယတြာမှာ အနောက်အရပ်ကို မျှော်ရင်း “သောကြာသား နင်သေမှ အေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။

သောကြာသားသမီး (သန်း၊ သိန်း) သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှ ဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြား မဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေး အထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာ တနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက် မြိုပါ။

စနေသားသမီး (တေ) သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့် ကြီးပွားကိန်းရှိသည်။ ကြာသပတေးနာမ်နှင့်ဆိုင်သော အလုပ်များ (ဥပမာ - ဖားခြင်း) အထူးကျွမ်းကျင်ပြီး အင်္ဂါနာမ် (ဆန်ရှင်) ကြောင့် လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ - ပိုင်ဆိုင်သော လေယာဉ်တစီးစီး ရပ်နေရင်း ခါးမှ ထက်ပိုင်းပြတ်ကြိုးသွားခြင်း) ယတြာမှာ “အနောက်က ဆန်ရှင်ရင် အောက်က သစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်း လည်ချောင်းကွဲသည်ထိ အော်ပါ။

သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊ အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း .. နှစ်ကို ၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမားစောင့်၏၊ လ ကို မီးပျက်သည့် ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကို မြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံး ရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကား လင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။

နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးက မနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါ အစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊ မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့် ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့် မြန်မာပြည်တွင်လူဖြစ်အံ့။

Burma's News World's News

Houses of Parliament
Gordon Brown arrives at Buckingham Palace to ask the Queen to dissolve Parliament for a general election on 6 May
Sign in Eunice  West Virginia, near Upper Big Branch mine Shen Neng 1 leaking oil in the Great Barrier Reef (4 April 2010)
Twenty-five miners are killed and four are missing after the worst US mining disaster for more than a quarter of a century.
 
Australia's PM Kevin Rudd says it is "outrageous" that a Chinese ship leaking oil near the Great Barrier Reef was off course.
Barack Obama A fireman pulls clothes from the remains of a house after the Italian earthquake, 7 April 2009
Barack Obama will announce a new strategy reducing cases in which the US would be prepared to use nuclear weapons.
 
The Italian city of L'Aquila is marking the first anniversary of the earthquake that killed 300 and left 60,000 homeless.

Arrest warrants out for UDD leaders

06/04/2010 : The government's Centre for the Administration of Peace and Order (CAPO) on Tuesday approved arrest warrants for up to 10 co-leaders of the anti-government United Front for Democracy against Dictatorship (UDD), acting government spokesman Panitan Wattanayagorn said.

Soldiers wounded in Yala bomb blast

06/04/2010 : Seven members of an army engineers unit were wounded by a roadside bomb blast in Yala’s Thanto district on Monday afternoon, and four were in critical condition, Yala police said.

Scuffle at Ratchaprasong

Red-shirts and police clash briefly at Ratchaprasong as security forces prevent them leaving to rally in banned areas on Tuesday morning. The tension eased after the protesters cancelled their planned march and police agreed to back off. The red-shirts later reversed their decision and began their march. UPDATED (Photo by Somchai Poomlard)

Is China Ready to Face Facts on Burma?

By ALBERTO TURLON
When China again defended the Burmese regime at last month's United Nations Security Council discussion of the junta's controversial election laws it should have considered the bilateral and international implications.

Thai Protesters Clash with Riot Police

By JOCELYN GECKER
Thousands of anti-government demonstrators clash with Thai police and military troops trying to prevent them from leaving from Bangkok's commercial district.

Burmese PM May Lead Political Party

By THE IRRAWADDY
Burmese Prime Minister Gen Thein Sein may leave his current post to head the political wing of the government-backed Union Solidarity and Development Association.

Web Chats Point to Al-Qaida's Indonesian Links

By CHRIS BRUMMITT,Associated Press Writer
It plays out like any ordinary chat between friends on Yahoo Messenger, but the subject matter is chilling: "thekiller" is looking to mesh his Indonesian militant network more deeply with al-Qaida in its Pakistani heartland.

NLD Members Will Continue 'Democratic Struggle'

By THE IRRAWADDY
Members of the National League for Democracy will continue “the democratic struggle” after the party's expected dissolution on May 7.

Thein Sein to Attend Asean Summit in Hanoi

By WAI MOE
Burmese Prime Minister Gen Thein Sein will attend the 16th Asean Summit in Hanoi this week, in which Burma’s upcoming election is expected to be a controversial topic.
Bus operators warned not to overcharge passengers
Highway bus operators will be suspended or lose their license if they do not stop ...
Junta’s ultimatum to ceasefire groups on BGF
Three ethnic armed ceasefire groups have been issued a fresh deadline by ...
US to renew bid for thaw in relations
A senior American diplomat is expected to visit Burma in the near future to try ...NLD to plunge itself headlong into social work
On the heels of its decision not to register with the Election Commission (EC) ...
100-strong army convoy in Kachin thumbnail

100-strong army convoy in Kachin

Tension mounting in Kachin state as Burmese army trucks head north to prepare for possible rebuke to border guard proposal

Burma ‘to escape criticism’ at ASEAN summit

Observers warn that participating countries are keen to avoid setting a precedent of discussing human rights violations in ASEAN member statesChina ‘not to blame’ for shrinking Mekong thumbnail

 China ‘not to blame’ for shrinking Mekong

Beijing cites dry weather and not aggressive dam building as the driving factor behind the Mekong river's lowest water levels in 50 years