အာဇာနည်ဗိမန်ကို မြောက်ကိုရီးယား ဖေါက်ခွဲရေးသမားများဖြစ်သော
ဇင်မိုနှင့် ကင်မင်ချူးတို့ ဗုံးဖေါက်ခွဲခဲ့စဉ်ကမြင်ကွင်း
ဇူလိုင် ၂၀၊ ရန်ကုန် ။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Mr. Pak Ui Chun ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့ တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လာရောက် လည်ပါတ်ကြမည် ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် နအဖ အဆင့်မြင့် အရာရှိတစ်ဦးမှ ထုတ်ဖေါ်ပြောဆိုသည်ဟု သိရှိရပါသည်။
ထိုအရာရှိကပင် ဆက်လက်ပြောဆိုရာတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ချစ်ကြည်ရေး အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ရက်နေ့ ညနေခင်းတွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တနေ့တွင် နေပြည်တော်သို့ ဆက်လက်သွားရောက်မည်ဟုသိရပါသည်။
မြောက်ကိုရီးယားနှင့် မြန်မာတို့၏ နိုင်ငံခြားဆက်ဆံရေးကို ၁၉၈၃ခုနှစ် နိုဝင်ဘာလ ၄ရက်တွင် အာဇာနည်ဗိမန်ကို မြောက်ကိုရီယား ဖေါက်ခွဲရေးသမားများမှ ဗုံးဖေါက်ခွဲခဲ့စဉ်ကတည်းက ရပ်ဆိုင်းခဲ့ပြီး၊ မြောက်ကိုရီးယား သံရုံးကိုလည်း နှင်ထုတ်ခဲ့ပါသည်။ ထိုစဉ်က ဗုံးဖေါက်ခွဲမှုသည် တောင်ကိုရီးယား ဝန်ကြီးချုပ်နှင့် အဆင့်မြင့်အရာရှိများ မြန်မာနိုင်ငံသို့ အလည်အပါတ် လာရောက်စဉ် လုပ်ကြံရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ တောင်ကိုရီးယားဝန်ကြီးချုပ်မှာ လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော်လည်း တောင်ကိုးရီးယား ဝန်ကြီး ၄ဦး အပါအဝင် အရာရှိ ၁၇ ဦးသေဆုံးခဲ့ပြီး ၁၄ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အတူ အာဇာနည် ခေါင်းဆောင်ကြီးများကို ထားရှိသည့် အာဇာနည် ဗိမာန်အဆောက်အဦးမှာလည်း ဆိုးဆိုးရွှားရွှား ပျက်စီးခဲ့ ရသဖြင့် ယခု လက်ရှိပုံစံသို့ ပြောင်းလဲ တည်ဆောက်ခဲ့ရပါသည်။
၂၀၀၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ ၂ရ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလည်အပါတ် လာရောက်ခဲ့သော မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Kim Yung Il ၏ ခရီးစဉ်နောက်ပိုင်းတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ နိုင်ငံခြားဆက်ဆံရေး ကို ပြန်လည် စတင်ခဲ့ပါသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းသည်လည်း မြောက်ကိုရီးယားနိုင်ငံသို့ ၂၀၀၈ခုနှစ် အောက်တိုဘာ ၂၇ရက်မှ ၃၀ ရက်နေ့အထိ အလည်အပါတ် သွားရောက်ခဲ့ပါသည်။
ထို့နောက်ပိုင်းတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ အပြန်အလှန် ဆက်ဆံမှုများရှိခဲ့ပြီး မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားမှ စစ်ရေး အကူအညီများ ပေးနေသည်ဆိုသော အတည်မပြုနိုင်သည့် သတင်းများ မကြာ ခဏ ဆိုသလိုပင် ထွက်ပေါ်လာခဲ့ပါသည်။
အထူးခြားဆုံးဖြစ်ရပ်တစ်ခုမှာ မြန်မာစစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိသူ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ပြည်ပသို့ထွက်ခွာလာခဲ့ပြီး မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ပူးပေါင်း၍ နျူကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နေသည်ဆိုသော ခိုင်လုံသည့် အချက်အလက်များကို ကမ္ဘာသို့ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
မြောက်ကိုရီးယားကို မြန်မာနိုင်ငံမှ သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ အထွတ် အမြတ်ထားရာ အာဇာနည်ဗိမန်ကို ဗုံးဖေါက်ခွဲပြီး တောင်ကိုးရီးယားခေါင်းဆောင်များကို လုပ်ကြံခဲ့ခြင်း ကြောင့် ဖြစ်ပါသည်။ မြန်မာစစ်အာဏာပိုင်များ၏ အာဇာနည်နေ့အခမ်းအနားကို သေးသိမ်အောင် အဆင့်နှိမ့် ကျင်းပနေမှုများကို နိုင်ငံရေး အကဲခတ်များ၏ ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်နေချိန်တွင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင်လတွင်ပင် မြောက်ကိုရီးယား အဆင့်မြင့် အရာရှိ များကို လာရောက်လည်ပါတ်ရန် ဖိတ်ကြားခဲ့ခြင်းမှာ မြန်မာနိုင်ငံသားများအတွက် အလွန်ပင် အံ့အားသင့် ခံပြင်းစရာ ဖြစ်နေပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)








A former army captain and personal aide to Burmese pro-democracy leader Aung San Suu Kyi was ...












ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးသား ချင်းမိုင် ကျုံးဘေး တနေရာတွင် အေးအေးလူလူ အနားယူနေခိုက် သူတို့ နားသို့ ဦးရုက္ခစိုး လျှောက်လာ သည်ကို တွေ့လိုက်ရသည်။
ဒေါက်တာ သန်းငြိမ်းသည် ၁၉၅၆ ခုနှစ် ဟယ်ရီတန် အရေး အခင်းတွင် ပါဝင် လှုပ်ရှားခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဆေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ၁၉၈၈ ခုနှစ် အရေး အခင်းတွင် ပါဝင်ခဲ့ သောကြောင့် အစိုးရ 




နအဖ စစ်အုပ်စု၏ အသွင်ပြောင်းရေးအစီအစဉ် လက်ခံခဲ့သည့် အပစ်ရပ် သျှမ်းပြည်တပ်မတော်အား ‘သျှမ်းပြည် တပ်မတော်’ဆိုသည့်နာမည်နှင့်မလိုက်ဖက်ဟု မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် စ၀်စိုင်းလင်းကဝေဖန်ကြောင်း စုံစမ်း သိရှိရပါသည်။
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် စစ်အာဏာပိုင်များက ကြက်ဆူချုံများရှင်းလင်းခိုင်း၍ လက်ဖက်ပင်များ အစားထိုးစိုက်ပျိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။












