7.26.2010

ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲများဖြင့် စည်ကား

Photobucket
ဇူလိုင် ၂၆
ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲများဖြင့် စည်ကားနေသည်။
ယနေ့ နံနက်ပိုင်းက ဖက်ကဆင်၉၅ လမ်းရှိ မြန်မာ စက်ချုပ်အလုပ်သမားများ စုပေါင်း၍ မြန်မာ သင်္ဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ ဘန်ကောက်မြို့ဖက်က ဆင်၆၀/၂လမ်းရှိ မြန်မာစာသင်သား သင်္ဃာတော်အများ စုဝေး သီတင်းသုံးတော်မူကြသည့် ၀တ်တစ်လုံး ဘုန်းတော်ကြီးကျောင်းတွင် မြန်မာပြည်မှ ခေတ္တ ကြွရောက်တော်မူသည့် (ဒယ်အိုးဆရာတော်) ဦးသုမင်္ဂလ အပါအ၀င် ကျောင်းနေ သံင်္ဃာတော်များအား မြန်မာအလုပ်သမားများက စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူခဲ့ကြသည်။
ဝတ်တစ်လုံးကျောင်းတွင် ကျင်းပသည့်ပွဲသို့ အလှူလာလုပ်သည့် မြန်မာအလုပ်သမား ၁၅ဦးခန့်အားထိုင်းရဲ အချို့က နယ်မြေကျော်သည်ကို အကြောင်းပြ၍ အလုပ်သမားတစ်ဦးစီ ဘတ်ငွေ ၅၀၀ တောင်းယူခဲ့သည်။
နောက်ပိုင်းတွင် အကျိုးဆောင် မြန်မာအလုပ်သမား ခေါင်းဆောင်များနှင့် ကျောင်းထိုင် ဆရာတော်ဘုရားတို့
မေတ္တာရပ်ခံချက်အရ ထိုင်းရဲများ ထွက်ခွာသွားခဲ့ကြသည်။
ယမန်နေ့က ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာအလုပ်ရုံအနီးတွင် ၄င်းနေရာ အခြေစိုက် ထေရ၀ါဒ ဗုဒ္ဓဘာသာ ယာယီစံကျောင်းအဖွဲ့မှ ဦးဆောင်လျှက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပခဲ့သည်။ ဤပွဲသို့ နိုင်ငံတကာ သာသနာပြု phd ဒေါက်တာဘွဲ့ အလောင်းလျာ မြန်မာဆရာတော်တစ်ပါးက ကြွရောက်ပြီး တရားတော်ချီးမြှင့်ပါသည်။
ထို့အပြင် အယ်ကရှိုင် ၆၃လမ်းတွင်လည်း မြန်မာအလုပ်သမားများ စုပေါင်း၍ မြန်မာသံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်နှင့် အခြားမြို့ အတော်များများတို့တွင်လည်း ၀ါဆို သင်္ကန်းကပ်လှူပွဲများ ကျင်းပခဲ့ကြောင်းသိရှိရသည်။

7.25.2010

အိန္ဒိယနိုင်ငံရောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကန့်ကွက် ကြမှုများ(ဓါတ်ပုံသတင်း)


သတင်း(ဒီမိုဝေယံ)

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် တရုတ် ကုမ္ပဏီတစ်ခုနှင့် လော်စစ်ဟန်သား စာချုပ်ချုပ်

Photobucket
ရန်ကုန်၊ဇူလိုင် ၂၅။
ကချင်ပြည်နယ်ရှိ ကြီးမားလှသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြီးနှင့် ပါတ်သက်၍ တရုတ်နိုင်ငံ၏ China Power Investment Corporation ( CPIC ) နှင့် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သော်လည်း ယခုအခါ နောက်ထပ် တရုတ် ကုမ္ပဏီ တစ်ခုဖြစ်သော  Yunnan Provincial Investment Holding Group Co Ltd ( YPIC )နှင့် မြစ်ဆုံဒေသတွင်ပင် နိုင်ချမ်းခ အမည်ရှိ ရေအားလျှပ်စစ် လုပ်ငန်းတခု လုပ်ကိုင်ရန် စာချုပ် ချုပ်ဆိုခဲ့သည်ဟု သိရပါသည်။

ယနေ့ထုတ် စစ်အုပ်စု သတင်းစာများတွင် ဖေါ်ပြချက်များအရ နိုင်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပါတ်သက်သော သဘောတူစာချုပ်ကို YPIC နှင့် International Group of Entrepreneurs ( IGE ) Co. Ltd of Myanmar တို့သည် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အဆင့်မြင့် အရာရှိများတို့နှင့် အတူ နေပြည်တော်တွင် ပြီးခဲ့သော သောကြာနေ့က စာချုပ် ချုပ်ဆိုခဲ့ သည်ဟု ဆိုပါသည်။ 
မြန်မာစစ်တပ် အာဏာရှင်များနှင့် နီးစပ်သည့်  IGE ကုမ္ပဏီသည် ရေအားလျှပ်စစ် လုပ်ငန်း တည်ဆောက် ရေး လုပ်ငန်းများကို အဓိက တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ကတည်းက စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပါသည်။ 
နိုင်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၀၅၅ မီဂါဝပ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ထို လျှပ်စစ် ဓာတ်အားများကို မဟာ ဓာတ်အားလိုင်းကြီးများသွယ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရောင်းချ မည် ဖြစ်ပါသည်။ 
စစ်အုပ်စု၏ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနမှ အမည်မဖေါ်လိုသော အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပြရာ တွင်မူ နိုင်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်အား မီဂါဝပ် ၃၆၀၀ ထွက်ရှိမည်ဖြစ်ပြီး ထို လျှပ်စစ် ဓါတ်အား အားလုံးကို တရုတ်နိုင်ငံ ယူနန်ဒေသသို့ ရောင်းချရန် တရုတ် အာဏာပိုင်များနှင့် သဘော တူညီမှု ရရှိပြီး ဖြစ်သည်ဟု ဆိုပါသည်။
ထိုစီမံကိန်းအရ မြစ်ကြီးနားမြို့၏ မြောက်ဘက် ၄၂ ကီလိုမီတာခန့်ကွာဝေးသော မေခနှင့် မလိခမြစ်များ ဆုံစည်းရာ ဧရာဝတီမြစ်ဆုံ ဒေသကို ရေကာတာပြုလုပ်၍ ရေအားလျှပ်စစ် ထုတ်လုပ်ပြီး ရရှိလာသော လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ဒေသသို့ ဓာတ်အားလိုင်းများသွယ်၍ ပေးပို့ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ၄င်းမှ ပြောပြပါသည်။ 
ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ခွင့်ရသော မြန်မာ ကုမ္ပဏီမှာ Asia World လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်ပြီး တစ်ချိန်က မူးယစ်ဆေးဝါးဖြန့်ချီသူ ဘိန်းရာဇာ လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

7.24.2010

Burma's News World's News

N Korea warns of nuclear responseA woman looks at the USS George Washington in Busan in South Korea on 24 July, 2010
North Korea says it will use its "nuclear deterrent" in response to joint US-South Korean military exercises this weekend.


Than Shwe Visit Condemned in Letter to Indian PM

By ZARNI MANN
Civil society groups in India send a letter to the country's prime minister to protest a state visit by Burmese junta leader Snr-Gen Than Shwe.

US Wants India to Urge Burma to Change

By LALIT K JHA
The Obama administration tells Indian officials they should “communicate directly and forcefully” with visiting Burmese junta leader Snr-Gen Than Shwe about the need for political reform.

Burma's FM Gets an 'Earful' from Asean and Partners

By LARRY JAGAN
Burma dominated this week’s regional meetings in Vietnam, as Asean foreign ministers and their dialogue partners took their Burmese counterpart to task over this year's election.

Weekly Business Roundup (July 24, 2010)

By WILLIAM BOOT
Burma’s junta leader Snr-Gen Than Shwe is expected to seek India’s help in developing information technology systems during a visit he is scheduled to make from this weekend.
Over 4,500 refugees in need of anti-malarial drugs
Forced to flee their homes with little more than the clothes on their backs and seek ...
Washington renews Burma sanctions
U.S. President Barack Obama’s administration on Thursday renewed sanctions against ...Cautious optimism greets Burmese minister’s overtures on labor rights
Burmese migrant workers responded with cautious optimism to the words of Burma’s ...
Floods wash away homes in Phakant
Following heavy downpours resulting in severe flooding, houses in a region of Kachin ...
The electoral curse of poor, divided countries
(Commentary) As time draws ever nearer for Burma’s 2010 general election, news of ... US renews sanctions as Clinton rues abuses thumbnail

US renews sanctions as Clinton rues abuses

US secretary of state voices 'deep concern' about oppression in Burma as Washington extends for another year sanctions on the pariah USDA turns to religious propaganda thumbnail

USDA turns to religious propaganda

Junta-proxy group to reform as the Association for the Propagation of Śāsana under the direction of the Burmese government
Thais protest Burma migrant driving licenses thumbnail

Thais protest Burma migrant driving licenses

1000-strong group of taxi drivers in Ranong complain that the government's granting of driver licenses to Burmese migrants could threaten their jobs

အာဆီယံ စီလီကွန် ကွန်းဖရန့်စ်

E-mail Print
Share/Save/Bookmark ကြွက်စုတ်။     ။ အဲဇလုံက လေယာဉ်မယ်တွေနဲ့ မင်းသမီးတွေ ကန်မယ့် ဘောပွဲ မကန်ဖြစ် တော့ဘူးတဲ့ စိတ်မကောင်း လိုက်တာ။
ဖိုးရှုပ်။     ။ ဟာ … ဟုတ်လား။ သွားပါပြီ။ ငါက အဲဒီပွဲကန်ရင် ဦးရုက္ခစိုးကို တန်ခိုးနဲ့ သွားကြည့်ခိုင်းပြီး ပြန် ဖောက်သည်ချ ခိုင်းမလို့ကွ။
ရုက္ခစိုး။     ။ အောင်မာ … ငါ့တန်ခိုးကိုများ အလွဲသုံးစား လုပ်ဦးမယ်။ တော်တော် ဟုတ်တဲ့ ကောင်တွေ။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ကျင်းပနေသော အာဆီယံ စည်းဝေး ခမ်းမကြီး၏ အပြင်ဘက်တွင် ငုတ်တုတ် ထိုင်ရင်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကားကောင်းနေကြစဉ် ဦးရုက္ခစိုးရောက်လာခြင်း ဖြစ်သည်။
ကြွက်စုတ်။     ။ ဟာ … ဦးရုက္ခစိုးကလည်း အသံမပေး ဘာမပေးနဲ့။
ဖိုးရှုပ်။     ။ အင်းလေ … လန့်တောင်လန့် သွားတယ်။ ဒါနဲ့ ... ဦးရုက္ခစိုး ပြောပုံအရ ကျနော်ပြောတဲ့ ဘောလုံးပွဲကို မသွားချင်တဲ့ပုံပဲနော်။
ရုက္ခစိုး။     ။ ဘယ်ဟုတ်မလဲကွ။ လုပ်ဖြစ်ရင် သွားမှာပေါ့။ တလွဲတွေတော့ မတွေးနဲ့နော်၊ ငါက ခေတ်နောက်ကျတဲ့ နတ် ဖြစ်မှာစိုးလို့ ...။
ဖိုးရှုပ်။     ။ ထားပါတော့ဗျာ …။ ဒါနဲ့ ဟေ့ကောင် ကြွက်စုတ် မင်းသမီးတွေနဲ့ လေယာဉ်မယ်တွေက ဘာလို့ ဘောလုံး မကန်ကြတော့တာတဲ့လဲ။ သေချာစီစဉ်ပြီးမှ ပျက်ရတယ်လို့ကွာ … တောက်။
ကြွက်စုတ်။     ။ တွန်းတွန်းတိုက်တိုက် ကစားတဲ့အခါကျရင် မင်းသမီးတွေမှာ တပ်ထားတဲ့ စီလီကွန်တွေ နေရာရွေ့ကုန်မှာ စိုးလို့တဲ့ ...။
ဖိုးရှုပ်။     ။ ဟာ … မင်းသမီးတွေက စီလီကွန်တွေနဲ့လား၊ အစစ်တွေ မဟုတ်ဘူးလား၊ ဟုတ်လား ဦးရုက္ခစိုး။
ရုက္ခစိုး။     ။ ဟာ … ငါ ဘယ်သိမှာလဲ။ မင်းက သတင်းထောက်ပဲ ကိုယ့်ဘာသာ မေးပါလား။
ကြွက်စုတ်။     ။ ကြည့်ရတာ သူတို့မှာ တပ်ထားတဲ့ စီလီကွန်တွေရဲ့ အရည်အသွေးကြောင့် ဖြစ်လိမ့်မယ်။
ရုက္ခစိုး။     ။ နေစမ်းပါဦး၊ နေစမ်းပါဦး ...။ မင်းတို့က အာဆီယံ အစည်းအဝေးကို လာတာလား၊ စီလီကွန် ကွန်းဖရန့်စ် လာတက်တာလား။
ဖိုးရှုပ်။     ။ အာဆီယံ အစည်းအဝေး လာတက်တာဆိုပေမယ့် ဘာများ စိတ်ဝင်စားစရာကောင်းတာ ရှိလို့လဲ ဦးရုက္ခစိုးရယ်။ အဲဒီတော့ စီလီကွန်အကြောင်း ပြောနေတာကမှ ဗဟုသုတရသေးတယ်။ ဟုတ်တယ်နော် ကြွက်စုတ်။
ထိုသို့ ရောက်တတ်ရာရာ စကားများကို အရည်မရ၊ အဖတ်မရ ကွမ်းစားရသကဲ့သို့ ပြောနေကြစဉ် သူတို့ နားသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ပျင်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ထည့်လိုက် တို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
တွင်းချုပ်။     ။ ဘယ်လိုလဲ အဆွေတော်၊ အာဆီယံ စည်းဝေးမှာ ဆွေးနွေးသွားတဲ့ မြန်မာ့အရေးကိစ္စတွေကို ရွှေဘောတော် ကျရဲ့လား။
ဉာဏ်ပျင်း။     ။ ကျပါတယ် ကျပါတယ်။ သိပ်နားမလည်တာကလွဲရင် တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။
တွင်းချုပ်။     ။ ထင်တယ်၊ ထင်တယ်။ အစည်းအဝေးပွဲမှာ … အဆွေတော် သေချာ နားစိုက်ထောင်နေတာ တွေ့ရတယ်။ ဘယ်အပိုင်းကို စိတ်အဝင်စားဆုံးလဲဗျ။
ဉာဏ်ပျင်း။     ။ စိတ်အဝင်စားဆုံးကတော့ မြန်မာပြည်က မင်းသမီးတွေ စီလီကွန် အပြည့်အဝသုံးနိုင်ဖို့ နည်းပညာတွေ ဖလှယ်မယ်ဆိုတဲ့ ကိစ္စပဲ။
တွင်းချုပ်။     ။ ဗျာ … နည်းနည်း လွဲနေပြီထင်တယ်။ စီလီကွန်နဲ့ အာဆီယံနဲ့များ မှားရော့သလား။
ဉာဏ်ပျင်း။     ။ သြော် … အဟဲ … ဖြစ်နိုင်ပါတယ်၊ ဖြစ်နိုင်ပါတယ်။ အသံထွက်တွေက နည်းနည်းမြန်တော့ နားကြား လွဲသွားတာပါ။
သူတို့ ပြောသမျှကို ဦးရုက္ခစိုးတို့ ၃ ဦးသား ကြားနေရသည်။
ကြွက်စုတ်။     ။ သူလည်း ကျနော်တို့လို စီလီကွန် ကွန်းဖရန့်စ် လာတက်တယ်လို့ ထင်နေလား မသိဘူးနော် ဦးရုက္ခစိုး။
တွင်းချုပ်။     ။ ဒါနဲ့ အဆွေတော်က ဘာလို့ ရွေးဂေါက်ပွဲလုပ်မယ့် အချိန်ကို နှာစေးနေရတာလဲဗျာ။
ဉာဏ်ပျင်း။     ။ နှာစေးတာမဟုတ်ပါဘူးဗျာ … ဂျပန်တုပ်ကွေးပါ မိတာပါ။ တကယ်ပြောတာ၊ ကျုပ် တကယ်ကို ဘာမှ မသိပါဘူး၊ ဘုရားစူးရပါစေရဲ့ … ချိုကုပ်ဒူးကြီး သင်လွှတ်လိုက်တဲ့အထဲ အဲဒါ လုံးဝ မပါပါဘူး ခညာ။ ဒီလို လုပ်ပါလား။ ဒါမျိုး ဟိုစပ်စပ် သည်စပ်စပ်က ဦးသိန်းဂိန် သိတတ်တယ်။ သူ့မေးလေ။
တွင်းချုပ်။     ။ မေးပြီးပြီ … သူကလည်း … မသိဘူးတဲ့။ ဦးရုက္ခစိုးကို ဆိုလား မေးကြည့်တဲ့။ သူက နတ်ဆိုတော့ သိနိုင်တယ်တဲ့ဗျ။
ဆူရင်ပစ်ထည့်လိုက် က ပြောအပြီးတွင် ဦးဉာဏ်ပျင်း မျက်နှာကြီးက ပါမစ်အကြီးစားတခု ရလိုက်သကဲ့သို့ ဝင်းခနဲ ဖြစ်သွားလေသည်။
ဉာဏ်ပျင်း။     ။ (ဦးရုက္ခစိုးကို လက်ညှိုးထိုးရင်း) ဟာ … သူပဲ … သူပဲ။ သူ့ကိုမေး၊ သူ့ကိုမေး။
တွင်းချုပ်။     ။ ဟုတ်လား။ လုပ်ပါဦး ဒီက အဆွေတော်နတ်ကြီးရယ်။ မြန်မာနိုင်ငံ ရွေးဂေါက်ပွဲက ဘယ်တော့ လုပ်မှာတဲ့လဲ။
ရုက္ခစိုး။     ။ ကျုပ်လည်း နတ်သာဖြစ်တာ ဒီလောက်ကြီးတော့ မသိဘူးဗျ။ ဒါပေမယ့် ကျုပ် ချိုကုပ်ဒူးကြီးကို မေးကြည့် ထားပါတယ်။
တွင်းချုပ်။     ။ အင်း လက်ရှိမှာ သူက နိုင်ငံ့ ခေါင်းရှောင်ကြီးဆိုတော့ သူကတော့ သိမှာပဲ။ ဘာပြောလဲဗျ ရုက္ခစိုး။     ။ သူကလား … မသိဘူးတဲ့ … သူ့မိန်းမ ကွိုင်ကွိုင့်ကို မေး … တဲ့။
ဖိုးရှုပ်။     ။ အင်း … သပွတ်အူကမှ ဒီထက် ရှင်းမယ့်သဘောရှိတယ်နော် ဦးရုက္ခစိုး။ ဒေါ်ကွိုင်ကွိုင်ကိုကော မေးသေးလား။
ရုက္ခစိုး။     ။ မေးတာပေါ့ကွာ ...။ ကွိုင်ကွိုင်ကလည်း ပြောပါတယ်။ ဗေဒင်ဆရာကို မေးကြည့် … တဲ့။
ကြွက်စုတ်။     ။ ထင်တော့ ထင်သားပဲ … ဗေဒင်ဆရာကကော ဘာပြောလဲ။
ရုက္ခစိုး။     ။ ဗေဒင်ဆရာက ငါ့လာမေးတယ်လေ။ ငါနေတဲ့ ညောင်ပင်ကြီးမှာ လာမေးတာ။
ဉာဏ်ပျင်း။     ။ ကဲ ဆူရင်ပစ်ထည့်လိုက် ဆိုတဲ့ အဆွေတော် … ခုလောက်ဆို သဘောပေါက်ရောပေါ့။
တွင်းချုပ်။     ။ ပေါက်ပါပြီ ပေါက်ပါပြီ … ပေါက်ရုံတင်မကဘူး … ဂေါက်ပါ ဂေါက်ချင်နေပြီ။ ဒါနဲ့ အဆွေတော်ရယ် … အဲဒီ အဆွေတော်တို့ရဲ့ … ရွေးဂေါက်ပွဲ … ပွဲ ...။
စကားမဆုံးသေးခင် ဦးဉာဏ်ပျင်းက လက်ကာပြလိုက်သောကြောင့် မီးဝါဖြတ်မောင်းရန်ကြိုးစားသည့် ဘတ်စ်ကားကို လမ်းပြပုလိပ်က ခရာမှုတ်၍ ရုတ်တရက်တားလိုက်သလို ဆူရင်ပစ်ထည့်လိုက် တယောက် စကားမဆက်နိုင်ဘဲ ဆန့်ငင်ဆန့်ငင်နှင့် ရပ်သွားရသည်။
ဉာဏ်ပျင်း။     ။ ဒီမှာ အဆွေတော် … အစည်းအဝေးပွဲထဲမှာလည်း ဒီရွေးဂေါက်ပွဲအကြောင်းပဲ နားညည်းအောင် ပြောပြီးကြပြီ။ ကျုပ်နားတွေလည်း အူနေပြီ … တော်ပါတော့။
ဖိုးရှုပ်။     ။ ဝန်ကြီးက သူတို့ပြောသမျှ နားလည်တယ်နော်။ တော်လိုက်တာ။
ဉာဏ်ပျင်း။     ။ နားလည်တာပေါ့ကွ။ အလက်ရှင် ဆိုတာ ရွေးဂေါက်ပွဲ … ငါ အလွတ်ကျက်လာတာ။ ကျန်တာတွေတော့ ဘာတွေပြောနေမှန်း မသိပါဘူး။ နားကို ညည်းနေတာပဲ။
တွင်းချုပ်။     ။ ဒါဆို အဆွေတော်ကို ကြည့်ရတာ ရွှေဘောတော် သိပ်ကျပုံမရဘူး ဟုတ်လား။
ဉာဏ်ပျင်း။     ။ ဟုတ်တယ်။ အဲဒီကိစ္စကို ရွှေဘောတော်ကော၊ ငွေဘောတော်ပါ မကျဘူး။
တွင်းချုပ်။     ။ ဟုတ်ပြီလေ … နောက်တခါကျ ရွှေဘောတော် ကျရလေအောင်။ အာဆီယံ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးပြောဆိုသင့်လဲဆိုတာ အကြံပေးခဲ့ပါဦး။
ဉာဏ်ပျင်း။     ။ ဟျူးမန်းအင်းထရက်စ် ကိစ္စလေးတွေ လုပ်စမ်းပါဗျာ ...။ ခုနက ပြောတဲ့ … စီလီကွန် ကိစ္စလေးဘာလေးပေါ့။ ကျုပ်တို့ ချိုကုပ်ဒူးကြီးကလည်း … နည်းပညာသစ်တွေ သိပ်စိတ်ဝင်စားတာ။ ဒါမျိုးလေးတွေ ပြောရင် သူ တော်တော် ကြိုက်မှာပဲ။
ထိုစဉ် “ကြံ့ဖွံ့ပါတီ တို့ပါတီ၊ ပါတီဆိုတာ ပီတာပါ။ ပီတာဆိုတာ ပါဠိလို ဖခင်ပါ … တူ့နယ်ဗျောင်။ ဒါကြောင့်မို့ သူငယ်ချင်းတို့ရာ ကြံ့ဖွံ့ကို ဖခင်သဖွယ် သဘောထားလို့ … မဲ … ပေးကြပါ၊ မဲပေးကြပါ … မဲမဲကြီး … မဲမဲကြီး ပေးကြပါလားကွာ … ဗဗေဗေ့ ဗျောင်” ဆိုသည့် အဆိုတော် ဒိုင်ပြာ သီဆိုထားသော် သီချင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။ အားလုံး အံ့သြ သွားစဉ် ဦးဉာဏ်ပျင်းက ဖုန်းကိုင်လိုက်သည်။ သူ့ ဟန်းဖုန်းတွင် ထည့်ထားသည့် သီချင်းသံဖြစ်သည်။ ချိုကုပ်ဒူးကြီးထံမှ ဖုန်းဖြစ်၏။
“ဟဲလို … အမိန့်ရှိပါ ခညာ”
“ချိုကုပ်ဒူးကြီး ပြောနေတယ်။ ဉာဏ်ပျင်း … မင်း ဘာတွေ လျှောက်လုပ်နေလဲ”
“ကျနော် ဘာမှ မလုပ်သေးဘူးလေ။ သူတို့မေးသမျှလည်း ချိုကုပ်ဒူးကြီး ပြောသလို မသိဘူးလို့ပဲ ပြောလိုက်တယ်”
“အေး ကောင်းတယ်။ မင်း ဘယ်တော့ပြန်လာမလဲ”
“ကျနော် … တူး … တူမောရိုးကျရင် ပြန်လာမယ်”
“တူး တူမောရိုးဆိုတော့ သဘက်ခါပေါ့။ ဟုတ်ပြီ။ ဒါဆို မင်း ငါမှာတာ သေချာလုပ်ခဲ့”
“ဟုတ်ကဲ့ … ဘာမှာမလို့လဲ ချိုကုပ်။ ရွေးဂေါက်ပွဲနဲ့များ ပတ်သက်နေလား ခင်ညာ”
“ဟာ … အဲဒီ ရွေးဂေါက်ပွဲ အသာထားစမ်းပါ။ ငါနိုင်မယ့် ပွဲပဲဟာ။ ငါစိတ်ဝင်စားတာက သပ်သပ် ...။ အခု ခေတ်စားနေတဲ့ စီလီကွန်ဆိုတာလေ၊ အဲဒါ ငါစားချင်တယ်။ နည်းနည်းလောက် ဝယ်ခဲ့စမ်းပါ။ တကယ်လို့ ကောင်းတယ်ဆိုရင် အင်ပို့ လိုင်စင်ချပေးမယ်”
“ဟာ … ချိုကုပ်။ အဲဒါက စားစရာမဟုတ်ဘူးခင်ဗျ။ အဲဒါက ခန္ဓာကိုယ် အချိုးအစား လှပပြေပြစ် ကြီးမား ဖွံ့ထွားအောင် ခုတာခံတာလေ။ ခွဲစိတ်ပြီး ကိုယ်ထဲမှာ ထည့်ရတာ”
“ဟာ … ဒါဆို ပိုကောင်းတာပေါ့။ ဒီလိုလုပ် … မင်း အပြန်ကျ ဘန်ကောက်ဝင်ပြီး အဲဒီက အကောင်းဆုံး ဆေးရုံတရုံမှာ အလှဆုံး ဘော်ဒီဖြစ်အောင် ခုခဲ့ ခံခဲ့၊ ခွဲစိတ်ပြီး သေချာထည့်ခဲ့ … ကြားလား။ မင်းပြန်လာလို့ ကောင်းတယ်ဆိုရင် ငါလည်း လုပ်မယ်၊ ဒါပဲ”
ဦးဉာဏ်ပျင်း စပီကာ မပိတ်ဘဲ ဖုန်းပြောမိနေသောကြောင့် အထက်ပါ အပြန်အလှန်စကားများ အားလုံးကို အတိုင်းသား ကြားလိုက်ရခြင်းဖြစ်ပါသည်။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။
ဓာတ်ပုံ AP
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။ (ဇူလိုင် ၂၂၊ ၂၀၁၀)

စစ်အစိုးရခေါင်းဆောင် အိန္ဒိယခရီးစဉ်အတွင်း နိုင်ငံတကာရဲ့စိုးရိမ်မှု အမှာစကားတွေပါးစေလို

မြန်မာစစ်အစိုးရ ခေါင်းဆောင် အိန္ဒိယခရီးစဉ်အတွင်း နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အိန္ဒိယက အမှာစကားတွေပါးဖို့ အမေရိကန်က မျှော်လင့်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
ဗိုလ်ချုပ်မှူးကြီး ခရီးစဉ် ရှုတ်ချစာ အိန္ဒိယ ၀န်ကြီးချုပ်ထံ ပေးပို့

ဗိုလ်ချုပ်မှူးကြီး ခရီးစဉ် ရှုတ်ချစာ အိန္ဒိယ ၀န်ကြီးချုပ်ထံ ပေးပို့

အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အား လက်ခံ ကြိုဆိုမှုကို ရှုတ်ချ ကန့်ကွက်ကြောင်း အိန္ဒိယ အခြေစိုက် လူမှုအဖွဲ့ အစည်းများက ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ
ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို

ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တွင် ပါတီဝင် အင်အား ၈ သန်းကျော် ရှိကြောင်း ပါတီ အကြီးအကဲ တဦးက ပြောသည်။USDP တွင် နိုင်ငံ့ ၀န်ထမ်းများ၊

ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျားဖြူပါတီဟု နာမည် တွင်လျက်ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် လူကြိုက်များ ရေပန်းစားလျက် ရှိကြောင်း သိရသည်။“ဒီမှာတော့ လူတိုင်းလိုလိုက

မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံအတည်ပြု

စစ်အစိုးရ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးရန် အမေရိကန် အထက် လွှတ် တော်က ၉၉ မဲ ၁ မဲနှင့် ယမန်နေ့က အတည်ပြု လိုက်သည်။ယခု ဥပဒေကို ဒီမိုကရက်တစ်

ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
cidkpsssssပဲခူးတိုင်း တောင်ငူခရိုင် အရှေ့ဘက်ခြမ်းရှိ တောတောင်များအတွင်း ပုန်းအောင်း ... 
အာလူး အထွက်နှုန်းကျ၊ ဈေး ၂ ဆ တက်
မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးမှု အများဆုံးဒေသ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးခေါင်ခြင်းနှင့် ... 
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမား အရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
စစ်အစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးနှင့် ထိုင်းနိုင်ငံ၌ ... 
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ မျှော်လင့်

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ မျှော်လင့်

ဒေါ်စုက ပြည်သူတွေလိုလားတဲ့သူ ဖြစ်တယ်။ သူ့ကို လိုလားတာက သူ့အဖေ ဗိုလ်ချုပ်ကြောင့်မဟုတ်ဘူး။ သူရဲ့ ခေါင်းဆောင်ပီသမှုကြောင့် ဖြစ်တယ်။ သူက ကမ္ဘာက အသိအမှတ်ပြုတာခံရတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တယောက်ပါ။ မြန်မာနိုင်ငံမှာ စစ်အစိုးရကို ဘယ်သူမှ မလိုလားဘူးလို့

မြန်မာငြိမ်းချမ်းရေးဖခင်ကြီးရဲ့ ကွယ်လွန်ခြင်း ၄၆ နှစ်မြောက် နှစ်လည် မြင်ကွင်း
မိုးယံမခ၊ ရန်ကုန်
ဇူလိုင် ၂၄၊ ၂၀၁၀
အမျိုးသားစာဆို၊ မြန်မာ့ငြိမ်းချမ်းရေးဖခင်ကြီး၊ မဟာကဗျာက၀ိ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထင်ရှားတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ ကြိမ်မြောက် နှစ်လည်အလှူဒါနကို ယမန်နေ့ မနက်ပိုင်းက စမ်းချောင်း၊ မြေနီကုန်း၊ ကျွန်းတောကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
အပြည့်အစုံသို့ ...
 

“ အိပ်မက် ”
သားဦး
ဇူလိုင် ၂၄၊ ၂၀၁၀

ကောင်းကင်ပြာ တစ
အိပ်မက်ညထဲ
ဖျတ်ခနဲပြေး၊
မိုးတိမ် တဆုပ်
ရုတ်ခနဲ မြုပ်၊
ကြယ်တစ်စင်း
ဝင်းခနဲလင်း၊
အားတင်း ဆုပ်ကိုင်
သံတိုင်များ။     
(သံတိုင်နောက်က ကဗျာများ အစီအစဉ်)

သေနတ်မရှိတဲ့ မြန်မာပြည်ကောင်းဘွိုင်တွေ သို့
မိုးမခစာဖတ်သူ တဥိး - ရန်ကုန်
ဇူလိုင် ၂၄၊ ၂၀၁၀
ကိုယ်က ဗမာပြည်တွင်းက သတင်းငတ်နေတဲ့ ပြည်သူတွေကြားထဲက ပြည်သူတစ်ယောက်ပါ။
အပြည့်အစုံသို့ ...
 


more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

မြန်မာကုန်ပစ္စည်းများ ပိတ်ဆိုႛမှု ကွန်ဂရက်စ်လွှတ်တော်က သက်တမ်းထပ်တိုး
မြန်မာ့အရေးမှာ အိုဘားမား၏ ႟ရှုံးနိမ့်မှု
ဖားကန်ႛမှာ လူနေအိမ်အချိုႚ ရေထဲမျောပၝ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို ႟ရှုတ်ချပြောဆို
သခင်ကိုယ်တော်မှိုင်းနေႛ အခမ်းအနားကျင်းပ
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို သံဃာ့တပ်ပေၝင်းစု မေတ္တာရပ်ခံ