4.11.2009

Announcement of CAC(BURMA) 05/09 (Burmese and English)


ထုတ်ပြန်ကြေငြာချက် အမှတ် /၀၉

စာအမှတ်- စကလ/လစဖ/၀၅/၀၉

နေ့စွဲ - ၉-၄-၀၉

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းစေရေး၊ စစ်မှန်သော ဒီမိုကရေစီ ပေါ်ထွန်းလာရေး၊ မဲလိမ်၍ တဖက်သတ် အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖယ်ရှားပစ်ရေး၊ တရားမဝင် စစ်အာဏာ သိမ်း ထားသူများက တရားဝင် အစိုးရအဖြစ် လိမ်ညာ အတည်ပြုမည့် ၂၀၁၀ အတု အယောင် ရွေးကောက်ပွဲ ကို တားဆီး တိုက်ဖျက်ရေး ဆိုသည့် အကြောင်းရင်းခံများဖြင့် ကျွန်ုပ်တို့၏ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီကို နိုင်ငံရေး လိုအပ်ချက် အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

စစ်အုပ်စုနှင့် ယှဉ်ပြိုင်ရင်ဆိုင် အောင်ပွဲဆင်နိုင်ရန် စုစည်းညီညွတ်သော ဒီမိုကရေစီ အင်အားစုကြီး တရပ် ပေါ်ထွန်း လာရေး ဆိုသည့် လုပ်ငန်းစဉ်ကိုလည်း ကျွန်ုပ်တို့၏ ပင်မ လုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင် အထည်ဖေါ်လျှက် ရှိပါ သည်။

၂၀၀၉ ခုနှစ် ဧပြီလ ၆ ရက်နေ့က NCGUB, NCUB အပါအဝင် တော်လှန်ရေး အင်အားစုကြီး ၇ ဖွဲ့ မှ စုစည်းညီညွတ်သော တပ်ပေါင်းစုကြီး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းနိုင်ရေးအတွက် ဆောင်ရွက် သွားမည် ဖြစ်သလို၊ ထိုဖွဲ့စည်းပုံဖြင့် ဆောင်ရွက်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

ထိုကြေငြာချက်ပါ အချက်များသည် ကျွန်ုပ်တို့ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ ချမှတ်ထားသော လုပ်ငန်းစဉ် များနှင့် ထပ်တူနီးပါး တူညီမှုရှိပါသဖြင့် ဝမ်းမြောက်ဝမ်းသာ ထောက်ခံ ကြိုဆိုပါကြောင်းနှင့် တော်လှန်ရေးအင်အားစုကြီး များ၏ စုစည်းညီညွတ်မှု အပေါ် နှစ်ထောင်းအားရ ဖြစ်ရပါကြောင်း အလေးအနက် ဖေါ်ပြအပ်ပါသည်။

ထိုစုစည်းညီညွတ်သော အင်အားစုများ၏ စုစည်းမှုအင်အားဖြင့် ပြည်သူ့အရေးတော်ပုံကြီးတရပ် ဆက်လက်ဆင်နွဲရေး ဆိုသည့် ဒုတိယ ခြေလှမ်းတရပ်ကိုလည်း ပြည်သူလူထုတို့၏ အကျိုးစီးပွါးကို ရှေးရှု၍ ဆက်လက်ဖေါ်ဆောင် ဦးဆောင်မှု ပေးပါရန် ကိုလည်း အလေးအနက်တိုက်တွန်း တောင်းဆိုအပ်ပါသည်။

ဒီမိုကရေစီ ကျင့်စဉ်အရ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိသည်ဟုဆိုလျှင် လွတ်လပ်စွာစုစည်း ညီညွတ် ဆောင်ရွက် ခွင့်လည်း ရှိပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ထိုလှုပ်ရှားဆောင်ရွက်မှုများတွင် မည်သည့် အခန်းကဏ္ဍမှမဆို အလေးအနက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ

Announcement 05/09

Date April,9 ,2009

The 2009 Collective Action Committee (CAC) has been set up to end the dictatorship in Burma and to work for democracy. We reject the bogus, fraudulent 2008 referendum – held amidst one of the worst humanitarian crises the world has seen - and will work to ensure that the planned, sham 2010 election, that is merely an attempt to legitimate military control of the country, is successfully opposed.

One of our main aims at the 2009 CAC is to facilitate unity and cooperation between opposition groups working towards the same goal – the end of military rule in Burma and the restoration of democracy.

On April 6th, 2009, the NCGUB, the NCUB and other opposition groups working for democratic change in Burma, announced that they do not recognize the 2008 referendum, and that they will not participate in the bogus 2010 election.

We warmly welcome these announcements and support the stated aims. We believe that we are all working toward the same goal, and that by working together we can achieve these stated aims. We believe that by maintaining unity between opposition groups we can successfully work towards ending military rule in Burma. Together we can work towards restoring democracy in Burma.

In accordance with democratic principles, there is plenty of room for free thought, and difference of opinion. But we must remain steadfast in the ideals that unite us all and work together for a free and democratic Burma.

We at the 2009 CAC strongly believe in these principles and will work together with other opposition groups to see our mutual aims achieved.

Working Committee

2009 Collective Action Committee (BURMA)

No comments:

Post a Comment