4.11.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဘဝ ဇါတ်ခုံပေါ်မှ မြင်သမျှ အရေး

ဘဝ ဇါတ်ခုံပေါ်မှ မြင်သမျှ အရေး

ဘ၀တလျှောက်မှာ နိုင်ငံရေးဆိုတာ သိချင်ရုံ၊ နားလည်ချင်ရုံ သက်သက်နဲ့သာ လေ့လာခဲ့တယ်။ ဒါပေမဲ့ ကြားနေ သိနေရတာတွေက များသထက် များလာတော့ သြော် … နိုင်ငံရေးဆိုတာ ၊ ပြည်သူ့အရေးပါလားလို့ သိလာရတယ်။


thai asean protest

ထိုင်းနိုင်‌ငံ မှာ အာစီယံညီလာခံ ပျက်ပျားတဲ့အထိ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုဟာ အစိုးရပအပေါ် သက်ရောက်မှု ရှိနေပါပြီ





US merchant ship 'Maersk Alabama' steers past ferry boat at entrance of Kenyan port of Mombasa, 11 Apr 2009

အမေရိကန်ကုန်တင်သင်္ဘောကြီး မားစ်က် အယ်လာဘားမား (Maersk Alabama) ဟာ ဆိုမားလီးယား ပင်လယ်ဓားပြတွေ စီးနင်း သိမ်းပိုက် မှုကို ခံခဲ့ရပြီးတဲ့နောက် ကင်ညာနိုင်ငံက မွန်ဘာဆာ (Mombasa) ဆိပ်ကမ်းမြို့ကို စနေနေ့ညမှာ လုံလုံခြုံခြုံ ဆိုက်ကပ်နိုင်ခဲ့

ကော်လိုရာဒို၊ ဒင်းဗားက မြန်မာတို့ သင်္ကြန်ပွဲ အစဉ်အလာမပျက် ဆင်နွှဲကြလိမ့်ဦးမည်

ကိုဦး

ဧပြီ ၁၁၊ ၂၀၀၉

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာပြည်သားများ စုပေါင်းပြီး နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အစဉ်အလာမပျက် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် (၇) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
အျပည့္အစုံသိုႛ ...


မမြန်သော မြန်မာ့ အင်တာနက် နှေးကွေးနေဆဲ

မိုးမခအထောက်တော် (ရန်ကုန်)

ဧပြီ ၁၁၊ ၂၀၀၉

နကိုကတည်းက မမြန်ဆန်သည့် မြန်မာ့အင်တာနက် ကွန်ရက်မှာ လာမည့် သောကြာနေ့ အထိ နှေးကွေးနေဦးမည် ဟု စတုတ္တအကြိမ်မြောက် အသိပေး ကြေညာထားသည်ကို တွေ့ရှိရသည်။

မြန်မာတနိုင်ငံလုံး၏ အင်တာနက် ၀န်ဆောင်မှုပေးရာ မြန်မာတယ်လီပို့တ်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကိုဖြတ်သန်းသွားပြီး ရေအောက်မှ တဆင့် သွယ်တန်းထားသည့် ဆီမီဝီ ၃ (SEA-ME-WE 3) ဟု ခေါ်ဆိုသည့် ဖိုင်ဘာအော့ပတစ် ကေဘယ်ကြိုးကို ပုံမှန် ပြုပြင်ထိန်းသိမ်းမှုလုပ်မည်ဟု ဆိုကာ မတ်လ ၂၁ရက်မှ စတင် နှေးကွေးခဲ့ရာမှ ပထမ ခန့်မှန်းသည့် နေ့ရက် ၂၅ရက်နေ့တွင်လည်း မပြီးစီးဘဲ အကြိမ်ကြိမ် ပြင်ဆင် ကြေညာ အသိပေးခဲ့ရာမှ ယခုတဖန် ဧပြီ ၁၇ ရက်နေ့နောက်ပိုင်း တွင်မှ ပြီးစီးလိမ့်မည် ဖြစ်သည်ဟု သိရှိရသည်။
အျပည့္အစုံသိုႛ ...

Anti-government demonstrators cry after storming past soldiers on the way to the ASEAN Summit convention hall, Pattaya, 11 Apr 2009

အာဆီယံထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေတဲ့ ပတ္တယားမြို့မှာ ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြမှု တွေ ကြီးထွားလာတာနဲ့အမျှ သွေးထွက်သံယို ပဋိပက္ခမှုတွေလည်း ဖြစ်ခဲ့တာမို့ ထိုင်းအစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီး အစည်းအဝေး ပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။


ဗမာ မိသားစု ၁၅၀ စံပြကျေးရွာများတွင် နေထိုင်ရန် အတွက် မောင်တောသို့ ရောက်ရှိ

၎၊၁၀၊၂၀၀၉

မောင်အေး (နိရဉ္စရာ) ဗမာ အမျိုးသား မိသားစု ၁၅၀ သည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျောက်တွင် တည်ဆောက် နေသော စံပြကျေးရွာများ၌ နေထိုင်ရန်အတွက် ယမန်နေ့က မောင်တောသို့ ရောက်ရှိလာသည်။ အပြည့်အစုံသို့


image

ရခိုင်ရိုးရာ သင်္ကြန် ရန်ကုန်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

၎၊၁၁၊၂၀၀၉

၆- ကြိမ်မြှောက် ရခိုင်ရိုးရာ သင်္ကြန်ကို ရန်ကုန်မြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အပြည့်အစုံသို့




NEJ /ဧပြီလ(၁၀) ရက်၊ ၂၀၀၉


ရိုဟင်ဂျာကိစ္စနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဝန်ကြီးများအားလုံး အလှည့်ကျကွင်းဆင်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် နောင်အရပ်သားအစိုးရသစ်လက်ထက်အတွက် အရာရှိများကို မွေးထုတ်ရန် နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) က ညွှန်ကြားထားသည်။....အပြည့်အစုံသို့
သင်္ကြန်ရက်နီး ရန်ကုန်မှာ ခရီးသွားလာရေး ပိုခက်
NEJ / ဧပြီလ(၁၀) ရက်၊ ၂၀၀၉
သင်္ကြန်မတိုင်ခင် မန္တလေးပြန်မည့်သူတဦးက “မန္တလေးကို ပြန်ဖို့ အသက်ကြီးတဲ့ ကျနော့် အမေလဲပါတော့ ရထား အထူး တန်းလက်မှတ်ရဖို့ (၃) ရက်ကြိုပြီး တန်းသွားစီတယ်။ ပထမနေ့ မနက် (၈) နာရီလောက်ရောက်သွားတော့ လက်မှတ်က ကုန်သွားပြီ။ နောက်တရက် မနက် (၆) နာရီ လောက်သွားတယ်။ ဒါလည်း လူတွေ တိုးဝှေ့ပြီး.အပြည့်အစုံသို့
ဘန်ကောက်မြို့လယ် ပို့ဆောင်ရေး ပြတ်တောက် Victory Monument အ၀ိုင်းကို ဆန္ဒပြသူတွေ စီး
NEJ / ဧပြီ်လ(၁၀) ရက်၊ ၂၀၀၉ ယမန်နေ့ နေ့ခင်းပိုင်းကစပြီး ဘန်ကောက် မြို့လယ်ရှိ ယာဉ်သွား ယာဉ်လာထူထပ်သည့် Victory Monument လမ်းလေးခွဆုံအ၀ိုင်းကြီးကို တပ်ဆင်ထောက်ခံသည့် ဆန္ဒပြသူများက ပိတ်ဆို့သပိတ်မှောက်သည့်အတွက် ဘန်ကောက်မြို့တွင်း မြို့ပြင် ဆက်သွယ်ရေးလမ်းကြောင်း များ အခက်အခဲ ဖြစ်ကုန်သည်။...အပြည့်အစုံသို့


more


more


more


more


more


more


more


more


thai protesters
ထိုင်းနိုင်‌ငံ ပတ်တရားမြို့မှာ အာဆီယံ ‌ဆွေးနွေးပွဲရွှေ့ဆိုင်း








burma farmerလယ်‌သမားမိသားစု ကိုယ်‌ကိုယ့်‌ကို အဆုံးစီရင်‌

ထိုင်းမှာ သိန်းစိန် ခွေးပြေး ၀က်ပြေး ပြေးရခြင်း



ဧပြီလ ၁၁ ရက်နေ့ က ထိုင်းနိင်ငံပတ်တရာ မြို့ မှာ အာဆီယံ ထိပ်သီးအစည်းဝေးပြုလုပ်ပါတယ်။ ၀န်ကြီးချုပ် ဟောင်း တပ်ဆင်ကို လိုလားသူများက ဆန္ဒပြခဲ့ကြတယ်။ သူတို့အဖွဲ့ကို ယူဒီဒီဟုအမည်ပေးထားတယ်။ လက်ရှိ ၀န်ကြီးချုပ်အဘီဇစ်အစိုးရကို နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်တယ်။ ပထမပိုင်းမှာ အစိုးရ လုံခြုံရေးအဖွဲ့တွေက ဆန္ဒပြပွဲကို ထိမ်းသိမ်းထား နိင်သော်လည်း နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့များကို ကျော် ဖြတ်ပြီး အာဆီယံအစည်းဝေး အတွင်းသို့ချဉ်းနင်း ၀င်ရောက်နိင်ခဲ့ကြ သဖြင့် အာဆီယံ အစည်းဝေး ပျက်သွားပြီး အာဆီယံခေါင်းဆောင်များ ခွေးပြေးဝက်ပြေး ထွက်ပြေးရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြင့် အစည်းဝေး ပျက်သွားခဲ့ရတယ်။ထိုင်းနိင်ငံဟာ နိင်ငံတကာ အစည်းဝေးကျင်းပနိုင်လောက်တဲ့ လုံခြုံရေး အဆင့်အတန်း မရှိတော့ဘူး ဆိုတာကို ကမ္ဘာကိုပြလိုက်သလိုဖြစ်သွားပါတယ်။ မြွေပူရာကင်းမှောင့်ဆိုသလို မြန်မာဝန်ကြီးချုပ် သိန်းစိန်ဆိုသူကလည်း အစည်းဝေးမှာ ဘာမှ မဆွေးနွေးပဲ ထွက်ပြေးတော့မှ အသံအကျယ်ဆုံးနဲ့ရှေ့ ဆုံးက ဖြစ်နေကြောင်း သိရပါတယ်။ ဆန္ဒပြသူ များဝင်ရောက်လာချိန် တွင် ထိတ်လန့်နေသော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေး ကယ်တင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆောက်အဦး ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက် နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ကို ဦးစားပေး ကယ်တင်ချိန်တွင် မြန်မာဝန်ကြီးချုပ်ကို ဦးစားပေး၍ ထိုင်းက ပထမ ရဟတ်ယာဉ်ဖြင့်ပင် ထည့်ပေး လိုက်ရကြောင်း၊ မိန်းမသားဖြစ်တဲ့ ဖိလစ်ပိုင် ခေါင်းဆောင် အာရိုယာပင် နောက် အစီးဖြင့် လိုက်သွားကြောင်း ကြားသိရပါတယ်။ နောက်ဆုံးရတဲ့သတင်းအရ မြန်မာဝန်ကြီးချုပ် သွေးတက်သွားပြီး၊ ပတ်တရာမြို့ တွင် အာဏာရှင် ဆန့်ကျင်ရေးဒီမိုကရေစီ တပ်ဦး(UDD) အဖွဲ့ဝင်များက အစည်းအဝေးခန်းမ အတွင်းဝင်ရောက် လာသောကြောင့် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် နောက်ဖေးပေါက်မှ ခေါင်းမိုးပေါ်သို့ တက်ပြေးပြီး ကြုံရာ ရဟတ်ယာဉ် ဖြင့် အူတာပေါင်း လေတပ်စခန်းသို့ ကယ်ထုတ်သွားရသည်။ ရဟတ်ယာဉ် ပေါ်အတက် သူ၏မျက်မှန်ပြုတ်ကျရာ ထိုင်းကွန်မန်ဒို က တက်နင်းလိုက် သဖြင့် ကျိုးသွားကြောင်းသိရပါတယ်။ မမြင်မစမ်းဖြစ်နေတဲ့ သိန်းစိန်ကို ထိုင်းစစ်သား တယောက် ပွေ့တင်ပြီး ပြေးရကြောင်း သတင်းရရှိပါတယ်။

အစည်းအဝေးခန်းမ အတွင်းထိုးဖောက်ဝင်ရောက်လာသူများသည် မြန်မာဝန်ကြီးချုပ်ဆီ ဦးတည် သွားကြသည် ဆိုသောကြောင့် ထိပ်တန်းလုံခြုံရေးအရာရှိများခြံရံပြီး သူ့ကို အရင် ရဟတ်ယာဉ်ပေါ် တင်ပေးလိုက်ရသည် ဟု ထိုင်းသတင်းဌာန တစ်ခု ကလွှင့် ထုတ်သွားခဲ့သည်။ လက်ရှိ စစ်ခေါင်းဆောင် များထဲ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ် ကြီးသိန်းစိန်မှာ အကြောက်တတ်ဆုံးဟု နာမည်ကြီးသည်။ ဒုတိယအကြောက်အကြီးဆုံးမှာ သန်းရွှေဖြစ်ကြောင်း သိရပါသည်။

Source: Freedom News Group & ဂျေရာသော့မ်ဆင်
Summary
အစိုးရဆန့် ကျင်ရေးဆန္ဒပြသူ များက အာဆီယံ အစည်းအဝေးကျင်းပရာခန်းမထဲ သို့ ညာသံပေး၍ ၀င်ရောက်လာစဉ် (AP Photo/David Longstreath)

အစိုးရဆန့် ကျင်ရေးဆန္ဒပြသူ များက အာဆီယံ အစည်းအဝေးကျင်းပရာ ခန်းမထဲ သို့  ညာသံပေး၍ ၀င်ရောက်လာစဉ် (AP Photo/ David Longstreath)

အစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ဆန္ဒပြသူများဝင်ရောက်လာစဉ် ဓာတ်ပုံ-ရိုက်တာ

အစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ဆန္ဒပြသူများ ၀င်ရောက်လာစဉ် ဓာတ်ပုံ-ရိုက်တာ

ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် အနီဝတ် များက ၁၄ ကြိမ်မြောက်အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပရာ ထိုင်းနိုင်ငံ ကမ်းခြေမြို့  ဖြစ်သည့် ဖတ္တယားတွင် ကျင်းပနေသော ဆွေးနွေးပွဲ ခန်းမသို့ အတားအဆီးများကို ကျော်ဖြတ်ပြီး မှန်များကို ရိုက်ခွဲ ၀င်ရောက် လာသောကြောင့် ၀န်ကြီးချုပ် က အစည်းအဝေး ကိုဖျက်သိမ်းလိုက်ရပြီး ဖတ္တယားတွင်လည်း အရေးပေါ် အခြေအနေ ကြေငြာလိုက်ရသည် ဟု သတင်းရရှိသည်။

ထိုသို့ အစည်းအဝေး ဖျက်သိမ်းမှုကြောင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် လည်း ခရီးရောက် မဆိုက်ပင် ပြည်တော် ပြန်ခဲ့ရသည်။လွန်ခဲ့သည့် နှစ်ရက်က ထိုင်းဝန်ကြီးချုပ် အဘိဆစ်က ဧည့်သည်တော်များ၏ လုံ ခြုံရေးအတွက် တာဝန်ယူသည်ဟု ဆိုသော်လည်း ယခုဖြစ်ရပ်မှာအစိုးရအတွက် အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည် ဟု ထိုင်းမီဒီယာများတွင် ဖေါ်ပြထားသည်။

ဆန္ဒပြသူများက အဘိဆစ် နှုတ်ထွက်ပေးရန် အော်ဟစ်ပြီး ဆွေးနွေးပွဲ ခန်းမထဲ ထိ ၀င်ရောက်လာခဲ့ ကြသည်။ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ တပ်ပေါင်းစု (UDD)၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဂျကယာပေါဘ် ဖန်ခရိုင်ယ က “ဒီအစည်းအဝေး ကို ရပ်တန့် နိုင်ခဲ့ လို့ ငါတို့ နိုင်ပြီ ဆက်ပြီးတော့ အဘိဆစ် မနှုတ်ထွက် မချင်း ဘန်ကောက်မှာ ဆက်ပြီးဆန္ဒပြမယ်” ဟု အေပီ သို့ ပြောသည်။

ဆန္ဒပြသူများက ဆွန်ကရန် ရေသဘင်ပွဲတော် ကျင်းပမည့် နိုင်ငံတော် အားလပ်ရက်များအတွင်းပါ အင်အားထပ် တိုးမြှင့် ၍ ဆန္ဒပြကြ မည်ဟုသိရသည်။


အင်းလျှားလမ်းရှိ ဖိုးလပြည့် မဏ္ဍပ်ဆောက်လုပ်နေမှု ကိုဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်

April 11, 2009 ·


ရိုက်ကူးသူ….ဒါရိုက်တာစနေငချွတ်
၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့ က ရန်ကုန်မြို့ အင်းလျှား လမ်းရှိ ဖိုးလပြည့်၏ သင်္ကြန် မဏ္ဍပ် ဆောက်လုပ် နေမှု ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်။အခြားမဏ္ဍပ်များနှင့်ယှဉ်လျှင်သူ့ မဏ္ဍပ်မှာ အကြီးဆုံး ဖြစ်နေသည်ကို တွေ့  ရမည်။

No comments:

Post a Comment