7.02.2009

တိုင်းရင်းသား အရေးအတွေးအမြင်များ

ဆေးရုံပေါ်ရောက်မှ ငြိမ်းချမ်းစွာ စကားပြောဖြစ်ကြတာ။














ဒီကေဘီအေ (၀ဲပုံ) နဲ့  KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ယာပုံ) တို့  မဲဆောက်ဆေးရုံမှာ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့  ဆေးရုံတက်နေရင်း စကားပြောကြတာ ဖြစ်ပါတယ်။

ဒီပုံကို ကြည့်ပြီး အင်မတန်မှ စိတ်ထိခိုက်မိပါသည်။ တို့ တိုင်းရင်းသားတွေ ဒီလို အချိန်ခါရောက်မှ ငြိမ်းချမ်းစွာ စကားပြောကြ ဖြစ်ကြတာ ပါလား။
နအဖ လူယုတ်မာနဲ့ အမျိုးသားသစ္စာဖေါက်တို့ ရဲ့ လက်ချက်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲကြရပြီး အပြစ်မဲ့သူတွေ သွေးခင်းကြရပြီ။ တိုင်းရင်းသား အမျိုးသားအပေါင်းတို့ ဒါကို သင်ခန်းစာ ယူကြတော့။ အချိန် နည်းနည်းလေး ကျန်သေးတယ်။
နအဖ လူယုတ်မာတွေရဲ့  လှည့်ဖြားမှုမှ အလွတ်ရုံးထွက်ကြကာ တိုင်းရင်းသား အမျိုးသားအပေါင်းတို့  လက်ချင်း ပြန်ချိတ်ကာ အာဏာရှင် နအဖအား ပြန်လည်တိုက်ထုတ်ကြပါ။ ဒီကေဘီအေမှ တိုင်းရင်းသားတွေကို သိစေချင် ပါတယ်။

နစ်နေမန်း ဘလော့မှ

ခွဲခြားမှုမရှိသောမျိုးချစ်စိတ်

2009 June တစ်ရက်နေ့မှစ၍ယနေ့ထိ န အ ဖ နှင့် D K B A တပ်များပူးပေါင်းပြီး K N U တပ်မဟာ ( 7 ) အား ဝင် ရောက်တိုက်ခိုက်ရာတွင် ဒါဏ်ရာရစစ်သည်များအား ထိုင်းနယ်ခြားစောင့်တပ်များမှ လူသားခြင်း စာနာ မှုဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ K N U ဖက်မှလည်း အနှောက်အယှက် တစ်စုံ တစ်ရာမျှ မပြုလုပ်ခဲ့ပါ ။ မဲ ဆောက်ဆေးရုံတွင် န အ ဖ နှင့် D K B A စစ်သားများအတွက်လူနာစောင့်မရှိပါ။ သို့သော် လည်း K N U အသိုင်း အဝန်း မှမျိုးချစ်ပုဂ္ဂိုများသည် ဒါဏ်ရာရ မိမိစစ်သားများသာမက D K B A နှင့် န အ ဖ စစ်သားများ ကိုပါပြုစုစောင့်ရှောက်ပေး ခဲ့ပါတယ် ။ ဤဖြစ်ရပ်မှန်ကို တွေ့မြင်ရသော ကျမအဖို့ ခေါင်းထဲမှာ အတွေးပေါင်း များစွာ ၊ ခံစားချက်ပေါင်း များစွာဖြင့် ရေးသားတင်ပြလိုက်ပါတယ် ။

တစ်ခုလောက် မေးချင်ပါတယ်။ ဘာ့ကြောင့် ကျမတို့ ကရင်အမျိုးသားများရဲ့ ဘဝတွေ ဒီလိုဖြစ်နေရပါသလဲ ။ ကရင် တမျိုးသားလုံး ဖြေရမည့် မေးခွန်းဖြစ်ပါတယ် ။ ဒီစစ်အာဏာရှင် စနစ်ဆိုးကြောင့် ကျမတို့ ကရင် အမျိုးသား တွေရဲ့ဘဝပေါင်း မြောက်များစွာ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ် ။ ယ္ခုလက်ရှိ ဖြစ်နေတာ ကိုပဲကြည့်လေ ။ ကျမတို့ ကရင်အမျိုးသားအချင်းချင်း မျက်နှာအိုးမဲသုတ်ပြီးသတ်ခိုင်းနေကြတယ်မသေပဲ ဒါဏ်ရာရသူ တွေကျ ပြန်တော့လည်း တာဝန်ယူခြင်းမရှိပဲ ဖြစ်ချင် ရာဖြစ်ဆိုပြီးပစ္စလက္ခလွှဲပေးလိုက်တယ် ။ ဒီလုပ်ရပ်ဟာ တရားသလား ။ မှန်ကန်ပါသလား ။ လူသားတွေပါ ။ ကျမတို့ ကရင်အမျိုးသားတွေပါ ။ ကြည့်ရက်ကြပါသလား ။ ကျမတို့ကတော့ မကြည့်ရက်နိုင်ပါဘူး ။

ကရင်အမျိုးသားရေးသည် ကရင်အမျိုးသားတိုင်းမှာတာဝန်ရှိပါတယ် ။ ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျမတို့ ကရင်အမျိုးသားများသာမက တိုင်းရင်းသားပြည်သူလူထုများ ၊ အလုပ်သမားများ ၊ လယ်သမားများ၊ သံဃာတော် များပါ မကျန် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ကမ္ဘာကတောင်သိပါတယ် ။ အဲ့ဒါကြောင့် ဒီဖြစ်ရပ်မှန်ကို ဖတ်ရူ ကြည့်ရူရသူများ အားလုံး အမှန်တရားအတွက်ရဲဝံ့စွာရပ်တည်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင် တော်လှန် သွားကြရန် တိုက်တွန်းနှိုးဆော် လိုက်ပါတယ် ။

မှတ်ချက် ။ ။အထူးသဖြင့် မျက်နှာအိုးမဲ အသုတ်ခံရသည့် D K B A အရာရှိ အရာခံ အကြပ်တပ်သားများ အား
လုံး အမှန်တရားအတွက် အမြင်မှန်ရဖို့ အချိန်တန်ပြီ ဆိုတဲ့အကြောင်း ဤနေရာမှ ကျမနှိုးဆော်လိုက်ပါတယ် ။


ကူညီပြုစုခဲ့သည့် သက်သေအထောက်အ ထားပုံများ
ဤပုံသည် ထီးချဖီး (ခေါ် ) နော်ပေါ် ဆိုသူ K N L A တပ်မှ တပ်ရင်းမှုး တဦး၏ ဇနီးသည်တစ်ဦးဖြစ်ပါတယ် ။
သူမပြောခဲ့တာကတော့ အရင်တုန်းက ကျမတို့ဟာအတူတူနေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ။ အခုဒီလိုတွေ့ရ
တာ စိတ်မကောင်းပါဘူး ၊ ကိုယ့်အမျိုးသား အချင်းချင်းပဲလေ ခွဲခြားလို့မရပါဘူး


ဒီပုံဟာ D K B A ဗသာဖြိုး နှင့် ဇနီးဖြစ်သူ နန်းအမီ ကို ထီးချာဖီး သွားရောက်အားပေးတဲ့အချိန်မှာ နန်းအမီ က ဤကဲ့သို့ပြောပါတယ် ။
"ဒီလိုထိမှကောင်းတယ် နောက်ဘယ်တော့မှ သွားလို့မရတော့ဘူး ဒီအလုပ်လုပ်တာ ကျမမကြိုက်ဘူး ။ ကိုယ့်အ တွက် လည်းအကျိုးမရှိ ၊ ကိုယ့်အမျိုးသားအတွက် လည်းဘာမှအကျိုးမရှိဘူး"
ဗသာဖြိုး သည်ယ္ခင်က ကော့ညင်း ကျေးရွာတွင် ကျေးရွာကာကွယ်ရေး လုပ်ခဲ့တယ် ။ 2000 နှစ်K N L A တပ် ရင်း 19 သို့ကူးပြောင်းခဲ့တယ် ။ 2004 ခုနှစ်တွင် D K B A သို့ကူးပြောင်းပြီး ယနေ့ထိသူလုပ်ခဲ့ပါတယ် ။

ဤပုံသည် ဆရာမ အက်စတာ ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို မခွဲခြားပဲ အားလုံးကိုကူညီခဲ့သူ
ဖြစ်ပါတယ် ။


ဤပုံသည် ဆရာမ နော်ဘလေး ဖြစ်ပါတယ် ။ ဒါဏ်ရာရ ကရင်အမျိုးသားများကို နေ့မအားညမအားကူညီခဲ့သူဖြစ်ပါတယ်


ဤပုံသည် ဆရာမလေး ဒေးမူဆီ ဖြစ်ပါတယ် ။ လူသာငယ်ပေမဲ့သူ့ရဲ့ မေတ္တာစေတနာဟာ အလွန်ပဲကြီးမားပါ
တယ် ။ ဒါဏ်ရာရလူနာများကို နေ့စဉ် အချိန်ပြည့် အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တယ် ။ လူနာများကို ရေပတ် တိုက်ပေးခြင်း ၊ လိုအပ်သည့်အစားအစာများအတွက် ကူညီဆောင်ရွက်ပေးခြင်း ၊ အားပေးစကားများပြောခြင်း ဖြင့် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ် ။

ဤမျှမက K W O , K Y O မှဦးဆောင်ပြီး ကရင်အမျိုးသား လူငယ်လေးများအဖွဲ့ဖွဲ့၍ အလည့်ကျ လူနာစောင့် အဖြစ် စနစ်တကျ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါတယ် ။ ထို့ကြောင့်ကရင်တမျိုးသားလုံး ဤဖြစ်ရပ် မှန်ကို ကြည့်ခြင်း အားဖြင့် ကနေ့ကျမတို့ကရင်အမျိုးသားများ တာဝန်တရပ်ဖြစ်တဲ့ (ကရင်အမျိုးသား ပြန်လည် သင့်မြတ်ရေး) ဆိုတဲ့တာဝန်ကြီးအတွက် ကျမတို့ဘယ်လိုလုပ်ကြမလဲ ။ ဘာလုပ်ကြမလဲ ။ လက်ပိုက်ကြည့်နေ ကြမလား ။ လက်ရှောင်နေကြမလား ။ တွေးမနေ ၊ ငေးမနေကြပါနဲ့တော့ ။ ကိုယ်တတ်စွမ်းသမျှ ယ္ခုချက်ချင်း လက်တွဲ ညီညီထလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
သောသီခိုဘလော့မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment