8.31.2009

ဒေါ်အောင်ဆန်းစုကြည် အယူခံကို လာမည့် ကြာသာပတေးနေ့တွင်တင်မည်

ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်၃နှစ် ချမှတ်ခဲ့သော ပြစ်မှုကို လာမည့် ကြာသာပတေးနေ့တွင် တရားရုံးချုပ်သို့ အယူခံလွှာ တင်သွင်းသွား နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောဆိုပါသည်။

ဦးဥာဏ်ဝင်းက ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ သူမ၏ နေအိမ်ကို ပိုမို စိတ်ချ လုံခြုံမှု ရှိစေရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ပြောပြသွားခဲ့ပါသည်။ ယခင်ကဲ့သို့ ပြင်ပလူများ သူမအိမ်ထဲသို့ တရားမဝင် ဝင်ရောက်လာခြင်းကို ကာကွယ်ရန်ဖြစ်သည် ဟုလည်းပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအခန်းရှေ့က လသာဆောင်သည် သူမအခန်းနှင့် တဆက်တည်း ဖြစ်နေသဖြင့် ပိုမိုစိတ်ချ လုံခြုံမှု ရှိစေရေးအတွက် ပြုပြင်ရန် ဗိသုကာ ပညာရှင်နှင့် တိုင်ပင်ဆောင်ရွက်လျှက် ရှိသည် ဟု ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။

ပြည်တွင်းသတင်းထောက်တဦး(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment