4.10.2010

ဘန်ကောက်မြို့ လူနေအိမ်တစ်ခုအတွင်း ၅ကြိမ်မြောက်ဓါးပြတိုက်ခံရ

ဧပြီ ၁၀။ ဘန်ကောက်။

ဘန်ကောက်မြို့ တောင်ဘက်ဖက်က ဆင်လမ်းမကြီးလူနေဆောင်တွင် ၅ကြိမ်မြောက်ဓါးပြတိုက်ခံလိုက်ရ ကြောင်း အတိုက်ခံရသည့်အထည်ချုပ်မြန်မာအလုပ်သမားလင်မယားတို့ ကပြောသည်။

ဘန်ကောက်မြို့ ခေါင်းခွန်းဈေး၊ စွန်ထောင်းစီ၊ ဖက်ကဆင် ၆၉လမ်း ရှိ အခန်းပေါင်း ၃၀ ကျော်ရှိသည့် လူနေဆောင် အတွင်းနေထိုင်သည့် ကိုအောင်အောင်နှင့် မခင်မင်တို့ ဇနီးမောင်နှံတို့ ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့ညနေ ၈နာရီခန့်က အမည်မသိထိုင်းလူမျိုးတစ်ဦး အရိုးအသွား ၂တောင်ခန့် ရှိသည့် ဓါးအနှောက် ဘက်လွှသွားပါ ဓါးရှည်ဖြင့် ၀င်ရောက်ပြီးဓါးပြတိုက်သွားခဲ့သည်။

လက်စွပ်၂ကွင်း ရွှေအလေးချိန် ၆ ပဲကျော်၊စီဒီအောက်စက်တစ်လုံး၊ နိးကီယားဖုန်းတစ်လုံး၊ဘတ်ငွေ ၅၀၀၀ ကျော်နှင့် သားရေအိပ်စုစုပေါင်းကာလတန်ဘိုး ဘတ်တစ်သောင်းကျော်ဖိုးဓါးပြတိုက်ခံလိုက်ရသည်။

ကိုအောင်အောင်က“ ကျနော်တို့ လင်မယား၂ယောက်က ပုတ်ပြတ်ချုပ်ပါတယ်၊ ကျနော်က ချုပ်ပြီးတဲ့ အထည်ဖိုးတွေ တွက်နေပါတယ်၊ ကျနော့်မိန်းမကလည်း ရေချိုးခါနီး ထမိန်ရင်လျှားနဲ့ပဲ အစောကြီး ရှိသေးတော့ တံခါးကမပိတ်မိဘူး၊ ရုတ်တရက် ဆိုင်ကယ် ဦးထုတ်ဆောင်းထားတဲ့လူတယောက်ဝင်လာတယ်၊ အရိုးအသွား ၂တောင်နီးနီးလောက်ရှိတဲ့ ဓါးရှည်နဲ့ ကျနော့်လည်ကုတ်ကို ထောက်ထားတယ်၊ ပြီးတော့ ကျနော်တို့ လင်မယား၂ယောက်ကို ရေချိုးခန်းထဲကို သွင်းပြီးတော့ အိမ်ထဲမှာ စိတ်ကြိုက် ရှာတော့တာပဲ”ဟု ပြောသည်။

အဆိုပါ လူနေတိုက်ခန်းဆောင်တွင် ယခင်ကလည်း ထိုကဲ့သို့ ဓမြတိုက်ခံခဲံရသည်မှာ ၄ကြိမ်ဖြစ်ခဲ့ပြီး ဖြစ်သည်။ အမည်မဖေါ်လိုသည့် တောင်ကြီးရှမ်း အမျိုးသမီးငယ်တစ်ဦးဆိုလျှင် ဘတ်ငွေ နှစ်သောင်းကျော် နှင့် ဖုန်းတို့ ကိုယူငင်သွားရုံသာမက ဘလက္ကာယ ပြုကျင့်ခြင်းကိုပင်လျှင်ခံခဲ့ရဖူးသည်။

မခင်မင်က “ကျမတို့ လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး၊ ထူပူသွားတာပဲ၊ စိတ်ကြိုက်ရှာသွားတယ်၊ ကျမတို့ မှာ တီဗွီကအလုံးတော်တော်ကြီးလို့ ၊ မဟုတ်ရင်သူ ယူသွားမယ့်သဘောရှိပါတယ်၊ ကျမတို့ တရား မစွဲရဲဘူးလေ၊ ကျမတို့ တရားစွဲတယ်လို့ သိရင် လာသတ်မှာပေါ့” ဟု ပြောသည်။

ဓါးပြတိုက်မှုဖြစ်ပွားပြီးနောက်နေ့ တွင် နယ်မြေရဲတစ်ဦးရှောက်ရှိလာပြီး အတိုက်ခံရသည့် ပစ္စည်းစရင်းများကို လာရောက်မှတ်ယူသွားသည်။ အဆိုပါတိုက်တွင် တစ်ကျော်ကျော်ခန့် အကြာတွင် ယခုကဲ့သို့ဖြစ်ပေါ်လေ့ ရှိသည်။

အဆိုပါဓါးပြမှာ အသက်၃၀ အရွယ်ခန့် ဖီနိုအမျိုးအစား ဆိုင်ကယ်အဖြူရောင်နှင့်ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment