5.08.2010

ရေခဲထုတ် အလုပ်သမား၂ဦး ကားတိုက်၍ ပွဲချင်းပြီးသေ၊ လုပ်ငန်းရှင်သားခွဲစိတ်မှုခံယူရ

Photobucket
ကိုထွန်းသန်း၏ပုံနှင့်ဇနီးသည်
Photobucket
ကိုအောင်ကျော်လွင်၏ပုံ
မေ ၈
ယမန်နေ့ နံနက်ပိုင်းက ဘန်ကောက်မြို့အနီး စမူပါကန်၊ ခေါင်တန်နယ်မြေ ပါနန်းနှင့် ခေါင်တန်အကြား ကားလမ်းမပေါ်တွင် ရေခဲထုတ်ပို့သည့် မြန်မာအလုပ်သမား၂ဦးပါ ကားအား ၁၈ဘီးတပ် ကားကြီးက ၀င်တိုက်မိသဖြင့် မြန်မာအလုပ်သမား၂ဦး သေဆုံးပြီး လုပ်ငန်းရှင်သားမှာ ဦးဏှောက်ကို ခွဲစိတ်ကုသမှု ခံနေရကြောင်းသိရှိရသည်။

မွန်ပြည်နယ်၊ အပေါင်မြို့နယ်၊ အလယ်ရွာမှ ဦးထွန်းတင်နှင့် ဒေါ်မေ၀င်းတို့၏သား အသက် ၃၄ နှစ်အရွယ် ကိုထွန်းသန်းမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်တံခွန်တိုင် ရွာမှ ဦးဝင်စိန်နှင့် ဒေါ်ကျင်သောင်းတို့ ၏သား အသက်၃၀ နှစ်အရွယ်၊ ကိုအောင်ကျော်လွင်(ခ)အကျော် မှာ ခေါင်တန်ဆေးရုံကြီး အရောက်တွင် သေဆုံးခဲ့ရသည်။

ကိုထွန်းသန်း၏ ယောက်ဖတော်စပ်သည့် ကိုသားငယ်က “မနက် ၆နာရီကျော်လောက်မှာ ဖြစ်တာပါ၊ ရေခဲကားက လမ်းကိုကွေ့တာ ၁၈ဘီးကားက မျက်နှာချင်းဆိုင် ၀င်တိုက်မိတာလို့ ပြောတယ်။ ကျနော့်ယောက်ဖကတော့ ပွဲချင်းပြီးသေတယ်။ သူဌေးသားကတော့ ခုသတိပြန်ရပြီလို့ ကြားတယ်၊ ဦးဏှေက်ကို ခွဲစိတ်ကုသရတယ် ပြောတယ်။ အလောင်းတွေကို ခေါင်တန် ၀တ်ဟုန် ဘုန်းကြီးကျောင်းမှာ ထားပါတယ်။ တနင်္ဂနွေနေ့ ဆိုရင် သင်္ဂြိုဟ်ပါမယ်”ဟု ပြောသည်။

ကိုထွန်းသန်းတွင် ဇနီးမမြအေးခိုင်(ခ)ငုံးငုံးနှင့် အသက်၎နှစ်အရွယ် သမီးမကော်ကော့ဝါ(ခ) မအိအိသွယ် တို့ စမူပါကန်တွင် ကျန်ရစ်နေခဲ့သည်။

မငုံးငုံးက “ကျမ အမျိုးသားတစ်ကိုယ်လုံး ကြေသွားတာ၊ မကြည့်ရက်စရာပဲ၊ ကျမလည်း ကလေးငယ်နဲ့ အမှုကိစ္စတွေ ပြီးသွားရင် ရွာပြန်ပြီး အလှူလုပ်ပေးမယ်။ ကျမလည်း အလုပ်မလုပ်ချင်တော့ဘူး။ ဘာလုပ်လို့လုပ်ရမယ်လည်း မသိတော့ဘူ့း။ အမှုလုပ်ဖို့ တရားစွဲဖို့ ဆိုတာလည်း ငွေကုန်အုံးမယ်ထင်တယ်။ ကျမ မတ်တော်စပ်တဲ့ လူတွေ စီစဉ်ကြပါလိမ့်မယ်ရှင်”ဟု ပြောသည်။

ယခု ကားတိုက်မှုအတွက် အသက်လျှော်ကြေး ရရှိရေးအတွက် မိသားစုများက ဒေသဆိုင်ရာ အင်ဂျီအိုများအား ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း မိသားစုဝင် ကိုအောင်အောင်က ပြောသည်။

ယဉ်တိုက်မှုဖြစ်သည့် ၁၈ဘီးကားမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ အလောင်းသဂြိင်္ုဟ်ရေး ကိစ္စ ရပ်များအတွက် ကုန်ကျငွေများကို မငုံးငုံးက ကုန်ကျခံထားသည်။ လုပ်ငန်းရှင်သူဌေးမက ကုန်ကျငွေအချို့  ကို ကူညီမည်ဖြစ်ကြောင်း ပြောဆိုထားကြောင်း သိရသည်။

No comments:

Post a Comment