5.08.2010

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရမည်

ရန်ကုန် ၊ မေ ၈။ 
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell)သည် မနက်ဖြန် တနင်္ဂနွေနေ့ တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး တနလာင်္နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိမ့်မည်ဟု သိရှိရပါသည်။ 
NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell)သည် သူ၏ နှစ်ရက်ကြာခရီးစဉ်အတွင်း တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သလို ထိုနေ့ နေ့လည် ၁၁ နာရီတွင် NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးအပါအဝင် NLD ဗဟိုကော်မတီ ၁၀ဦးနှင့် တွေ့ဆုံလိမ့်မည်ဟု အမေရိကန် သံရုံးမှ Mr. Larry Dinger က လာရောက် အကြောင်းကြားထားသည်ဟု အင်တာဗျူးတခုတွင် ပြောပြခဲ့ပါသည်။
ထို့အတူ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell)သည် အခြားသော အဓိက နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်လည်း ထိုနေ့ ညနေ ပိုင်း ရန်ကုန်မှ ပြန်လည်မထွက်ခွာခင် တွေ့ဆုံလိမ့်မည်ဟုဆိုပါသည်။
ယခုခရီးစဉ်သည် ၆လအတွင်း ကာ့ ကန့်(မ်)ဘဲ(လ်)၏ ၂၀၀၉ ခုနှစ်နိုဝင်ဘာ ၃ရက်နှင့် ၄ရက် ခရီးစဉ် နောက်ပိုင်း မြန်မာပြည်သို့ ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး ပထမ အကြိမ်က ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်နှင့် တွေ့ဆုံခွင့် ရခဲ့ပါသည်။
ယခု ဒုတိယအကြိမ်မြောက် ခရီးစဉ်တွင်မူ နေပြည်တော်သို့ ပထမဆုံးအကြိမ် သွားခွင့်ရပြီး မြန်မာ စစ်ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရပါသည်။ ထို့နောက် လေယာဉ်ဖြင့် ရန်ကုန်သို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ပါသည်။
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) သည် ပထမ ခရီးစဉ်က နှစ်နာရီကြာ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် နှစ်နာရီကြာ တွေ့ဆုံခဲ့ရပါသည်။ ၄င်း၏ ခရီးစဉ်သည် အမေရိကန် သမ္မတ မစ္စတာ အိုဘားမား၏ ပြောင်းလဲ ကျင့်သုံးနေသော မြန်မာနိုင်ငံစစ်အုပ်ချုပ်သူများနှင့် ပို၍နီးကပ်စွာဆက်ဆံပြီး စီးပွါးရေးပိတ်ဆို့မှုများကို ဆွေးနွေးမှုများ အပေါ်မူတည်၍ ပြောင်းလဲကျင်သုံးသွားနိုင်ရေး ပေါ်လစီအရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါ သည်။ 
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) 

No comments:

Post a Comment