5.08.2010

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Assistant US Secretary of State Kurt Campbell chairs round table discussion with journalists at US embassy in Beijing, 14 Oct 2009

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာပြည်ကိုရောက်မယ်လို့ ဆိုပါတယ
250 statues Gautam Buddha

ဗုဒ္ဓရုပ်ပွားတော် ၂၅၀ ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ပေးပို့လှူဒါန်း

၅၊၈၊၂၀၁၀
ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် ၂၅၀ ကို ပေးပို့ လှူဒါန်းခဲ့ရာ အဆိုပါ ရုပ်ပွားတော်များကို ယမန်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက စစ်တကောင်း မြို့တွင် အခမ်းအနားဖြင့် လက်ခံ ယူခဲ့သည်။ အပြည့်အစုံသို့
မယ်လစခန်း ကေ၀ိုင်အိုရုံး မီးလောင် ကွန်ပျူတာ (၇)လုံး ပျက်စီး
Sat, 8/05/10 – 6:06 | No Comment | Related articles
မေလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို)ရုံး ယနေ့မနက်တွင် မီး လောင်မှုတခုဖြစ်ပွားခဲ့ပြီး ကွန်ပျူတာ (၇)လုံး လောင်ကျွမ်းပျက်စီးသွားခဲ့သည်ဟု သိရသည်။

သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင်

သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင် မြန်မာပြည်မှာ ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦးဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆနိုင်တယ်။ ဒီကနေ့အထိလဲ စဉ်ဆက်မပြတ်သက်ရောက်နေသေးတယ်။ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာခံစားတတ်သူ့ ပုထုဇဉ်တိုင်းအတွက် စိတ်မကောင်းစရာပါ။
ဂီတအနုပညာသည်များနဲ့ နာရေးအနုပညာ
ကျော်သူ
မေ ၈၊ ၂၀၁၀
(မိုးမခက ပြန်လည် တင်ဆက်သည်)
သား - မောင်ကျော်သူ သို့ အမေ့လက်ဆောင် (၉ - ၉ - ၂၀၀၄) ဟူသော အမေ လူထုဒေါ်အမာ ရေးသားထားသည့် “မြန်မာ့မဟာဂီတ” စာအုပ်ကို ကျွန်တော်ပြန်လည် ဖတ်ရှုမိသောအခါ ကျွန်တော်၏ စိတ်အာရုံထဲတွင် အတွေးတစ်ချက်ရသွားသည်။ အမေကတော့ မြန်မာလူမျိုးတို့၏ ဂီတ .. မဟာဂီတ .. ရှေးသီချင်းကြီး သီချင်းခံတို့၏ ပေါ်ပေါက်လာမှု၊ ရပ်တည်မှု၊ ဖြစ်တည်မှု ဂုဏ်ယူဖွယ်ရာတို့ကို စေတနာ အရင်းခံ၍ ဂီတအကြောင်း ထဲထဲဝင်ဝင် ရေးသားထားသည်။
ကျွန်တော်သည် ဂီတနှင့် ကျွမ်းကျင်မှု၊ ရင်းနှီးမှု၊ နားလည်မှုတို့ မရှိခဲ့ရိုးအမှန်။ ဂီတကို နားဆင်ရန်၊ ခံစားရန်သာ ၀င်ဆံ့ခဲ့သည်။ သို့သော် အမေ့ရဲ့စာကို ဖတ်ပြီးသည့်နောက် ကျွန်တော်၏ အတွေးတစ်ချက်သည် နောက်ကြောင်းရာဇ၀င် တို့ကို ပြန်လည်ရောက်ရှိသွားသည်။ ဤတွင် ယခု စာစုတို့ ပေါ်ပေါက်လာခဲ့တော့သည်။ 
အပြည့်အစုံသို့ ...
 
မြန်မာ့အရေး လေ့လာသူ ကိုအာကြီးနဲ့ …
ဖိုးဇော် (စကားဝါမြေ)
မေ ၈၊ ၂၀၁၀
သတင်းကြေငြာသူ။       ။ မြန်မာနိုင်ငံ ဗုံးပေါက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး  နိုင်ငံရေး၊ စစ်ရေး၊ အချစ်ရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ အိမ်သာရေး၊ မိလ္လာရေး၊ နှလုံးထီရေး၊ ကုန်ဈေးနှုန်းရေး  အရေးအကုန်လုံးကိုလေ့လာသူ သုတေသီပညာရှင် ကိုအာကြီးနှင့် တွေ့ဆုံမေးမြန်ခန်း မကြာမကြာ၊ ခဏခဏ၊ ကတီးကတီး ပြန်လည်ထုတ်လွှင့်ချက်ကို ပြသမှာဖြစ်ပါတယ် ခင်ဗျာ။

အမေး။ ။ ကျမ တွေ့ဆုံမေးမြန်းမယ့်သူကတော့ နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အိမ်သာရေး၊ မိလ္လာရေး၊ နှလုံးထီရေး၊ ဗေဒင်လက္ခဏာရေး၊ ကုန်ဈေးနှုန်းရေးများကိုလေ့လာသူ သုတေသီပညာရှင် ကိုအာကြီးပဲ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ကာတွန်း စောငို - စစ်အာဏာရှင်၏ သံသရာ
မေ ၈၊ ၂၀၁၀

more

 

more

 

more

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ ပေးပို့လာတဲ့စာ....

ရန်ကုန်မြို့မှာ မနေ့က စ၍လုံခြုံရေးများ အထူးတင်းကြပ်လျှက်ရှိကြောင်း ပြည်တွင်းမှ စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အီးမေးလ်ကနေ ဆက်သွယ် ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment