5.27.2010

မြန်မာ နိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုများတွင် ထိုင်း၊ ဗြိတိန် ၊ စင်္ကာပူတို့ ထိပ်တန်းတွင်ရှိ

ရန်ကုန်၊ မေ ၂၇။
၂၀၁၀ ခုနှစ် မတ်လ နောက်ဆုံးပါတ်တွင် ကောက်ယူရရှိသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ယခုနှစ် ရင်းနှီးမြုပ်နှံငွေ ပမာဏ ဒေါ်လာသန်းပေါင်း သန်း ၁၆၀၅၅ ကျော်တွင် ထိုင်းနိုင်ငံသည် ရင်းနှီးမြုပ်နှံသော  လုပ်ငန်း ၆၀ကျော် ၊ ရင်းနှီးမြုပ်နှံငွေ ပမာဏ သန်း ၇၄၂၂ ကျော်ဖြင့် ထိပ်တန်းတွင် ရပ်တည်လျှက်ရှိကြောင်း ထုတ်ပြန်ကြေငြာချက်များအရ သိရှိရပါသည်။ 
ထိုစာရင်း ဇယားများကို ၃၁.၃.၂၀၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေငြာသော မြန်မာ့အမျိုးသား စီမံကိန်းနှင့် ရင်းနှီင်္းမြုပ်နှံမှုဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ချက်များတွင် ဖေါ်ပြခဲ့ခြင်း ဖြစ်ပါသည်။ 
ထိုထုတ်ပြန်ချက်၏ ရာခိုင်နှုန်းများဖြင့် ဖေါ်ပြချက်များအရ ဗြိတိန်နှင့် စင်ကာပူတို့သည် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွင် နံပါတ် နှစ်နှင့် နံပါတ်သုံး နေရာတွင် ရှိပြီး ၊ဗြိတိန်သည် ရင်းနှီးမြုပ်နှံသော လုပ်ငန်း ၅၀ဖြင့် ရင်းနှီးမြုပ်နှံမှု ပမာဏ ဒေါ်လာသန်း ၁၈၆၀ကျော် ရှိပြီး၊ စင်္ကာပူက ရင်းနှီးမြုပ်နှံသော လုပ်ငန်း ၁၅၉၂ ခုဖြင့် ရင်းနှီးမြုပ်နှံမှု ပမာဏ ဒေါ်လာ ၁၅၉၂ သန်းဖြင့် တတိယနေရာတွင် ရှိပါသည်။ 
၂၀၀၈ ခုနှစ် ထုတ်ပြန်ချက်အရ နံပါတ် ၆ နေရာတွင် ရင်းနှီးမြုပ်နှံသော လုပ်ငန်း ၂၇ခု၊ ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄၇၅ သန်းရှိသူ တရုတ် နိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် စီးပွါးရေးလုပ်ငန်း ၂၈ခု ရင်းနှီးမြုပ်နှံမှု  ပမာဏ အမေရိကန်ဒေါ်လာ ၁၃၃၁ သန်းသို့ တိုးမြှင့်လာခဲ့သလို ယခုနှစ်တွင် ရင်းနှီး မြုပ်နှံသော လုပ်ငန်း ၂၉ခု၊ ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၃၃၁ သန်းဖြင့် တတိယ နေရာသို့ ရောက်ရှိလာခဲ့ပါသည်။ ထို တရုပ်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများထဲတွင် အကြီးဆုံးလုပ်ငန်းမှာ မြေအောက် ဓါတ်သတ္တု သယံဇာတ ရှာဖွေရေး လုပ်ငန်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆၅ သန်းရှိပါသည်။
ထို့အတူ ဂျပန်နိုင်ငံသည်လည်း ရင်းနှီးမြုပ်နှံသော လုပ်ငန်း ၂၂ခု၊ ရင်းနှီး မြုပ်နှံငွေ ပမာဏ အမေရိကန် ဒေါ်လာ ၂၀၄ သန်းဖြင့် နံပါတ် ၁၂ နေရာတွင် ရှိနေပါသည်။
ယခု ထုတ်ပြန်ကြေငြာချက် တခုလုံးကို ခြုံငုံသုံးသပ်မည် ဆိုလျှင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများသည် အမေရိကန်ဒေါ်လာ ၆၃၂၂ သန်းဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး ရေနံနှင့် ဂက်စ် ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများသည် ရင်းနှီးမြုပ်နှံသော လုပ်ငန်း ၉၂ခု ရင်းနှီးမြုပ်နှံမှု ပမာဏ ၃၆၃၆သန်းဖြင့် ဒုတိယနေရာတွင် ရှိနေပါသည်။ 
စက်မှု လုပ်ငန်းများကဏ္ဍသည် ရင်းနှီးမြုပ်နှံသော လုပ်ငန်း ၁၅၅ခုနှင့် ရင်းနှီးမြုပ်နှံမှု ပမာဏ ၁၆၆၂ သန်းဖြင့် တတိယနေရာတွင် ရှိနေပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment