6.10.2010
ထိုင်းတောင်းပိုင်းဒေသများအတွင်း ဆူနာမိကယ်ဆယ်ရေးကြိုတင်ပြင်ဆင်
မေ ၈
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်အတွင်းရှိ မြို့၊ရွာ ကမ်းခြေအပန်းဖြေစခန်းများအား ဆူနာမိ သတိပေးချက်များနှင့် အတူ ကယ်ဆယ်ရေးလုပ်ငန်းများအစမ်းလေ့ကျင့်ခြင်းများကို ထိုင်းအစိုးရနှင့် ဒေသအခြေစိုက် အင်ဂျီအိုအဖွဲ့ များက ပြင်ဆင်လျှက်ရှိသည်။
တကွန်ပါမြို့ နယ်၊ ကူရပူရီ၊ တကွာထုန်း၊ ထိုင်းမွန် စသည့် မြို့ နယ်၎ခုတို့ အား အဓိကထား လေ့ကျင့်ပြင်ဆင် လျှက်ရှိသည်။ ဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း GHRE မှ ဆူနာမီ ကယ်ဆယ်ရေးကော်မတီဝင် ကိုမိုးဝေက“ထိုင်းမိုးလေ၀သနှင့် ဇလဗေဒ အပါအ၀င် ထိုင်းသတင်းဌာနတွေက လာမယ့် မေလ ၁၂ ရက်နေ့ မှာ ဆူနာမီ အထူးသတိပေးထားပါတယ်။ ကျနော်တို့ ကတော့ မေလ ၁၁ ရက်၊၁၂ရက်နဲ့ ၁၃ အထိ စောင့်ကြည့်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီ့မတိုင်ခင် ဟယ်လီကော့ပတာ (ရဟတ်ယာဉ်)နဲ့  ၀ဲနေတယ်။သင်္ဘောတွေက ရေထဲက  လူတွေကို ဆယ်ယူတယ်၊ ကမ်းစပ်မှာ လူနာတင်ကားတွေ၊ အလောင်းတင်ကားတွေစသဖြင့် တကယ်ဖြစ်နေတဲ့ အနေအထားနဲ့ ကျနော်တို့လေ့ကျင့် ပြင်ဆင်ထားပါတယ်။ ပြီးတော့ဘေးလွတ်ရာမှာ တည်းခိုးဆောင်၊ စားသောက်စရာ၊ ဆေးဝါး၊ သူနာပြု စတာတွေ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ပါတယ်”ဟု ပြောသည်။
ဒေသဆိုင်ရာ အစိုးရက သူနာပြုယာဉ်(ဆေးရုံးအရေးပေါ်ကား)၁၀စီနှင့် GHREမှ ဟိုင်းလတ်ကား ၄စီးတို့ အား အဆင်သင့် ပြင်ဆင်ထားသည်။ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဆူနာမီဘေး အန္တရာယ် ကျရောက်တုန်းကာလက ဒေသတွင်း ထိုင်းလူမျိုးများက ထိုင်းအိမ်များမှ ပစ္စည်းများအား မြန်မာ အလုပ်သမားများ ခိုးဝှက်ကြောင်း စွတ်စွဲပြောဆိုမှုများရှိခဲ့သဖြင့် ယခုလေ့ကျင့်မှုတွင် ထိုင်းတစ်ယောက် မြန်မာတစ်ယောက် ကယ်ဆယ်ရေးအဖွဲ့အကျီများ ၀တ်ဆင်ပြီး ပူးတွဲ ဆောင်ရွက်ကြမည်ဖြစ်သည်။ ကယ်ဆယ်ရေးအကျီမှာ အနက်ရောင်ဝစ်စကုတ်ဖြစ်ပြီး အစိုးရ ကယ်ဆယ်ရေး လက်ဝါးတံဆိပ်အပါအ၀င် အခြားအဖွဲ့ အစည်းများ၏ အမှတ်အသားများအား ရိုက်နှိပ်ထားသည်။
GHRE မှ ဆူနာမိဆိုင်ရာ အဖွဲ့ဝင် သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ကိုသောမတ်က“ မြန်မာ အလုပ်သမားတွေ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရရှိဖို့။ မတိကျပဲ မထိတ်လန့်အောင် ဖြစ်လာရင် အကောင်းဆုံး ပြင်ဆင်နိုင်အောင် တယ်လီဖုန်းတွေနဲ့ ဆက်ပါမယ်။ အနီးပတ်ဝန်းကျင်ကိုတော့ သတိပေးချက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေပါတယ်။ ဆူနာမီ အကယ်၍ဖြစ်လာခဲ့ရင် အရေးပေါ်ပေါ့လေ ကြိုပို့တာတော့ မဖြစ်နိုင်တော့ဘူး။ သတ်မှတ်တဲ့နေ၇ာကပဲ လုပ်နိုင်တော့မယ်။ အဲဒီသတ်မှတ်တဲ့ နေရာကို ရောက်အောင်လူတွေပြေးလာရပါမယ်။ ခု အယင်တုန်းက အတွေ့ အကြုံတွေအရ လမ်းမပေါ်တက်ပြေးရင် ကားတိုက်လို့ ၊ ဆိုင်ကယ်တိုက်လို့ သေသွားတာတွေရှိပါတယ်။ အဲဒီလိုမဖြစ်အောင် ကားလမ်းဘေးကပြေးဖို့ ဒေသခံထိုင်းတွေကိုရော မြန်မာအလုပ်သမားတွေကိုပါ အသိပေးထားပါတယ်”ဟု ပြောသည်။
ဒေသတွင်း မြန်မာအလုပ်သမားများအနေဖြင့် GHRE ရုံးဖုန်း 076 486 531 ။ကိုမိုးဝေ 087 277 3424 နှင့် ကိုသောမတ် 081 087 1535 တို့ သို့ ဆက်သွယ်နိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။
ထိုင်းအစိုးရအနေဖြင့် ၂၀၀၄ ခုနှစ်က ကြိုတင်ပြင်ဆင်နိုင်မှုမရှိခဲ့သဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ယခုသတိပေးကာလအတွင်း အဆိုပါ ပူပေါင်းကယ်ဆယ်ရေးကော်မီတီတွင် အ၀တ်အထည်၊ ခြုံစောင်များ၊ သောက်ရေသန့်များ၊ ဆေးဝါးများ၊ အစားအစာများ၊ အဆင်သင့်ပြင်ဆင် စုဆောင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
No comments:
Post a Comment